အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Monday, October 18, 2010

ဂျင်းစားသုံးခြင်းဖြင့် ကြွက်သားများနာကျင်မှုကို လျှော့ချနိုင်

မီးဖိုချောင်သုံး ဂျင်းအား အစိမ်းအတိုင်း နေ့စဉ် အနည်းငယ်စားသုံးပါက လေ့ကျင့်ခန်း လုပ်ပြီးနောက် ဖြစ်ပေါ်လာသော ကြွက်သားများ နာကျင်မှုကို သက်သာစေနိုင်ကြောင်း သုတေသနတစ်ရပ်က ဖော်ပြသည်။ ပျို့အန်ခြင်းနှင့် နေမထိထိုင်မသာ ဖြစ်ခြင်းများအတွက် ဂျင်းကိုဆေးအဖြစ် အသုံးပြုနေသည်မှာ ကြာပြီဖြစ်သလို ဂျင်းတွင် အခြားအစွမ်းထက်သော သတ္တိများလည်း ရှိကြောင်းနှင့် မကြာသေးမီက ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုတွင် အမှုန့်ပြုလုပ်ထာားသော ဂျင်းသည် အမျိုးသမီးများ၏ သားအိမ်ကင်ဆာ ဆဲလ်များကိုပင် သေစေနိုင်ကြောင်း တွေ့ရှိထားသည်။

ယခုနောက်ဆုံး စမ်းသပ်မှုတွင် အမေရိကန် သိပ္ပံပညာရှင်များသည် လူအုပ်စုတစ်စုအား ၃စုခွဲပြီးနောက် လက်မောင်း လေ့ကျင့်ခန်းများကို ပြုလုပ်စေခဲ့သည်။ ပထမအုပ်စုအား ဂျင်းအစိမ်းလိုက်၂ဂရမ်ခန့်ကျွေး၍ ဒုတိယအုပ်စုအား ပြုတ်ထားသော ဂျင်းကို စားသုံးစေခဲ့သည်။ တတိယအုပ်စုကိုမူ  အခြားအစားထိုး အရာတစ်ခု စားသုံးစေခဲ့သည်။ ၂၄နာရီ ကြာပြီးနောက် ၎င်းတို့အား ပြန်လည်စမ်းသပ်ခဲ့ရာတွင် ဂျင်းအစိမ်းလိုက် စားသောအုပ်စုမှာ ၂၅ရာခိုင်နှုန်းခန့် နာကျင်ခြင်း ခံစားရမှု လျော့ပါးနေပြီး အပူပေးထားသော ဂျင်းစားသုံးသူများတွင် ၂၃ ရာခိုင်နှုန်း လျော့ပါးနေကြောင်း သုတေသီများက တွေ့ရှိခဲ့ကြသည်။ ထို့အတွက် ဂျင်းသည် နာကျင်မှုကို သက်သာစေသော သတ္တိရှိကြောင်း သုတေသီများက ပြောကြားသည်။ ၎င်းတို့၏ တွေ့ရှိချက်များကို Journal of Painတွင် ဖော်ပြထားသည်။

No comments:

Post a Comment