အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Saturday, October 30, 2010

ငါးကျပ်၊ တစ်ဆယ်ကို မျှော်မှန်း စဉ်းစားပြီး လုပ်ကိုင်နေသူ အတွက် သိန်းသန်း ကုဋေ ဆိုတာ ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး

ဆိုင်၏ အနေအထားက သာမန် ဈေးဆိုင် တစ်ဆိုင်ဟုပင် ပြော၍ ရသည်။ သို့သော် လာဝယ် နေကြသည့် Customer များကို ကြည့်လိုက်လျှင် သာမန်ဆိုင် တစ်ဆိုင်နှင့် မတူ။ ညနေစောင်းကို ရောက်လာသည် နှင့်အမျှ ၀ယ်သူက ပိုများလာသည်။ ဆိုင်ဝန်ထမ်း အချို့က ဈေးဝယ်လာသည့် Customer များကို မေးသူကမေး၊ ရောင်းသူကရောင်း နှင့် သူတို့ခမျာ မအား မလပ်နိုင်၊ ၀ယ်သူများကို စိတ်တိုင်းကျ စေရန် အတွက် ရောင်းချ ပေးနေသည့် ၀န်ထမ်းများ နည်းတူ ရောင်းချ ပေးနေသည့် အသက်(၄၀)ကျော် အရွယ် အမျိုးသား တစ်ဦး ကိုလည်း တွေ့နေရသည်။ ဖောက်သည် အချို့က သူ့ကို သိကောင်း သိနိုင်မည် မှန်သော်လည်း မျက်နှာစိမ်း Customer တစ်ဦး အနေဖြင့်ကား သူ၏ အနေအထားကို ကြည့်ရုံဖြင့် ဆိုင်ရှင် တစ်ဦးဟုပင် ထင်မှတ် လိမ့်မည် မဟုတ်ပေ။

သူသည် ကျောက်တန်းမြို့နယ် တံတား ကျေးရွာတွင် ဇာတိ ချက်မြှုပ် ခဲ့ရသော်လည်း သူ၏ ဘ၀ကိုကား ကျေးရွာတွင် မြှုပ်နှံချင်သူ တစ်ဦး မဟုတ်။ ဘ၀ အတွေ့အကြုံကို ရန်ကုန် တက်ပြီး ရှာဖွေ ခဲ့သည်။ ကျေးရွာတွင် စားနိုင် သောက်နိုင်သည့် အဆင့်ရှိ မိဘ နှစ်ပါးမှ မွေးဖွားလာသည် ဆိုသော်လည်း သူဖြတ်သန်းခဲ့ရာ လမ်းတစ်လျှောက်က ပန်းခင်းလမ်း ကဲ့သို့ မသာယာခဲ့သည်မှာ အမှန်ပင်။ ငယ်စဉ် ကလေး ဘ၀မှာပင် သူ့ဖခင်က သူနှင့် သူ့မိသားစုကို ခွဲကာ သာသနာ့ဘောင်ကို အပြီးအပိုင် ခိုလှုံ သွားခဲ့သည်။ ဖခင်၏ ဆုံးမမှု အရိပ်အောက်တွင် မကြီးပြင်းခဲ့ ရသော်လည်း သားတစ်ဦး အနေဖြင့် မိခင်ကို စိတ်ချမ်းသာ စေချင်သည်။

သူသည် ငယ်စဉ် ကတည်းကပင် မက်လာခဲ့သော အိပ်မက်ကို အကောင်အထည် ဖော်ချင်သော်လည်း လက်ရှိ ကြုံတွေ့ နေရသော ဘ၀ အခက်အခဲနှင့် ကံတရားက သူ၏ အိပ်မက်ကို ဆက်မက်ခွင့် မပေးခဲ့။ အမှန်တော့ သူသည် ဘ၀ တစ်ကွေ့တွင် စီးပွားရေး လုပ်ငန်းဖြင့် ကျင်လည်ချင်သူ တစ်ဦး မဟုတ်။ သူဖြစ်ချင်ခဲ့သော ဇာတ်ရုပ်က “လူရွှင်တော်၊ ဆိုင်းနောက်ထ” တစ်ယောက် အဖြစ်နှင့်သာ ပြည်သူကို ဖျော်ဖြေ ပေးချင်ခဲ့သည့် မွေးရာပါ ဗီဇက သူ၏ ပညာသင် အရွယ်ကို အရိပ်ပမာ လွှမ်းမိုး နေလျက်။

“ကျွန်တော် ငယ်စဉ်က လူရွှင်တော်၊ ဆိုင်းနောက်ထ အရမ်း ဖြစ်ချင်ခဲ့တယ်။ ဒါပေမဲ့ မဖြစ်ခဲ့ဘူး။ နောက်တော့ ကိုယ့်ကို သိလိုက်ရတာ တစ်ခုက ဘ၀မှာ ဖြစ်ချင်တဲ့ ရည်မှန်းချက်က ကြိုးစားတိုင်းလဲ ဖြစ်ချင်မှ ဖြစ်ပါလား ဆိုတာကို လက်ခံ တတ်လာတယ်။ အမှန်တော့ ဒီဆေးဆိုင် လုပ်ငန်းနဲ့ ဘ၀ကို ရပ်တည်မယ်လို့ ငယ်ငယ်က တစ်ခါမျှ မစဉ်းစားမိခဲ့ဘူး။ ဖြတ်သန်း နေရတဲ့ ဘ၀မှာ ဖြစ်ချင်တာ မဖြစ်ခဲ့ရ ပေမယ့် ဖြစ်နေရတဲ့ ဘ၀ကိုပဲ အကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့ ရပါတယ်”ဟု သူ့ဘ၀တွင် ကွယ်ဝှက် ထားခဲ့သည့် ရည်မှန်းချက်ကို ပြောပြနေသူမှာ တာမွေမြို့နယ်တွင် ဆေးဆိုင် ဖွင့်လှစ် ထားသော ကိုလင်းမြင့်ပင် ဖြစ်သည်။

“ဘ၀မှာ အတက်အကျ အနိမ့်အမြင့် ဆိုတဲ့ လောကဓံကို ကျွန်တော်လဲ တော်တော် ခံခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော် ဒီဒဏ်တွေကို ခံနိုင်အောင် ကြိုးစားတယ်။ ဒီလို ကြိုးစားတဲ့ အချိန်မှာ အထောက် အကူပြုတဲ့ အချက်ကတော့ စာဖတ်ခဲ့ခြင်း ပါပဲ။ စာတွေ များများ ဖတ်ခဲ့တဲ့ အတွက် တချို့ အခက်အခဲကို ဖြတ်ကျော်ဖို့ နည်းလမ်းတွေ ရလာပါတယ်။ စာပေကရတဲ့ အတွေ့အကြုံ ဗဟုသုတတွေနဲ့ အခက်အခဲ တွေကို ဖြေရှင်းတယ်။ အိမ်မှာလဲ အမျိုးသမီး ကနေ အစ သားသမီး နောက်ဆုံး ဆိုင်ဝန်ထမ်းတွေ ကိုပါ စာများများ ဖတ်ဖို့ အမြဲတမ်း တိုက်တွန်းတယ်ဟု” သူ၏ ဘ၀ အခက် အခဲကို စာဖတ်ခြင်းမှ ရရှိလာသော အသိပညာ နှင့် ကျော်လွှား ဖြတ်သန်းခဲ့ပုံ ကို ပြောပြ နေသည်။

သူ ၀ါသနာပါရာ ဆိုင်းနောက်ထ အဖြစ် ပရိသတ်ကို ဖျော်ဖြေ ပေးခဲ့ချင် သော်လည်း သူ့ကို ကံကြမ္မာက ခွင့်မပြုခဲ့။ သူဝါသနာ ပါသည့် လုပ်ငန်းကို လုပ်ကိုင်ခွင့် မရခဲ့သော်လည်း လက်ရှိ လုပ်ကိုင် နေရသည့် ဆေးဆိုင် လုပ်ငန်းဖြင့် သူ့ဘ၀ကို ရပ်တည်နိုင်အောင် ကြိုးစား လုပ်ကိုင်ခဲ့သည်။ သူ၏ ဆေးဆိုင် ဆောင်ပုဒ်ကလည်း ၀ယ်သူများ  အတွက် ၀န်ဆောင်မှုေ ပးနေသကဲ့ သို့ပင်။ “ဆေးမျိုးစုံလင် ရွှေမန်းတွင်၊ ၀ယ်လျှင် စိတ်ချ သက်သာ ရမည်” ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားကာ ၀ယ်သူများကို ရောင်းချ ပေးနေကြသည်။ “ယခု မြန်မာ့ဂုဏ်ရောင် အိမ်ရာနားမှာ ကျွန်တော် ကွမ်းယာ သုံးနှစ် ရောင်းခဲ့ဖူးတယ်။ ဒါပေမဲ့ ဘ၀ကို အားမငယ်ခဲ့ဘူး။ ကွမ်းယာလဲ ရောင်းခဲ့ရသလို ဘော်ဒါဆောင်လဲ ထောင်ခဲ့ဘူးတယ်။

ကျွန်တော့် အစ်မက ကျောင်းဆရာမ တစ်ဦး ဖြစ်တဲ့ အတွက် တက္ကသိုလ် ၀င်တန်း ဘော်ဒါဆောင်ကို ထောင်ခဲ့ပေမယ့် ဘော်ဒါဆောင် မထောင်ခင် ကတည်းက ဆေးနဲ့တော့ ထိတွေ့မှု ရှိနေပါပြီ။ ဘော်ဒါဆောင်ဖွင့်တဲ့ အလုပ်နဲ့ ကွမ်းယာသည် ဘ၀ နှစ်ခုရဲ့ မတူတဲ့ အနေအထားကိုလဲ ကျွန်တော် ကြုံခဲ့ဖူးတယ်။ အဲဒီမှာတင် ဘ၀ဆိုတာကို ပိုနားလည် လာခဲ့ရတယ်။ အတက်အကျ အရမ်း မြန်ဆန်တဲ့ လူ့ဘ၀မှာ လူတွေ တန်ဖိုးထား နေတဲ့ အရာက ဘာတွေလဲ၊ ဘ၀မှာ ဘာတွေကသာ အစစ် အမှန်ဆုံး တန်ဖိုး ရှိပါလဲ ဆိုတာကို သိလာတယ်။ လူတွေကို အရင်ထက် ပိုပြီး မေတ္တာ ထားနိုင်အောင် ကြိုးစားတယ်။ ပြောရရင် ၀န်ထမ်းတွေတောင် ဒီဆိုင်ကနေ ၀န်ထမ်း အဆင့်နဲ့ ထွက်ရင် မင်းတို့ ဒုက္ခ ရောက်လိမ့်မယ်။ ထွက်မယ် ဆိုရင် ဆိုင်ရှင် အဖြစ်နဲ့ပဲ ထွက်ရမယ် ဆိုပြီး အမြဲ ဆုံးမပါတယ်”ဟု သူ့ဘ၀ အတက်အကျ မြန်ဆန်ခဲ့ပုံကို ပြောပြ နေသည်။

သူ၏ ဘ၀တွင် အမြင့်ဆုံး အောင်မြင်မှု အနေဖြင့် ဘော်ဒါဆောင် တစ်ခုကိုပင် ဖွင့်လှစ် နိုင်ခဲ့ သော်လည်း အနိမ့်ဆုံး ဆိုသည့် ဘ၀ကိုလည်း ဖြတ်သန်းခဲ့ရသည်။ ကြုံတွေ့ ခဲ့ရသော ဆုံးရှုံးမှုနှင့် အတူ ပေးဆပ်မှုများကလဲ မရေ မတွက်နိုင်၊ အိုးပိုင် အိမ်ပိုင်နှင့် ဆိုင်ပိုင် ဘ၀ကိုပင် ကံကြမ္မာက မျက်နှာသာ မပေးခဲ့။ သို့သော် သူသည် တံတားကျေးရွာတွင် မွေးဖွားခဲ့သော်လည်း စိန်ပေါလ် ကျောင်းတွင် ပညာ သင်ယူ ခွင့်ရခဲ့သည်။ မိဘ ဆွေမျိုး ဆရာ သခင်များ၏ ဆုံးမမှု စကားများကို နာခံကာ တက္ကသိုလ်မှ ရရှိခဲ့သော ပညာ အမွေ အနှစ်များကို ရင်းပြီး သူ၏ ဘ၀ကို နာနာ အရိုက်ခံခဲ့သည်။ ဘ၀ကို အောက်သက် ကျေအောင် ကြိုးစားသည်။ ဘ၀ ခရီးကို ကြမ်းကြမ်း တမ်းတမ်း လျှောက်ခဲ့ ရသော်ငြားလည်း သူတစ်ပါး အပေါ် မည်သည့် အခါမျှ အဆိုး မမြင်ခဲ့ ။သူတစ်ဖက်သား အပေါ် ထားနိုင်ခဲ့သည့် ကိုယ်ချင်း စာမှုက သူ၏ဘ၀ တိုးတက်ရာ လမ်းမှန်ကို အကောင်အထည် ဖော်ရာတွင် များစွာ အထောက် အကူ ပေးခဲ့သည်။

“ကျွန်တော်လဲ တစ်ချိန်က ဘာမျှ မရှိတော့တဲ့ ဘ၀ကို ရောက်ခဲ့တယ်။  ဘ၀မှာ အကြီးမားဆုံး ဒုက္ခကို ရင်ဆိုင်ခဲ့ရတဲ့ အချိန်မှာ အလုပ်တွေ မျိုးစုံ လုပ်ခဲ့ရတယ်။ တစ်ချိန်က ကျွန်တော့်လိုမျိုး ဒုက္ခကို ယနေ့ လူငယ် တချို့ ကြုံနေရတယ် ဆိုလဲ အားမငယ်နဲ့။ အဓိက ရှိနေရမှာက ဘယ်နေရာမှာ ဘာအလုပ်ပဲ လုပ်လုပ် စေတနာ ထားလုပ်။ မျှော်လင့်ချက်နဲ့ မလုပ်နဲ့။ မိမိ အနေနဲ့ ကြိုးစား နေဖို့သာ လိုတယ်။ ကြိုးစား နေသရွေ့ အောင်မြင်မှု ဆိုတာ ရှိနေမှာပဲ။ အဓိကတော့ ရိုးသားနေရမယ်၊ ကြိုးစား နေရမယ်၊ ဒါပေမဲ့ လာဘ်တော့ မြင်တတ်ဖို့ လိုတယ် ”ဟု သူ၏ အတွေ့အကြုံ များကို ရင်းကာ ပြောပြ နေပုံများကလဲ မိမိ၏ အနာဂတ် ဘ၀ကို ပုံဖော် နေကြသည့် လူငယ်များ အတွက် အားတက်စရာ။  သူ၏ မလျှော့သော ဇွဲလုံ့လ နှင့် ကြိုးစားခဲ့သည့် အောင်မြင်မှုများက ယခုအခါ ဆေးဆိုင် သုံးဆိုင်ကိုပင် ရန်ကုန်မြို့တွင် ဖွင့်လှစ် ရောင်းချနိုင်သည့် ဘ၀ကို ပိုင်ဆိုင်နေပြီ ဖြစ်သော်လည်း သူ့ အနေဖြင့် အောင်မြင်သည့် ဘ၀ဟု သူက မဆို။

“ကွမ်းယာဆိုင် ဖွင့်တုန်းက ကျွန်တော် ဆေးကို တွဲဖက် ရောင်းခဲ့ရတဲ့ အတွက် ဆေးနဲ့တော့ သိပ်မစိမ်းခဲ့ဘူး။ ဒါပေမဲ့ ရောင်းချတတ်ဖို့ ကျွန်တော့် အစ်ကိုက ကျောက်တန်းမှာရှိတဲ့ ဆရာ ဦးဟန်စိန် နဲ့ ဆရာ ဦးသန်းဦး ဆီမှာ သွားသင်ယူ ခဲ့ရတယ်။ အစ်ကိုက ကျွန်တော်တို့ကို တစ်ခါ ထပ်သင်ပေးတယ်။ မိဘ ဆွေမျိုး လက်ထက် ကနေ ဆေးဆိုင် ရောင်းတဲ့ သက်တမ်း တစ်ခုတော့ ရှိခဲ့တယ်။ ကျွန်တော် ဦးစီးပြီး ရောင်းချခဲ့တဲ့ သက်တမ်းက နုပါသေးတယ်။ ငါးနှစ်လောက်ပဲ ရှိသေးတယ်။ ဦးစီးပြီး လုပ်ကိုင်ရတာ ကလဲ အကြောင်း ရှိတယ်။ မိဘ ဆွေမျိုး လက်ထက်ကနေ ရောင်းခဲ့တဲ့ ဆေးဆိုင် ဆိုင်းဘုတ်ကို အဖြုတ် မခံချင်လို့ ကျွန်တော်မှ မလုပ်ရင်ဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့ ရတာ။ ဒီအနေ အထား ကို ရောက်ဖို့လဲ အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်။ အခုလဲ သူ့အနေအထားနဲ့ သူကြုံနေဆဲ ဒါပေမဲ့ ကျွန်တော် အားမငယ်ဘူး။ ဒီနေ့လဲ ကြိုးစား နေတုန်းပဲ။ နောက်လဲ ကြိုးစား နေရဦးမှာပဲ”ဟု ဆေးဆိုင် ဖွင့်ခဲ့ရသည့် အကြောင်းကို ဖွင့်ပြောသည်။

ဆေးဆိုင် သုံးဆိုင်ကို ဦးစီး လုပ်ကိုင် နေရသော်လည်း သူ့အနေဖြင့် ကိုယ်တိုင် ကြီးကြပ်မှု ပေးနိုင်သည့် ဆိုင်က တစ်ဆိုင် ခန့်သာ ရှိသည်။ ကျန်နှစ်ဆိုင်ကိုကား သူ၏ ၀န်ထမ်းများ ကသာ ဦးစီး လုပ်ကိုင်ပေး နေသည်။ သူနှင့် ၀န်ထမ်းများ အကြားတွင် တည်ဆောက် ထားသော ယုံကြည်မှုကလဲ အတု ယူစရာပင်။ ၀န်ထမ်း အပေါ် မေတ္တာ၊ စေတနာ ထားမှု၊ နားလည် ခွင့်လွှတ်တတ်မှု အပါအ၀င် သူ၏ ၀န်ထမ်းများကိုလဲ နောင်တစ်ချိန် သူ့လိုပင် ဆိုင်ရှင် တစ်ဦး ဖြစ်စေရန် စေတနာထား ဆုံးမမှုများ ကလဲ သူနှင့် သူ့ဝန်ထမ်းများ ကြားတွင် မေတ္တာ ရောင်ပြန် ဟပ်နေသလိုပင်။ တစ်ချိန်က သူ၏ ၀န်ထမ်း ဆိုသော်ငြားလည်း ယခုအခါ သူကဲ့သို့ ဆိုင်ရှင် ဘ၀ကိုပင် ရောက်နေသော သူများက သူ၏ ကျေးဇူးတရားကို မေ့နိုင်လိမ့်မည် မဟုတ်။ သူက လုပ်ငန်းရှင် တစ်ဦး ဆိုသော်ငြားလည်း သူ၏ ၀န်ထမ်း အပေါ် လုပ်ငန်းရှင် တစ်ဦးကဲ့သို့ မဆက်ဆံ၊ မိသားစုဝင် တစ်ဦး ကဲ့သို့သာ ဆက်ဆံသည်။ နွေးထွေးမှုကို သူ၏ ၀န်ထမ်းများက ယုံကြည်မှုဖြင့် ပေးဆပ်ကာ ရောင်းချ နေကြသည့် ၀န်ထမ်းများ၏ ခံယူချက် ကလည်း ပီတိ ဖြစ်စရာ တစ်ခု။ “ကျွန်တော် မရှိတဲ့ ဆိုင်မှာ ရှိနေတဲ့ ကျွန်တော့် ၀န်ထမ်း တွေကို နည်းအမျိုးမျိုး နဲ့ မထိန်းချုပ်ခဲ့ဘူး။ ယုံကြည်မှု နဲ့ပဲ အလုပ်လုပ်ခဲ့တယ်။ ၀န်ထမ်း အပေါ်မှာရော ကျွန်တော့် အလုပ်ပေါ်မှာပါ ယုံကြည်မှုနဲ့သာ လုပ်ခဲ့တယ်။

ကျွန်တော့်ဆီကို လာဝယ်ကြမယ့် Customer တွေကိုလည်း ကျွေးမိခင် ဖခင် သဖွယ် သတ်မှတ်ပြီး ရောင်းချ နေပါတယ်”ဟု  သူက ပြောသည်။ ငါးကျပ်၊ တစ်ဆယ်ကို မျှော်မှန်း စဉ်းစားပြီး လုပ်ကိုင် နေသူအတွက်  သိန်းသန်း ကုဋေဆိုတာ ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး။ အလုပ်ကို လူက မနိုင်ရင် အလုပ်က လူကို နိုင်သွား လိမ့်မယ်ဟု ဆိုသော ဒဿနများကို လက်ကိုင် ထားကာ ကြိုးစား နေသည့် သူက “ကျွန်တော့် အနေနဲ့ မိမိ အသက် မွေးဝမ်းကျောင်း ပြုတော့မယ့် လုပ်ငန်းကို ရပ်တည်ပြီး ယုံကြည်ခဲ့တာ မဟုတ်ဘူး၊ ယုံကြည်ပြီးမှ ရပ်တည်ခဲ့တာပါ၊ ကိုယ့်ကိုယ်ကိုယ်လဲ ဆရာကြီး ဦးအောင်သင်း ပြောခဲ့သလို ပုဆိုးကို ခါးတောင်း ကျိုက်သလို ဦးနှောက်ကိုလဲ ခါးတောင်း ကျိုက်ဖို့က ပို အရေးကြီးတယ် ” ဆိုတဲ့ စကားကို အမြဲတမ်း လက်ကိုင်ထားပြီး ကြိုးစား  နေပါတယ်ဟု ပြောနေသည့် သူ၏ ယုံကြည်ချက်ကို ပို၍ အသက်သွင်း နေသည့် မြင်ကွင်းက ရောင်းသူနှင့် ၀ယ်သူများဖြင့် စည်ကားလျှက် ရှိနေသည်။ ဤမြင်ကွင်းကို ရရှိနိုင်ရန် သူကပင် ကြိုးစား တည်ဆောက်ခဲ့၍လား သို့မဟုတ် ကံကြမ္မာ ကသာလျှင် မျက်နှာသာ ပေးချိန် သင့်ပြီဟု ထင်၍ များလားကိုတော့ ...

No comments:

Post a Comment