အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Thursday, October 28, 2010

အဲယားကွန်း၊ ရေခဲသေတ္တာ ပစ္စည်းအတုများ ဈေးကွက်သို့ ဝင်ရောက်လာ

ပြည်တွင်း အီလက်ထရောနစ် ဈေးကွက်အတွင်းသို့ လွန်ခဲ့သောနှစ်များ ကတည်းက နယ်စပ်ဝင်ပေါက်များမှ တရားမဝင် တံဆိပ်အတု ပစ္စည်းများ အများအပြား ပုံမှန်ဝင်ရောက် နေသော်လည်း ယခုလပိုင်း အနည်းငယ်၌ DVD ၊ VCD ၊ TV ပစ္စည်းများအပြင် ရေခဲသေတ္တာ၊ အဲယားကွန်းများလည်း အများအပြား ဈေးကွက်အတွင်းသို့ ဝင်ရောက်လာကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်းရှိ ရေခဲသေတ္တာနှင့် အဲယားကွန်းပစ္စည်း အတုများနှင့် ပတ်သက်၍ “အရင်နှစ်တွေကဆိုရင် ကျွန်မတို့ အီလက်ထရောနစ် ဈေးကွက်ထဲကို တံဆိပ်အတုတွေ၊ ပစ္စည်းအတုတွေ တရားမဝင် တင်သွင်းလာတဲ့ လိုင်စင်မဲ့ ပစ္စည်းဖြစ်တဲ့ DVD ၊ VCD ၊ TV ပစ္စည်းတွေကိုပဲ တင်သွင်း ရောင်းချနေရာကနေ အခုလပိုင်းတွေမှ စပြီးတော့ နာမည်ရပြီးသား အီလက်ထရောနစ် ပစ္စည်းဖြစ်တဲ့ အဲယားကွန်း၊ ရေခဲသေတ္တာ ပစ္စည်းတွေကိုလည်း တံဆိပ်အတုတွေ ပြုလုပ်ပြီးတော့ တင်သွင်းရောင်းချနေတာ ရှိလာပါပြီ” ဆမ်ဆောင်းကုမ္ပဏီမှ ဈေးကွက်မန်နေဂျာက သုံးသပ်ပြောကြားခဲ့ကြောင်း ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment