အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Monday, October 18, 2010

ခင်ပွန်း ဖြစ်သူနှင့် လမ်းခွဲ လိုက်ပြီဟု ခရစ္စတီးနား အဂွီလာရာ ပြောကြား

ခရစ္စတီးနား အဂွီ လာရာက ဂျော်ဒန် ဘရက်မန်းနှင့် လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြား ခဲ့သည်။ “ဂျော်ဒန်နဲ့ ကျွန်မ လမ်းခွဲ လိုက်ပါပြီ။ သားလေး မက်စ်ရဲ့ ကိစ္စတွေ အတွက်ကလွဲရင် ကျွန်မတို့ချင်း မဆိုင်တော့ပါဘူး”ဟု ခရစ္စတီးနားက ဆိုသည်။ Popဂီတ လောကတွင် အောင်မြင်မှုများ ရရှိခဲ့သည့် ခရစ္စတီးနားက ခင်ပွန်းသည်နှင့် လမ်းခွဲကြောင်း ကြေညာခဲ့သော်လည်း ယခုလောလောဆယ် ကွာရှင်းရန်အတွက် ရုံးတော်သို့ လျှောက်ထားဆဲသာဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ (၁၅)ရက်နေ့ လျှောက်လွှာတွင် အသက်(၂၉)နှစ်ရှိ အဆိုတော်ကနှင့် သူမနှင့် ခင်ပွန်းသည် Music Marketingအမှုဆောင်တို့ကြား ညှိနှိုင်းမရတော့သော ကွာဟချက်များ ရှိနေကြောင်း ဖော်ပြထားသည်။

ခရစ္စတီးနားနှင့် နီးစပ်သူအချို့တို့က “လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကတည်းက သူတို့နှစ်ယောက် အတူမနေတော့ပါဘူး။ ခုတော့ ကွာရှင်းဖို့ထိ ဖြစ်လာခဲ့တာပါ”ဟု ပြောကြားခဲ့သည်။ Azoff Music Managementတွင် အလုပ်လုပ်နေသော ဘရက်မန်းနှင့် ခရစ္စတီးနားတို့သည် (၂၀၀၂)ခုနှစ်တွင် စတင်တွေ့ဆုံခဲ့ပြီး (၂၀၀၅)ခုနှစ်၊ နိုဝင်ဘာလက လက်ထပ်ခဲ့ကြသည်။ ယင်းတို့၏သားလေး မက်စ်ကို (၂၀၀၈)ခုနှစ်၊ ဇန်န၀ါရီလအတွင်းက မွေးဖွားခဲ့သည်။ အိမ်ထောင်သက် (၅)နှစ်နီးပါး ကြာမြင့်ချိန်တွင် လျှောက်ထားခဲ့သော ကွာရှင်းခွင့်အတွက် လက်မထပ်မီ ခရစ္စတီးနား၏ ပိုင်ဆိုင်မှုများမပါဘဲ လက်ထပ်ပြီးချိန်တွင် လင်မယားနှစ်ဦး ပိုင်ဆိုင်မှုကိုသာ ခွဲဝေရန် အဆိုပြုထားကြောင်းလည်း သိရသည်။ ထို့အပြင် ဘရက်မန်းအနေနှင့် သားငယ်အား ထိန်းသိမ်းအုပ်ချုပ်နိုင်မည့် စွမ်းရည်နှင့် ပတ်သက်ပြီးလည်း တရားရုံးက စုံစမ်းပေးရန် ခရစ္စတီးနားက တောင်းဆိုထားသည်။ မက်စ်၏ အနာဂတ်နှင့် ပတ်သက်ပြီး အဓိက အလေးထားသွားမည် ဖြစ်ကြောင်းကိုမူ ခရစ္စတီးနားရော၊ ဘရက်မန်းကပါ ပြောဆိုထားကြောင်း သိရှိရသည်။

No comments:

Post a Comment