အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Sunday, October 31, 2010

ကျော်ခွနိုင်သော Firefox add on အချို့ 

ကျနော်တို့ ဆီမှာ Blogger,Ning,Youtube စတဲ့ဆိုဒ်လေးတွေ ကြည့်ခွင်မရှိပါ။ကြည့်ချင်သပဆို ကျော်ခွမှပင် ရပါသည်။ကိုယ်ပိုင်ကွန်ပျူတာနှင့်ဆို ကျော်ခွရတာ ပြဿနာမရှိပါဘူး။
လိုရင် လိုသလို Proxy တွေ ချိန်းပြီး ကျော်မယ်၊သို့ မဟုတ် ကျော်လို့ ရတဲ့ ဆော့ဖ်ဝဲတွေဖြစ်တဲ့ Ultrasurf, Freegate, Your freedom စတဲ့ ပရိုဂရမ်တွေ သွင်းပြီး အဆင်ပြေသလိုကျော်ခွ နိုင်ကြပါတယ်။ဒါပေမဲ့ အင်တာနက်ဆိုင်တွေမှာ သွားသုံးကြရတဲ့ ကျနော်တို့ လိုလူတွေကြတော့ အဆင်မပြေတော့ပါ။
ပြောနေကြတဲ့ Saudi proxy တွေလဲ ချိန်းချင်တိုင်း ချိန်းလို့ မရ။(ဆာဗာမှ ခွင်ပြုမထားရင်)
ကျော်လို့ ရတဲ့ Program တွေလဲ တင်ပေးမထားဘူးဆိုရင် ကိုယ်စိတ်ဝင်စားတဲ့ ဆိုဒ်လေးတွေ ၀င်ကြည့်ဖို့  အဆင်မပြေတော့ပါဘူး။
တစ်ခါတလေ ဖိုရမ်တွေမှာ ဖော်ပြပေးတဲ့ vtunnel,polysolve စတာတွေကလဲ Denied တွေဖြစ်။
အဲဒီအခါ စိတ် ကသိကအောက်ဖြစ်ရပါတယ်ဗျာ။ဒါကြောင့် ကျနော်ကဲ့သို့ သော Cyber User များ အဆင်ပြေအောင်  ကျနော်မှတ်မိတဲ့ Firefox Add on လေးတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
သိပြီးသားတွေဖြစ်ပေမဲ့ ဒီ Firefox Add on လေးတွေကို စုစည်းပြီးဖော်ပြထားတာ မတွေ့ မိသေးတာနဲ့   cyber user များအဆင်ပြေအောင် အခုလိုဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။
သုံးရတာလဲ အင်မတန်လွယ်ပါတယ်။ အဲ့ဒါကတော့ Firefox မှာ Add-on ထည့်ပြီးသုံးတာပါ။
Add on များကို တစ်ခု အဆင်မပြေပါက နောက်တစ်ခု သွင်း၍ သုံးနိုင်ပါတယ်။
အရင်ဆုံး တစ်ခုကတော့  tor-proxy add on ဖြစ်ပါတယ်။သူ့ ကို  Install လုပ်ဖို့ အတွက်
Mozilla Firefox > Tools > Add-ons > Get Add-ons ကိုသွားပါ>  search box  မှာ  tor-proxy ဆိုပြီးရိုက်ပါ
ပြီးရင်ပေါ်လာတဲ့ tor-proxy toolbar ဆိုတာကို install လုပ်ပါ။ Install လုပ်ပြီးပါက firefox ကို restart လုပ်ပေးပါ။ ဒါဆို အောက်က ပုံအတိုင်း toolbar တစ်ခုပေါ်လာမယ် (မျက်လုံးပုံလေးနဲ့)။ မျက်လုံးလေးဘေးမှာ ကိုယ်သွားချင်တဲ့ site URL ကို ရိုက်ပြီး သွားရပါတယ်။
အဆင်မပြေပါက Google>search box မှာ tor-proxy add on ဆိုပြီးရှာနိုင်ပါတယ်။


နောက်တစ်ခုကတော့ Phzilla Add on ဖြစ်ပါတယ်
သူ့ ကိုလည်း အခြား Add on တွေ Install လုပ်နည်းအတိုင်းပါပဲ
Firefox>Tools>Add on>Get Add on ကိုသွား
ပြီးတော့ Search အကွက်ထဲမှာ Phzilla ဆိုပြီးရှာလိုက်ယုံပါပဲ။ဒါဆို အောက်မှာ Install လုပ်ခိုင်းပါမယ်။
Install လုပ်ပြီးရင်တော့ Firefox ကို Restart လုပ်ရပါမယ်။
ပြီးရင် ကြည့်ချင်တဲ့ ၀ဘ်ဆိုဒ် လိပ်စာကို ရိုက်ပြီးသွားကြည့်ပါ။
(အဆင်မပြေပါက Google>Search box မှာ phzilla add on ဆိုပြီးရှာပါ)
Access denied ဖြစ်တဲ့အခါ ဒီအောက်ကပုံထဲကအတိုင်း (P) ပုံစံ လေးကို နှိပ်လိုက်ပါ။
untitled.bmp
ဒါဆို သူ့ အလိုလိုကျော်သွားပါလိမ့်မယ်။
နောက်တစ်ခုကတော့ Myanmar it development tool bar ဖြစ်ပါတယ်။ Ning websites များကိုကျော်ဖို့ အတွက် Mitd မှ Sharing လုပ်ထားတာဖြစ်ပါတယ်။
ဒါပေမဲ့ Ning တွင်မက တခြား ဆိုဒ်များကိုပါ ကျော်လို့ ရတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။
ဒါကိုတော့ တော်တော်များများ သိပြီးလဲဖြစ်ပါလိမ့်မယ်။သို့ သော်
မသိသေးသူတွေအတွက် ရည်ရွယ်၍ ထပ်ပြောပြလိုက်ပါ့မယ်။
ဒီအောက်က အဆင့်အတိုင်း လိုက်လုပ်လိုက်ယုံပါပဲ။
အောက်က လုပ်ထားတဲ့ပုံစံကို ကြည့်ပေးပါ။
ဒါက သာမန်ဝင်တဲ့အခါ Block or denied လုပ်တဲ့ပုံဖြစ်ပါတယ်။


ပိတ်ထားတာတွေကျော်ဖို့ အတွက်  ဒီအောက်က စာသားများကို တွေကို copy ကူးပြီးတော့ adress bar မှာ paste  လုပြီး Enter နှိပ်ပါ။
http://ff.conduit-download.com/37/254/CT2540937/Downloads/Firefox/Releases/2.5.8.6/10-03-16-11.19.17.758/myanmar_it_development.xpi

ပြီးရင် ညာဘက်ထောင့်မှာ Mozilla plagin Allow ဆိုတဲ့ အ၀ါရောင်စာ ပေါ်လာ ရင် Allow လုပ်ပေးပါ။
အောက်က ပုံလေး ပေါ်လာပါလိမ့်မယ်။

Install ကိုရွေးပါ ။ 5 second မှာ install လုပ်လိုက်မယ်ဆိုရင်
အောက် က ပုံပေါ်လာပါလိ့မ်မယ် ။

အောက်က ပုံမှာ ပေါ်နေတဲ့ အ၀ါရောင် မှာ Restart ဆိုတဲ့နေရာကို
နိပ်ပါ။

Firefox လေးပိတ်သွားပြီး ခဏကြာရင်တော့ အောက်က toolbar လေးက သင့်
mozilla မှာ ပေါ်လာပါလိမ်မယ်။

အခုလိုပေါ်လာ တဲ့ mozilla firefox mmit development toolbar လေးမှာ အိုင်ပီချိန်းရန် ဆိုဒါလေးပါပါတယ်
။ညာဘက်ထောင့်မှာပါ။

အဲဒီမှာ ကျော်ပေးနိုင်တဲ့  proxy 1 to proxy 14 ပါပါတယ် ။
ကြိုက်တဲ့ တစ်ခု ကိုရွေးချယ်ပါ။ ရွေးချယ်ပြီးရင် အောက်မှာ ကိုယ်သွားချင်တဲ့ဝက်ဆိုဒ်လိပ်စာ ဖြည့်ဖို့  အကွက်တစ်ခုပေါ်လာပါလိမ့်မယ်။
untidtled.bmp
ထိုအကွက်မှာ Web address ဖြည့်၍  ကြိုက်ရာ ၀ဘ်ဆိုဒ်ကို ကြည့်နိုင်ပါပြီ။
အားလုံးသော Cyber User များ အတွက် နောက်ထပ် ကျော်ခွနည်းများ တွေ့ ရှိပါက
ထပ်မံပေါင်းဖြည့်ပေးသွားပါ့မည်။

အင်တာနက်သုံးနိုင်မည့် ကျပ်ငါးသိန်းဖုန်း လျှောက်နိုင်ပြီ

အင်တာနက်သုံးစွဲနိုင်မည့် ကျပ်ငါးသိန်းတန်စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းများကို ယခုလ ၂၃ ရက်မှစတင်၍ နေပြည်တော်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် လျှောက်ထားရယူနိုင်ပြီဖြစ်ကြောင်း
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါဖုန်းများသည် ၀၆၇ နံပါတ်ဖြင့် စတင်သည့်ဖုန်းများဖြစ်ပြီး EVDO (Evolution Data Optimized) စနစ်ဖြင့် အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်မည့်အပြင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်စသည့်မြို့သုံးမြို့လုံးသို့ သယ်ဆောင်သုံးစွဲနိုင်မည်ဖြစ်သည်။ “ဒီဖုန်းတွေက EVDO စနစ်နဲ့ Data service ကိုသုံးစွဲနိုင်မှာပါ။ ဒါပေမယ့် လက်ရှိမှာတော့ နေပြည်တော်အတွင်းမှာပဲ ဒါကိုသုံးလို့ရဦးမယ်။ ရန်ကုန်နဲ့ မန္တလေးမှာတော့ စက်တွေစမ်းတုန်း၊ ပစ္စည်းတွေတပ်တုန်းဆိုတော့ ဒီဇင်ဘာလောက်မှပဲ Data service ကိုသုံးလို့ရမယ်” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။ ထိုဖုန်းများတွင် အင်တာနက်ချိတ်ဆက်သုံးစွဲလိုသူများအနေဖြင့် မှတ်ပုံတင်ရန်လိုအပ်ပြီး ကနဦးမှတ်ပုံတင်ကြေးမှာ ကျပ် ၃၀,၀၀၀ နှင့် အင်တာနက်သုံးစွဲခအတွက် တစ်မိနစ်လျှင် ၁၀ ကျပ်နှုန်းပေးဆောင်ရမည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ကျပ်ငါးသိန်းတန်စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းများကို ပြည်ပနိုင်ငံများသို့ သယ်ဆောင်သုံးစွဲနိုင်ရေးအတွက် ပြည်ပ Telecomm Operator များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း အဆိုပါတာဝန်ရှိသူကဆိုသည်။ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းများကို လက်ရှိတွင်ထိုင်း၊ တရုတ်၊ တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံများတွင် သုံးစွဲလျက်ရှိကြောင်းသိရသည်။ ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းများကို ဇန်န၀ါရီ ၄ ရက်မှစတင်ခါ အများပြည်သူသို့ငှားရမ်းသုံးစွဲခွင့်ပြုခဲ့ပြီး လက်ရှိတွင် ဖုန်းအလုံးရေ
၁၅၀,၀၀၀ ခန့်ချထားပေးပြီးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်သည်။
ရေးသားသူ – ကျော်ဇင်ထွန်း @ELEVEN MEDIA

မကြာမီလာမည့် ရတနာပုံ၏ ၅ သိန်းတန်ဖုန်းအကြောင်းလေး- McWiLL

McWiLL (Multi Carrier Wireless information Local Loop)
Yatanarpon Teleport Co., Ltd မှ McWiLL (Multi Carrier Wireless information Local Loop) ဆိုသည့် မိုဘိုင်းတယ်လီဖုန်းမျိုးဆက် 3.5 Generation (3.5G) ကြိုးမဲ့ Wireless တယ်လီဖုန်းစနစ်ကို အများပြည်သူတို့  အား ကျပ်ငွေ ငါးသိန်း (၅၀၀ ၀၀၀) ဖြင့် မကြာမီချထားပေးတော့မည်ဖြစ်သည်။ အဆိုပါစနစ်သည် Voice နှင့် Internet အား အဓိက၀န်ဆောင်မှုပေးမည့် မိုဘိုင်းတယ်လီဖုန်းစနစ် ဖြစ်ပြီး 400 MHz frequency ကို အသုံးပြုထားပြီး ITU – M1801 ရရှိထားသောစနစ်ဖြစ်ပါသည်။
အဆိုပါစနစ်တွင် Internet (Broadband Data), Voice, Fax, SMS, Radio Trunking (PTT), Voice (Video on Demend), Multimedia and Entermainment စသည်တို့ ကို ရရှိနိုင်မည်။ Voice, Internet, Video စသည့် Triple Play Services အသုံးပြုနိုင်သောကြောင့် e-Government, Remote education, Telemedicine, Emergency handling, e-Payment, Mobile Police, Video Surveillance, Military Applications စသည့် အထူးဝန်ဆောင်မှုများတွင်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။
McWiLL Terminal (CPE) တစ်ခုကို သုံးပြီး Voice, Data, Fax, Internet, Video on Demand စသဖြင့် Multi Service များကို သုံးစွဲနိုင်ပါသည်။ RJ 11 port, USB port နှင့် LAN port များပါရှိပြီး RJ 11 port တွင် Phone, Fax များကို ချိတ်ဆက် အသုံးပြုနိုင်မည်။ Data နှင့် Internet Access အတွက် USB port နှင့် LAN port များတွင် USB cable (or) LAN cable ဖြင့် ချိတ်ဆက် အသုံးပြုနိုင်ပါသည်။ Wireless Access အတွက် WiFi နှင့်လည်း ချိတ်ဆက်အသုံးပြုနိုင်ပါသည်။
ဖုန်းပြောဆိုခမှာ တစ်မိနစ်လျှင် (၅၀)ကျပ် ဖြစ်ပြီး Data အသုံးပြုခြင်းအတွက် ၁ မိနစ် လျှင် (၃)ကျပ် ကျသင့်မည်ဖြစ်သည်။ ငွေကြေးကောက်ခံရာတွင် သီးခြား IN စနစ်မလိုဘဲ ၀န်ဆောင်မှုအားလုံးအတွက် Postpaid နှင့် Prepaid (Topup Card) Billing နှစ်မျိုးလုံးကို အသုံးပြုနိုင်မည်ဖြစ်သည်။
McWiLL ၏ အားသာချက်များ
• Internet Access မှာ Broadband ကြိုးမဲ့စနစ် 3.5G Soft Switch IP Base, NGN (Next Generation Network) ဖြစ်ခြင်း။
• Internet Access အတွက် Laptop, PC စသည်တို့ နှင့် လွယ်ကူစွာချိတ်ဆက်အသုံးပြုနိုင်သည့် USB port, LAN port များပါရှိပြီးအချို့ Handset များတွင် Dual Mode သာမက Internet အား Handset ပေါ်တွင် တိုက်ရိုက်အသုံးပြုနိုင်ခြင်း။
• McWiLL Phone (or) Terminal တစ်လုံးရှိရုံဖြင့် Voice, Fax, Internet, Video, Multimedia စသည့် ၀န်ဆောင်မှုများကို အသုံးပြုနိုင်ခြင်း။
• SIM card သုံးရန်မလိုဘဲ UID card နှင့် Intelligent IP Password ကိုသုံးထားသောကြောင့် မိမိဖုန်းပြောင်းသုံး (သို့ မဟုတ်) ပျောက်ဆုံးသွားပါက Handset အသစ်တွင် မိမိ UID နှင့် Password ကို ပြန်ရိုက်ထည့်ခြင်းဖြင့် မိမိဖုန်းအား ပြန်လည်ရယူနိုင်ခြင်း။ (ထိုသို့ အသစ်ပြန်ထည့်လျှင် ပြောင်းသုံး (သို့ မဟုတ်) ပျောက်ဆုံးသွားသော Handset ရှိ UID နှင့် Password အား အလိုလို ဖျက်သွားပါမည်။)
http://i22.servimg.com/u/f22/15/72/41/42/_img_010.jpg
http://i22.servimg.com/u/f22/15/72/41/42/_img_011.jpg
Ref;Myanmaritresource

မဲပေးလျှင် အောက်ပါအချက်အလက်များကို သတိပြုပါ

(၁) ယခုအချိန်မှစ၍ သက်ဆိုင်ရာကျေးရွာအုပ်စု၊ ရပ်ကွက်ကောင်မရှင်အဖွဲ့ခွဲရုံး ကြေညာထားသော မဲပေးခွင့်ရှိသူများ စာရင်းတွင် သင့်နာမည်ပါမပါ သွားရောက်ကြည့်ရှုပါ။
(၂) ဆန္ဒမဲပေးခွင့် ရှိသူစာရင်းတွင် သင့်နာမည် မပါပါက တောင်းဆိုလွှာပုံစံ (၃) ဖြင့် မဲပေးခွင့်အတွက် စာရင်းသွင်းပါ။
(၃) ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် နံနက် ၆ နာရီ အချိန်မှ စတင်၍ မဲရုံများ ဖွင့်လှစ်မည် ဖြစ်ရာ မဲပေးရန်အတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားဖြင့် မဲရုံသို့ သွားပါ
(၄) မဲပေးပုံ အဆင့်ဆင့်မှာ
  • မဲရုံဝင်ပေါက်မှ ၀င်၍ အမျိုးသားမှတ်ပုံတင် ကတ်ပြားကို မဲစာရင်း စစ်ဆေးသူအား ပြပါ။ မဲစာရင်းတွင်ပါသော သင့်နာမည်၏ဘေးတွင် လက်မှတ် ရေးထိုးရပါမည်။မဲစာရင်း စစ်ဆေးသူက လိုအပ်သလို စိစစ်မှု ပြုလုပ်ပါမည်။ ထို့နောက် ဆန္ဒမဲလက်မှတ် ထုတ်ပေးသူရှေ့သွားပြီး ဆန္ဒမဲလက်မှတ် ထုတ်ယူရပါမည်။
  • မဲလက်မှတ်ပေါ်တွင် ရွေးကောက်ပွဲကော်မရှင် တံဆိပ်နှင့် အောက်ခြေတွင် မဲရုံမှူး လက်မှတ်နှင့် အမည် ပါရှိပါမည်
  • မဲလက်မှတ်ပေါ်တွင် စွန်းပေရာ၊ ခြစ်ရာများ၊ စုတ်ပြဲရာများ ရှိပါက ပယ်မဲ ဖြစ်နိုင်သဖြင့် ပြန်လဲပေးပါရန် တောင်းဆိုရမည်
  • မဲလက်မှတ်ရလျင် ရှေ့တည့်တည့်တွင် လျှို့ဝှက်ဆန္ဒပြုခန်းသို့ သွားရောက်၍ သင်ရွေးချယ်သော ကိုယ်စားလှယ်လောင်း၏ နာမည်ဘေးတွင် အမှန် အမှတ်အသား ()ကို ထင်ထင်ရှားရှား ခြစ်ပေးခြင်းဖြင့် ဆန္ဒပြုရမည် ဖြစ်သည်။
  • မဲလက်မှတ်ဖြင့် မဲပေးခြင်းသည် မည်သူက မည်သူ့ကို မဲပေးသည်ကို လုံးဝ မသိနိုင်ပါ။ သို့ပါ၍ မိမိ မဲပေးလိုသော ကိုယ်စားလှယ်၏ ဘေးကွက်လပ်တွင် အမှန်ခြစ်ကို ရဲရဲဝံ့ဝံ့ ရေးထည့်လိုက်ပါ
  • ကိုယ်စားလှယ် တစ်ဦးတည်းကိုသာ အမှန်ခြစ်၍ ဆန္ဒပြုရပါမည်။ ပိုခြစ်ပါက ပယ်မဲ ဖြစ်ပါမည်။ မည်သည့် ကိုယ်စားလှယ်မျှ အမှန်မခြစ်ပါကလည်း ပယ်မဲ ဖြစ်လိမ့်မည်
  • ဆန္ဒပြုပြီးလျှင် မဲလက်မှတ်ကို ခေါက်၍ လျှို့ဝှက်ဆန္ဒပြုခန်းမှ ထွက်၍ မဲပုံးထဲသို့ ထည့်လိုက်ပါ။
မှတ်ချက် ။  ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို အထက်ပါအတိုင်း ဆန္ဒပြုပြီးသည့်အခါ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်လွှတ်တော်များ အတွက်လည်း ယင်းကဲ့သို့ ဆန္ဒပြုရန် ဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်ကို ဆန္ဒပြုရမည့်သူ ဖြစ်ပါက နောက်ထပ်မဲတစ်ပုံးကို ဆက်ထည့်ရပါဦးမည်။
(၅) သင်ပေးခဲ့သောမဲ တန်ဖိုးရှိမရှိကို စိတ်ဝင်စားပါက မဲရုံပိတ်ချိန် မဲရေတွက်မှုကို စောင့်ကြည့်ပါ

Saturday, October 30, 2010

ငါးကျပ်၊ တစ်ဆယ်ကို မျှော်မှန်း စဉ်းစားပြီး လုပ်ကိုင်နေသူ အတွက် သိန်းသန်း ကုဋေ ဆိုတာ ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး

ဆိုင်၏ အနေအထားက သာမန် ဈေးဆိုင် တစ်ဆိုင်ဟုပင် ပြော၍ ရသည်။ သို့သော် လာဝယ် နေကြသည့် Customer များကို ကြည့်လိုက်လျှင် သာမန်ဆိုင် တစ်ဆိုင်နှင့် မတူ။ ညနေစောင်းကို ရောက်လာသည် နှင့်အမျှ ၀ယ်သူက ပိုများလာသည်။ ဆိုင်ဝန်ထမ်း အချို့က ဈေးဝယ်လာသည့် Customer များကို မေးသူကမေး၊ ရောင်းသူကရောင်း နှင့် သူတို့ခမျာ မအား မလပ်နိုင်၊ ၀ယ်သူများကို စိတ်တိုင်းကျ စေရန် အတွက် ရောင်းချ ပေးနေသည့် ၀န်ထမ်းများ နည်းတူ ရောင်းချ ပေးနေသည့် အသက်(၄၀)ကျော် အရွယ် အမျိုးသား တစ်ဦး ကိုလည်း တွေ့နေရသည်။ ဖောက်သည် အချို့က သူ့ကို သိကောင်း သိနိုင်မည် မှန်သော်လည်း မျက်နှာစိမ်း Customer တစ်ဦး အနေဖြင့်ကား သူ၏ အနေအထားကို ကြည့်ရုံဖြင့် ဆိုင်ရှင် တစ်ဦးဟုပင် ထင်မှတ် လိမ့်မည် မဟုတ်ပေ။

သူသည် ကျောက်တန်းမြို့နယ် တံတား ကျေးရွာတွင် ဇာတိ ချက်မြှုပ် ခဲ့ရသော်လည်း သူ၏ ဘ၀ကိုကား ကျေးရွာတွင် မြှုပ်နှံချင်သူ တစ်ဦး မဟုတ်။ ဘ၀ အတွေ့အကြုံကို ရန်ကုန် တက်ပြီး ရှာဖွေ ခဲ့သည်။ ကျေးရွာတွင် စားနိုင် သောက်နိုင်သည့် အဆင့်ရှိ မိဘ နှစ်ပါးမှ မွေးဖွားလာသည် ဆိုသော်လည်း သူဖြတ်သန်းခဲ့ရာ လမ်းတစ်လျှောက်က ပန်းခင်းလမ်း ကဲ့သို့ မသာယာခဲ့သည်မှာ အမှန်ပင်။ ငယ်စဉ် ကလေး ဘ၀မှာပင် သူ့ဖခင်က သူနှင့် သူ့မိသားစုကို ခွဲကာ သာသနာ့ဘောင်ကို အပြီးအပိုင် ခိုလှုံ သွားခဲ့သည်။ ဖခင်၏ ဆုံးမမှု အရိပ်အောက်တွင် မကြီးပြင်းခဲ့ ရသော်လည်း သားတစ်ဦး အနေဖြင့် မိခင်ကို စိတ်ချမ်းသာ စေချင်သည်။

သူသည် ငယ်စဉ် ကတည်းကပင် မက်လာခဲ့သော အိပ်မက်ကို အကောင်အထည် ဖော်ချင်သော်လည်း လက်ရှိ ကြုံတွေ့ နေရသော ဘ၀ အခက်အခဲနှင့် ကံတရားက သူ၏ အိပ်မက်ကို ဆက်မက်ခွင့် မပေးခဲ့။ အမှန်တော့ သူသည် ဘ၀ တစ်ကွေ့တွင် စီးပွားရေး လုပ်ငန်းဖြင့် ကျင်လည်ချင်သူ တစ်ဦး မဟုတ်။ သူဖြစ်ချင်ခဲ့သော ဇာတ်ရုပ်က “လူရွှင်တော်၊ ဆိုင်းနောက်ထ” တစ်ယောက် အဖြစ်နှင့်သာ ပြည်သူကို ဖျော်ဖြေ ပေးချင်ခဲ့သည့် မွေးရာပါ ဗီဇက သူ၏ ပညာသင် အရွယ်ကို အရိပ်ပမာ လွှမ်းမိုး နေလျက်။

“ကျွန်တော် ငယ်စဉ်က လူရွှင်တော်၊ ဆိုင်းနောက်ထ အရမ်း ဖြစ်ချင်ခဲ့တယ်။ ဒါပေမဲ့ မဖြစ်ခဲ့ဘူး။ နောက်တော့ ကိုယ့်ကို သိလိုက်ရတာ တစ်ခုက ဘ၀မှာ ဖြစ်ချင်တဲ့ ရည်မှန်းချက်က ကြိုးစားတိုင်းလဲ ဖြစ်ချင်မှ ဖြစ်ပါလား ဆိုတာကို လက်ခံ တတ်လာတယ်။ အမှန်တော့ ဒီဆေးဆိုင် လုပ်ငန်းနဲ့ ဘ၀ကို ရပ်တည်မယ်လို့ ငယ်ငယ်က တစ်ခါမျှ မစဉ်းစားမိခဲ့ဘူး။ ဖြတ်သန်း နေရတဲ့ ဘ၀မှာ ဖြစ်ချင်တာ မဖြစ်ခဲ့ရ ပေမယ့် ဖြစ်နေရတဲ့ ဘ၀ကိုပဲ အကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့ ရပါတယ်”ဟု သူ့ဘ၀တွင် ကွယ်ဝှက် ထားခဲ့သည့် ရည်မှန်းချက်ကို ပြောပြနေသူမှာ တာမွေမြို့နယ်တွင် ဆေးဆိုင် ဖွင့်လှစ် ထားသော ကိုလင်းမြင့်ပင် ဖြစ်သည်။

“ဘ၀မှာ အတက်အကျ အနိမ့်အမြင့် ဆိုတဲ့ လောကဓံကို ကျွန်တော်လဲ တော်တော် ခံခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော် ဒီဒဏ်တွေကို ခံနိုင်အောင် ကြိုးစားတယ်။ ဒီလို ကြိုးစားတဲ့ အချိန်မှာ အထောက် အကူပြုတဲ့ အချက်ကတော့ စာဖတ်ခဲ့ခြင်း ပါပဲ။ စာတွေ များများ ဖတ်ခဲ့တဲ့ အတွက် တချို့ အခက်အခဲကို ဖြတ်ကျော်ဖို့ နည်းလမ်းတွေ ရလာပါတယ်။ စာပေကရတဲ့ အတွေ့အကြုံ ဗဟုသုတတွေနဲ့ အခက်အခဲ တွေကို ဖြေရှင်းတယ်။ အိမ်မှာလဲ အမျိုးသမီး ကနေ အစ သားသမီး နောက်ဆုံး ဆိုင်ဝန်ထမ်းတွေ ကိုပါ စာများများ ဖတ်ဖို့ အမြဲတမ်း တိုက်တွန်းတယ်ဟု” သူ၏ ဘ၀ အခက် အခဲကို စာဖတ်ခြင်းမှ ရရှိလာသော အသိပညာ နှင့် ကျော်လွှား ဖြတ်သန်းခဲ့ပုံ ကို ပြောပြ နေသည်။

သူ ၀ါသနာပါရာ ဆိုင်းနောက်ထ အဖြစ် ပရိသတ်ကို ဖျော်ဖြေ ပေးခဲ့ချင် သော်လည်း သူ့ကို ကံကြမ္မာက ခွင့်မပြုခဲ့။ သူဝါသနာ ပါသည့် လုပ်ငန်းကို လုပ်ကိုင်ခွင့် မရခဲ့သော်လည်း လက်ရှိ လုပ်ကိုင် နေရသည့် ဆေးဆိုင် လုပ်ငန်းဖြင့် သူ့ဘ၀ကို ရပ်တည်နိုင်အောင် ကြိုးစား လုပ်ကိုင်ခဲ့သည်။ သူ၏ ဆေးဆိုင် ဆောင်ပုဒ်ကလည်း ၀ယ်သူများ  အတွက် ၀န်ဆောင်မှုေ ပးနေသကဲ့ သို့ပင်။ “ဆေးမျိုးစုံလင် ရွှေမန်းတွင်၊ ၀ယ်လျှင် စိတ်ချ သက်သာ ရမည်” ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားကာ ၀ယ်သူများကို ရောင်းချ ပေးနေကြသည်။ “ယခု မြန်မာ့ဂုဏ်ရောင် အိမ်ရာနားမှာ ကျွန်တော် ကွမ်းယာ သုံးနှစ် ရောင်းခဲ့ဖူးတယ်။ ဒါပေမဲ့ ဘ၀ကို အားမငယ်ခဲ့ဘူး။ ကွမ်းယာလဲ ရောင်းခဲ့ရသလို ဘော်ဒါဆောင်လဲ ထောင်ခဲ့ဘူးတယ်။

ကျွန်တော့် အစ်မက ကျောင်းဆရာမ တစ်ဦး ဖြစ်တဲ့ အတွက် တက္ကသိုလ် ၀င်တန်း ဘော်ဒါဆောင်ကို ထောင်ခဲ့ပေမယ့် ဘော်ဒါဆောင် မထောင်ခင် ကတည်းက ဆေးနဲ့တော့ ထိတွေ့မှု ရှိနေပါပြီ။ ဘော်ဒါဆောင်ဖွင့်တဲ့ အလုပ်နဲ့ ကွမ်းယာသည် ဘ၀ နှစ်ခုရဲ့ မတူတဲ့ အနေအထားကိုလဲ ကျွန်တော် ကြုံခဲ့ဖူးတယ်။ အဲဒီမှာတင် ဘ၀ဆိုတာကို ပိုနားလည် လာခဲ့ရတယ်။ အတက်အကျ အရမ်း မြန်ဆန်တဲ့ လူ့ဘ၀မှာ လူတွေ တန်ဖိုးထား နေတဲ့ အရာက ဘာတွေလဲ၊ ဘ၀မှာ ဘာတွေကသာ အစစ် အမှန်ဆုံး တန်ဖိုး ရှိပါလဲ ဆိုတာကို သိလာတယ်။ လူတွေကို အရင်ထက် ပိုပြီး မေတ္တာ ထားနိုင်အောင် ကြိုးစားတယ်။ ပြောရရင် ၀န်ထမ်းတွေတောင် ဒီဆိုင်ကနေ ၀န်ထမ်း အဆင့်နဲ့ ထွက်ရင် မင်းတို့ ဒုက္ခ ရောက်လိမ့်မယ်။ ထွက်မယ် ဆိုရင် ဆိုင်ရှင် အဖြစ်နဲ့ပဲ ထွက်ရမယ် ဆိုပြီး အမြဲ ဆုံးမပါတယ်”ဟု သူ့ဘ၀ အတက်အကျ မြန်ဆန်ခဲ့ပုံကို ပြောပြ နေသည်။

သူ၏ ဘ၀တွင် အမြင့်ဆုံး အောင်မြင်မှု အနေဖြင့် ဘော်ဒါဆောင် တစ်ခုကိုပင် ဖွင့်လှစ် နိုင်ခဲ့ သော်လည်း အနိမ့်ဆုံး ဆိုသည့် ဘ၀ကိုလည်း ဖြတ်သန်းခဲ့ရသည်။ ကြုံတွေ့ ခဲ့ရသော ဆုံးရှုံးမှုနှင့် အတူ ပေးဆပ်မှုများကလဲ မရေ မတွက်နိုင်၊ အိုးပိုင် အိမ်ပိုင်နှင့် ဆိုင်ပိုင် ဘ၀ကိုပင် ကံကြမ္မာက မျက်နှာသာ မပေးခဲ့။ သို့သော် သူသည် တံတားကျေးရွာတွင် မွေးဖွားခဲ့သော်လည်း စိန်ပေါလ် ကျောင်းတွင် ပညာ သင်ယူ ခွင့်ရခဲ့သည်။ မိဘ ဆွေမျိုး ဆရာ သခင်များ၏ ဆုံးမမှု စကားများကို နာခံကာ တက္ကသိုလ်မှ ရရှိခဲ့သော ပညာ အမွေ အနှစ်များကို ရင်းပြီး သူ၏ ဘ၀ကို နာနာ အရိုက်ခံခဲ့သည်။ ဘ၀ကို အောက်သက် ကျေအောင် ကြိုးစားသည်။ ဘ၀ ခရီးကို ကြမ်းကြမ်း တမ်းတမ်း လျှောက်ခဲ့ ရသော်ငြားလည်း သူတစ်ပါး အပေါ် မည်သည့် အခါမျှ အဆိုး မမြင်ခဲ့ ။သူတစ်ဖက်သား အပေါ် ထားနိုင်ခဲ့သည့် ကိုယ်ချင်း စာမှုက သူ၏ဘ၀ တိုးတက်ရာ လမ်းမှန်ကို အကောင်အထည် ဖော်ရာတွင် များစွာ အထောက် အကူ ပေးခဲ့သည်။

“ကျွန်တော်လဲ တစ်ချိန်က ဘာမျှ မရှိတော့တဲ့ ဘ၀ကို ရောက်ခဲ့တယ်။  ဘ၀မှာ အကြီးမားဆုံး ဒုက္ခကို ရင်ဆိုင်ခဲ့ရတဲ့ အချိန်မှာ အလုပ်တွေ မျိုးစုံ လုပ်ခဲ့ရတယ်။ တစ်ချိန်က ကျွန်တော့်လိုမျိုး ဒုက္ခကို ယနေ့ လူငယ် တချို့ ကြုံနေရတယ် ဆိုလဲ အားမငယ်နဲ့။ အဓိက ရှိနေရမှာက ဘယ်နေရာမှာ ဘာအလုပ်ပဲ လုပ်လုပ် စေတနာ ထားလုပ်။ မျှော်လင့်ချက်နဲ့ မလုပ်နဲ့။ မိမိ အနေနဲ့ ကြိုးစား နေဖို့သာ လိုတယ်။ ကြိုးစား နေသရွေ့ အောင်မြင်မှု ဆိုတာ ရှိနေမှာပဲ။ အဓိကတော့ ရိုးသားနေရမယ်၊ ကြိုးစား နေရမယ်၊ ဒါပေမဲ့ လာဘ်တော့ မြင်တတ်ဖို့ လိုတယ် ”ဟု သူ၏ အတွေ့အကြုံ များကို ရင်းကာ ပြောပြ နေပုံများကလဲ မိမိ၏ အနာဂတ် ဘ၀ကို ပုံဖော် နေကြသည့် လူငယ်များ အတွက် အားတက်စရာ။  သူ၏ မလျှော့သော ဇွဲလုံ့လ နှင့် ကြိုးစားခဲ့သည့် အောင်မြင်မှုများက ယခုအခါ ဆေးဆိုင် သုံးဆိုင်ကိုပင် ရန်ကုန်မြို့တွင် ဖွင့်လှစ် ရောင်းချနိုင်သည့် ဘ၀ကို ပိုင်ဆိုင်နေပြီ ဖြစ်သော်လည်း သူ့ အနေဖြင့် အောင်မြင်သည့် ဘ၀ဟု သူက မဆို။

“ကွမ်းယာဆိုင် ဖွင့်တုန်းက ကျွန်တော် ဆေးကို တွဲဖက် ရောင်းခဲ့ရတဲ့ အတွက် ဆေးနဲ့တော့ သိပ်မစိမ်းခဲ့ဘူး။ ဒါပေမဲ့ ရောင်းချတတ်ဖို့ ကျွန်တော့် အစ်ကိုက ကျောက်တန်းမှာရှိတဲ့ ဆရာ ဦးဟန်စိန် နဲ့ ဆရာ ဦးသန်းဦး ဆီမှာ သွားသင်ယူ ခဲ့ရတယ်။ အစ်ကိုက ကျွန်တော်တို့ကို တစ်ခါ ထပ်သင်ပေးတယ်။ မိဘ ဆွေမျိုး လက်ထက် ကနေ ဆေးဆိုင် ရောင်းတဲ့ သက်တမ်း တစ်ခုတော့ ရှိခဲ့တယ်။ ကျွန်တော် ဦးစီးပြီး ရောင်းချခဲ့တဲ့ သက်တမ်းက နုပါသေးတယ်။ ငါးနှစ်လောက်ပဲ ရှိသေးတယ်။ ဦးစီးပြီး လုပ်ကိုင်ရတာ ကလဲ အကြောင်း ရှိတယ်။ မိဘ ဆွေမျိုး လက်ထက်ကနေ ရောင်းခဲ့တဲ့ ဆေးဆိုင် ဆိုင်းဘုတ်ကို အဖြုတ် မခံချင်လို့ ကျွန်တော်မှ မလုပ်ရင်ဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့ ရတာ။ ဒီအနေ အထား ကို ရောက်ဖို့လဲ အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်။ အခုလဲ သူ့အနေအထားနဲ့ သူကြုံနေဆဲ ဒါပေမဲ့ ကျွန်တော် အားမငယ်ဘူး။ ဒီနေ့လဲ ကြိုးစား နေတုန်းပဲ။ နောက်လဲ ကြိုးစား နေရဦးမှာပဲ”ဟု ဆေးဆိုင် ဖွင့်ခဲ့ရသည့် အကြောင်းကို ဖွင့်ပြောသည်။

ဆေးဆိုင် သုံးဆိုင်ကို ဦးစီး လုပ်ကိုင် နေရသော်လည်း သူ့အနေဖြင့် ကိုယ်တိုင် ကြီးကြပ်မှု ပေးနိုင်သည့် ဆိုင်က တစ်ဆိုင် ခန့်သာ ရှိသည်။ ကျန်နှစ်ဆိုင်ကိုကား သူ၏ ၀န်ထမ်းများ ကသာ ဦးစီး လုပ်ကိုင်ပေး နေသည်။ သူနှင့် ၀န်ထမ်းများ အကြားတွင် တည်ဆောက် ထားသော ယုံကြည်မှုကလဲ အတု ယူစရာပင်။ ၀န်ထမ်း အပေါ် မေတ္တာ၊ စေတနာ ထားမှု၊ နားလည် ခွင့်လွှတ်တတ်မှု အပါအ၀င် သူ၏ ၀န်ထမ်းများကိုလဲ နောင်တစ်ချိန် သူ့လိုပင် ဆိုင်ရှင် တစ်ဦး ဖြစ်စေရန် စေတနာထား ဆုံးမမှုများ ကလဲ သူနှင့် သူ့ဝန်ထမ်းများ ကြားတွင် မေတ္တာ ရောင်ပြန် ဟပ်နေသလိုပင်။ တစ်ချိန်က သူ၏ ၀န်ထမ်း ဆိုသော်ငြားလည်း ယခုအခါ သူကဲ့သို့ ဆိုင်ရှင် ဘ၀ကိုပင် ရောက်နေသော သူများက သူ၏ ကျေးဇူးတရားကို မေ့နိုင်လိမ့်မည် မဟုတ်။ သူက လုပ်ငန်းရှင် တစ်ဦး ဆိုသော်ငြားလည်း သူ၏ ၀န်ထမ်း အပေါ် လုပ်ငန်းရှင် တစ်ဦးကဲ့သို့ မဆက်ဆံ၊ မိသားစုဝင် တစ်ဦး ကဲ့သို့သာ ဆက်ဆံသည်။ နွေးထွေးမှုကို သူ၏ ၀န်ထမ်းများက ယုံကြည်မှုဖြင့် ပေးဆပ်ကာ ရောင်းချ နေကြသည့် ၀န်ထမ်းများ၏ ခံယူချက် ကလည်း ပီတိ ဖြစ်စရာ တစ်ခု။ “ကျွန်တော် မရှိတဲ့ ဆိုင်မှာ ရှိနေတဲ့ ကျွန်တော့် ၀န်ထမ်း တွေကို နည်းအမျိုးမျိုး နဲ့ မထိန်းချုပ်ခဲ့ဘူး။ ယုံကြည်မှု နဲ့ပဲ အလုပ်လုပ်ခဲ့တယ်။ ၀န်ထမ်း အပေါ်မှာရော ကျွန်တော့် အလုပ်ပေါ်မှာပါ ယုံကြည်မှုနဲ့သာ လုပ်ခဲ့တယ်။

ကျွန်တော့်ဆီကို လာဝယ်ကြမယ့် Customer တွေကိုလည်း ကျွေးမိခင် ဖခင် သဖွယ် သတ်မှတ်ပြီး ရောင်းချ နေပါတယ်”ဟု  သူက ပြောသည်။ ငါးကျပ်၊ တစ်ဆယ်ကို မျှော်မှန်း စဉ်းစားပြီး လုပ်ကိုင် နေသူအတွက်  သိန်းသန်း ကုဋေဆိုတာ ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး။ အလုပ်ကို လူက မနိုင်ရင် အလုပ်က လူကို နိုင်သွား လိမ့်မယ်ဟု ဆိုသော ဒဿနများကို လက်ကိုင် ထားကာ ကြိုးစား နေသည့် သူက “ကျွန်တော့် အနေနဲ့ မိမိ အသက် မွေးဝမ်းကျောင်း ပြုတော့မယ့် လုပ်ငန်းကို ရပ်တည်ပြီး ယုံကြည်ခဲ့တာ မဟုတ်ဘူး၊ ယုံကြည်ပြီးမှ ရပ်တည်ခဲ့တာပါ၊ ကိုယ့်ကိုယ်ကိုယ်လဲ ဆရာကြီး ဦးအောင်သင်း ပြောခဲ့သလို ပုဆိုးကို ခါးတောင်း ကျိုက်သလို ဦးနှောက်ကိုလဲ ခါးတောင်း ကျိုက်ဖို့က ပို အရေးကြီးတယ် ” ဆိုတဲ့ စကားကို အမြဲတမ်း လက်ကိုင်ထားပြီး ကြိုးစား  နေပါတယ်ဟု ပြောနေသည့် သူ၏ ယုံကြည်ချက်ကို ပို၍ အသက်သွင်း နေသည့် မြင်ကွင်းက ရောင်းသူနှင့် ၀ယ်သူများဖြင့် စည်ကားလျှက် ရှိနေသည်။ ဤမြင်ကွင်းကို ရရှိနိုင်ရန် သူကပင် ကြိုးစား တည်ဆောက်ခဲ့၍လား သို့မဟုတ် ကံကြမ္မာ ကသာလျှင် မျက်နှာသာ ပေးချိန် သင့်ပြီဟု ထင်၍ များလားကိုတော့ ...

အားလုံးရေခဲတွေနဲ့တည်ဆောက်ထားတာ ….

အားလုံးရေခဲတွေနဲ့တည်ဆောက်ထားတဲ့မီးထွန်းပွဲတော်ကတော့ တရုတ်ပြည်နယ်မြောက်ပိုင်း ဟေးလုံးကျန်းပြည်နယ် ဟာ့ပင်းမြို့မှဖြစ်ပါတယ်။ နှစ်စဉ် ဇန်န၀ါရီလလယ်မှ ဖေဖော်ဝါရီလလယ်အထိ ပွဲတော်ကျင်းပလေ့ရှိပါတယ်။ ကျွန်မတို့သွားခဲ့တာက ၂၀၀၈ ဇန်န၀ါရီလကဆိုတော့ ဓါတ်ပုံတွေက နဲနဲတော့ကြာနေပါပြီ။ အဲဒီအချိန်က အအေးဆုံးအချိန်ပါ အနှုတ် ၃၀ လောက်အထိအေးပါတယ်။ ညဘက်မှာမှ အဲဒီနေရာက စည်ကားပါတယ်။ လူတွေအများကြီးလာကြည့်ကြတယ်။ နောက်ထပ် တစ်နေရာမှာတော့ နှင်းတွေနဲ့ထုထားတဲ့ နှင်းပန်းပုတွေပြတဲ့ နေရာတစ်ခုရှိပါသေးတယ်။ အဲဒီကလက်ရာတွေကတော့ အနုစိတ်လွန်းပြီး အရမ်းလှတယ်။ ရုရှားကပညာရှင်တွေနဲ့ပူးပေါင်းပြီး ပြုလုပ်တယ်လို့သိခဲ့ရပါတယ်။ နှင်းပန်းပုပုံတွေကို သီးသန့်ပို့စ်တစ်ခုနဲ့တင်ပေးပါ့မယ်။ သိပ်အေးလွန်းလို့ ဓါတ်ပုံရိုက်ရခက်တယ်။ လက်အိတ်တွေအထပ်ထပ်နဲ့ ကင်မရာကိုကိုင်ရတာ မလွယ်ပါဘူး။ နောက်ပြီး ကင်မရာထဲကဓါတ်ခဲက အဲဒီလောက်အအေးဒဏ်ကိုမခံနိုင်ပါဘူး။ ဘတ်ထရီချက်ခြင်းကျသွားတယ်။ ကင်မရာကိုပူအောင် ပြန်လုပ်လိုက်ရင် ခဏပြန်ရိုက်လို့ရတယ်။ လူတွေကလဲ အဲဒီလောက်အေးနေတာကို အကြာကြီးမခံနိုင်ဘူး။ ကော်ဖီဆိုင်လေးတွေရှိပါတယ်။ အဲဒီဆိုင်လေးတွေထဲကို ခဏခဏပြေးဝင်ပြီး တစ်ခွက် တစ်ယွမ် တန်တဲ့ ကော်ဖီကို ၁၅ ယွမ်ပေးပြီးသောက်ရပါတယ်။ ကျွန်မတစ်သက်မှာ အအေးဆုံးခရီးစဉ်လို့ မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။

နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ တစ်ကြိမ်တစ်ခါမျှဖေါ်ပြခြင်းမရှိခဲ့သော ဓာတ်ပုံများ…

တစ်ကြိမ်တစ်ခါမှ ပုံနှိပ်ဖော်ပြခံရခြင်းမရှိသေးသည့် ဒေါ်အောင်ဆန်းစုကြည် ၏ ဓာတ်ပုံများ
၁၉၇၂ နှစ်သစ်ကူးနေ့  ချယ်ဆီးတရားရုံးဉ် မင်္ဂလာလက်မှတ်ရေးထိုးစဉ် မိုက်ကယ်အဲရစ် အသက် ၂၆
ဒေါ်အောင်ဆန်းစုကြည် အသက် ၂၅ Photograph: Private Aris Family
ဒေါ်ခင်ကြည် ၊ဒေါ်အောင်ဆန်းစုကြည် ၊မစ္စတာ မိုက်ကယ်အဲရစ် နှင့် သားဦးလေး အလက်ဇန္ဒား ၁၉၇၄ ခုနှစ်
ရန်ကုန် မြို့
1973 ခုနှစ် အောက်စဖို့ ဒ် တက္ကသိုလ် တွင် ပညာသင်ကြားစဉ်
လန်ဒန် နေအိမ်ဉ် မင်္ဂလာ လက်ထပ်ပွဲ အခမ်းအနား ကျင်းပစဉ်က
၁၉၇၁ ဘူတန် နိုင်ငံ တာခ်(စ)တန် နှင်းတောင် ဘုရား ကျောင်း တွင်
တိဘက် သမိုင်းပညာရှင် မိုက်ကယ် က ဒေါ်အောင်ဆန်းစုကြည် အား ချစ်ရေး ဆိုခဲ့စဉ်က
၁၉၇၁ ခုနှစ် ဘူတန် တွင် မြည်းပုလေး နှင့် အတူ
မိသားစု နှင့် အတူ ပျော်ပွဲစားထွက်စဉ်က
သားငယ်အလက်ဇန္ဒား နှင့် ကင်တို့ နှင့် ၁၉၈၀ အင်္ဂလန် တွင်

Skype ဖြင့်နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုနိုင်ပြီ

Skype ကို အသုံးပြု၍ Internet ရှိသည့် မည်သည့်နေရာတွင်မဆို နိုင်ငံတကာရှိ
လိုင်းဖုန်းများ နှင့် Mobile Phone များသို့ အလွယ်တကူ ဖုန်းခေါ်ဆိုနိုင်ပါသည်။
Skype ကို အသုံးပြုရန် နည်းလမ်း (၃) မျိုးရှိပါသည်။
(၁) မိမိ၏ account ထဲသို့ Unlimited ထည့်၍ အသုံးပြုခြင်း ၊
(၂) မိမိ၏ account ထဲသို့ Credit ထည့်၍ အသုံးပြုခြင်း ၊
(၃) မိမိ၏ account ထဲသို့ နိုင်ငံ တစ်နိုင်ငံချင်းစီအတွက် (၁)လ အတွင်း မိနစ် (၆၀) ၊
မိနစ်(၁၂၀) ၊ မိနစ် (၄၀၀) စသည်ဖြင့် ထည့်သွင်းပြောခြင်း
တို့ဖြစ်ပါသည်။
Skype (Unlimited)
Skype Unlimited One Country - 7,500 Kyats per month
Skype Unlimited World - 15,000 Kyats per month
Skype Unlimited ဆိုသည်မှာ မိမိ၏ Skype Account ထဲသို့ ပိုက်ဆံထည့်သည့် နေ့မှ
တစ်လလုံး အချိန်အကန့်အသတ်မရှိ ပြောဆိုနိုင်ပါသည်။ Skype Unlimited တွင် Unlimited
World နှင့် Unlimited One Country ဟူ၍ နှစ်မျိုးရှိပါသည်။
Skype Unlimited World ဆိုသည်မှာ အောက်တွင် ဖော်ပြထားသော နိုင်ငံများ
အားလုံးသို့ ခေါ်ဆိုနိုင်ပါသည်။
Skype Unlimited One Country ဆိုသည်မှာ အောက်တွင်ဖော်ပြထားသော နိုင်ငံ
များမှ မိမိ ကြိုက်နှစ်သက်ရာ ရွေးချယ်ထားသော နိုင်ငံ တစ်နိုင်ငံ တည်းသို့သာ ခေါ်ဆိုနိုင်
ပါသည်။ ( ထိုင်း နိုင်ငံ တစ်နိုင်ငံတည်း မရပါ။ )
Skype ဖြင့် ဖုန်းခေါ်ဆိုနိုင်သော နိုင်ငံများ
ထိုင်း(မိုဘိုင်းအပါအဝင်)
စင်္ကာပူ (မိုဘိုင်းအပါအဝင်)
အမေရိကား (မိုဘိုင်းအပါအဝင်)
ဟောင်ကောင် (မိုဘိုင်းအပါအဝင်)
ကနေဒါ (မိုဘိုင်းအပါအဝင်)
တရုတ်(မိုဘိုင်းအပါအဝင်)
ပေါ်တိုရီကို(မိုဘိုင်းအပါအဝင်)
ဂူအမ်(မိုဘိုင်းအပါအဝင်)
အာဂျင်တီးနား
ၾသဇီ (ၾသစေၾတးလ်)
ၾသစႀတီးယား
ဘယ္ဂ်ီယံ
ခ်ီလီ
ချက်
ခရိုအေးရှား
ဒိန်းမက်
အက်စတိုးနီးယား
ဖင်လန်
ပြင်သစ်
ဂျာမနီ
ဂရိ
ဟန်ဂေရီ
အိုင်ယာလန်
အစ္စရေး
အီတလီ
ဂျပန်
တောင်ကိုရီးယား
လူဇင်ဘတ်
မလေးရှား
နယ်သာလန်
နယူးဇီလန်
နော်ဝေး
ပိုလန်
ပေါ်တူဂီ
ပေါတိုရီကို
ရုရှ
စလိုဗားကီးယား
စပိန်
ဆွီဒင်
ဆွစ်ဇာလန်
ထိုင်ဝမ်
ဗြိတိန်
Skype (Credit)
Skype USD $ 1 Credit - 1200 Kyats
Skype USD $10 Credit - 11500 Kyats

Skype Credit ဆိုသည်မှာ မိမိ၏ Skype account ထဲသို့ ပိုက်ဆံ ကြိုတင်
ပေးသွင်းထားပြီး မိမိခေါ်ဆိုသော နိုင်ငံအလိုက် မိမိ account ထဲမှ ပိုက်ဆံဖြတ်ယူသွားမည်
ဖြစ်ပါသည်။ Skype Credit ကို အသုံးပြု၍ တစ်ကမ္ဘာလုံးရှိ လိုင်ဖုန်းများနှင့် Mobile Phone
များသို့ အလွယ်တကူ ဆက်သွယ်ခေါ်ဆိုနိုင်ပါသည်။
Skype (Per Minutes)
မိမိပြောဆိုလိုသော နိုင်ငံတစ်နိုင်ငံချင်းစီအတွက် အောက်ပါမိနစ်များတိုင်း
တစ်လချင်း ရွေးချယ်ဝယ်ယူနိုင်ပါသည်။ ၀ယ်ယူထားသောနိုင်ငံ၏ လိုင်းဖုန်းနှင့်ကြိုးဖုန်း
များသို့ ခေါ်ဆိုနိုင်ပါသည်။
Malay မလေး မိနစ် ၄၀၀ - ၁၇၀၀၀ ကျပ်
မလေး မိနစ် ၁၂၀ - ၆၀၀၀ ကျပ်
UAE UAE မိနစ် ၄၀၀ - ၇၆၅၀၀ ကျပ်
UAE မိနစ် ၁၂၀ - ၃၂၃၀၀ ကျပ်
UAE မိနစ် ၆၀ - ၁၇၀၀၀ ကျပ်
လာအို လာအို မိနစ် ၄၀၀ - ၃၇၄၀၀ ကျပ်
လာအိုမိနစ် ၁၂၀ - ၁၅၃၀၀ ကျပ်
လာအို မိနစ် ၆၀ - ၈၅၀၀ ကျပ်
ဆက်သွယ်ရန်လိပ်စာ
အမှတ် ( ၄၀ - ဘီ ) ၊ စတုတ္ထထပ် ၊ ရန်ကုန် - အင်းစိန်လမ်းမကြီး ၊
( IT Food Center & 119 Fashion Complex အရှေ့ ၊ လှည်းတန်းမှတ်တိုင်အနီး )
လှည်းတန်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ။
PHONE : 09 - 5091820
E-Mail : aps.itsolution@gmail.com
Website : http://apst.webs.com/

ဂီရီကြောင့် ဆန်နှင့် ကြက်သွန် ဈေးတက်

ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် ဆန်များကို ပြည်တွင်း ဈေးကွက်သို့ တင်ပို့နိုင်ခြင်း မရှိသည့်အတွက် ဆန်ဈေးနှုန်း မြင့်တက်သွားကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှ ထွက်သည့် ဆန်များကို ပြည်တွင်းဈေးကွက်သို့ တင်ပို့နေရာမှ မုန်တိုင်းတိုက်ခတ်ပြီးနောက် ဈေးကွက်သို့ ၀င်ရောက်နိုင်ခြင်း မရှိတော့ကြောင်း၊ ရခိုင်ပြည်နယ်သို့ပင် ပြန်လည်တင်ပို့နေရသည့်အတွက် ဈေးနှုန်း မြင့်တက်သွားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံတန်းမှ ဆန်ပွဲရုံပိုင်ရှင်တဦးက ဧရာဝတီသို့ ပြောသည်။

“အခုတနိုင်ငံလုံး ဆန်သစ်ပေါ်ကာစ စပ်ကူးမတ်ကူးကာလဆိုတော့ လှိုင်လှိုင်မပေါ်သေးဘူး။ ပထမပိုင်းက ရခိုင်ကနေ သွင်းနေတာ။ အခုတော့ သူတို့ဆီက အလှူဆန်ဆိုပြီး ပြန်ဝယ်နေတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်မှ တင်သွင်းသည့် ယမန်နှစ်ကထွက်ရှိသော ရွှေဝါထွန်း အမာဆန် ပိဿာ ၃၀ ပါ တတင်းခွဲ တအိတ်လျှင် မကြာမီရက်ပိုင်းက ၁၇၀၀၀ ကျပ် ဈေးနှုန်းရှိရာမှ ယခုအခါ ၁၇၅၀၀ ကျပ်၊ ဇီယာဆန်မှာလည်း ၁၇၅၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိ မြင့်တက်သွားသည်ဟု အဆိုပါ ပွဲရုံပိုင်ရှင်က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာပြည်အတွင်း အဓိက စပါးစိုက်ရာဒေသကြီးများ ဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် မိုးများသည့်အတွက် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။

ယခုအခါ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ တချို့သော ဒေသများတွင် ဆန်အသစ်များ စတင်ထွက်ရှိနေပြီ ဖြစ်ကြောင်း၊ အသစ်ပေါ်သည့်  ရွှေဝါထွန်း အမာဆန်များကို ပိဿာ ၃၀ ပါ တတင်းခွဲ တအိတ်လျှင် ၁၃၅၀၀ ကျပ်နှုန်းဖြင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့သို့ တင်ပို့နေရကြောင်း ပြည်မြို့မှ ဆန်ကုန်သည်တဦးကလည်း ပြောသည်။

“ရခိုင်နဲ့ ပဲခူးတိုင်း နယ်နိမိတ်အစပ်မှာရှိတဲ့ ညောင်ဂျိုးဂိတ်ကနေ ရခိုင်ပြည်နယ်ထဲကိုတော့ ဆန်သယ်ခွင့်ပေးတယ်။ ရခိုင်ကနေ ပြည်ဘက်ကို ထွက်ခွင့်မပေးတော့ဘူး” ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းသင့်ဒေသများအတွက် ဝေငှရန် လိုအပ်သည့်ဆန်များကို ရန်ကုန်မြို့၊ ပြည်မြို့ စသည့်မြို့များမှ တင်သွင်းနေကြောင်း၊ ပြည်မြို့မှ တောင်ကုတ်မြို့သို့ သယ်ယူပို့ဆောင်ရေးစရိတ်မှာ ဆန်တအိတ်လျှင် ၁၂၀၀ ကျပ်ရှိပြီး ရန်ကုန်မြို့မှ တောင်ကုတ်သို့ ၁၄၀၀ ကျပ်မှ ၁၆၀၀ ကျပ်အကြား ပေးရကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

တောင်ကုတ်မြို့မှ ဆန်ကုန်သည်တဦးက လက်ရှိအနေအထားတွင် တောင်ကုတ်ဈေးကွက်၌ ရွှေဝါထွန်း အမာဆန်သစ် တအိတ်လျှင် ၁၅၅၀၀ ကျပ်နှုန်းရှိပြီး ဆန်အဟောင်းမှာ တတင်းခွဲ တအိတ်လျှင် ၁၆၅၀၀ ကျပ် ဈေးရှိသည်ဟု ဆိုသည်။

မုန်တိုင်းကာလတွင် ရိတ်သိမ်းရတော့မည့် စပါးစိုက်ခင်းများသို့ ပင်လယ်ဆားငန်ရေ ၀င်ရောက်သည့်အတွက် ပျက်စီးမှုများရှိသည်ဟု ကြားရကြောင်း၊ ဒေသတွင်းဆန်ပြတ်လပ်မှု ဖြစ်နိုင်သည်ဟု ဈေးကွက်အတွင်း ခန့်မှန်းပြောဆိုနေကြကြောင်း တောင်ကုတ်မြို့ခံ ဆန်ကုန်သည်က ပြောသည်။

ဂီရိ ဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာ ၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်သို့ ဖြတ်သန်းပြီးနောက် ကုန်းတွင်းပိုင်းသို့ ၀င်ရောက်ကာ အားပျော့သွားခဲ့သည်။

ရခိုင်ပြည်နယ် ဆန်စပါးကုန်သည်ကြီးများ အသင်းမှ တာဝန်ရှိသူတဦးက “ရေငန်တား တမံတွေကျိုးလို့ ကျောက်ဖြူနဲ့ မြေပုံမြို့နယ်မှာ လယ်ဧက တော်တော်များများ ပျက်စီးသွားတယ်လေ။ ဘယ်ရွေ့ဘယ်မျှဆိုတာ သေချာမသိရသေးပေမယ့် အားလုံးပေါင်းလိုက်ရင် အနည်းဆုံးတော့ ဧကထောင်ချီမှာပါ” ဟု ပြောသည်။

ယခုလဆန်းပိုင်းကလည်း သံတွဲမြို့နယ်အတွင်း ရေငန်တား တမံများ ကျိုးပေါက်သောကြောင့် လယ်ဧက ငါးထောင်ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

ဂီရိမုန်တိုင်းကြောင့် ပေါက်နယ်အတွင်းရှိ အုန်းတောနှင့် ရေပြာ ဘေလီတံတား ၂ စင်း ရေထဲပါသွားပြီး ဆိပ်ဖြူမြို့နယ်နှင့် ပခုက္ကူမြို့နယ်အကြားရှိ ကံတွင်း ကွန်ကရစ်တံတားကြီးလည်း ကျိုးသွားကြောင်း၊ ချောင်းနားရွာနှင့် ဆင်သေရွာတို့သည် ရွာလုံးကျွတ်ရေမြုပ်သွားကြောင်း သိရှိရသည်။

ဂီရိမုန်တိုင်းကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပွားခဲ့ရာ မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ ယောချောင်း၊ ကျောချောင်း စသည့် ချောင်းများအတွင်း တောင်ကျချောင်းရေများ စီးဆင်းခဲ့ကြောင်း၊ ထို့အပြင် ချောင်းတလျှောက်ရှိ  ကျေးရွာများ၊ ကြက်သွန်သိုလှောင်သည့် အဆောက်အဦများ၊  ကြက်သွန်စိုက်ခင်းများ ပျက်စီးသွားကြောင်း ဒေသခံ ကြက်သွန် ကုန်သည်တဦးက ဆိုသည်။

“လွန်ခဲ့တဲ့တလလောက်က ရွာမှာအထိုင်ဝယ်ရင် တပိဿာ ၁၀၀ ကျပ်ဈေးနဲ့ ၀ယ်သူတောင် မရှိတဲ့ ကြက်သွန်က အခုမုန်တိုင်းကြောင့် တပိဿာ ၆၅၀ ကျပ်ဈေး ဖြစ်သွားပြီ” ဟု ၎င်းကဆိုသည်။

မိုးများစွာ ရွာသွန်းသည့်အတွက် တောင်သူကြီးများထံတွင် လှောင်ထားသည့် ကြက်သွန်များလည်း ပျက်စီးသွားကြောင်း၊ ကြက်သွန်ဈေးမှာ ပြီးခဲ့သည့် လပိုင်းများက ဈေးနှုန်းထိုးကျနေသည့်အတွက် ကုန်သည်များသည် ကျဈေးဖြင့် ရောင်းချခဲ့ကြောင်း၊ ယခု ဈေးတက်သည့်အချိန်တွင် ကုန်သည်များထံတွင် ကြက်သွန်လက်ကျန် မရှိနိုင်ကြောင်း ယင်းဒေသခံ ကုန်သည်က ဆက်လက်ပြောသည်။

ယခုအခါ ကြက်သွန်စိုက်ဒေသများဖြစ်သည့် ဆင်ဖြူကျွန်း၊ စလင်း၊ ဆိပ်ဖြူ၊ ယောနယ်၊ မြစ်သား၊ မြင်းခြံမြို့နယ်များတွင်  စိုက်ပျိုးထားသည့် ကြက်သွန်စိုက်ခင်း ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးနိုင်ပြီး နွားထိုးကြီးမြို့နယ်တွင်သာ မပျက်မစီး ကျန်ခဲ့သည်ဟု သိရသည်။

ယခုပျက်စီးသွားသည့် ကြက်သွန်စိုက်ခင်းများကို တောင်သူများက ပြန်လည်စိုက်ပျိုးနေပြီး လာမည့် ဇန်န၀ါရီလတွင်သာ ကြက်သွန်အသစ် ပေါ်တော့မည် ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကြက်သွန်ဈေးမှာ တပိဿာ ၁၀၀ ကျပ်အထိ ကျဆင်းခဲ့သည်အတွက် ဈေးနှုန်း အဆမတန် ကျဆင်းနေမှုကို ကာကွယ် တားဆီးပေးရန် ကြက်သွန်စိုက် တောင်သူများက ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသားပေး ပို့ခဲ့သေးသည်။

ယခုအခါ ရန်ကုန်မြို့ ကြက်သွန် လက်လီဈေးမှာ တပိဿာလျှင် ၁၂၀၀ ကျပ်အထိ မြင့်တက်သွားသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

Friday, October 29, 2010

အစိမ်းရောင်လူသား


ခေတ်သုံးခေတ် .. နှစ်သုံးနှစ်ကို ဖြတ်သန်း ကျွန်တော်ကျော်သူရဲ့ ဘ၀သက်တမ်း။
ကမ္ဘာလောကကြီးထဲ ၁၉၅၉ ခုနှစ်၊ လူ့လောကကြီးထဲ ရောက်ရှိ။
ပညာရေးကို မသိ။ စီးပွားရေးကို မသိ။ ကျန်းမာရေးကို မသိ။ လူမှုရေးကို မသိ။ ဘာဆိုဘာမှ မသိ ကမ္ဘာလောကကြီးထဲရောက်ရှိ။

ကလေးအတွေး ကလေးအသိ ဆော့ကစားချင်တာပဲရှိ။
မိဘတွေ ခံစားမှုကိုမသိ … ကိုယ်လိုချင်တာပဲသိ။
သားသားတို့က မူလတန်း၊ အလယ်တန်း။ ဟို … အကိုကြီးတွေကတော့ Rasu လို့ခေါ်တဲ့ တက္ကသိုလ်အတန်း။

လူတွေက ရှုတ်ရှုတ် … ကျောင်းသားကြီးတွေက တရုတ်ရုတ် … လူထုကြီးက တအုတ်အုတ် … တရုတ် ကုလားတွေက တဖြုတ်ဖြုတ်။
ဘ၀တွေက ဖရိုဖရဲ။
မျက်စိတစ်မှိတ် လျှပ်တစ်ပြတ်ထဲ ကောင်းကင်ပြာကြီးထဲ ကျီးတွေက ပြိုဆင်း … မီးခိုးမှိုင်းတွေက ဝှေ့ဆဲ။ သစ်ပုတ်ပင်ကြီးကတော့ … ခွပ်ဒေါင်းအလံ လွင့်ဆဲ။

ငြိမ်းချမ်းမှုတဲ့လား … ငြိမ်းချမ်းမှုအတွက်လား … အဘမှိုင်းတဲ့လား … ဦးသန့်တဲ့လား။
လား ပေါင်းများစွာထဲ … နားစည်ထဲမှာ ဝှေ့ဝဲ။
ဘာဆို ဘာမှ မသိခဲ့ … ဘာဘာ ဘာမှ မသိဘူးတဲ့လား။

သားတို့သိတာ … ကလေးဘ၀ထဲ … စစ်တိုက်တမ်းကစားဖို့ဘဲ။
တိုက်မယ် … ခိုက်မယ် … ပစ်မယ် … ခတ်မယ် … ထိုးမယ် … ကြိတ်မယ် … ဆက်သွယ်ရေး စက်နဲ့ စကားပြောမယ် … လက်ပစ်ဗုံးနဲ့ ပစ်မယ့် ကစားပွဲတွေ၊ ကစားနည်းတွေ။
အမည်နာမကား … စစ်တိုက်တမ်းကစားနည်းတဲ့။

မင်းက ဗိုလ်ကြီးဆို … ငါက ဗိုလ်မှူး။
မင်းက ဗိုလ်မှူးဆို … ငါက ဗိုလ်ချုပ်။
နေရာလုတာကစ … ကျားဗိုလ်ဆွဲကြ။
ကစားကြတာများ … Hero တော့ဖြစ်ချင်ကြပါရဲ့။

ဒါ . . . ဗိုလ်ချုပ်တို့ရဲ့ အာဇာနည်တွေအကြောင်း။
           ဗိုလ်ချုပ်တို့ရဲ့ တိုင်းပြည် ချစ်တဲ့အကြောင်း။
           ဗိုလ်ချုပ်တို့ရဲ့ ပြည်သူကို ကာကွယ်မှုအကြောင်း။
           ဗိုလ်ချုပ်တို့က ပြည်သူကို ချစ်တဲ့အကြောင်း။
           ပြည်သူတို့က ဗိုလ်ချုပ်တို့ကို ချစ်တဲ့အကြောင်း။

အကြောင်း … အကြောင်းပေါင်းစုံကို အဟောင်းက အသစ်ဖြစ်အောင် စစ်ရာဇ၀င် သမိုင်းစစ်ကို အမှန်တကယ်အားကျ၊     
နှလုံးသားထဲ ထကြွလာအောင် ပြောပြကြတဲ့ မိဘ၊ ဘိုးဘွားများနှင့် ခင်ပွန်းကြီး ဆယ်ပါး။

ဒါ . . . ကလေးပုံပြင်မဟုတ် … ဒဏ္ဍာရီမဟုတ် … လုပ်ကြံမဟုတ်တဲ့ အဟုတ်အမှန်ဖြစ်ခဲ့တဲ့ စစ်စစ် စစ်စစ်မှန်တဲ့ စစ်သမိုင်းအစစ်။
စစ်ရာဇ၀င်စစ်စစ် သမိုင်းစစ်စစ်ကို တစ်ဖြစ်ဖြစ်မည်အောင် အားကျလို့မ၀သေး … စစ်တိုက် တမ်းကစားလို့ မပြီးသေး … အဖိုးနဲ့ အဖ အင်းစိန်ဆိုတဲ့ ဘ၀တက္ကသိုလ် နံရံကြားရောက်လို့ သွားသလေး။

မိဘ၊ ဘိုးဘွားတို့ရဲ့ ချွေးနည်းစာစစ်စစ်နဲ့ လုပ်ကိုင်ခဲ့တဲ့ နိုင်လွန်စက် … အလုပ်ရှင် အလုပ် သမား တပြေးညီရှိရမယ်လို့၊ အမြတ်ကြီးစား အရင်းရှင်တဲ့ … စစ်ဗိုလ်ချုပ်ကြီးက ညွှန်ကြား၊ ပစ္စည်းကိုသိမ်းသွား … လူကိုလည်း ထိန်းထား။

သြော် . . .  ကလေးအတွေးနဲ့တွေးကြည့် … “အစိမ်းရောင် လူသားတွေဆိုတာ ဒါမျိုးကြီးလည်း လုပ်သလား” တဲ့။ 
ဒီလိုနဲ့ … လွတ်လပ်ရေးရလို့ မ၀သေး၊ မလွတ်လပ်တဲ့ ဘ၀ထဲ မဆလလူသား ဖြစ်လို့လာ။
မလွတ်လပ်တဲ့ ဘ၀ထဲ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တွေမှာ … ဆီဒင်ကားတွေ မျက်စိ ရှုပ်လာ။ အခွင့်ထူးခံ သားသမီးတွေ မျက်စိနောက်လာ။ ကျောင်းစိမ်းစာအုပ်တွေ မဲဖောက် လို့လာ။     ဒါဟာ … တပြေးညီတဲ့လားဗျာ။

အေးဗျာ . . .  အေးရာ အေးကြောင်း၊ လူငယ်အတွေး … အဖြေရှာကြည့်။
ကောင်းပါလေစွ … ကောင်းလေစွ။ ယမကာနဲ့ မူးယစ်ဘ၀။
အမှန်တရားတွေပျောက် … သီလတွေဖောက် … ဓါတ်ရှင်ထဲရောက်။
ဟို လူကြီးနဲ့ဖိုက် … ဟို သူငယ်မနဲ့ဆိုက်။
ဟို ဘဲကြီးနဲ့တိုက် … ဟို မဒီကြီးနဲ့ခိုက်။

မကောင်းတာကို ကောင်းသလားလို့၊ မသင့်တာကို သင့်သလားလို့၊ မှားတာကို မှန်သလားလို့ စမ်းသပ်ချင်တဲ့ လူငယ်တစ်ယောက်။
လူစိတ်မပျောက်ခင် … အသိရောက်။
အသိတရားရလို့ … လူလုပ်မယ်ကြံကာရှိသေး … “ ဒို့အရေး ” တဲ့။
ဘာပါလိမ့်လို့ … နားစွင့်ကျ၊ ထကြည့်ကြ၊ စူးစိုက်ကြ၊ အာရုံစိုက်ကြ။
ဟ! . . . ငါတို့ အရေးဘဲ၊ ပြည်သူ့အရေး၊ ဒို့အရေးဘဲ။
ညီလိုက်တဲ့ပြည်သူ၊ ညီလိုက်တဲ့ အနုပညာရှင်တွေ၊ ညီလိုက်တဲ့ ၀န်ထမ်းတွေ။
ဟုတ်ပြီဟေ့ ဆိုပြီး … ငါလည်း ညီအောင်လိုက်ညှိ … ဒဂုံ (၁) နဲ့ ဆေးရုံကြီးမှာ အများနည်းတူ ပေါက်ပေါက်လိုက်ဖောက်။
အဲဒီနောက်တော့ … ထောက် (၆) ကိုရောက်။
ဒီအချိန်မှာ ကလေးက နှစ်ယောက်။
မဟေသီက တစ်ယောက်။

လက်တွဲညီသလား မမေးနဲ့ … လင်နဲ့မယား လျှာနဲ့သွား၊ အယူအဆတွေကွဲပြား … ကိုယ်က အနုပညာသမား။
သြော် . . .  အဲဒီအချိန်မှာ လူလတ်အတွေး တွေးကြည့်  “အစိမ်းရောင်ဆိုတာ ဒါမျိုးကြီးလည်း ဖန်တီးသားပဲ” လို့။
ဒီလိုနဲ့ … န၀တခေတ်ထဲ လူဖြစ်လို့လာ

ငိုလိုက် ရယ်လိုက်နဲ့ ဘ၀ရဲ့သားကောင်များကို ထပ်မံ၍ ငိုခိုင်း ရယ်ခိုင်းတဲ့ ဓါတ်ရှင်သမိုင်း ရာဇ၀င်ထဲ ဝှေ့လို့ဝဲ။
ဓါတ်ရှင်သမားတို့ကတော့ … ပရိသတ်ပြည်သူကို အကုသိုလ်တွေ ဝေမျှဆဲ။
ဒါနဲ့ … အေးရာ အေးကြောင်း၊ ငြိမ်းရာ ငြိမ်းကြောင်း လူလတ်အတွေးနဲ့ အဖြေရှာကြည့်။
ကောင်းပါလေစွ - ကောင်းလေစွ တွေ့ပါပြီတဲ့ … သုဘရာဇာတဲ့။
သုခ … ကျော်သူ၊ ကျော်သူ … သုခ ကက်ကင်းတဲ့။
ကျေးဇူးရှင် ဘဘဦးသုခရဲ့ စကား … မှန်တာမှ ဒတ်ထိဘဲ။
ကျော်သူ … သချိုင်း၊ သချိုင်း … ကျော်သူ ဒါလည်း ကက်ကင်းဘဲ။
ကက်ကင်းကိုရိုက်၊ ကက်ကင်းကိုဆောင်ကာ … မိဘကို ဒုက္ခပေးခဲ့၊ မိသားစုလေးကို သောကတွေရစေခဲ့၊ ပြည်သူကို အကုသိုလ် ဝေမျှခဲ့တဲ့ ငါ … ၀ဋ်ကြွေးတွေ ကျေ။ ၀ဋ်ကြွေးတွေ ပြေအောင် အနိမ့်ကျဆုံး ကုသိုလ်အလုပ်မျိုးသည် မြင့်မြတ်သော သူတို့သာ လုပ်နိုင်သည်တဲ့ … ။

ဒီမှာတင် … ဘ၀တစ်ဆစ်ချိုး ပေးဆပ်မှုတွေတိုး၊ ဘာသာတရားကို ရိုကျိုးခဲ့ရ။
ဟ! . . . ဘာတဲ့တုန်း … နားစွင့်စမ်း၊ မော့ကြည့်စမ်း၊ မေးကြည့်စမ်း၊ မျှော်ကြည့်စမ်း၊ လျှောက်ကြည့်စမ်း။
“လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းပါစေ” တဲ့ … ဟာ ပြည်သူပြည်သား လူသားအားလုံးကို မေတ္တာပို့တဲ့ အသံတွေပဲ။
မိုးထဲ … လေထဲ … သေနတ်ဆွဲ၍ မဟုတ်။
မိုးထဲ … လေထဲ … ထီးဖိနပ်မဆွဲတဲ့ … သံဃာတော်တွေပဲ။
ဆွမ်းဘယ်လိုများ ဘုန်းပေးကြမလဲလို့ တွေးမိ။
ရိုက်လက်စ ဓါတ်ရှင်ကားတွေ စွန့်ခွာခဲ့ပြီး လှမ်းလိုက်တဲ့ခြေလှမ်း … သံဃာတော်တို့ နားနေရာ ကြေးသွန်းဘုရားကြီးဆီသို့။
ဒီမှာတင် … လက်သီးလက်မောင်း မတန်း … မကြွေးကြော်ခဲ့ဘဲနဲ့ သူ့အလိုလို Auto လင်မယား နှစ်ယောက် ပြည်ထဲရေးရောက်။
ဒါတင်မကသေး … အောင်သပြေထဲလည်း အမြည်းအဖြစ် ခေတ္တခဏရောက်။
သားနဲ့သမီးလည်း … အဝေးကိုရောက်။

သြော် . . .  လူကြီးအတွေး … “အစိမ်းရောင်ဆိုတာ ဒါမျိုးကြီးလဲ စွမ်းဆောင်ပေးသားပဲ” လို့။
ဒီလိုနဲ့ … နအဖ လက်ထဲမှာ အလုပ်လက်မဲ့ (၁၀၉ ~ ၁၁၀) ဘ၀။ ယခုအချိန်ထိ သုံးနှစ်တိတိ စွန်းခဲ့ပြီပေါ့။
ခေတ်သုံးခေတ်ရဲ့ နှစ်သုံးနှစ်မှာ အနုပညာသမားဘ၀ကနေ အရှင်လတ်လတ် သုဘရာဇာ ဘ၀ကို လုံးလုံးရောက်အောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။

ပြည်သူတွေကို အချိန်ပြည့် ပေးဆပ်ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။
အနိစ္စ ဒုက္ခ အနတ္တ တရားတွေကို အချိန်တိုတိုနဲ့ မြင်တွေ့ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။
သံဝေဂတရားတွေ သိမြင်၊ ကျင့်ကြံ အားထုတ်ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင် လူသား။
ငြိမ်းချမ်းမှု အဖြူထည်လူသားဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ … အစိမ်းရောင်လူသား။
သာဓု . . . သာဓု . . . သာဓုပါ … အစိမ်းရောင်လူသား။

အသင်တို့သည်လည်း            ကျွန်ုပ်သိသလို … သိကြပါစေ။
                                           ကျွန်ုပ်ရသလို … ရကြပါစေ။
                                           ကျွန်ုပ်မြင်တွေ့သလို … မြင်တွေ့ကြပါစေ။
                                           ကျွန်ုပ်ပေးဆပ်သလို … ပေးဆပ်နိုင်ကြပါစေ လို့သာ ကျွန်ုပ်ရဲ့ မွေးနေ့ (၅၁) နှစ်ပြည့်မှစ၍ ရန်သူမျိုးငါးပါးမှ ကင်းဝေးကြပြီး၊ လူအချင်းချင်း နှိပ်စက်ခြင်း … ကင်းရှင်း ကြပါစေ။ ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ ဟု မေတ္တာပို့သ သစ္စာဆို ဆုမွန်ကောင်း တောင်းလိုက်ရယုံမှတစ်ပါး အခြားမရှိတော့ချေ။


မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဖြင့်
ကျော်သူ (၁၉၅၉ ~ ၂၀??)   

ကမ္ဘာပေါ်တွင် ကောင်ရေ ၅၀၀ခန့်သာ ကျန်ရှိတော့သည့် ကမ္ဘာရှားပါး ရေညှောင့်နှုတ်ဝိုင်းငှက်များ မြန်မာနိုင်ငံတွင် အများအပြားတွေ့ရှိနေ



ကမ္ဘာပေါ်တွင် ကောင်ရေ ၅၀၀ခန့်သာ ကျန်ရှိတော့သည့် ကမ္ဘာ့ရှားပါး ရေညှောင့်နှုတ်ဝိုင်းငှက်အား မြန်မာနိုင်ငံတွင် ကောင်ရေ ၇၀ကျော် တွေ့ရှိရကြောင်း BANCAအဖွဲ့နှင့် နိုင်ငံတကာ ငှက်ထိန်းသိမ်းရေး သုတေသနအဖွဲ့တို့၏ သုတေသန ပြုလုပ်ချက်အရ သိရှိရသည်။ သုတေသန ပြုလုပ်မှုကို ၂၀၀၈ခုနှစ်အတွင်းက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မုတ္တမပင်လယ်ကွေ့ အရှေ့ဘက်ကမ်းရှိ ဒေသများတွင် စတင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ရေညှောင့်နှုတ်ဝိုင်းငှက်တွေက ဆောင်းခိုရာသီမှာ မိုင်၄၀၀၀၊ ၅၀၀၀လောက်ရှိတဲ့ အာရှအရှေ့ဘက် ကမ်းခြေတစ်လျှောက် ဆောင်းခိုဖို့ အတွက် ပျံသန်းကြတယ်။ ငှက်သုတေသန ပညာရှင်တွေရဲ့ လေ့လာချက်အရ ၁၉၉၅ခုနှစ်နောက်ပိုင်း အချိန်ကစပြီး ကမ္ဘာပေါ်မှာ ကောင်ရေ သိသိသာသာ လျော့နည်းလာတာ တွေ့ရတယ်။၂၀၀၆ခုနှစ် နောက်ပိုင်းကစပြီး တစ်ကမ္ဘာလုံးမှာ ငှက်ကောင်ရေ ၅၀၀ပဲ ကျန်တော့တယ်။ မြန်မာနိုင်ငံမှာ ဒီငှက်ရှိတယ်ဆိုတာကို အရင်ကမသိခဲ့ဘူး။ ဒါကြောင့် ၂၀၀၈ခုနှစ်၊ နှစ်စပိုင်းမှာ ရခိုင်ပြည်နယ်နဲ့ မုတ္တမပင်လယ်ကွေ့ တစ်လျှောက် သုတေသန ပြုလုပ်ခဲ့တယ်။

စစ်တွေမြို့နယ်၊ နံ့သာကျွန်းမှာ ငှက်ကောင်ရေ ၃၀၊ မုတ္တမပင်လယ်ကွေ့မှာ ၄၈ကောင် တွေ့ခဲ့ပါတယ်”ဟု BANCAမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။ အဆိုပါ ငှက်များ၏ဇာတိမှာ ရုရှားနိုင်ငံ၊ ဆိုက်ဗေးရီးယားရှိ အရပ်ဒေသတွင် ပေါက်ဖွားရှင်သန်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဒေသမှတစ်ဆင့် အာရှအရှေ့ပိုင်း ကမ်းခြေနိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဟောင်ကောင်၊ ဗီယက်နမ်၊ ယိုးဒယား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင် တွေ့ရှိရကြောင်း သိရသည်။

ယင်းနိုင်ငံများတွင် ဆောင်းရာသီ အချိန်ကာလ၌ ဆောင်းခိုရန် လာရောက်နေထိုင်ကြရာ ငှက်မုဆိုးတို့၏ ထောင်ဖမ်းမှုကြောင့် နှစ်စဉ်ငှက်ကောင်ရေများစွာ လျော့နည်းကျဆင်းလျက် ရှိကြောင်းသိရသည်။ “ ငှက်ဖမ်းသူတွေရဲ့ စီးပွားရေးကို စစ်တမ်းကောက်လိုက်တော့ စားဝတ်နေရေး မပြေလည်ကြဘူး။ ဒါကြောင့် ငှက်ထောင်ဖမ်းသူတိုင်းကို ငှက်ဖမ်းခွင့် မပြုတော့ဘူး။ တံငါလုပ်သားတွေနဲ့ လယ်လုပ်သား တွေကလည်း ငှက်ဖမ်းတဲ့လုပ်ငန်း မလုပ်စေချင်တဲ့အတွက် သူတို့ကျင်လည်တဲ့ တခြားအလုပ်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ ပေးပြီး ငှက်မဖမ်းဖို့ ကတိစာချုပ် ထိုးခိုင်းခဲ့တယ်”ဟု ဆက်လက်ရှင်းပြခဲ့သည်။

ရေညှောင့်နှုတ်ဝိုင်းငှက်သည် မြန်မာနိုင်ငံတွင် မုတ္တမပင်လယ်ကွေ့၊ အရှေ့ဘက်ကမ်းခြေ၊ ဘီးလင်းမြို့၊ သထုံ၊ ကျိုက်ထို၊ မော်လမြိုင်၊ ပေါင်နှင့် စစ်တောင်းမြစ်ဝ ကမ်းရိုးတန်းဒေသတစ်လျှောက်တွင် အများဆုံး တွေ့ရှိရသည်။ ဆောင်းရာသီတွင် အဆိုပါငှက်များသည် အထက်ပါဒေသများသို့ ကောင်ရေ ၂၀၀ခန့် လာရောက် ဆောင်းခိုလေ့ရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ်ရှိငှက်များ နေထိုင်ကျက်စားရာ နေရာဒေသများသို့ သုတေသနပြုလုပ်ချက်များကို သုံးနှစ်ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံတွင် ရေညှောင့်နှုတ်ဝိုင်းငှက်ကို အများဆုံးတွေ့ရှိရကြောင်း သိရသည်။ ငှက်များ နှစ်စဉ်လျော့နည်းလာရခြင်းမှာ ငှက်လိုက်မုဆိုးများကြောင့် အဓိက လျော့နည်းလာခြင်း ဖြစ်ကြောင်း သိရသည်။