အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Friday, October 22, 2010

သီတင်းကျွတ်လ (အောက်တိုဘာလ) မီးထွန်းပွဲတော်

သီတင်းကျွတ်လ (အောက်တိုဘာလ)
မီးထွန်းပွဲတော်
မြန်မာပြက္ခဒိန်မှ ခုနှစ်လမြောက်ဖြစ်သော သီတင်းကျွတ်လသည် ဝါတွင်းကာလ အဆုံးသတ်ကာလ
ဖြစ်ပေသည်။ မိုးရိပ်တိမ်ရိပ်တို့ ဖယ်ခွာ၍ ကောင်းကင်ယံသည် ကြည်လင်ဝင်းပနေလေပြီ။ နေရောင်ခြည်သည်
အခုပင်ချင်းနင်းဝင်ရောက်လာချေပြီ။
တိုတောင်းစွာ သတ်မှတ်ထားသော တိကျသောအချိန်အပိုင်းအခြားဖြင့်
ဝါတွင်းကာလသည်လေးလံထိုင်းမှိုင်းသည့် မိုးတွင်းကာလနှင့်အတူရှိနေရာမှ ပျော်ရွှင်စရာပွဲတော်များအဖြစ်ပြောင်းလဲလိုက်လေပြီ။ တားမြစ်ပိတ်ပင်ထားသော မင်္ဂလာပွဲတို့သည် ဘိသိက်ပန်းနွယ်၊
ကြာပန်းကြာခိုင်ရနံ့တို့သင်းထုံစွာဖြင့်ကျင့်ပခွင့်ရလေပြီ ဖြစ်လေသည်။ ပလွေသံ၊ စောင်းသံတို့၏နူးညံ့သိမ်မွေ့သောဂီတသံတို့ဖြင့် ပျံ့လွင့်ကုန်လေပြီ။
မီးထွန်းပွဲတော် ဟူ၍လပြည့်နေ့မတိုင်မီတစ်ရက်၊ လပြည့်နေ့ တစ်ရက်နှင့် လပြည့်ကျော် တစ်ရက်ဟူ၍
၃ရက်တာတွင် တေးဂီတ၊ အကများဖြင့် ပျော်ရွှင်ဖွယ်ကုန်လွန်ရပေသည်။ မြတ်စွာဘုရားသည်
တရားဒေသနာတော်တို့ကို ဝါတွင်းကာလတွင် နတ်ဒေဝါသိကြားတို့ကို ဟောကြားလမ်းညွှန်ပြီး ကောင်းကင်ယံမှ
ပြန်လည်ကြွမြန်းလာသော အမှတ်တရနေ့ထူးနေ့မြတအဖြစ် မီးထွန်းညှိပူဇော်ကြခြင်း ဖြစ်ပေသည်။
ထိုနတ်သားနတ်သမီးတို့ထဲတွင် မြတ်စွာဘုရား၏မယ်တော်ဟောင်းသည် နတ်ဘုံနတ်နန်းတွင်
ပြန်လည်မွေးဖွားခဲ့သူAဖြစ် ရှိနေပေသည်။ သီတင်းကျွတ်လပြည့်နေ့သည်ကား မြတ်စွာဘုရားက လူ့ပြည်လူ့ရွာသို့
ဆင်းလာခဲ့သော နေ့ထူးနေ့မြတ် ဖြစ်ပေသည်။ မြတ်စွာဘုရားနှင့်နောက်လိုက်နောက်ပါတို့ကို
ကောင်းကင်ယံ၏ဧည့်သည်တော်များအဖြစ် နတ်သား နတ်သမီးတို့က တောက်ပလင်းလက်သော ကြယ်တာရာများဖြင့်
လမ်းခင်းပေးခဲ့ကြလေသည်။ ကမ္ဘာ့ လူသားတို့သည်လည်း မြတ်စွာဘုရားနှင့် ရဟန်းသံဃာတော်တို့ ပြန်လည်
ကြွမြန်းလာသည်ကို မိမိတို့နေအိမ်၊ လမ်းများတွင် မီးရောင်ခြည်များထွန်းညှိ၍ ကြိုဆိုလိုက်ကြလေတော့သည်။
အမှတ်တရနေ့ကား လပြည့်နေ့တစ်ရက်တည်းပင်ဖြစ်လင့်ကစား ထိုအဖြစ်အပျက်ကို ကျင်းပကြသော
မြန်မာ့ရိုးရာအားဖြင့် လပြည့်နေ့မတိုင်မီ ထိုနေ့ကို ကြိုဆိုလိုက်သော တစ်ရက်၊ တကယ့်တရားဝင်ရက် တစ်ရက်နှင့်
ထိုရက်ပြီး နောက်တစ်ရက်တို့ကို စည်ကားသိုက်မြိုက်စွာကျင်းပကြသည်ကို တွေ့ ရပေသည်။ ထို့ကြောင့်
ပွဲတော်၃ရက်သည် တစ်ရက်တည်းကို ကိုယ်စားပြုပေသည်။ ပျော်တတ်သူ မြန်မာလူမျိုးတွေAတွက် ရက်များသွားလေ
ပိုပျော်စရာကောင်းလေ မဟုတ်ပါလား။
လမ်းများ၊ အီမ်များ၊ အဆောက်အအုံများတွင် အရောင်အသွေးစုံသော လျှပ်စစ်မီးသီးလေးများကို
ကြိုးများတွင် ချည်နှောင်အလှဆင်ထားကြ၍ မီးရောင်စုံတောက်ပလျက် ရှိနေလေသည်။ မြို့ငယ်တောရွာများတွင်
မီးထွန်းပွဲကျင်းပကြသော ပုံသဏ္ဍာန်ကား ချည်ထညအဝတ်စတို့ကို နှမ်းဆီ အပြည့်ဖြည့်ထားသော မြေအိုးများတွင်
နစ်ဝင်အောင်နှစ်ထားပြီး မီးထွန်းညှိပူဇော်ထားသော “ဆီးမီးပူဇော်ပွဲ” ဖြစ်လေသည်။
ထိုဆီမီးရောင်ဖြာလျက်ရှိသောမြေAိုးများကို ဘုရားစင်္ကြံအထစ်များတွင် ထားရှိကြလေသည်။
ထိုဆီမီးရောင်စွမ်းပကားသည် ဖယောင်းတိုင်များထက် ကြာကြာခံလေသည်။ ပြန့်လွင့်တွန့်လူးနေသော
ဆီမီးရောင်လျှံသည် ငွေသားပမာရှိသော လပြည့်ဝန်း၏ ရုပ်ပုံကားချပ်ဆီသို့ သူ၏ထူးခြားဆန်းကြယ်သောအလှဖြင့်
ချင်းနင်းဝင်ရောက်လာလေသည်။ ထိုကဲ့သို့သောဆန်းပြားသည့်အလင်းရောင်တို့ကို တစ်ခါတစ်ရံတွင် ရန်ကုန်မြို့ကြီးက
ဘုရားများပေါ်တွင် မြင်တွေ့ နိုင်ပါသည်။
မြတ်စွာဘုရား နတ်ဘုံနတ်နန်းမှ ဆင်းသက်လာပုံကို ပန်းချီကားချပ်များ၊ ပိုစတာများ၊
ဆေးရောင်ခြယ်စာရွက်များဖြင့် ဖန်တီး၍ လမ်းများ၊ ဘုရားပရိဝုဏ်များတွင် ဝေဝေဆာဆာ
ခင်းကျင်းသရုပ်ဖော်ပြထားကြ၏။ ဟုတ်ပေသည်။ ထိုသရုပ်ဖော်ပြမှုတွင် ဆီမီးပူဇော်ပွဲလည်း ပါပေသည်။
ထိုသီတင်းကျွတ်ပွဲတော်ကို တာဝတိံသာပွဲဟုလည်းခေါ်ဝေါ်ကြလေသည်။ တာဝတိံသာဟူသည်ကား မြတ်စွာဘုရား
ဝါတွင်းကာလပတ်လုံး သီတင်းသုံးခဲ့ရာ နတ်ဘုံနတ်နန်းပင် ဖြစ်ပေသည်။
သီတင်းကျွတ်လသည် ပျော်ပွဲရွှင်ပွဲရာသီ တစ်ခုတည်းမဟုတ်ဘဲ မိမိတို့၏ကျေးဇူးရှင်များကို
ကျေးဇူးဆပ်ဖို့ရာ၊ ရှိခိုးပူဇော်ဖို့၇ာ သတိရစေသောအချိနအခါလည်း ဖြစ်ပေသည်။ မြတ်စွာဘုရား
နတ်ဘုံနတ်နန်းသို့ခြေချခြင်းသည် ဘဝပေါင်းများစွာ ဆင်းရဲဒုက္ခခံ၍ရှာဖွေခဲ့သော သစ္စာတရားကို
မွေးမယ်တော်ဟောင်းအား ဟောကြားခြင်းအမှုကိုပြု၍ ကျေးဇူးဆပ်ခြင်းပင် ဖြစ်လေသည်။ ဤအမှုသည်
ကျေးဇူးတရားကိုပေးဆပ်ခြင်းမည်၍ အလုံးစုံသောသူများအတွက် နမူနာပင် ဖြစ်ချေ၏။ မြတ်စွာဘုရားပြုခဲ့သော
ဝါတွင်းသုံးလပတ်လုံးဟောကြားတော်မူခဲ့သော အဘိဓမ္မာတရားတော်မြတ်ကား အဆုံးမထင်နိုင်
မနှိုင်းယှဉ်နိုင်လောက်အောင်ကြီးမြတ်လှသည်ဖြစ်၍ ကုဋေပေါင်းရှစ်သောင်းသော နတ်ဗြဟ္မာအပေါင်းတို့ သစ္စာလေးပါး
တရားသိမြင်ကျွတ်တမ်းဝင်ကြကုန်ပြီး မယ်တော်သန္တုသိတနတ်သားသည်လည်း သောတာပတ္တိဖိုလ်၌ တည်လေသည်။
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားတော်ူအရ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊
ဆရာတည်းဟူသော အနန္တော၊ အနန္တငါးပါးဟူ၍ ရှိလေသည်။ သီတင်းကျွတ်ရာသီတွင် ဗုဒ္ဓဘာသာဝင်များသည် မိဘ၊
ဆရာ၊ လူကြီးသူမ မိတ်ဆွေရင်းချာတို့ထံလှည့်လည်၍ ရိုသေသမှု ပြုကြကုန်လေသည်။ (အုန်းပွဲ၊ ငှက်ပျောပွဲ၊ သစ်သီး၊
ပန်းမန်ပါဝင်သော၊ မြန်မာ့ရိုးရာကန်တော့ပွဲသည်ကား ရိုသေလေးမြတ်ပူဇော်ခြင်း၏ သင်္ကေတတစ်ခုပင်
ဖြစ်ပေတော့သည်။)
မိမိတို့နေအီမ်တိုက်တာများတွင်နေထိုင်ရင်း လူငယ်လူရွယ်များ၏ ရှိခိုးကန်တော့ခြင်းကိုလက်ခံ
ကြရသော လူကြီးသူမများအတွက် ဤသည်ကား သမားရိုးကျဖြစ်စဉ်ပင်ဖြစ်ပေသည်။ တစ်ခါတစ်ရံတွင်အဖွဲ့ 
အစည်းလိုက် စုပေါင်းကန်တော့ပွဲ များအဖြစ် ကျင်းပကြသော်ငြားလည်း ယင်းသည် လူကြီးသူမများကို
အီိမ်တိုင်ရာရောက် ကန်တော့ခြင်းကို ထိခိုက်ခြင်းမရှိပါချေ။ အီိမ်တိုင်ရာရောက် ကန်တော့ခြင်းကို ထိခိုက်ခြင်း
မရှိပါချေ။ အီိမ်တိုင်ရာရောက်ကန်တော့ခြင်းသည် မိသားစုဆန်ပြီး တရင်းတနှီးရှိရုံမက ကျေနပ်စဖွယ်ကောင်းပေသည်။
သီတင်းကျွတ်ပွဲ တတိယမြောက်ရက်တွင် လူငယ်လူရွယ် ကလေးသူငယ် တို့က မိမိတို့ကန်တော့လိုရာ
နေအီိမ်များထံ လှည့်လည်ရင်း တံခါးခေါက်ကုန်ကြလေသည်။ အီမ်များကလည်း ထိုသူတို့အတွက် “တံခါးမရှိ
ဓားမရှိပင်” ဖြစ်ပေတော့သည်။ လူကြီးသူမများက ငယ်ရွယ်သူတို့တွက် စားစရာ သောက်စရာများဖြင့်
အဆင်သင့်ကြိုနေတော့သည်။ ကလေးငယ်တို့အတွက် သကြားလုံးများ၊ မုန့်ဖိုးများ ပေးဝေကြလေသည်။
လူငယ်လူရွယ်များက ဖယောင်းတိုင်များ၊ မုန့်ပဲသရေစားများ၊ ကိတ်မုန့်များယူလာကြပြီး ထိုကန်တာ့ပစ္စည်းများကား
မပါမနေရ မဟုတ်ပါချေ၊ ရိုသေလေးမြတ်စွာ ဒူးတုပ်ကန်တော့ခြင်းဖြင့် ပြီးပြည့်စုံလေပြီ ဖြစ်သည်။
“ကန်တော့” ဟူသော စကားလုံးသည် မြန်မာ့လူနေမှုဘဝတွင် နေ့စဉ်သုံးစကားလုံးဖြစ်လေသည်။
မရိုမသေ မယဉ်မကျေးပြောရတော့မည်ဆိုလျှင် “ကန်တော့” ဟူသော စကားလုံးနှင့်တွဲပြီး ပြောလိုက်ရလေသည်။
ထိုစကားလုံးကိုပင် တစ်စုံတစ်ယောက်နှင့် ဝင်တိုက်မိသည့်အခါ၊ သူများခြေထောက်ပေါ် တက်နင်းမိသည့်အခါတို့တွင်
တောင်းပန်စကားအဖြစ် အသုံးပြုကြလေသည်။ ထိုထိုသောအခြေအနေမျိုးအတွက် “ဆောရီး” ဟူသော
အဓိပ္ပာယ်တူစကားလုံးရှိငြားလည်း ပို၍လေးနက်သောခံစားမှုပါဝင်နေပေသည်
တစ်ယောက်ယောက် ဆံပင်ပေါ်တွင် အမှိုက်များတင်နေသည်ကို ဖယ်ပေးရတော့မည်ဆိုလျှင်
“ကန်တော့” ဟူသော စကားလုံးကို အရင်မပြောဘဲ သူများဦးခေါင်းကို ထိလေ့မရှိပေ။ ထိုသူသည် ကိုယ့်ထက်ကြီးသည်
ဖြစ်စေ၊ ငယ်သည် ဖြစ်စေ တစ်ဘဘောတည်းပင် ဖြစ်လေသည်။
လူနှင့်တခြားသောသက်ရှိသတ္တဝါတို့သည် မွေးဖွား၊ သေဆုံး၊ တွေ့ ဆုံ၊ ကြုံကွဲဖြစ်စU်
သံသရာစက်ဝိုင်းထဲဝယ် နေထိုင်ကြရင်း တစ်ဦးနှင့်တစ်ဦး ချစ်ခင်စွာ သို့မဟုတ် မုန်းတီးစွာဆက်ဆံနေကြရာဝယ်
မြန်မာဗုဒ္ဓဘာသာဝင်တို့ လက်ခံယုံကြည်ကြသော ကန်တော့ခြင်းအလေ့အထသည်အမြစ်တွယ်ရှင်သန်လျက်
ရှိနေပါသည်။ သို့ဖြစ်၍ ယခုမျက်မှောက်ဘဝတွင် တွေ့ ဆုံကြုံတွေ့ ကြရသောသူများကြားတွင် ချစ်ခင်သနား၊
ကြင်နာခြင်းများ ရှိနိုင်သလို ရန်လိုမုန်းတီးမှုများလည်း ရှိနိုင်ပေသည်။ မပြီးဆုံးနိုင်သည့် သံသရာစက်ဝိုင်း
ခရီးစဉ်တွင်းဝယ် မှားယွင်းသော အပြုအမှုများသည် တမင်တကာဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ပြုမူမိသွားနိုင်ပေသည်။
ငယ်ရွယ်သူများထံမှ ကန်တော့ခြင်းကို ခံယူရသော လူကြီးသူမတို့သည်ပင် သူတို့ပြုခဲ့မိသော
မကောင်းမှု၊ သူတစ်ပါးပေါ် ထိခိုက်နစ်နာသွားစေသောအမှုတို့အတွက်တောင်းပန်သမှု တစ်ပြန်ပြုကြရပြန်လေသည်။
ထိုကဲ့သို့သော တုံ့ပြန်၍ အပြန်အလှန်ပြုကြရသောအမှုကို “သင်ပုန်းချေ” သည်ဟုခေါ်လေသည်။ သူနှင့် အဓိပ္ပာယ်တူ
အင်္ဂလိပ်စကားလုံးမှာ “burying the hatchet” ဖြစ်၏။ “ခိုက်ရန်၊ ရန်ငြိုးဖွဲ့ မှုများ ရပ်တန့်၍
မိတ်ဆွေကောင်းများဖြစ်ကြပါစို့” ဟုဆိုရပေမည်။ ထို“သင်ပုန်းချေ” သညအမှု ပြီးသွားပြီးနောက် မိတ်ဆွေရောင်းရင်း
ဆွေမျိုးရင်းချာတို့သည် ချစ်ခြင်းတရားနှင့် သနားကြင်နာမှုတို့ဖြင့် ပြည့်စုံနေသော ဖြူစင်သန့်ရှင်းသည့်လမ်းကို
စတင်လျှောက်လှမ်းကြပေတော့သည်။
ရိုသေလေးမြတ်စွာ ရှိခိုးကန်တော့ခြင်းပွဲများကို ကျောင်းများတွင် စီမံကွပ်ကဲ၍ ကျင်းပကြလေသည်။
အနန္တောအနန္တ ငါးပါးအပါအဝင်ဖြစ်သော ဆရာသမားများကို ရိုသေလေးစားခြင်းအမှုသည် ပြုမြဲဓမ္မတာဖြစ်ပေသည်။
မြတ်စွာဘုရား၏ ပုံတိုပတ်စများကို ဖော်ကျူးပြသလမ်းညွှန်ပြသော ဆရာ၊ ဆရာမများ၏ ကောင်းသော
သြဇာသက်ရောက်မှုသည် သူတို့၏တပည့်များအပေါ် လွှမ်းမိုးလိုက်သည်မှာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သော ဘုရင်များ
ဖြစ်လာကြသည်တိုင်ပင်လျှင် ထိရောက်နေပေသည်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက်ဝယ် အိန္ဒိယဘုရင်များသည် မြတ်စွာဘုရား၏
ဓာတ်တော်မွေတော်များကို ရထိုက်သည့်ဝေစုများ ခွဲဝေရေးအတွက် စည်းဝေးကြကုန်လေည်။ သရဖူရှင်ရွှေရှင်
ဘုရင်များ ကျကျနန စည်းဝေးတက်ရောက်ကြပုံကား ခြေလျင်တပ်၊ မြင်းတပ်၊ လှည်းတပ်၊ ဆင်တပ်တည်းဟူသော
စစ်ရေးစစ်ရာ(၄)ပါးတို့ဖြင့် ဖြစ်လေသည်။ ဓား၊ လှံ၊ ဒိုင်းများ နေရောင်ခြည်အောက်ဝယ်
လောင်ကျွမ်းတောက်ပနေပုံကား ကကြိုးတန်ဆာပလာ ဆင်ယင်ထားသည့် စစ်မြင်းများ၊ ဆင်များက
သူတို့ခြေဖနောင့်များကို စိတ်မရှည်စွာ မြေကြီးကိုထိုးဆွေ နဘိသကဲ့သို့ တိုက်ပွဲအတွက် ဆာလောင်စွာ
စောင့်နေကြလေသည်။
မည်သူသည် မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်တို့ မည်၍မည်မျှ ရသင့်သည်ဟု ငြင်းခုံပွဲကြီးစလေပြီ။
စိတ်အားတက်ကြွမှုများ၊ ဒေါသသံများသည် လေလှိုင်းကြားဝယ် အုံကြွလာပြီး စစ်သူရဲကောင်းများ၏
သူတို့၏စစ်လက်နက်သံများကလည်း တချွင်ချွင်မြည်နေကြလေသည်။ စစ်မြင်းဟည်သံ၊ ခြေဆွသံ၊ ဆင်များ၏
ကြောက်မက်ဖွယ်တွန်ကျူးသံတို့ လွှမ်းမိုးကုန်လေပြီ။ စစ်သွေးများဆူပွက်ကာ တစ်လောကလုံး
ဖရိုဖရဲဖြစ်ကုန်ကြလေပြီ။
ထိုကဲ့သို့သောကြောက်စရာလန့်စရာအချိန်ဝယ် “အားလုံး တိတ်ကြလော့” ဟူသော
သြဇာပြည့်ဝသောအသံတစ်သံသည် ဆူညံနေသောအသံများပေါ်ဝယ် ထွက်ပေါ်လာလေသည်။ ဘုရင်များသည်သူတို့အတွက် အလွန်ရင်းနှီးကျွမ်းဝင်နေသော၊ သူတို့ကိုအမိန့်ပေးဝံ့သောအသံပိုင်ရှင်ရှိရာသို့
ဦီးခေါင်းများလှည့်မိကြလေတော့သည်။ သူတို့ကျောင်းသားဘဝက မင်းသားအတတ်ပညာများကို သင်ကြားပေးခဲ့သူ၊
သူတို့၏ဆရာသခင် ဒေါနပုဏ္ဏားပင်တကား။
တိတ်ဆိတ်မှုသည်သာ ရှိပေတော့သည်။ ဘုရင်များသည် သူတို့၏ ဆရာဖြစ်ခဲ့ဖူးသူ၏ရှေ့ဝယ်
ဦးခေါင်းတို့ကို ညွှတ်ကုန်ကြလေသည်။ မကျေမနပ်၊ မကျေမလည်စကားလုံးများ များစွာမပါဘဲ ဒေါနပုဏ္ဏး
ပေးဝေလိုက်သော မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်ဝေစုတော်တို့ကို လက်ခံ၍ ငြိမ်းချမ်းစွာ ထွက်ခွာသွား
ကြလေတော့သည်။
ဤသည်ကား ရိုသေထိုက်သောသူများကို ရိုသေခြင်းနှင့် ကျေးဇူးရှိသောသူများအပေါ်
အောက်မေ့သတိရခြင်းတည်းဟူသော သီတင်းကျွတ်ရာသီ၏ ဝိသေသပင်ဖြစ်ပါချေတော့သည်။
                                          ၇။ သီးတင်းကျွတ်လဘွဲ့ 

ကြာငါးမည် ကြိုင်သင်းလို့
လျှံဝင်းတဲ့ ပြောင်းထိန်။
ရွှေနန်းတောင်တော်Uီးမှာလ၊
ကွန့် မြူးမြင့်မိုရ်မီး၊
ညီးတဲ့ခါချိန်။
ရှိခိုးငယ်နှိမ်၊
သုံးကြိုင်ရိုပျောင်း၊
သက္ကစ္စဂါရဝါနှင့်၊
စဉ်အလာ ပူဇော်ပွဲကို
ခဲ့ကြပေတောင်း။

ဖိုးသူတော်ဦီးမင်း

No comments:

Post a Comment