အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Monday, October 18, 2010

မီးဖွားပြီး မိခင်တွေ ခန္ဓာကိုယ်အလှ ဘယ်လိုထိန်း

မိခင်တွေအနေနဲ့ ကလေးတစ်ယောက်ပြီး တစ်ယောက် မွေးဖွားပြီးချိန် မှာတော့ ခန္ဓာကိုယ်ရဲ့ အလှအပအချိုးအဆစ်တွေလည်း တဖြည်းဖြည်း ပြောင်းလဲလို့ သွားတတ်သည်။ ကိုယ်ဝန်ဆောင်ချိန် ကြွက်သား အနေအထား ပြောင်းလဲမှုတွေ ကြောင့် ၀မ်းဗိုက် ကြွက်သားတွေ တဖြည်းဖြည်း ပျော့ပြီး ပူလာသလို တင်သားတွေ တဖြည်းဖြည်း လျော့ရဲသည့် ပုံစံသည် မီးဖွားပြီး အမျိုးသမီးတိုင်းလိုလို ကြုံတွေ့ရလေ့ရှိသည့် အခြေအနေဖြစ်ပါသည်။
 
ထိုပြောင်းလဲမှု ပုံစံတွေကို လက်မခံနိုင်သည့် အမျိုးသမီး အချို့တွေကတော့ ကလေးမယူဖို့ ဆုံးဖြတ်လိုက်တာမျိုးတွေ ရှိပေမယ့် မှန်ကန်သည့် လေ့ကျင့်ခန်းမျိုးသာ လုပ်ခဲ့မည်ဆိုလျှင် ထိုခန္ဓာကိုယ် ပြောင်းလဲမှုများကို လျှော့ချစေနိုင်မည်ဖြစ်ကြောင်း ပန်းလှိုင်ဆေးရုံကြီးမှ  Sr.Physiothepapist ဒေါ်မာလာဆွေ က ပြောသည်။ “ဒီက အမျိုးသမီး တော်တော်များများက ကလေးမွေးပြီးတာနဲ့ ခန္ဓာကိုယ် အလှအပတွေက လုံးဝ မလိုအပ်တော့ဘူးလို့ သဘောထားလိုက် ကြတာများတယ်။ အဲဒီတော့ ပြန်ပြုပြင်ဖို့လည်း မကြိုးစားတော့ဘူး။ အများစုကလည်း လုပ်လို့ရနိုင်တဲ့ လေ့ကျင့်ခန်းတွေကို မသိကြဘူး” ဟု ဒေါ်မာလာဆွေ ကပြောသည်။
 
ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်တွင် ပြုလုပ်ရမည့် လေ့ကျင့်ခန်းများမှာ မီးဖွားပြီးချိန်တွင် ခန္ဓာကိုယ်ပုံစံ ပြောင်းလဲခြင်းအား ကာကွယ်နိုင်သလို ကိုယ်ဝန်ဆောင်မီးဖွားပြီးချိန်များတွင် ဖြစ်ပေါ်သည့် ကျန်းမာရေး ပြဿနာများကိုပါ သက်သာစေနိုင်ကြောင်း သိရသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ၀မ်းဗိုက်တဖြည်းဖြည်း ရှေ့ထွက် လာသည့်အတွက် ကျောရိုးအနေ အထား ပြောင်းလဲပြီး ကိုယ်ဝန်လ ရင့်လာသည့်အခါ ဇက်များနာ လာခြင်း၊ ပခုံးများ ကိုင်းလာခြင်း၊ သန္ဓေသား ကြီးထွားလာသည့်အတွက် သားအိမ်မှ သွေးကြောတစ်ခုအား ဖိမိ၍ ကိုယ်ဝန်ဆောင် မိခင် ပက်လက်အကြာကြီး အိပ်ပါက သွေးပေါင်များတက်ခြင်း၊ ဟော်မုန်းများကြောင့် ရေဓာတ်များ စုဝေး၍ ဖောရောင်လာသည့် အပြင် ထိုမှ ကြွက်တက်ခြင်း၊ သွေး ကြောထုံးသည့် ဝေဒနာများကို ကိုယ်ဝန်ဆောင် မိခင်များ ကြုံတွေ့ကြရလေ့ ရှိကြောင်း သိရသည်။
 
ထိုဝေဒနာများ သက်သာစေရန် ကိုယ်ဝန်ဆောင်ချိန်တွင် လေ့ကျင့်ခန်းအချို့ကို လုပ်ဆောင်နိုင် မည်ဖြစ်ပါသည်။ စိတ်ဖိစီးမှု သက်သာစေရန် သာမက ကလေးအား အောက်ဆီဂျင်ပိုမို ရရှိစေရန် အဆုတ်အား ကောင်းစေသည့် အဆုတ်အောက် ခြေအထိ လေရစေသည့် အသက်ရှူလေ့ကျင့်ခန်း၊ ကိုယ်ခန္ဓာသွေး လည်ပတ်မှု ကောင်းစေသည့် လေ့ကျင့်ခန်းများ လုပ်နိုင်သည်။
 
အချို့အားကစားခန်းမများတွင် ကိုယ်ဝန်ဆောင်များအတွက် လေ့ကျင့်ခန်းများ ပြုလုပ်စေသည့် အခါ ပြင်းထန်ပြီး နည်းစနစ်မမှန် ပါက အန္တရာယ်ရှိနိုင်ကြောင်း သတိပြုရန် လိုအပ်ကြောင်း သိရသည်။
 
“ဘယ်လို လေ့ကျင့်ခန်းတွေပဲလုပ်လုပ် ပြသနေတဲ့ မီးယပ်သားဖွားဆရာဝန်နဲ့ တိုင်ပင်ပြီး ကျွမ်းကျင် နားလည်တဲ့သူတွေရဲ့ လမ်းညွှန်မှုတွေနဲ့ပဲ လုပ်သင့်ပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်တော့ ဘာမှမလုပ်သင့်ပါဘူး” ဟု အဆိုပါ ပုဂ္ဂိုလ်ကပြောသည်။ မီးဖွားပြီးချိန်တွင်လည်း ပထမနေ့မှာပင် သားအိမ်ကြွက်သားများ လေ့ကျင့်ခန်း၊ ခြေထောက်လေ့ကျင့်ခန်းများ၊ အသက်ရှူ လေ့ကျင့်ခန်းများ ၀မ်းဗိုက် ကြွက်သားလေ့ကျင့်ခန်းများအား ပေါ့ပါး လွယ်ကူသော ပုံစံများဖြင့် ပြုလုပ်နိုင်ပြီး ထိုလေ့ကျင့်ခန်းများက ၀မ်းဗိုက်နှင့် တင်သားကြွက်သားများအား ကျစ်လျစ် စေနိုင်ကြောင်းသိရသည်။ "ရိုးရိုးမွေးတဲ့သူတွေဆို သားအိမ်ကြွက်သား လေ့ကျင့်ခန်းကြောင့် မွေးလမ်းကြောင်းမှာရှိတဲ့ ချုပ်ရိုးက အနာတွေကို ပိုအကျက်မြန်စေနိုင်တယ်။ ခွဲမွေးတဲ့သူတွေဆိုလည်း ၀မ်းဗိုက်လေ့ကျင့်ခန်းကြောင့် ချုပ်ရိုးကျက်တာမြန်တယ်” ဟု ဒေါ်မာလာဆွေက ပြောသည်။
 
မွေးဖွားပြီး ၄၅ရက် အတွင်း လေ့ကျင့်ခန်း လုပ်လိုလျှင် ကျွမ်းကျင်သည့် ဆရာဝန်နှင့် တိုင်ပင်နိုင်ပြီး ပြင်းထန်သည့် လေ့ကျင့်ခန်းများအား မလုပ်သင့်ကြောင်း သိရသည်။ “တချို့တွေကျတော့ မွေးဖွားပြီး နောက်ရက်တွေမှာ ဗိုက်ပူမှာ စိုးလို့ဆိုပြီး အိပ်ထမတင် လေ့ကျင့်ခန်းမျိုးတွေ လုပ်ကြတာတွေလည်းရှိတယ်။ အဲဒါတွေမျိုးတော့ မလုပ်ရပါဘူး” ဟု သားဖွားမီးယပ် အထူးကု ဆရာဝန် တစ်ဦးက ပြောသည်။
 
ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်များတွင် ကြွက်သားများ ပြန်လည်သန်စွမ်းစေသည့် လေ့ကျင့်ခန်းများ မရှိပါက ကြွက်သားများ ပျော့စိစိ ဖြစ်လာခြင်း၊ ကိုယ်ဝန်ဆောင်စဉ်က ကလေးအလေးချိန်ကြောင့် ဆီးအိမ်၊ သားအိမ်တို့အား ထိန်းထားသည့် ကြွက်သားတင်းအား လျော့ပြီး အသက်ကြီး လာပါက ရယ်လိုက်သည့်အခါများ၊ ချောင်းဆိုးသည့် အခါများတွင် ဆီးမထိန်းနိုင် ဖြစ်ခြင်းတို့မှာ လေ့ကျင့်ခန်းများ မလုပ်ခဲ့သည့် အတွက် ဖြစ်ကြောင်း သိရသည်။
 
“လေ့ကျင့်ခန်းတွေကြောင့် ကိုယ်ဝန်ကို အန္တရာယ်မဖြစ်စေပေမယ့် နည်းစနစ်မှန်ဖို့နဲ့ ကျွမ်းကျင်သူနဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အရမ်းကြောက်ပြီး ဘာလေ့ကျင့်ခန်းမှ မလုပ်ဘဲ မနေသင့်သလို  ဘာမှ မကြောက်ဘဲနဲ့လည်း  ဇွတ်မလုပ်ပါနဲ့လို့ အကြံပြုလိုပါတယ်” ဟု ဒေါ်မာလာဆွေက ပြောသည်။ အမြွှာကိုယ်ဝန်ဆောင်များ၊ သွေးဆင်းသူများ၊ ဗိုက်နာနေသည့်အချိန်များ၊ နာမကျန်းဖြစ်သူများ ကိုယ်ဝန်ဆိပ်တက်နေသူများ သွေးအားနည်းနေသူများအနေဖြင့် လေ့ကျင့်ခန်းများကို မလုပ်သင့်ကြောင်း သိရသည်။

                                                                                                                                                                    ရေးသားသူ- ဝတ်ရည်

No comments:

Post a Comment