အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Monday, October 18, 2010

အရွယ်မတိုင်မီ အရေပြား ပျက်စီးခြင်း မဖြစ်စေဖို့

အရေပြားသည် လူ့ခန္ဓာကိုယ်တွင် အရေးကြီးသော ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုဖြစ်ပြီး လူ၏ အတွင်းအင်္ဂါများအား အကာအကွယ် ပေးသည့်အဓိက အင်္ဂါ အစိတ်အပိုင်း တစ်ခုဖြစ်သည့် အပြင် လူလူချင်း ပေါင်းသင်းဆက်ဆံရာတွင် ပထမဆုံး အဆုံးအဖြတ်ပေးသည့် အရာလည်းဖြစ်သည်။ ယောင်္ကျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် အရေပြား လှပစေရန် အရေးကြီးပါသည်။
 
အရေပြားလှပမှသာ လူရာဝင် မျက်နှာ ပွင့်လန်းနိုင်ကြမည် ဖြစ်သည်။ ထို့အပြင် အရေပြားသည် လူ၏ ခန္ဓာကိုယ်အတွင်းရှိ ရောဂါများကိုလည်း တစ်နည်းတစ်ဖုံဖြင့် ဖော်ပြပေးရာ နေရာလည်း ဖြစ်သည်။ ထို့ကြောင့် အရေပြားသည် သာမန်ကြည့်ပါက အပေါ်ယံဖြစ် သော်လည်း အတွင်းအင်္ဂါများ၏ ရောင်ပြန်ဟပ်ရာ နေရာလည်း ဖြစ်ကြောင်း အရေပြားပညာရှင်များကပြောသည်။
 
အရေပြားသည် လူ၏ ခန္ဓာကိုယ်တွင် အလွှာသုံးလွှာဖြင့် ဖြစ်တည် လျက်ရှိပြီး အပေါ်ယံလွှာ၊ အလယ်လွှာနှင့် အောက်ဆုံးလွှာ ဟူ၍သုံးလွှာရှိသည်ဟု သိရသည်။ ထိုသုံးလွှာအနက်မှ အလယ်လွှာသည် အရေးအကြီးဆုံးအလွှာဖြစ်သည်။
 
အလယ်လွှာတွင် အရေပြားတွင် အရေးကြီးသည့် အင်္ဂါအစုံပါရှိသည်ဟု သိရသည်။ အလယ်လွှာတွင် အဆီအိတ်၊ ချွေး အိတ်၊ အာရုံကြောများ၊ ကိုလာဂျင်ဖိုင်ဘာ(Collagen Fiber)ယအီလာ စတင် ဖိုင်ဘာ (Elastin Fiber) ၊ အစရှိသည့် ပစ္စည်းများ ပါဝင်ကြကြောင်း ရန်ကုန်ဆေးရုံကြီး အထူးအရေပြားကုဌာနမှ ဆရာဝန်ကြီး ဒေါက်တာကျော်ကျော်က ပြောသည်။ အလယ်လွှာ၌ ပါဝင်သည့် ပစ္စည်းများထဲတွင် ကိုလာဂျင်နှင့် အီလာစတင် တို့သည် အရေပြား ကောင်းမွန်စေရန် အတွက် အထူးအရေးကြီးသော ပစ္စည်းများ ဖြစ်ကြသည်။ ထို့အပြင် အရေပြား ရှင်သန်လန်းဆန်းရန် အတွက်လည်း သွေးကြောများသည် အဓိက အရေးပါသော ပစ္စည်းများ ဖြစ်ကြသည်။
 
အရေပြားများ တင်းရင်း လန်းဆန်းနေရန် အတွက် ကိုလာဂျင်နှင့် အီလာစတင် အချိုးကျကျ ပေါင်းစပ်ဖွဲ့စည်းထားကြရန် လိုအပ်ပြီး အဆိုပါဖိုင်ဘာများ အားရှိစေရန် အတွက် သံဓာတ်နှင့် ဗိုက်တာမင်စီဓာတ်များ လိုအပ်ကြောင်းသိရသည်။လူတိုင်းသည် မိမိတို့၏အရေပြားများအား ထာဝစဉ် တင်းရင်းနေစေရန် အလိုရှိကြသော်လည်း ရှောင်လွှဲမရနိုင်သည့် ဇရာဒဏ်ကြောင့် တစ်နေ့နေ့တွင် မိမိတို့၏ အရေပြားများသည် လျော့ရဲ လာကြရမည် သာဖြစ်သည်။ သို့သော် အရွယ်မတိုင်မီ လျော့ရဲမှု မဖြစ်စေရန်မှာမူ မိမိတို့ကိုယ်တိုင် ထိန်းသိမ်း ကြရမည်သာဖြစ်သည်။ လျော့ရဲမှုများ မိမိတို့ ထံမြန်မြန် ရောက်ရှိ မလာစေရန် ကာကွယ် ထိန်းသိမ်းကြရမည်သာ ဖြစ်သည်။ သို့မှသာ နုပျိုကျန်းမာသည့် အရေပြားပိုင်ရှင်များအဖြစ် အချိန် ကြာကြာရပ်တည် နိုင်ကြမည်ဖြစ်သည်။
 
အရွယ်မတိုင်မီ အိုစာခြင်းသည် မိမိတို့၏ ဘ၀နေထိုင်မှု Life Style နှင့် အရေပြားထိန်းသိမ်းမှု Skin Care အပေါ်မူတည်ပြီး အနှေးနှင့်အမြန် ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ အရေပြားများ အိုစာလာခြင်းသည် အောက်ဆီဂျင် အရိုင်းပစ္စည်း Free Radicals များကြောင့် ဖြစ်သည်ဟု ဒေါက်တာကျော်ကျော်က ပြောသည်။ အရေပြားအတွင်း၌ Free Radicals များများရှိပါက ထိုသူသည် မြန်မြန်အိုစာမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ Free Radicals များသည် နေရောင်ခြည်၊ ဓာတ်ရောင်ခြည်များ၊ အဏုမြူရောင်ခြည်များ၊ ဓာတုဗေဒပစ္စည်းများ စသည်များမှ ရရှိကြောင်း သိရသည်။ ထို့ကြောင့် အဆိုပါ Free Radicals များအား တိုက်ဖျက်ရန်အတွက် အောက်ဆီဂျင်ဓာတ်တိုး ဆန့်ကျင်ပစ္စည်း Anti-oxidant များလိုအပ်ကြောင်း သိရသည်။ Anti-oxidant များသည် မတည်ငြိမ်သည့် အောက်ဆီဂျင် Free Radicals များတွင်လိုအပ် သည့်အောက်ဆီဂျင် အက်တန်များ အားဖြည့် ဆည်းပေးသဖြင့် ခန္ဓာကိုယ်အတွင်း၌ အောက်ဆီဂျင်များ တည်ငြိမ်သွားစေပြီး အိုစာခြင်းမှ ကာကွယ်နိုင်ကြောင်း သိရသည်။ ထို့အပြင် အရေပြားအား ဖျက်ဆီးသည့် အခြားအရာများမှာ နေရောင်ခြည်( Sun)၊ ဆေးလိပ် သောက်ခြင်း(Smoke)၊ စိတ်ဖိစီးမှု(Stress)၊ အိပ်ရေးပျက်ခြင်း (Sleeplessness)၊ အညောင်းထိုင်ခြင်း(Sendentary)၊ အစရှိသည့် အရာများလည်းရှိကြောင်း ဒေါက်တာကျော်ကျော်က ပြောသည်။
 
“ကျွန်တော်တို့ အရေပြားကို ဖျက်ဆီးနေတာတွေကို ကျွန်တော်(s) ငါးလုံးနဲ့ ဥပမာ ပေးထားပါတယ်။ Skin ကောင်းဖို့အတွက် S ငါးလုံးကို ရှောင်ပါ” ဟု ဒေါက်တာကျော်ကျော်ကပြောသည်။ "S”ငါးလုံးနှင့် ပတ်သက်၍ ဒေါက်တာကျော်ကျော် ကဆက်လက် ရှင်းပြရာတွင် နေရောင်ခြည် Sun သည် လူတိုင်းနှင့် မကင်းနိုင်သည့် အရာဖြစ်သည်။ နေရောင်ခြည်ကြောင့် ကောင်းသည့် အရာများရှိသကဲ့သို့ အရေပြားအား ဆိုးကျိုးပေးသည့် အရာများလည်း များစွာရှိကြောင်း သိရသည်။ နေရောင်ခြည်သည် ခန္ဓာကိုယ်အတွက် လိုအပ်သည့် ဗီတာမင် ဒီအားပေးစွမ်းနိုင်သည် ဆိုသော်လည်း မိနစ် ၂၀ခန့် နေရောင်ခြည်ခံ ပေးပါက လုံလောက်ကြောင်း သိရသည်။ ထို့ကြောင့် နေရောင်ခြည် ကြာရှည်ခံပါက နေလောင်ကွက် များဖြစ်ခြင်း၊ တင်းတိပ်များ ထွက်ခြင်း စသည်များ ဖြစ်ပွားနိုင်သည်။ တင်းတိပ်ဖြစ်စေနိုင်သည့် အကြောင်းအရင်း များစွာရှိသည့်အနက်  နေရောင်ခြည်သည် အဓိက အကြောင်းအရင်း ဖြစ်ကြောင်း သိရသည်။
 
 စိတ်ဖိစီးမှု ခံစားရပါကလည်း အရေပြားကို ထိခိုက်နိုင်ပြီး၊ တာရှည်စွာ စိတ်ဖိစီးမှု ခံစားရသူများသည် ခန္ဓာကိုယ်ခုခံအား စနစ်များ ပြောင်းလဲသွားပြီး ခရုသင်းဖြစ်ပေါ်စေနိုင်သည်ဟုသိရသည်။ "ခရုသင်းဖြစ်တဲ့ အကြောင်းထဲမှာ စိတ်ဖိစီးမှုနဲ့ သိပ်ဆိုင်တယ်” ဟု ဒေါက်တာကျော်ကျော်က သူ၏ အတွေ့အကြုံတစ်ခုအား ဥပမာပေး၍ ရှင်းပြသည်။ ထို့အပြင် စိတ်ဖိစီးမှုကြောင့် အခြားအရေပြား ရောဂါများလည်း ဖြစ်ပွားနိုင်ပြီး ဆံပင်ကျွတ်ခြင်း၊ ရေယုန်ပေါက်ခြင်း၊ ၀က်ခြံထွက်ခြင်း စသည်များလည်း ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။ အလားတူ ဆေးလိပ်သောက်သူများသည် ဆေးလိပ်တွင်ပါဝင်သည့် နီကိုတင်းဓာတ်ကြောင့် သွေးကြောများ ကျဉ်းမြောင်းသွားစေပြီး ပါးရေတွန့်ခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ ထို့အပြင် ဆေးလိပ်ငွေ့သည် အရေပြားကို ခြောက်သွေ့စေသောကြောင့် အရေပြားကင်ဆာ ဖြစ်ပေါ်စေနိုင်ကြောင်းသိရသည်။
 
ထို့အပြင် အိပ်ရေးပျက်ခြင်း၊ အိပ်မပျော်ခြင်းနှင့် အညောင်းထိုင်ခြင်း များသည်လည်း အရေပြားပျက်စီးစေခြင်းများ ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။ ထို့ကြောင့် အရေပြားကို ထိန်းသိမ်းရန်နှင့် အရွယ်မတိုင်မီ အိုမင်းခြင်းများ မဖြစ်ပေါ်စေရန် အထက်ပါ အချက်အလက်များအား ရှောင်ရှားသင့်ကြောင်း သိရသည်။ အလားတူ အရေပြား နုပျိုနေစေရန် အတွက် လိုအပ်သည့် လိုးရှင်းများလိမ်းကြရန် လိုအပ်ပြီး နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း ဖြစ်နိုင်ပါက အပြင်မထွက်ဘဲ နေကြရန် လိုအပ်ကြောင်း သိရသည်။ အရေးအကြီးဆုံး အနေဖြင့် နေရောင်ခြည်အား အဓိထားကာ ကွယ်ကြရန် လိုအပ်သည်ဟု ဒေါက်တာကျော်ကျော်က ပြောသည်။
 
အလားတူ Anti- oxidant ပါဝင်သည့် အစားအစာများများ စားကြရန် လိုအပ်သည်ဟု သိရသည်။ ထို့ကြောင့် မိမိတို့၏ အရေပြားအား အရွယ်မတိုင်မီ ပျက်စီးခြင်း အိုမင်းခြင်းများ မဖြစ်ပေါ်စေရန် ဆောင်ရန်၊ ရှောင်ရန်များ လိုက်နာကြရန် လိုအပ်ကြောင်း သိရသည်။
                                                                                                                                                                                     ရေးသားသူ-သီဟ

No comments:

Post a Comment