အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Friday, October 29, 2010

တိုင်းရင်းဆေးဝါးများကို မှတ်ပုံမတင်ဘဲလျှို့ဝှက်ထုတ်လုပ်ခြင်းများရှိနေ

မြန်မာ့ တိုင်းရင်းဆေးဝါး များတွင် အနောက်တိုင်း ဆေးဝါးများ မှတ်ပုံတင် ခြင်းမရှိဘဲ ထုတ်လုပ်သူ များရှိသောကြောင့် သောက်သုံးသူ များ၏အသက် အန္တရာယ်ကို ထိခိုက်နိုင် သည်ဖြစ်ရာ သတိထား ၀ယ်ယူ သောက်သုံးသင့်ကြောင်း မြန်မာ တိုင်းရင်းဆေးဆရာ အသင်းမှ တာဝန်ရှိသူ တစ်ဦးက သတိပေး ပြောကြားသည်။ “ဆေးဝါးတွေကို မှတ်ပုံမတင်ဘဲ လျှို့ဝှက်ပြီး ထုတ်လုပ်နေ ကြတာ တွေ့ရတယ်။

ဆေးဆိုင်တိုင်းမှာ တင်ပြီး ရောင်းချတဲ့ မြန်မာ တိုင်းရင်းဆေး မှန်သမျှဟာ မှတ်ပုံတင် ထားခြင်းရှိမရှိ အရေးကြီးတယ်။ မှတ်ပုံတင် ထားခြင်း မရှိရင် မသုံးတာ ကောင်းတယ်။ တိုင်းရင်းဆေး ထဲမှာ အနောက်တိုင်း ဆေးနဲ့ရောလို့ ရတာရှိတယ်။ မြန်မာဆေးက အမှုန့်များတယ်။ အနောက်တိုင်း ဆေးကို အမှုန့်လုပ် လိုက်ပြီးတော့ ဘူးထဲမှာ ရောထည့် ထားတယ်။ မြန်မြန် ပျောက်အောင်ဆိုပြီး ရောထည့်ထုတ် ကြတာရှိတယ်။

တကယ်တော့ သောက်သုံး သူတွေအတွက် အရမ်း အန္တရာယ်များတယ်။ ဥပမာ ချောင်းဆိုး ပျောက်ဆေးရည် ထဲမှာ အနောက်တိုင်းဆေး ထည့်ပြီး လုပ်နေကြတာ တွေရှိတယ်” ဟု မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်း ရန်ကုန်တိုင်း ဒေသကြီး အလုပ်အမှုဆောင် ဦးမြင့်သောင်းက ပြောသည်။ ဆေးဝါးထုတ်လုပ်သည့် ဆေးတိုက် ပိုင်ရှင်များ အနေဖြင့် ဆေးဝါးများ ထုတ်လုပ်ရာတွင် ဘေးထွက် ဆိုးကျိုးများ မရှိကြောင်း အနောက်တိုင်း ဆေးဝါးများ ရောနှောမှု မရှိကြောင်း ကိုလည်း ဖော်ပြသင့်ကြောင်း သိရသည်။

“မြန်မာ တိုင်းရင်းဆေး မှန်သမျှ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ အနောက်တိုင်း ဆေးဝါးတွေ အလွန်အကျူး သောက်ရင် ဘေးထွက်ဆိုးကျိုး ဖြစ်လာပြီး အသက်အန္တရာယ် ကဖြစ်စေနိုင် ပါတယ်။ အနောက်တိုင်း ဆေးနဲ့ရောပြီး ရောင်းနေတာ တွေကတော့ တိုင်းရင်းဆေး အစစ်အမှန်က နာမည်ဖျက်နေ ကြတာပဲ”ဟု ၎င်းကပြောသည်။ ဈေးကွက် အတွင်း၌ နာမည် ကြီးဆေးတိုက်များအား ခုတုံးလုပ်၍ ဆေးဝါး အတုအယောင်များ ထုတ်လုပ် ရောင်းချနေကြ ခြင်းများလည်း ရှိကြောင်း သိရသည်။

“ဆေးတိုက်ကြီး တွေကတော့ သူတို့ဆေးကို ထုတ်လုပ်မှု စံချိန်မကျအောင် ထုတ်ကြတာ များတယ်။ တချို့က တစ်နပ်စား ကြံတဲ့လူတွေ ရှိတယ်။ ဘာလုပ်လဲ ဆိုရင် နာမညကြီး ဆေးတိုက်ကြီး တွေကို ခုတုံးလုပ်ပြီး ဆေးတွေကို တစ်ဆင့်ယူတယ်။ ပြီးတော့ မဖြန့်မရောင်းဘဲနဲ့ ဖော်မြူလာတွေ ခိုးယူပြီး ထုတ်လုပ်ကြတာ တွေရှိတယ်။ ဆေးဝယ်တဲ့ သူတွေက ဂရုစိုက် ကြည့်ပြီး ၀ယ်သင့်တယ်။ ဆေးစစ် ဆေးမှန်နဲ့ အတုနဲ့က ကာလတစ်ခုကြာရင် ကွာခြားမှုရတယ်။

မသန့်မရှင်းနဲ့ ထုပ်ပိုးမှုဆို ရင်ကြာကြာ ထားလို့မရဘူး။ မှိုတက် လာမယ်။ ပွလာမယ်။ သတိထား သင့်တယ်” ဟု ၎င်းက ဆိုသည်။ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများ အနေဖြင့် မှတ်ပုံတင် ထားခြင်းမရှိသော တိုင်းရင်းဆေးဝါး၊ မှတ်ပုံတင်ကို ကာလ အကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်ထားသော တိုင်းရင်းဆေးဝါး၊ စံမညီ တိုင်းရင်းဆေးဝါး၊ သုံးစွဲရန်မသင့်ဟု ကျန်းမာရေး ၀န်ကြီးဌာနက အမိန့်ကြေညာစာ ဖြင့်ထုတ်ပြန်၍ သတ်မှတ်ထားသော တိုင်းရင်း ဆေးဝါးများအား ထုတ်လုပ်ခြင်း မပြုလုပ်ရကြောင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ခြင်း ဥပဒေ၌ ပြဋ္ဌာန်ထားကြောင်း သိရသည်။

No comments:

Post a Comment