အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Monday, October 18, 2010

ဂရုပြုစရာ အသည်းကင်ဆာ

ကိုယ်တွင်းရှိ အညစ်အကြေးများအား စွန့်ပစ်ခြင်း အဆိပ်အတောက်များအား ဓာတ်ပြယ်စေခြင်း စသည်တို့ အပြင် အစာခြေရန် အတွက် အစာခြေရည်များအား ထုတ်ပေးခြင်း အစားအစာများတွင် ပါဝင်သည့် ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ် အစရှိသည့် အာဟာရဓါတ်များ အသုံးပြုနိုင်ရန်နှင့် မလိုအပ်သေးပါက သိုလှောင်ထားရန် အတွက်လည်း လုပ်ဆောင်ပေးကြောင်းသိရသည်။


သို့သော် လူသားအများစုသည် အခြားရောဂါများ ဖြစ်သည့် သွေးတိုး၊ နှလုံး၊ ဆီးချို အစရှိသည့် ရောဂါများအကြောင်း အတန်အသင့် သိရှိထားပြီး ဖြစ်သဖြင့် ဆောင်ရန် ရှောင်ရန်များအား အလေးအနက် ထားလိုက်နာ ကြသကဲ့သို့ အသည်းအကြောင်းအားလည်း သိရှိနားလည်၍ လိုက်နာရန် လိုအပ်ကြောင်း သိရသည်။ အသည်းနှင့် ပတ်သတ်၍ ဖြစ်လေ့ရှိသည့် ရောဂါများမှာအသည်းရောင် အသားဝါ ဘီ၊ စီ၊ အသည်းကင်ဆာ အထိဖြစ်ပွားနိုင်သည်။

ထို့အပြင် မြန်မာနိုင်ငံသည် အသည်းကင်ဆာ ဖြစ်ပွားမှု အများဆုံး ဆယ်နိုင်ငံထဲတွင် ပါဝင်ကြောင်း အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းက ပြောကြားသည်။ ဒေါက်တာ ခင်မောင်ဝင်းက ယခု ၂ ရက်နေ့က လမ်း၃၀ အထူးကုဆေးခန်းတွင် ကျင်းပသည့် အသည်းကင်ဆာ နှင့်ပတ်သတ်သော ဟောပြောပွဲတွင် ပြောကြားသွားခဲ့ ခြင်းဖြစ်သည်။


အသည်းကင်ဆာသည် အသက်၂ နှစ်အရွယ် မှစ၍ အသက်၇၀ အရွယ်အထိ ဖြစ်ပွားနိုင်ကြောင်း ဒေါက်တာ ခင်မောင်ဝင်းက ဆက်လက်ပြောကြားသည်။ ယခင်က အသည်းကင်ဆာ ဖြစ်ပါက ဘ၀လမ်းဆုံး အခြေအနေသို့ ရောက်ရှိကာ ကုမရတော့သည့် အခြေအနေသို့ ရောက်ရှိပြီဟု ထင်ကြသော်လည်း နောက်ပိုင်းတွင် ကု၍ရသည့် တွေ့ရှိချက်များ ရှိလာပြီဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက ၎င်းကိုယ်တိုင်တက်ရောက်ခဲ့သည့် ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ အသည်းကင်ဆာအဖွဲ့အစည်းအဝေးမှ တွေ့ရှိချက်များအား အခြေခံ၍ ပြောပြသည်။


အသည်းကင်ဆာ ဖြစ်ခြင်းသည် အသည်းခြောက်ရာမှ ခြောက်သည့်အသည်းမှ ကင်ဆာဖြစ်ခြင်း ဖြစ်သည်ဟု သိရသည်။ အသည်းခြောက် စေသည့် အကြောင်းအရင်းမှာ အဓိကအားဖြင့် အသည်းခြောက်ရန် ၆၀ ရာခိုင်နှုန်းခန့် အခွင့်အလမ်းရှိကြောင်း သိရသည်။ ထို့အပြင် အခြားနည်းလမ်း တစ်ခုမှာ အသည်းရောင် အသားဝါ စီ ပိုးဖြစ်ပြီး ထိုပိုးသည် အသည်းခြောက်ရန် ၃၀/၄၀ရာခိုင်နှုန်းခန့် ရှိပြီး အသည်းအဆီ ဖုံးခြင်းက ၅ ရာခိုင်နှုန်းခန့် ရှိသည်ဟု ဒေါက်တာ ခင်မောင်ဝင်း ကပြောသည်။


"အသည်း အဆီဖုံးတာကိုလည်း မပေါ့ပါနဲ့ အသည်းအဆီဖုံး တာကလည်း ကင်ဆာဖြစ်စေ နိုင်တယ်။ အသည်းအဆီ ဟာလည်း အရက်လို ဘီပိုးလို စီပိုးလို အသည်းကို ထိခိုက်နိုင်တယ်" ဟု ဒေါက်တာ ခင်မောင်ဝင်းက အသည်း အဆီဖုံးခြင့် နှင့်ပတ်သတ်၍ ထပ်လောင်း သတိပေးပြော ကြားသည်။ အဆိုပါ ရောဂါများနှင့် မှိုတက်သည့် အစားအစာများ စားသုံးမိပါကကင်ဆာဖြစ်နိုင်ချေ ပိုများကြောင်း သိရသည်။


ထို့ကြောင့် အသည်းရောင် ဘီပိုး စီပိုး ရှိသူများသည် မှိုတက်နေသည့် အစားအစာများ နှင့် အခြောက်အခြမ်းများ မစားသင့်ဘဲ လတ်ဆတ်သည့် အစားအသောက်များကို သာ စားသုံးသင့်ကြောင်း သိရသည်။ အသည်းကင်ဆာ၏ ရောဂါ လက္ခဏာများမှာ မျက်လုံးဝါခြင်း၊ ခန္ဓာကိုယ်၏ ညာဘက်ရင်ခေါင်း အခြမ်းအောင့်ခြင်း၊ ခြေထောက်များ ဖောရောင်ခြင်း စသည့်ရောဂါ
လက္ခဏာများ ပြလာနိုင်ကြောင်း သိရသည်။


"ဘီပိုးရှိပြီဆို အချိန်မရွေး ကင်ဆာဖြစ်နိုင်တယ် စီပိုးရှိပြီ ဆိုအချိန်မရွေး ကင်ဆာဖြစ်နိုင်တယ် ဆိုတာကို မေ့လို့မရဘူး" ဟု ဒေါက်တာ ခင်မောင်ဝင်းက ပြောသည်။ အသည်းကင်ဆာအား ကုသသည့် နည်းလမ်းများမှာ ခွဲစိတ်ခြင်း၊ ကင်ဆာဖြစ်နေသော အစိတ်အပိုင်းအား လှီးထုတ်ခြင်း၊ အသည်း အစားထိုးခြင်း စသည့် နည်းစနစ်များဖြင့် ကုသနိုင်ကြောင်း ပညာရှင်များကပြောသည်။


ခွဲစိတ်ရန် အခြေအနေမပေးပါက ကင်ဆာဖြစ်နေသည့် အစိတ်အပိုင်းသည် လေးစင်တီမီတာ အောက်ငယ်ပါက ရေဒီယို အပူလှိုင်းပေး၍ ကုသခြင်း၊ လေးစင်တီမီတာ ထက်ကြီးပါက local Regional Threapy နည်းဟုခေါ်သည့် ကင်ဆာဖြစ်နေသည့် အလုံးများအား တိုက်ရိုက် ချေဖျက်ကုသနည်း အစရှိသည့် နည်းလမ်းများဖြင့် ကုသနိုင်ကြောင်း သိရသည်။


 သို့သော် နောက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ကင်ဆာအဖွဲ့၏ နောက်ဆုံးပေါ်တွေ့ ရှိချက်များအရ အဏုမြူရောင်ခြည်ဖြင့် ကုသခြင်း၊ အသည်းကင်ဆာ ဖြစ်နိုင်စေရန် အားပေးသည့် လမ်းကြောင်းများအား ဖြတ်တော့ခြင်း စသည့် နောက်ဆုံးပေါ်နည်းလမ်းများဖြင့် ကုသနိုင်ကြောင်း ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း ကပြောသည်။ ခွဲစိတ်ကုသခြင်းသည် အသည်းကင်ဆာကုသရာတွင် အကောင်းဆုံး နည်းလမ်းဟု ဆိုသော်လည်း အသည်းကင်ဆာဟု သိရှိပြီးသူများတွင် အများစုမှာ ခွဲစိတ်ရန် ခံနိုင်ရည် မရှိတော့သည့် အခြေအနေသို့ ရောက်ရှိပြီးသူများသာ များပြားကြောင်း ဒေါက်တာခင်မောင်ဝင်းက ဆက်လက်ပြော ကြားသည်။


လူနာများအနက်မှ ၅ ရာခိုင်နှုန်း နှင့်အထက်သာလျှင် ခွဲစိတ်ကုသမှု ခံယူနိုင်ကြောင်း သိရသည်။ သို့သော် နောက်ဆုံးပေါ် ကုထုံးများသည် ကုန်ကျစရိတ်အားဖြင့် အဆမတန် များပြားနေသေး ကြောင်းသိရသည်။ ထို့ကြောင့် ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည် ဟူသည့် ဆိုရိုးအတိုင်းပင် မည်သည့်ရောဂါ ပင်ဖြစ်စေ ဖြစ်ပွားပြီးချိန်မှစ၍ ကုသခြင်းထက်ကြိုတင်ကာကွယ် ခြင်းသည် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ အသည်းအား ဒဏ်မဖြစ်စေရန် အတွက် အထူးဂရုပြု ကာကွယ်ကြရန် လိုအပ်လှပေသည်။

No comments:

Post a Comment