အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Monday, October 18, 2010

ခရီးသည်တင်ယာဉ် ခုံးကျော်တံတားပေါ်မှ ပြုတ်ကျတိမ်းမှောက်

ခရီးသည်တင် ယာဉ်တစ်စီးသည် မရမ်းကုန်းမြို့နယ်၊ သမိုင်းခုံးကျော် တံတားအထက်တွင် စက်ဘီးနှစ်စီး နှင့်လမ်းလျှောက်လာသူ တစ်ဦးတို့ကို တိုက်မိရာမှ တံတားအောက်သို့ ပြုတ်ကျတိမ်းမှောက် သွားကာ ခြောက်ဦးထိခိုက် ဒဏ်ရာရရှိ သွားကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၆ ရက်က နံနက်က သမိုင်းဘူတာ ရုံလမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာသော ပါရမီ အဓိပတိ အစိမ်းလိုင်းမှ ခရီးသည်တင်ယာဉ် တစ်စင်းသည် သမိုင်းခုံးကျော် တံတားအထက်တွင် လမ်းလယ်မှ အမျိုးသမီး တစ်ဦးစီးနင်းသွားသော စက်ဘီးကို တိုက်မိပြီး တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားကာ မျက်နှာချင်းဆိုင်မှ အမျိုးသားတစ်ဦး စီးနင်းလာသော စက်ဘီးနှင့် လမ်းစပ်တွင် လမ်းလျှောက်လာသော အမျိုးသမီးတစ်ဦး၊ တံတားလက်ရန်းနှင့် ဓာတ်မီးတိုင်တို့အား ဆင့်တိုက်မိပြီး တံတားအောက်သို့ ပြုတ်ကျကာ တိမ်းမှောက်သွား ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ် တံတားအောက်ပြုတ်ကျ၍ တိမ်းမှောက်မှုကြောင့် ယာဉ်၊ စက်ဘီးနှစ်စီး၊ တံတားလက်ရန်းနှင့် ဓာတ်မီးတိုင်တို့ ပျက်စီးသွားပြီး စက်ဘီးစီးနင်း လာကြသော အမျိုးသားနှစ်ဦး၊ လမ်းစပ်မှ လမ်းလျှောက်လာသော အမျိုးသမီး တစ်ဦးနှင့် ခရီးသည်တင် ယာဉ်ပေါ်ပါသူ ခရီးသည် သုံးဦးတို့မှာ ထိခိုက် ပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိ သွားကြသောကြောင့် အင်းစိန်ဆေးရုံကြီး၌ အတွင်း/အပြင် လူနာများ အဖြစ်တင်ပို့ ကုသရကြောင်း သိရှိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားသောအခါ ခရီးသည်တင် ယာဉ်အား မောင်းနှင်လာသူ ယာဉ်မောင်းမြတ်ဝင်းထွဋ်မှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထား၍ ထွက်ပြေးတိမ်းရှောင် သွားကြောင်း သတင်းရရှိသည်။ အဆိုပါယာဉ် တံတားအောက် ပြုတ်ကျ၍ တိမ်းမှောက်မှုကို ယာဉ်မှုစစ်ရဲစခန်းက (ပ) ၅၇၄ / ၁၀၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၂၇၉/ ၂၀၂ ယာဉ်မောင်းမြတ်ဝင်းထွဋ်အား အမှုဖွင့် အရေးယူ၍ ဖမ်းစီးရမိရန် စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

စာရေးသူ - သားကျော်

No comments:

Post a Comment