အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Friday, October 22, 2010

ဒေါ်လာဈေးကျပြီး မြန်မာငွေတန်ဖိုး မာနေသောကြောင့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း တင်သွင်းရောင်းချသူ အများစု အပြိုင်အဆိုင် ဈေးလျှော့ရောင်းချခြင်းဖြင့်သာ ရပ်တည်နေရ

Earning ဈေးကျဆင်းမှုနှင့် အတူ ဒေါ်လာဈေးပါ ကျဆင်းနေပြီး  မြန်မာငွေတန်ဖိုး မာနေချိန်ဖြစ်သောကြောင့် လတ်တလော ကွန်ပျူတာ ဈေးကွက်အတွင်း ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၏ ဈေးနှုန်းများ ပေါက်ဈေးထက် ၂၅ ရာခိုင်နှုန်း နီးပါးကျဆင်းနေပြီး ကွန်ပျူတာ တင်သွင်းရောင်းချသူအများစု အပြိုင်အဆိုင် ဈေးလျှော့ရောင်းချခြင်းဖြင့် သာ ရပ်တည်နေရကြောင်း ကွန်ပျူတာ တင်သွင်းရောင်းချနေသော လုပ်ငန်းရှင်များထံမှ ရရှိသောသတင်းများအရ သိရသည်။ "ကွန်ပျူတာဈေးကို ဒေါ်လာနဲ့ပဲ တွက်တာလေ၊ မြန်မာငွေနဲ့ပေါက် ဈေးဖြတ်တယ်။ လက်ရှိမှာ မြန်မာငွေကမာနေပြီး ဒေါ်လာကလည်း ပုံမှန်အားဖြင့် ကျပ် ၁၂၀၀ ပေါက်ဈေး ကနေ ခု ကျပ် ၉၂၀ ဆိုတော့ဈေးနှုန်း တွေကလည်း change အပြောင်းအလဲများတာပေါ့"ဟုလည်း ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းရောင်းချသူတစ်ဦးက ပြောပြခဲ့သည်။ လက်ရှိ ကွန်ပျူတာ ဈေးကွက်အတွင်း ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းဝယ်ယူသူ အများစုမှာ အစိုးရဌာနဆိုင်ရာများ၊ NGO များ၊ သံရုံး များ၊ လုပ်ငန်းရှင်များ ဖြစ်ကြပြီး အသုံးပြုသူအများစုမှာ လူငယ်များ ဖြစ်ကြကြောင်း ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment