အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Wednesday, October 20, 2010

အပြစ်ရှာသူများ သတိထား

မနှစ်လို အပြစ်ဆိုတာ (တစ်) ကိုယ်က မကောင်းတာ
နှစ်လိုသမျှ အကြောင်းရှာသော်
တစ်ချောင်းသာလက်ညှိုး
ရှေးတစ်စောင်း ဘေးဟောင်းပမာ
လေးချောင်းသာ ကိုယ့်ကိုယ်ကိုပြန်ထိုး
ကိုယ့်မျက်ချေး ကိုယ်မမြင်တယ်
ဆိုအစဉ်လက်ရိုး
မလိုအင်ဖျက်ချိုးတော့
ပျက်အကျိုးကိုယ်အရင်
ဖွဲပြာကိုနွှဲကာပစ်ရင်ဖြင့်
ဝဲယာအသင့် ကိုယ့်မျက်စေ့ကိုယ်ပြန်ဝင်
ဉာဏ်က၀ိအမှန်သိမြင်လျှင်
ပဏ္ဍိရှင် ပညာရှိသူတို့ 
ထင်စွာသတိထားရှိစေငှာ အများသိကြေငြာ
ရှောင်သဘောနှင့် ဗြောင်ပြောပါသည်
နောင်သောအခါ စောင့်စည်းဖို့ လေး။

(စတုတ္ထကြောင်ပန်းဆရာတော်)
မေတ္တာရှင်ဆရာတော်၏ ဘ၀နှင့်ရင်းရသောအတွေးအမြင်များစာအုပ်မှ ကူးယူရေးသားပါသည်။

No comments:

Post a Comment