အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Sunday, November 28, 2010

မယ်ရာပိမီးတောင် (Mount Merapi) ပေါက်ကွဲမှု

အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ရှင် အနည်းဆုံး ၁၂၉ခု ရှိတဲ့အထဲက မယ်ရာပိမီးတောင် ဟာ မီးတောင်ရှင် အမျိုးအစား တခုဖြစ်ပြီး၊ အင်ဒိုနီးရှားနိုင်ငံ ဗဟိုဂျားဗားဒေသနဲ့ ယိုဂျာ ကာတာဒေသ အကြားနယ်စပ်၊ ယိုဂျာကာတာမြို့တော်ရဲ့ မြောက်ဘက် ခန့်မှန်းခြေကီ လိုမီတာ ၂၈ မီတာလောက်မှာ ရှိပါတယ်။ တောင်အမြင့်က ၉၇၃၈ ပေရှိပါတယ်။ လူအ များ စုက ပင်လယ်ရေပြင်အထက် အမြင့်ပေ ၅၆၀၀ လောက်ရှိတဲ့ မီးတောင်ဘေးပတ် လည်က ရွာတွေမှာ နေကြပါတယ်။  ဒီ မီးတောင်က ၁၅၄၈ ခုနှစ်ကတည်းက ပုံမှန်ပေါက် နေတာပါ။ တနှစ်မှာ ရက် ၃၀၀ လောက်က မီးတောင်ထိပ်က မီးခိုးတွေ ထွက်နေတာကို တွေ့ရလေ့ရှိပါတယ်။ ပေါက်ကွဲမှုအတော်များများ ဖြစ်ဖူးပြီး ထိခိုက်သေကြေမှုတွေလည်း ရှိပါတယ်။ ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က ကြီးမားတဲ့ပေါက်ကွဲမှုမှာ ထွက်လာ တဲ့ ဓါတ်ငွေ့ပူတွေကြောင့် လူပေါင်း ၂၇ ယောက်သေခဲ့ပါတယ်၊  ၂၀၀၆ ခုနှစ်မှာလည်း ပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။
ဒီနှစ်အောက်တိုဘာ ၂၅ ရက်နေ့မှာ မယ်ရာပိမီးတောင် (Mount Merapi) ဟာ အကြီးအ ကျယ် စတင်ပေါက်ကွဲခဲပြီး နိုဝင်ဘာ ၂၆ ရက်မှာ နောက်တကြိမ် ထပ်ပေါက်ပါတယ်။ အ ခုချိန်ထိ လေထုထဲကို မီတာ ၅၀၀၀ အထိ ဓါငွေ့ပူတွေနဲ့ ပြာပူတွေ မှုတ်ထုတ်နေတုန်းပါ။ မီးတောင် ပတ်ဝန်းကျင်ကကျေးရွာတွေနဲ့ လယ်ယာတွေ ပျက်စီးကုန်ပါတယ်။ တလ ကျော်ကြာ ပေါက်ကွဲမှုတွေအတွင်းမှာ ဒီလ နိုဝင်ဘာလ ၂၄ ရက်နေ့ အထိဆို သေဆုံး သူပေါင်း ၃၂၄ ယောက်ရှိသွားပါ ပြီ။ လေကြောင်းခရီးသွားလာမှုတွေ ရပ်ကုန်ပါတယ်။ လူပေါင်း သောင်းနဲ့ချီပြီး ရွှေ့ပြောင်းကုန်ကြရပါတယ်။ မီးတောင်ပတ်ဝန်းကျင် ကီလိုမီ တာ ၂၀ အတွင်းထိ အန္တရာယ်ကင်းဇုန်အဖြစ် အစိုးရက မကြေငြာသေးခင် အထိတော့ ဒီလူတွေဟာ ယာယီတဲတွေမှာပဲ နေထိုင်နေကြရအုန်းမှာ ဖြစ်ပါတယ်။
အသက်မွေးဝမ်းကျောင်း အလုပ်တွေကိုတော့ ပြန်သွားလုပ်ခွင့်ရှိကြပါတယ်။
နိုဝင်ဘာ ၂၈၊ ၂၀၁၀
အင်ဒိုနီးရှားမီးတောင် ပေါက်ကွဲမှု ပုံရိပ်တွေ
အောက်မှာဖော်ပြထားတဲ့ပုံတွေက အခုထိ ပေါက်ကွဲနေတုန်းဖြစ်တဲ့ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ မဲရာပိ မီးတောင် ပေါက်ကွဲမှု ပုံရိပ်တွေပါ။










ကုလသမဂ္ဂ ကိုယ်စားလှယ် ဗီဂျေးနမ်ဘီရာ မြန်မာနိုင်ငံသို့ ရောက်ရှိလာ

ကုလသမဂ္ဂ ကိုယ်စားလှယ် ဗီဂျေးနမ်ဘီရာသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။
၎င်းသည် မြန်မာနိုင်ငံတွင် သုံးရက်ကြာ နေထိုင်ကာ အစိုးရတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ အပါအ၀င် မကြာသေးမီက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။
၂၀၀၇ ခုနှစ် ဇန်န၀ါရီလမှစပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ Chief of Staff ဖြစ်လာသူ  ဗီဂျေးနမ်ဘီရာသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၏ အထူးအကြံပေး အရာရှိအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသည်။
အိန္ဒိယလူမျိုး ဗီဂျေးနမ်ဘီရာသည် ၀ါရင့်သံတမန်တစ်ဦး ဖြစ်ပြီး မြန်မာ့အရေး ဆွေးနွေးရန် မြန်မာ့အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် အိန္ဒိယ၊ တရုတ်နှင့် စင်ကာပူ နိုင်ငံများသို့ မကြာသေးမီက သွားရောက်ခဲ့သေးသည်။
ကုလသမဂ္ဂသည် မြန်မာအစိုးရနှင့် သဘောထား ကွဲလွဲသူများကြား ဆွေးနွေးမှုများ ဖြစ်မြောက်လာစေရန် ကြိုးပမ်းမှုများ ရှိခဲ့သည်။ သို့သော် ကြိုးပမ်းမှုများမှာ ထင်သလောက် မအောင်မြင်ခဲ့ပေ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီရာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ သံတမန်များနှင့် တွေ့ဆုံ



ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီရာသည် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ သံတမန်များနှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။
မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့သည့် ဗီဂျေးနမ်ဘီရာသည် ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အဆိုပါနေ့ မွန်းလွဲ ၂ နာရီတွင် သွားရောက်၍ ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံမှုမှာ တစ်နာရီကျော် ကြာမြင့်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံမှုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဗီဂျေးနမ်ဘီရာကို တွေ့ဆုံရသည့်အတွက် ၀မ်းမြောက်မိပါကြောင်း၊ တစ်ကြိမ်တွေ့ရုံဖြင့် လုံလောက်သည်ဟု မိမိ မထင်ပါကြောင်း ပြောကြားခဲ့ပြီး ဆွေးနွေး ခဲ့သည့် အကြောင်းအရာ အသေးစိတ်ကိုမူ  ပြောကြားခဲ့ခြင်း မရှိကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
ထို့ပြင် ဗီဂျေးနမ်ဘီရာသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်၊ ဦးဝင်းမြင့်၊ ဒေါက်တာ ဒေါ်မေ၀င်းမြင့်တို့နှင့် လည်းကောင်း၊ ဦးအေးသာအောင်၊ ဦးထောင်ခိုထန်း၊ ဦးပုကျင့်ရှင်းထန်၊ ဦးနိုင်ထွန်းသိန်း တို့နှင့်လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့နောက် ဗီဂျေးနမ်ဘီရာသည် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ရုံးသို့ သွားရောက်၍ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေနှင့် အဖွဲ့ဝင်များနှင့်လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းနှင့် အဖွဲ့ဝင်များ နှင့်လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
''တွေ့ဆုံမှုကတော့ ညနေ ၄ နာရီကနေ ၄ နာရီခွဲ အထိပါ။ ပထမဆုံး ကိုယ်စားလှယ်အကြောင်း ရှင်းပြပါတယ်။ ကုလသမဂ္ဂအနေနဲ့ ပါတီအတွက် ဘာတွေများ လုပ်ပေးနိုင်မလဲ မေးမြန်းပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲ အတွေ့အကြုံ၊ နောက် ဘာတွေ ဆက်လုပ်သွားမလဲ ဆိုတာကို မေးမြန်းပါတယ်''ဟု တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောကြားခဲ့သည်။
''တွေ့ဆုံမှုကတော့ နာရီဝက်လောက်ပဲ ကြာပါတယ်။ ရွေးကောက်ပွဲ အတွေ့အကြုံနဲ့ ရှေ့ဘာဆက်လုပ်သွားမလဲ ဆိုတာကို အဓိက မေးပါတယ်''ဟု တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီမှ ဒုဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အထူးအကြံပေးပုဂ္ဂိုလ်သည် နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် မြရိပ်ညိုရွိုင်ရယ်ဟိုတယ်၌ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဉာဏ်ဝင်းက ယင်းနေ့ညပိုင်းတွင် မြရိပ်ညိုရွိုင်ရယ် ဟိုတယ်၌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီရာနှင့် အဖွဲ့ဝင်များအား ညစာဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။
အိန္ဒိယလူမျိုး ဗီဂျေးနမ်ဘီရာသည် ၀ါရင့် သံတမန်တစ်ဦး ဖြစ်ပြီး ၂၀၀၇ ခုနှစ် ဇန်န၀ါရီလမှစကာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ Chief of Staff ဖြစ်လာသူ ဖြစ်သည်။
မြန်မာ နိုင်ငံ သို့ ရောက်ရှိလာ တဲ့ ကိုရီးယား သရုပ်ဆောင် များနဲ့  မြန်မာ သရုပ်ဆောင်များ
ကိုရီးယား-မြန်မာ သံတမန် ဆက်သွယ်မှု ၃၅ နှစ် မြောက် နေ့ တွင် ရန်ကုန် မြို့  သို့ ရောက်ရှိ လာတဲ့ ကိုရီးယား သရုပ်ဆောင် လီဟးနား နှင့် လီဆောင်ဂီ
ရန်ကုန် မြို့ ချတ်ထရီယန် ဟိုတယ် ကို ရောက်ရှိ လာတဲ့် “ရာဇ၀င်တွင်မည့် သူရဲကောင်း” ဇာတ်လမ်းတွဲ မှ နာမည် ကျော် သရုပ်ဆောင် ဂျူမုံ(လီဆောင်ဂီ)
မြန်မာ နိုင်ငံကို လာရောက် တဲ့ ကိုရီးယား မင်းသမီး လီဟားနား

ကိုရီးယား - မြန်မာ သံတမန် ဆက်သွယ် ရေး နှစ် ပတ်လည် အခမ်းအနား အတွက် ရန်ကုန် မြို့ ကို ရောက်ရှိ လာတဲ့ ကိုရီးယား သရုပ်ဆောင် များ
မြန်မာ နိုင် ငံ သို့ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ် ဖြင့်ရောက်ရှိလာသည့် ကိုရီးယား မင်းသား လီဆောင်ဂီ

Saturday, November 27, 2010

ကိုရီးယား သရုပ်ဆောင်များ ဖြစ်ကြသော ဂျူမုံနှင့် လီဟားနားတို့ ရန်ကုန်မြို့သို့ ရောက်ရှိ PDF

Jumone
Jumone
Jumone


    မြန်မာနိုင်ငံတွင်ကျင်းပမည့် တောင် ကိုရီးယားနိုင်ငံ၏ ပဉ္စမအကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအ နားသို့တက်ရောက်ကြမည့် ကိုရီးယားသ ရုပ်ဆောင် ဆောင်အီလ်ဂွတ် (ဂျူမုံ)နှင့် လီဟားနားတို့သည် နိုဝင်ဘာလ ၂၅ရက် နေ့ ည ၇နာရီအချိန်က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီဖြစ်သည်။
    ကိုရီးယားအနုပညာရှင်အဖွဲ့သည် နိုဝင်ဘာလ ၂၆ရက်နေ့ နံနက် ၁၀နာရီခွဲ အချိန်တွင် Chatrium ဟိုတယ်၌ မီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်ပြီး မွန်းလွဲ ၂နာရီအချိန်တွင် ရန်ကုန်မြို့ ဒဂုံစင်တာ၌ ပရိသတ်နှင့်တွေ့ဆုံ၍ အမှတ်တရ လက်မှတ်ရေးထိုးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရ သည်။
    ယင်းအနုပညာရှင်များသည် နိုဝင်ဘာလ ၂၆ ရက်နေ့ညနေတွင် ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံ၌ ပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် ကိုရီးယား ရုပ်ရှင်ပွဲတော်ကို တက်ရောက် ဖွင့်လှစ်ပေးမည်ဖြစ်ကာ နိုဝင်ဘာလ ၂၇ရက်နေ့ မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမျှော်ကြမည်ဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံဘုရားဖူးခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ သားအမိ (နိုဝင်ဘာ ၂၄)






Thursday, November 25, 2010

အကယ်ဒမီ ခင်စိုးပိုင် ယာဉ်မတော်တဆမှုကြောင့် ရန်ကုန်မြို့ မျက်စိ အထူးကုဆေးရုံတွင် ကုသမှုခံယူလျက်ရှိ

အကယ်ဒမီ ခင်စိုးပိုင်သည် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန် မြို့ တောင်ဥက္ကလာပ သစ္စာလမ်းမပေါ်၌ ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်မြို့ မျက်စိအထူး ကုဆေးရုံတွင် ဆေးကုသမှုတက် ရောက်ခံယူလျက်ရှိသည်ဟု သတင်းရရှိသည်။ သရုပ်ဆောင်ခင်စိုးပိုင်၏ ညာဘက်မျက်လုံး ဒဏ်ရာမှာပြင်းထန်သဖြင့် သုံးနာရီကြာ ခွဲစိတ်ကုသခဲ့ရ ပြီး မျက်စိအစားထိုးကုသမှု ပြုလုပ်နိုင်ရန် ပြင်ဆင်သွားမည်ဟု ခင်စိုးပိုင်၏သားဖြစ်သူက ပြောပြခဲ့သည်။
     "အဲဒီနေ့ ည ၈ နာရီခွဲလောက်မှာ ကြေးအိုးဝယ်မယ်ဆိုပြီးတော့ အမေတစ်ယောက်တည်း ဂျစ်ကားလေး မောင်းပြီး ထွက်သွားတာ။  ယာဉ်တိုက်မှုဖြစ်မယ့်နေရာမှာ အမေ ကကွေ့ကြောကို မှားယူမိတာလို့ပြော ပါတယ်။ ဖြစ်ပြီးပြီးချင်းမှာ ဘေးပတ်ဝန်းကျင်က သင်္ဃန်းကျွန်းဆေးရုံကို ပို့ပေးခဲ့ပါတယ်။ သွေးထွက်အရမ်းလွန်နေတဲ့အခါကျတော့ ရန်ကုန်ဆေး ရုံကြီးကို လွှဲပေးခဲ့ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ နဖူးဒဏ်ရာကို ချုပ်ရတယ်။ နှုတ်ခမ်းက ခုနစ်ချက်ချုပ်ရတယ်။ လက်ကောက်ဝတ်အဆစ် ပြုတ်ထွက်သွားတယ်။ ဒါကြောင့် လက်ကို ကျောက်ပတ်တီးကိုင်ရတယ်။ အဲဒါတွေပြီးတော့မှ မျက်စိဆေးရုံကို လွှဲပြောင်းပေးလိုက်တာ ပါ"ဟု ခင်စိုးပိုင်၏ သားငယ်ဖြစ်သူ ဒေါ်လာက ပြောပြခဲ့သည်။
   "ကျွန်မကို ပရိသတ်တွေ စိတ်ပူပေးကြတဲ့အတွက် အရမ်းကျေးဇူး တင်ပါတယ်။ ကျွန်မသက်သာနေပါပြီ။ ပရိသတ်ပေးတဲ့မေတ္တာကြောင့် ကျွန်မ သက်သာပါတယ်။ မျက်စိအလင်း ပြန်ရပါစေလို့လည်း ဆုတောင်းပေးစေချင်ပါတယ်။ ဒဏ်ရာတွေ အားလုံးပျောက်ကင်းသွားခဲ့ရင်တော့ ချစ်တဲ့အနုပညာအလုပ်တွေ ပြန်လုပ်ခွင့်ရချင်ပါတယ်" ဟု ခင်စိုးပိုင်က ပြောပြခဲ့သည်။
   သရုပ်ဆောင် ခင်စိုးပိုင်သည် အနုပညာလောကအတွင်း အမူအရာ ပီပြင်ပိုင်နိုင်သည့် သရုပ်ဆောင်တစ်ဦးအဖြစ် ထင်ရှားသူတစ်ဦးဖြစ်ပြီး ၁၉၈၅ ခုနှစ်တွင် 'ပန်းသီတဲ့ကြိုး' ရုပ်ရှင်ဇာတ်ကား၌ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့အကယ်ဒမီဆုကို ဆွတ်ခူးရရှိထားသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ လူစည်ကားသော ဈေးကြီးအချို့တွင် လုံခြုံရေးသတိရှိရန် အသိပေးနှိုးဆော်နေ

ရန်ကုန်မြို့လယ်ရှိ အင်တာနက်ဆိုင် တစ်ခုတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ချိန်ကိုက်မိုင်းလေးလုံး တွေ့ရှိခဲ့မှုကြောင့် ရန်ကုန်မြို့ရှိ လူစည်ကားသော ဈေးကြီးအချို့တွင် လုံခြုံရေးပိုင်းကို ပိုမိုသတိထားလာ ရပြီး လုံခြုံရေးသတိရှိရန်လည်း အသိပေးနှိုးဆော်နေကြောင်း သိရှိရပါသည်။
"ဈေးထဲမှာ လုံခြုံရေးသတိရှိဖို့ အတွက် အရင်ထက်ပိုပြီး လုပ်နေရပါတယ်။ ဈေးကလုံခြုံရေးအဖွဲ့တွေကိုလည်း လုံခြုံရေးအပေါက်တွေကို မကြာခဏလိုက်လံ စစ်ဆေးခိုင်းထားပါတယ်။ ပြီးတော့ ရန်ကုန်မြို့လယ် မှာ မပေါက်ကွဲသေးတဲ့ ချိန်ကိုက်မိုင်း တွေ့တယ်ဆိုတဲ့အကြောင်းကိုလည်း လုံခြုံရေးအဖွဲ့တွေကိုပြောပြပြီး လုံခြုံရေးနဲ့ပတ်သက်ပြီး  Alarm လုပ်နေရပါတယ်။ လူစည်ကားတဲ့ဈေးဆိုတော့ လုံခြုံရေးသတိရှိတာ အကောင်းဆုံးပဲ"ဟု သိမ်ကြီးဈေး အေဘီရုံဈေး သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
"လုံခြုံရေးနဲ့ပတ်သက်ပြီး နိုးနိုး ကြားကြား လုပ်နေရပါတယ်။ အဓိကတော့ ဈေးလုံခြုံအောင်လို့ပါ။ ပြီးတော့ ဈေးထဲမှာ သံသယဖြစ်ဖွယ် ပစ္စည်းတွေဘာတွေတွေ့ရင်လည်း  တာဝန်ရှိသူတွေကို လာရောက် တင်ပြအကြောင်းကြားဖို့လည်း ပြောထားပါတယ်။ ဆိုင်ခန်းတွေကိုလည်း ဈေးပိတ်လို့ပြန်တဲ့အခါမှာ ကိုယ့်ဆိုင်ခန်းတွေကို သော့ပိတ်ခဲ့ခြင်းရှိ၊ မရှိစစ် ဆေးနေရတဲ့အပြင် သော့ပိတ်ပြီးမှ ပြန်ဖို့ကိုလည်း နှိုးဆော်နေပါတယ်"ဟု ရန်ကုန်မြို့လယ်ရှိ ဈေးကြီးတစ်ခု မှတာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ သည်။
မင်္ဂလာဈေးသာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးလည်း "ကျွန် တော်တို့ဈေးမှာတော့ လတ်တလော ကာလလုံခြုံရေးနဲ့ ပတ်သက်ပြီး ပုံမှန်အတိုင်း ထားရှိဆောင်ရွက်နေပါတယ်" ဟု ဆိုပါသည်။
"ကျွန်တော်တို့ဈေးထဲမှာ လုံခြုံရေးအပိုင်းကတော့ ပုံမှန်လုပ်နေတာ ကို တွေ့နေရတယ်။ CCTV ကင်မရာတွေလည်း တပ်ထားတယ်လေ။ ပြီးခဲ့ တဲ့ရက်ပိုင်းမှာတော့ မြို့တော်ခန်းမနားက အင်တာနက်ဆိုင်တစ်ခုမှာ မပေါက်ကွဲသေးတဲ့ ချိန်ကိုက်မိုင်း တွေ့တယ်လို့ သတင်းကြားလိုက်ရတော့ ကိုယ့်ဆိုင်နားပတ်ဝန်းကျင် လုံခြုံရေးကိုတော့ ပိုပြီးသတိရှိထားရတာပေါ့"ဟု ဗိုလ်ချုပ်အောင်ဆန်း ဈေးတွင် ဆိုင်ဖွင့်လှစ်ထားသူတစ်ဦး က ပြောပြခဲ့သည်။

ရွှေတိဂုံစေတီတော်သို့ အဖိတ်နေ့နှင့် တန်ဆောင်တိုင် လပြည့်နေ့တွင် ဘုရားဖူးဦးရေ ၅၀၀၀၀၀ ကျော်လာရောက်ခဲ့ပြီး လူအုပ်စုကွဲသူ ၃၉ ဦးရှိခဲ့ကြောင်း သိရ

3359
     ရွှေတိဂုံစေတီတော်သို့ အဖိတ်နေ့နှင့် တန်ဆောင်တိုင် လပြည့်နေ့များတွင် ဘုရားဖူးဧည့်သည်ပေါင်း ၅၀၀၀၀၀ ကျော်လာရောက်ဖူးမြော်ခဲ့ပြီး လူအုပ်စုကွဲသွားခဲ့သူ ၃၉ ဦးကိုလည်း ပြန်လည်ပေါင်းစည်း၍ ကူညီပေးခဲ့ရကြောင်း ဂေါပကအဖွဲ့မှ ပြောကြားခဲ့သည်။
     တန်ဆောင်တိုင်ပွဲတော် ကာလတွင် ရွှေတိဂုံစေတီတော်သို့ အများအပြားလာရောက်ခဲ့သဖြင့် အခြားဒေသမှ ဘုရားဖူးဧည့်သည်များမှာ လူအုပ်စုကွဲသွားခြင်း၊ လမ်းပျောက်ခြင်းများ အများအပြားဖြစ်ပေါ်ခဲ့ပြီး ဒဏ်ရာ အနည်းငယ်ရရှိသူများကို ဆေးကုသပေးခဲ့ကြောင်း သိရှိရသည်။
     "ဘုရားကို ပွဲတော်ကာလအတွင်း မှာ လာရောက် လည်ပတ်လေ့လာတဲ့ ပြည်တွင်းပြည်ပဧည့်သည်တွေ စုစုပေါင်း ၅၀၀၀၀၀ ကျော် လာရောက်ခဲ့ကြပါတယ်။ လူအရမ်းများတဲ့ အတွက် တခြားဒေသက လာရောက် လေ့လာတဲ့ ဘုရားဖူးအဖွဲ့တွေက အများဆုံးလူစုကွဲပြီး လမ်းပျောက်တာတွေ ဖြစ်ခဲ့တယ်။ ဒီပွဲတော်ကာလမှာ အဲဒီလိုဖြစ်ခဲ့တဲ့ ဦးရေ ၃၉ ဦးကို ပြန်လည်ပြီးတော့ တွေ့ရှိအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ အများအားဖြင့်တော့ ကလေးငယ် တွေပဲဖြစ်ပါတယ်။ ပြန်လည်ပေါင်းစည်းပေးဖို့ အချိန်အများဆုံးယူတဲ့ အချိန်ကလည်း ငါးနာရီလောက် ကြာမြင့်ခဲ့တယ်။ တချို့ဆိုရင်လည်း  ဘယ်သူ ဘယ်ဝါရောက်နေတယ်။ ဘယ်ဒေသကဖြစ်တယ်၊ ဘယ်လို အရွယ်၊ ဘယ်လိုအ၀တ်အစား ၀တ်ထားတယ်ဆိုတာကို ရွှေတိဂုံဘုရား ပရိဝုဏ်တစ်ခုလုံးမှာ တပ်ဆင်ထားတဲ့ အသံချဲ့စက်တွေကနေ တစ်ဆင့်ပြောလိုက်တာနဲ့ အချိန်ခဏလေး အတွင်းမှာ ပေါင်းစည်းမိခဲ့ပါတယ်။ အရင်နှစ်တွေကလို လမ်းပျောက် သွားတဲ့သူတွေကို သူတို့နေထိုင်ရာ ဒေသအထိတော့ လိုက်ပို့ရတဲ့သူ တစ်ဦးမှမရှိပါဘူး"ဟု ရွှေတိဂုံစေတီတော် လုံခြုံမီးသတ်ဌာနမှဌာနမှူး ဦးထွန်းအောင်ငွေက ပြောကြားခဲ့ ပါသည်။
    တန်ဆောင်တိုင် ပွဲတော်ကာလအတွင်း ဘုရားဖူးဧည့်သည်များ အဆင်ပြေရန်အတွက် သန့်စင်ခန်းပေါင်း အလုံး ၈၀ ကို ယာယီတည်ဆောက်ပေးခဲ့ပြီး တိုင်းရင်းဆေး ကုသဆောင်နှင့် အနောက်တိုင်း ဆေးကုသဆောင်ကို ၂၄ နာရီဖွင့် လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ဗုဒ္ဓ၀င်ပြခန်းကိုလည်း ပွဲတော်ကာလအတွင်း၌ ညပိုင်းများတွင်လည်း တိုးချဲ့ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။

နိဗ္ဗာန်ဈေးပွဲတော်တွင် တစ်နိုင်တစ်ပိုင်လှူဒါန်းသည့် ပုံစံဖြင့်သာ ကျင်းပခဲ့ရ

ယခုနှစ် နိဗ္ဗာန်ဈေးပွဲတော်တွင် ရပ်ကွက်အများစု၌ တစ်နိုင်တစ်ပိုင် မဲနှိုက်သည့်စနစ်ဖြင့် လှူဒါန်းခဲ့ကြကြောင်း အဆိုပါရပ်ကွက်များမှ အလှူရှင်များ၏ ပြောကြားချက်များ အရ သိရှိရသည်။
ယခင်နှစ်များက နိဗ္ဗာန်ဈေး ပွဲတော်ကျင်းပရာတွင် လှူဒါန်းရာ၌ အလှူရှင်အများ စုပေါင်းလှူဒါန်းခြင်းကြောင့် စားသုံးသူများကိုလည်း အများအပြား လှူဒါန်းခဲ့ရသော်လည်း ယခုနှစ်တွင်မူ နေရာအများစု၌ တစ်နိုင်တစ်ပိုင်ဖြင့်သာ လှူဒါန်းခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်သာယာလမ်းတွင် နိဗ္ဗာန်ဈေးပွဲတော် ပြုလုပ်ခြင်းနှင့် ပတ်သက်၍ "အခု ကျွန်တော်တို့ နိဗ္ဗာန်ဈေးပွဲတော် ပြုလုပ်တာ ရှစ်ကြိမ်မြောက်ရှိပါပြီ။ တစ်လမ်းလုံးကလည်း သူတို့အိမ် အလိုက်တစ်နိုင်တစ်ပိုင်လှူဒါန်းချင် တာကို မဲစနစ်နဲ့ ပြုလုပ်ခဲ့ပါတယ်။ ဥပမာ မဲနှိုက်တဲ့သူက အမှတ်စာရင်း (၂)ကျခဲ့မယ်ဆိုရင် အဲဒီအမှတ်စဉ် အလှူအိမ်ကို လိုက်ရှာပြီးတော့ ကိုယ်ပေါက်ခဲ့တဲ့မဲကတ်ပြားကိုပေးပြီး ထုတ်ရတာပါ။ အရင်နှစ်တွေက လာတဲ့သူတွေကို ကြိုက်သလောက် ကျွေးမွေးတဲ့စနစ် အတော်ကိုနည်းသွားတယ်"ဟု အလှူရှင်တစ်ဦးက ဆိုသည်။
၉၂ လမ်း မိသားစု နိဗ္ဗာန်ဈေး ပွဲတော်ကျင်းပခြင်းနှင့် ပတ်သက်၍ "ဒီနှစ်မှာလည်း ကျွန်တော်တို့ လမ်းအနေနဲ့ လှူဒါန်းချင်တဲ့အိမ်တွေကပဲ မိမိအစီအစဉ်နဲ့ မိမိလှူဒါန်းခဲ့ကြပါတယ်။ အဲဒီလိုအစီအစဉ်တွေထဲမှာ ထမင်း၊ ဟင်းကျွေး မွေးတဲ့အိမ်မှာပဲ အများဆုံးလူစည်ကားခဲ့ပါတယ်"ဟု အလှူရှင်တစ်ဦး က ပြောကြားခဲ့သည်။
ယခင်နှစ်များက အများစု လှူဒါန်းသည့် အ၀စားစနစ်ပြုလုပ်မှုမှာ ယခုနှစ်တွင် အလွန်နည်းပါးခဲ့ပြီး ယင်းစနစ်ကိုရိုးရာမပျက် ပြုလုပ်သည့် အလှူရှင်များမှာလည်း အရေအတွက် အကန့်အသတ်ဖြင့်သာ လှူဒါန်းခဲ့ကြောင်းလည်း သိရှိရသည်။
ပြည်သာယာလမ်းမှအလှူရှင် တစ်ဦးကလည်း "ကျွန်တော်တို့ မိသားစုအနေနဲ့ နိဗ္ဗာန်ဈေးပွဲတော်ကို အစဉ်အလာမပျက် ကျင်းပခဲ့တာပါ။ အခုနှစ်မှာ ဆန်နှစ်အိတ်နဲ့ ဘဲဥ အလုံး ၂၀၀ ကိုပဲ လှူဒါန်းခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

Wednesday, November 24, 2010

တီဘီ/အိတ်ခ်ျအိုင်ဗွီ ဒွန်တွဲဝေဒနာရှင်များ အတွက် အေအာတီဆေး ပေးသည့် အစီအစဉ်ကို မြို့နယ်သုံးမြို့နယ်တွင် တိုးချဲ့လုပ်ဆောင်သွားမည်

တီဘီ/အိတ်ခ်ျအိုင်ဗွီဒွန်တွဲ ဝေဒနာရှင်များအတွက် အေအာတီဆေးပေးသည့် အစီအစဉ်ကို လာမည့်၂၀၁၁ ခုနှစ်တွင် မြို့နယ်သုံးမြို့နယ်တွင် တိုးချဲ့လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရှိရပါသည်။
   " ကျွန်တော်တို့ စီမံကိန်းအနေနဲ့ တီဘီလူနာသစ်တွေမှာ အိတ်ခ်ျအိုင်ဗွီပိုးရှိမှု အခြေအနေကို၂၀၀၅ခုနှစ် ကစပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။ အခုနောက်ဆုံးမြို့နယ် ၁၅ မြို့ နယ်မှာ ပြုလုပ်ခဲ့တဲ့အဖြေအရ တီဘီလူနာသစ်ထဲမှာ ၉ ဒသမ ၁၅ ရာခိုင်နှုန်းက အိတ်ခ်ျအိုင်ဗွီပိုးရှိတာကို တွေ့ရှိခဲ့ပါတယ်။ လက်ရှိအချိန်အထိ တီဘီ/အိတ်ခ်ျအိုင်ဗွီဒွန်တွဲဝေဒနာရှင် ၃၀၀၀ခန့်ကို အေအာတီဆေး ပေးလျက်ရှိပါတယ်။ လာမည့်၂၀၁၁ ခု နှစ်ရောက်ရင် မြင်းခြံ၊ မိတ္တီလာ၊ မုံရွာ မြို့တွေမှာ ဆက်လက်တိုးချဲ့လုပ်ဆောင်သွားဖို့ရှိပါတယ်" ဟု အမျိုးသားတီဘီ တိုက်ဖျက်ရေးစီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
   လက်ရှိအချိန်တွင် တီဘီ/အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များအတွက် အဓိကအားဖြင့် The Union အဖွဲ့အစည်း မှပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး PSI, MSF-Holland နှင့် AHRN စသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်း များနှင့်လည်း ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
    တီဘီ/အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များကို ရှာဖွေဖော်ထုတ်ရာတွင် တီဘီလူနာများကို နှစ်သိမ့်ဆွေးနွေးပညာပေးပြီး အိတ်ခ်ျအိုင်ဗွီစစ်ဆေးခြင်းဖြင့် လည်းကောင်း၊ အိတ်ခ်ျအိုင်ဗွီလူနာများကို တီဘီရောဂါရှိမရှိ ပုံမှန်စစ် ဆေးခြင်းဖြင့်လည်းကောင်း အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်နှင့် ခုခံအားကျဆင်းမှုကူးစက် ရောဂါနှင့် ကာလသားရောဂါတိုက် ဖျက်ရေးစီမံချက်တို့ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
   လက်ရှိ မြန်မာနိုင်ငံသည်ကမ္ဘာ့ တီဘီ/အိတ်ခ်ျအိုင်ဗွီ ဒွန်တွဲဖြစ်ပွားမှု အများဆုံး ၄၁ နိုင်ငံတွင်ပါဝင်နေဆဲ ဖြစ်ကြောင်းနှင့် မိခင်မှအိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသော ကလေးများတွင်လည်း တီဘီ/အိတ်ခ်ျအိုင်ဗွီ ဒွန်တွဲဖြစ်ပွားမှုများလည်း ရှိကြောင်း သိရသည်။
  တီဘီနှင့် ခုခံကျ/ကာလသား ရောဂါတိုက်ဖျက်ရေး စီမံချက်တို့ပူးပေါင်းပြီး တီဘီလူနာသစ်များတွင် အိတ်ခ်ျအိုင်ဗွီပိုးရှိမှုနှုန်း စူးစမ်းရှာဖွေခြင်းအတွက် မြို့နယ်များတိုးချဲ့ဆောင်ရွက်ခြင်း၊တီဘီလူနာများကို နှစ်သိမ့်ဆွေးနွေး ပညာပေး၍ အိတ်ခ်ျအိုင်ဗွီ ရှိမရှိစစ်ဆေးပေးခြင်းနှင့် စစ်ဆေးမှု ပြုလုပ်နိုင်မည့် မြို့နယ်များတိုးချဲ့ဆောင်ရွက်ပေးခြင်း၊ အိတ်ခ်ျအိုင်ဗွီလူ နာများတွင်တီဘီရောဂါကို စောလျင်စွာ ရှာဖွေဖော်ထုတ် နိုင်စေရန် ဆောင်ရွက်ပေးခြင်း၊ အေအာတီရရှိနိုင်မည့် မြို့နယ်များတိုးချဲ့ခြင်း၊ တီဘီနှင့်အိတ်ခ်ျ အိုင်ဗွီစီမံချက်တို့ အပြန်အလှန် လူနာညွှန်းပို့သည့်စနစ် အားကောင်းလာစေရန် ဆောင်ရွက်ခြင်း၊ လိုအပ်သည့် သင်တန်းများပေးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
  မြန်မာနိုင်ငံတွင် တီဘီနှင့်အိတ်ခ်ျ အိုင်ဗွီစီမံချက်တို့ ပူးပေါင်းဆောင်ရွက်မှုကို ၂၀၀၄ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းထုတ် ဂျာနယ် (၉)စောင်အား စာပေစိစစ်ရေးမှ ဂျာနယ် ထုတ်ဝေခွင့် ယာယီ ရပ်နားစေခဲ့ကြောင်း သိရ

ပြည်တွင်း ထုတ်ဝေလျက်ရှိသော အားကစားဂျာနယ် တစ်စောင်နှင့် သတင်းဂျာနယ် (၈)စောင်အား ဂျာနယ်ထုတ်ဝေခွင့် ယာယီ ရပ်နားစေခဲ့ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ နိုဝင်ဘာလ ၂၁ ရက် နေ့စွဲဖြင့် အသိပေးကြေညာချက်အရ သိရသည်။
    စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ချမှတ်ထားသော စာပေစိစစ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပုံနှိပ်ထုတ်ဝေခြင်း မရှိခဲ့မှုအတွက် သတ်မှတ်ကာလများ အတိုင်း ထုတ်ဝေခွင့် ရပ်နားစေခြင်းဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။
    First Eleven Sports Journal  နှင့် Hot News ဂျာနယ်တို့ကို ထုတ်ဝေခွင့် (၂)ပတ် ရပ်နားစေခဲ့ပြီး 7 Day၊ Venus ၊ Myanmar Newsweek၊ လျှပ်တစ်ပြက်၊ မြန်မာပို့စ်၊ ပြည်သူ့ခေတ်နှင့် The Voice ဂျာနယ်တို့ကို ထုတ်ဝေခွင့် (၁)ပတ်စီ ရပ်နားစေခဲ့ကြောင်း ကြေညာချက်အရ သိရသည်။

ကွန်ပျူတာကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်း၊ စိတ်ဖိစီးမှု များပြားခြင်းစသည့် အချက်များကြောင့် အသက်အရွယ် ကြီးပြင်းလာချိန်၌ အရိုးပါးရောဂါနှင့် ကျီးပေါင်းရောဂါများ ဖြစ်ပွားမှုပိုမိုလာ

3353
   ကွန်ပျူတာကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းနှင့် စိတ်ဖိစီးမှုများပြားခြင်း စသည့်အချက်များကြောင့် အသက်အရွယ်ကြီးပြင်းလာချိန်၌ အရိုးပါးရောဂါနှင့် ကျီးပေါင်းရောဂါများ ဖြစ်ပွားမှုပိုမိုလာကြောင်း သတင်းရရှိသည်။
   ထို့ပြင် ယနေ့ခေတ် လူငယ်ယောက်ျားလေးများ၏ ၂၅ ရာခိုင် နှုန်းနှင့် မြီးကောင်ပေါက်အရွယ် မိန်းကလေးများ၏ ၁၀ ရာခိုင်နှုန်းသည် မျှတသည့် အစားအစာ မစားတတ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်လက်လှုပ်ရှားမှု မပြုခြင်း၊ အရက်၊ ဆေးလိပ်စွဲလန်းခြင်း၊ ကိုယ်ခန္ဓာအချိုးအစား ကြုံလှီသေးသွယ်မှု ကို လိုလားခြင်း စသည့်အကြောင်းအရာများကြောင့်လည်း ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။
   အရိုးပါးရောဂါဆိုသည်မှာ အရိုးအဖွဲ့စည်းတစ်ခုလုံး၏ ဇီဝဖြစ်စဉ်တွင် အရိုးထုထည်ပမာဏနှင့်ဝန် ခံနိုင်ရည်စွမ်းအား လျော့ကျလာပြီး အရိုးပုံသဏ္ဌာန်ပျက်ခြင်းနှင့် အရိုးကျိုး လွယ်လာခြင်းကို ဆိုလိုသည်။ လူတစ်ယောက်၏ သတ်မှတ်အသက်အရွယ် ၂၀မှ ၂၅ နှစ်အတွင်း အရိုး ဖွံ့ဖြိုးမှု အကောင်းဆုံး အခြေအနေတွင် ရှိသင့်သည့် အရိုးထုထည် ပမာဏထက် စံနှုန်း ၂ ဒသမ ၅ SD ကျဆင်းသွားလျှင် အရိုးပါးရောဂါရှိနေပြီး ၎င်းစံနှုန်းဖြင့် အရိုးပါကျိုးပြီဆိုလျှင် အဆိုးဆုံး အခြေအနေရောက်နေပြီ ဟု သတ်မှတ်နိုင်ကြောင်း သိရသည်။
3353a    အသက် ၆၀ မှ ၇၀ အတွင်းရှိ အမျိုးသမီးများ၏သုံးပုံတစ်ပုံမှာ အရိုးပါးရောဂါကို ခံစားကြရပြီး အသက် ၈၀ကျော် အမျိုးသမီးများ၏ သုံးပုံနှစ်ပုံခန့်၊ အသက် ၅၀ ကျော် အမျိုးသမီးများ၏ ၂၀ မှ ၂၅ရာခိုင်နှုန်းခန့်သည် ကျောရိုးပြားပြီး ကျိုးသည့် အရိုးဝေဒနာကို တစ်ကြိမ်ကြိမ်မှာ ခံစားဖူးရကြောင်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာအရ အမျိုးသမီးသန်း ၂၀၀ခန့် အရိုးပါးရောဂါဖြစ်ပွားနေကြကြောင်း သိရပါသည်။ အမျိုးသားများသည်လည်း အသက်အရွယ်ရလာလျှင် အရိုးပါးရောဂါဖြစ်ပွားခြင်းမှ  မလွတ်ကင်းနိုင်ဘဲ ရောဂါဖြစ်လာပါက ဝေဒနာပိုမိုခံစားရကြောင်း သိရသည်။

လူတစ်ယောက်၏ သတ်မှတ်အသက်အရွယ် ၂၀မှ ၂၅ နှစ်အတွင်း အရိုး ဖွံ့ဖြိုးမှု အကောင်းဆုံး အခြေအနေတွင် ရှိသင့်သည့် အရိုးထုထည် ပမာဏထက် စံနှုန်း ၂ ဒသမ ၅ SD ကျဆင်းသွားလျှင် အရိုးပါးရောဂါရှိနေပြီး ၎င်းစံနှုန်းဖြင့် အရိုးပါကျိုးပြီဆိုလျှင် အဆိုးဆုံး အခြေအနေရောက်နေပြီ ဟု ..

   "အရိုးပါးရောဂါကို Disease of Life style and Productive Issue or Public Health Problem တစ်ခုအနေနဲ့ အလေးထားရမယ့်ရောဂါ အမျိုးအစားတစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆော်သြလျက်ရှိပါတယ်။ ဒီရောဂါက အသက်အန္တရာယ် ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်တဲ့ ရောဂါမဟုတ်ပေမယ့် ရောဂါခံစားနေရသူ တစ်ဦးအတွက် ဘ၀တစ်ခုရဲ့ကိုယ်ရည်ကိုယ်သွေး ကျဆင်းပြီးနောက် ဆက်တွဲဆိုးကျိုးဝေဒနာတွေ ခံစားရမယ်။ ဖြစ်ပွားမှုနှုန်း များတာကြောင့် ကျန်းမာရေး အသုံးစရိတ်များပြီး လူ့စွမ်းအားအရင်းအမြစ် ကျဆင်းတဲ့ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်"ဟု မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး အရိုးရောဂါပညာဌာနမှ ပါမောက္ခ ဒေါက်တာဦးမြင့်သောင်းက ရှင်းပြခဲ့သည်။
   ၁၉၉၅-၁၉၉၆ ခုနှစ် စာရင်းများအရ အမျိုးသမီးများတွင် ဖြစ်ပွားသော အရိုးပါးရောဂါသည် အခြား Life style Disease  ဖြစ်သည့်သွေးတိုး၊ နှလုံး၊ လေဖြတ်၊ ရင်သားကင်ဆာ ရောဂါများထက် ဖြစ်ပွားမှုနှုန်း ၃ ဆခန့်ပိုများကြောင်း၊ အရိုးပါးရောဂါကြောင့် တင်ပါးဆုံရိုးကျိုးလူနာများကို ခွဲစိတ်ကုသရနှုန်းမှာ တစ်ကမ္ဘာလုံးတွင် ၁၉၉၀ ပြည့်နှစ်က ၁ ဒ သမ ၆၆ သန်း ရှိလာပြီး လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ၆ ဒသမ ၂၆ သန်းအထိ တိုးလာဖွယ်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။
   အမျိုးသမီးများတွင် အသက် အရွယ်ရလာချိန်တွင် အရိုးကျိုးခဲ့ဖူးခြင်း၊ မိသားစုအတွင်း အသက်ကြီး မှ အရိုးကျိုးခဲ့ဖူးခြင်း၊ ကိုယ်အလေးချိန်နည်းသူများ (၁၂၇ပေါင်အောက် ရှိသူများ)၊ ဆေးလိပ်သောက်သုံးနေဆဲရှိသူများ၊ စတီးရွိုက်ဟော်မုန်း ဆေးများ ၃ လကျော် ပုံမှန်သုံးစွဲနေသူများ၊ ကိုယ်လက်လှုပ်ရှားမှု မရှိသလောက်နည်းပါးသူများ၊ စောစီးစွာ သွေးဆုံးကြသူများနှင့် သားအိမ်၊ သားဥအိမ် ထုတ်ထားသူများတွင် အရိုးပါးရောဂါအန္တရာယ် ဖြစ်နိုင်ခြေ များကြောင်း သိရသည်။ အမျိုးသားများတွင် အသက်ကြီးမှ တစ်ချိန်ချိန်တွင် အရိုးကျိုးခဲ့ဖူးသူများ၊ ဓာတ်မှန်တွင် အရိုးပါးလက္ခဏာရှိကြသူများ၊ စတီးရွိုက်ဟော်မုန်းဆေးများ ၆ လ ကျော် ပုံမှန်သုံးစွဲနေသူများ၊ မျိုးပွား အင်္ဂင်္ါအစိတ်အပိုင်း ခွဲစိတ်ထုတ်ထားသူများ၊ လည်ပင်းအကျိတ်ရောဂါရှိ သူများ၊ ကျောက်ကပ်၊ အသည်းရောဂါ နာတာရှည်ဝေဒနာရှင်များ၊ ဆေးလိပ်၊ အရက် အလွန်အကျွံသောက်သုံးသူများနှင့် ကိုယ်လက်လှုပ်ရှားမှု မရှိသလောက်နည်းပါးသူများတွင် ရောဂါဖြစ်ပွားနိုင်ကြောင်းသိရသည်။
   မြန်မာနိုင်ငံတွင် ခန့်မှန်းတွက်ချက်မှု မရှိသေးသော်လည်း အရိုးကျိုးပြီဆိုလျှင် လူမှုရေး၊ စီးပွားရေး၊ ဆေးကုသစရိတ် အလွန်ကုန်ကျများပြားသည်မှာ မြင်သာနိုင်ကြောင်းသိရသည်။
    "နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု နှေးကွေး လေးလံလာမယ်။ အင်အား ချိနဲ့လာမယ်။ အရိုးနာမယ်ကိုက်မယ်။ အရပ်နိမ့်ပြီး ခါးကုန်းလာမယ်။ သာမန်ထိခိုက်ရုံနဲ့ အလွယ်တကူအရိုးကျိုးလာမယ်။ ဒါတွေက အရိုးပါးရောဂါ ရဲ့လက္ခဏာတွေပါ။ အရိုးပါးရောဂါ မဖြစ်အောင် ဒါမှမဟုတ် ရောဂါဖြစ်ပြီးပြင်းထန်တဲ့ ဝေဒနာမခံစားရအောင်၊ အရိုးမကျိုးအောင် ကာကွယ်နိုင်ပါတယ်"ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။
   ငယ်ရွယ်စဉ်မှအစပြု၍ ကျန်းမာရေးအသိပညာ အမူအကျင့်၊ အလေ့အထကောင်းများ မွေးမြူခြင်း၊ ကျန်းမာသော အနေအထိုင် အစားအသောက် လေ့ကျင့်ခန်း၊ ကိုယ်လက် လှုပ်ရှားမှုများကို ပုံမှန်ပြုလုပ်ပေးခြင်း၊ ဆေးလိပ်၊ အရက်လွန်ကျူးစွာ မသုံးစွဲခြင်း၊ ထိခိုက်ဒဏ်ရာမှ ကာကွယ်ခြင်း၊ အစားအသောက် အာဟာရ ဖြည့်တင်းပေးခြင်းတို့ဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း သိရသည်။
   ထို့ပြင် အရိုးပါးရောဂါကို ခေတ်မီနည်းစနစ်ဖြင့် တိုင်းတာနိုင်သော ကိရိယာပစ္စည်းများ လိုအပ်နေခြင်း၊ အရိုးပါးခြင်းကြောင့်ဖြစ်သော အရိုးကျိုးရောဂါကို ခွဲစိတ်ကုသရန် ပိုမိုခေတ်မီသောပစ္စည်းကိရိယာများ လိုအပ်နေခြင်း၊ အရိုးပါးရောဂါ ကုထုံးနည်းစနစ်များကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် လျော်ညီအောင် ပြဋ္ဌာန်းကျင့်သုံးရန်လိုအပ်ခြင်း၊ ပြည် သူလူထု၏အသိပညာ တိုးမြှင့်ပေးရန် လိုအပ်ခြင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ဆေးပညာရှင်များအား လုံးဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ခြင်း၊ အရိုးပါးရောဂါ သုတေသနလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ပါသည်။   ပွင့်ဖြူဖြူလွင်
   ကွန်ပျူတာကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းနှင့် စိတ်ဖိစီးမှုများပြားခြင်း စသည့်အချက်များကြောင့် အသက်အရွယ်ကြီးပြင်းလာချိန်၌ အရိုးပါးရောဂါနှင့် ကျီးပေါင်းရောဂါများ ဖြစ်ပွားမှုပိုမိုလာကြောင်း သတင်းရရှိသည်။
   ထို့ပြင် ယနေ့ခေတ် လူငယ်ယောက်ျားလေးများ၏ ၂၅ ရာခိုင် နှုန်းနှင့် မြီးကောင်ပေါက်အရွယ် မိန်းကလေးများ၏ ၁၀ ရာခိုင်နှုန်းသည် မျှတသည့် အစားအစာ မစားတတ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်လက်လှုပ်ရှားမှု မပြုခြင်း၊ အရက်၊ ဆေးလိပ်စွဲလန်းခြင်း၊ ကိုယ်ခန္ဓာအချိုးအစား ကြုံလှီသေးသွယ်မှု ကို လိုလားခြင်း စသည့်အကြောင်းအရာများကြောင့်လည်း ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။
   အရိုးပါးရောဂါဆိုသည်မှာ အရိုးအဖွဲ့စည်းတစ်ခုလုံး၏ ဇီဝဖြစ်စဉ်တွင် အရိုးထုထည်ပမာဏနှင့်ဝန် ခံနိုင်ရည်စွမ်းအား လျော့ကျလာပြီး အရိုးပုံသဏ္ဌာန်ပျက်ခြင်းနှင့် အရိုးကျိုး လွယ်လာခြင်းကို ဆိုလိုသည်။ လူတစ်ယောက်၏ သတ်မှတ်အသက် အရွယ် ၂၀မှ ၂၅ နှစ်အတွင်း အရိုး ဖွံ့ဖြိုးမှု အကောင်းဆုံးအခြေအနေတွင် ရှိသင့်သည့် အရိုးထုထည်ပမာဏထက် စံနှုန်း ၂ ဒသမ ၅ SD ကျဆင်းသွားလျှင် အရိုးပါးရောဂါရှိနေပြီး ၎င်းစံနှုန်းဖြင့် အရိုးပါကျိုးပြီဆိုလျှင် အဆိုးဆုံး အခြေအနေရောက်နေပြီ ဟု သတ်မှတ်နိုင်ကြောင်း သိရသည်။
   အသက် ၆၀ မှ ၇၀ အတွင်းရှိ အမျိုးသမီးများ၏သုံးပုံတစ်ပုံမှာ အရိုးပါးရောဂါကို ခံစားကြရပြီး အသက် ၈၀ကျော် အမျိုးသမီးများ၏ သုံးပုံနှစ်ပုံခန့်၊ အသက် ၅၀ ကျော် အမျိုးသမီးများ၏ ၂၀ မှ ၂၅ရာခိုင်နှုန်းခန့်သည် ကျောရိုးပြားပြီး ကျိုးသည့် အရိုးဝေဒနာကို တစ်ကြိမ်ကြိမ်မှာ ခံစားဖူးရကြောင်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာအရ အမျိုးသမီးသန်း ၂၀၀ခန့် အရိုးပါးရောဂါဖြစ်ပွားနေကြကြောင်း သိရပါသည်။ အမျိုးသားများသည်လည်း အသက်အရွယ်ရလာလျှင် အရိုးပါးရောဂါဖြစ်ပွားခြင်းမှ  မလွတ်ကင်းနိုင်ဘဲ ရောဂါဖြစ်လာပါက ဝေဒနာပိုမိုခံစားရကြောင်း သိရသည်။
   "အရိုးပါးရောဂါကို Disease of Life style and Productive Issue or Public Health Problem တစ်ခုအနေနဲ့ အလေးထားရမယ့်ရောဂါ အမျိုးအစားတစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆော်သြလျက်ရှိပါတယ်။ ဒီရောဂါက အသက်အန္တရာယ် ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်တဲ့ ရောဂါမဟုတ်ပေမယ့် ရောဂါခံစားနေရသူ တစ်ဦးအတွက် ဘ၀တစ်ခုရဲ့ကိုယ်ရည်ကိုယ်သွေး ကျဆင်းပြီးနောက် ဆက်တွဲဆိုးကျိုးဝေဒနာတွေ ခံစားရမယ်။ ဖြစ်ပွားမှုနှုန်း များတာကြောင့် ကျန်းမာရေး အသုံးစရိတ်များပြီး လူ့စွမ်းအားအရင်းအမြစ် ကျဆင်းတဲ့ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်"ဟု မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး အရိုးရောဂါပညာဌာနမှ ပါမောက္ခ ဒေါက်တာဦးမြင့်သောင်းက ရှင်းပြခဲ့သည်။
   ၁၉၉၅-၁၉၉၆ ခုနှစ် စာရင်းများအရ အမျိုးသမီးများတွင် ဖြစ်ပွားသော အရိုးပါးရောဂါသည် အခြား Life style Disease  ဖြစ်သည့်သွေးတိုး၊ နှလုံး၊ လေဖြတ်၊ ရင်သားကင်ဆာ ရောဂါများထက် ဖြစ်ပွားမှုနှုန်း ၃ ဆခန့်ပိုများကြောင်း၊ အရိုးပါးရောဂါကြောင့် တင်ပါးဆုံရိုးကျိုးလူနာများကို ခွဲစိတ်ကုသရနှုန်းမှာ တစ်ကမ္ဘာလုံးတွင် ၁၉၉၀ ပြည့်နှစ်က ၁ ဒ သမ ၆၆ သန်း ရှိလာပြီး လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ၆ ဒသမ ၂၆ သန်းအထိ တိုးလာဖွယ်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။
   အမျိုးသမီးများတွင် အသက် အရွယ်ရလာချိန်တွင် အရိုးကျိုးခဲ့ဖူးခြင်း၊ မိသားစုအတွင်း အသက်ကြီး မှ အရိုးကျိုးခဲ့ဖူးခြင်း၊ ကိုယ်အလေးချိန်နည်းသူများ (၁၂၇ပေါင်အောက် ရှိသူများ)၊ ဆေးလိပ်သောက်သုံးနေဆဲရှိသူများ၊ စတီးရွိုက်ဟော်မုန်း ဆေးများ ၃ လကျော် ပုံမှန်သုံးစွဲနေသူများ၊ ကိုယ်လက်လှုပ်ရှားမှု မရှိသလောက်နည်းပါးသူများ၊ စောစီးစွာ သွေးဆုံးကြသူများနှင့် သားအိမ်၊ သားဥအိမ် ထုတ်ထားသူများတွင် အရိုးပါးရောဂါအန္တရာယ် ဖြစ်နိုင်ခြေ များကြောင်း သိရသည်။ အမျိုးသားများတွင် အသက်ကြီးမှ တစ်ချိန်ချိန်တွင် အရိုးကျိုးခဲ့ဖူးသူများ၊ ဓာတ်မှန်တွင် အရိုးပါးလက္ခဏာရှိကြသူများ၊ စတီးရွိုက်ဟော်မုန်းဆေးများ ၆ လ ကျော် ပုံမှန်သုံးစွဲနေသူများ၊ မျိုးပွား အင်္ဂင်္ါအစိတ်အပိုင်း ခွဲစိတ်ထုတ်ထားသူများ၊ လည်ပင်းအကျိတ်ရောဂါရှိ သူများ၊ ကျောက်ကပ်၊ အသည်းရောဂါ နာတာရှည်ဝေဒနာရှင်များ၊ ဆေးလိပ်၊ အရက် အလွန်အကျွံသောက်သုံးသူများနှင့် ကိုယ်လက်လှုပ်ရှားမှု မရှိသလောက်နည်းပါးသူများတွင် ရောဂါဖြစ်ပွားနိုင်ကြောင်းသိရသည်။
   မြန်မာနိုင်ငံတွင် ခန့်မှန်းတွက်ချက်မှု မရှိသေးသော်လည်း အရိုးကျိုးပြီဆိုလျှင် လူမှုရေး၊ စီးပွားရေး၊ ဆေးကုသစရိတ် အလွန်ကုန်ကျများပြားသည်မှာ မြင်သာနိုင်ကြောင်းသိရသည်။
    "နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု နှေးကွေး လေးလံလာမယ်။ အင်အား ချိနဲ့လာမယ်။ အရိုးနာမယ်ကိုက်မယ်။ အရပ်နိမ့်ပြီး ခါးကုန်းလာမယ်။ သာမန်ထိခိုက်ရုံနဲ့ အလွယ်တကူအရိုးကျိုးလာမယ်။ ဒါတွေက အရိုးပါးရောဂါ ရဲ့လက္ခဏာတွေပါ။ အရိုးပါးရောဂါ မဖြစ်အောင် ဒါမှမဟုတ် ရောဂါဖြစ်ပြီးပြင်းထန်တဲ့ ဝေဒနာမခံစားရအောင်၊ အရိုးမကျိုးအောင် ကာကွယ်နိုင်ပါတယ်"ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။
   ငယ်ရွယ်စဉ်မှအစပြု၍ ကျန်းမာရေးအသိပညာ အမူအကျင့်၊ အလေ့အထကောင်းများ မွေးမြူခြင်း၊ ကျန်းမာသော အနေအထိုင် အစားအသောက် လေ့ကျင့်ခန်း၊ ကိုယ်လက် လှုပ်ရှားမှုများကို ပုံမှန်ပြုလုပ်ပေးခြင်း၊ ဆေးလိပ်၊ အရက်လွန်ကျူးစွာ မသုံးစွဲခြင်း၊ ထိခိုက်ဒဏ်ရာမှ ကာကွယ်ခြင်း၊ အစားအသောက် အာဟာရ ဖြည့်တင်းပေးခြင်းတို့ဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း သိရသည်။
    ထို့ပြင် အရိုးပါးရောဂါကို ခေတ်မီနည်းစနစ်ဖြင့် တိုင်းတာနိုင်သော ကိရိယာပစ္စည်းများ လိုအပ်နေခြင်း၊ အရိုးပါးခြင်းကြောင့်ဖြစ်သော အရိုးကျိုးရောဂါကို ခွဲစိတ်ကုသရန် ပိုမိုခေတ်မီသော ပစ္စည်းကိရိယာများ လိုအပ်နေခြင်း၊ အရိုးပါးရောဂါ ကုထုံးနည်းစနစ်များကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် လျော်ညီအောင် ပြဋ္ဌာန်းကျင့်သုံးရန်လိုအပ်ခြင်း၊ ပြည် သူလူထု၏အသိပညာ တိုးမြှင့်ပေးရန် လိုအပ်ခြင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ဆေးပညာရှင်များအား လုံးဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ခြင်း၊ အရိုးပါးရောဂါ သုတေသနလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ပါသည်။

Tuesday, November 23, 2010

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် သားငယ် ကိုထိန်လင်း(ခ)ကင်မ်အဲရစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာ

ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုဝင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ် 
ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်
နိုဝင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် သားငယ် ကိုထိန်လင်း (ခ) ကင်မ်အဲရစ်သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၂၃ ရက် နေ့ နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။   


ကိုထိန်လင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာမှုကို မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်ကြိုဆိုခဲ့သည်။ သားအမိနှစ်ဦး ယခုတွေ့ဆုံမှုမှာ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလက နောက်ဆုံး တွေ့ဆုံခွင့်ရခဲ့ကြောင်း သိရသည်။
 အသက် ၃၃ နှစ်အရွယ်ရှိပြီ ဖြစ်သည့် ကိုထိန်လင်း (ခ) ကင်မ်အဲ ရစ်သည် ဒေါ်အောင်ဆန်းစုကြည် ၏သားနှစ်ယောက်အနက် အငယ်ဆုံးသားဖြစ်ပြီး ဗြိတိန်နိုင်ငံတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။


၎င်းသည် မြန်မာနိုင်ငံတွင် နေထိုင်ခွင့် နှစ်ပတ်ရရှိခဲ့ကြောင်း သတင်း ဖော်ပြချက်များအရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုဝင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ် 
ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်
နိုဝင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်
   သားကြီးဖြစ်သူ ကိုမြင့်ဆန်းအောင် (ခ) အလက်ဇန်းဒါးအဲရစ် အသက်(၃၈)နှစ်မှာ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။    
   သားငယ် မြန်မာနိုင်ငံသို့ ရောက်ရှိလာမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က အရမ်းဝမ်းသာမိကြောင်း သတင်းထောက်များ ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြောကြားခဲ့ကြောင်း သတင်း ဖော်ပြချက်များအရ သိရသည်။
  ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာပြီး ၁၀ ရက်အကြာတွင် သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်နှင့် ယခုကဲ့သို့ ပြန်လည်တွေ့ ဆုံခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

Photo: AFP


Monday, November 22, 2010

တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာမှုက ယနေ့ လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာ

668
ပြည်ပ အလုပ်အကိုင် ရရှိရန်အတွက် ဖိလစ်ပိုင်နိုင်ငံ Philippine Overseas Employment Administration (POEA) တွင် အလုပ်လာရောက် လျှောက်ထားသူများကို တွေ့ရစဉ်
   တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အလုပ်လက်မဲ့ဦးရေ များပြားလာမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးမှုတို့မှာ ယနေ့လူ့အဖွဲအစည်း တစ်ခုလုံးအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေသကဲ့သို့ ဖွံဖြိုးဆဲနိုင်ငံများရှိ လူ့အဖွဲ့အစည်းအတွက်လည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်လာကြောင်း ကျွမ်းကျင်ပညာရှင်များက သုံးသပ်ကြသည်။
   မြန်မာနိုင်ငံတွင်း တံခါးဖွင့်ဝါဒ ကျင့်သုံးပြီးနောက် လူငယ်အများစု ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်မှု များပြားလာပြီး အထူးသဖြင့် ဒေသတွင်း အာဆီယံနိုင်ငံများသို့ သွားရောက်မှုပိုမို များပြားလာခဲ့သည်။ ယင်းသို့သွားရောက် အလုပ်လုပ်ကိုင်ရာတွင် တတ်မြောက်ထားသော ပညာရပ်ပေါ်မူတည်ကာ သွားရောက်ကြသော နိုင်ငံများလည်း ကွဲပြားနေသည်ကိုတွေ့ရသည်။
    ဒေသတွင်းနိုင်ငံတစ်ခု ဖြစ်သော မလေးရှားနိုင်ငံသို့ သွားရောက်သူများ ထဲတွင် ပညာတတ် (educated and technician) များနည်းပါးပြီး စင်ကာပူနိုင်ငံသို့ သွားရောက်သည့်ထဲတွင်မူ ခေတ်ပညာတတ် မြန်မာလူငယ်များ အများအပြားတွေ့ရှိရသည်။ ယခု နှစ်ပိုင်းတွင်း မလေးရှားနှင့်စင်ကာပူ နိုင်ငံများအပြင် အရှေ့အလယ်ပိုင်း နိုင်ငံများဖြစ်သော ကာတာ၊ ယူအေအီး အစရှိသည့် နိုင်ငံများသို့ ဟိုတယ်လုပ်ငန်းဆိုင်ရာ ၀န်ထမ်းများအဖြစ် လည်းကောင်း၊ စတိုးဆိုင်များတွင် အရောင်းဝန်ထမ်းများ အဖြစ်လည်းကောင်း သွားရောက်မှုများလာခဲ့ကြောင်း သိရှိရသည်။   

လက်ရှိဖြစ်ပေါ်နေသော အနေအထားအရ ကမ္ဘာ့စီးပွားရေး အထိုက်အလျောက် ဦးမော့လာသော်လည်း အလုပ်အကိုင်ရှားပါးမှု ပြဿနာများ ဒေသအသီးသီးတွင် ရှိနေသောကြောင့် အထူးသဖြင့် လူငယ်များအနေဖြင့် အတတ်ပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုများ ရှိလာကြောင်း  . . .

   "ဒူဘိုင်းတို့ ကာတာတို့သွားတဲ့အထဲမှာ တစ်ချိန်တုန်းက အတိုင်းအတာတစ်ခုအထိ အဆင်ပြေကြတယ်။ အခုနောက်ပိုင်း အလုပ်အခွင့်အလမ်းက နည်းနည်းရှားပါးလာတယ်။ မလေးခေတ်ဆိုတာကတော့ လုံးဝမရှိသလောက်ပါပဲ။ မလေးရှားသွားတဲ့သူတွေ အဆင်မပြေဘူးဆိုတဲ့ သတင်းတွေကြောင့် မြို့နေလူတန်းစားတွေက မလေးသွားတာမျိုး သိပ်မရှိတော့ပေမယ့် နယ်ကလူတွေ ကြို ကြားကြိုကြား သွားတာမျိုးတော့ ရှိတယ်။ နောက်ပိုင်းလူတွေ နှစ်တွေသာကြာသွားတယ်၊ ဘာမှမစုမိဘူး" ဟု မလေးရှားနိုင်ငံမှ မကြာခင်က ပြန်လာသူတစ်ဦးက ပြောပြခဲ့သည်။
   အလားတူပင် စင်ကာပူနိုင်ငံသို့ သွားရောက်သူလည်း နည်းပါးလာကြောင်း၊ စင်ကာပူ၌လည်း အလုပ်အကိုင်အခြေအနေများမှာ အလွန်အမင်း ခက်ခဲသည်မျိုးမဟုတ်သည့် တိုင် အလုပ်ရရန် အခွင့်အလမ်းနည်းပါးမှုများ ယခင်ကာလများထက် ရှိလာကြောင်း သိရှိရသည်။
  "အခုနောက်ပိုင်း အလည်နဲ့ သွားတဲ့သူတွေရှိတယ်။ ဟိုကျမှ အလုပ်လျှောက်ကြတယ်။ အလုပ်ရရင် S pass နဲ့နေလိုက်ကြတယ်။ ဒါပေမယ့် တစ်ခုပြောစရာရှိတာက တကယ်တမ်းမှာ S pass သမားတွေက လစာအနည်းဆုံး စင်ကာပူဒေါ်လာ ၁၈၀၀ ရမှာဖြစ်ပေမယ့် အပြည့်အ၀ မရတာတွေလည်း ရှိတယ်။ ဘဏ်မှာ လစာသွားထုတ်ရင်တော့ ၁၈၀၀ အပြည့်ပဲ။ ဒါပေမယ့် ကုမ္ပဏီကို ၃၀၀ နဲ့ ၅၀၀ ကြား ပြန်သွင်းရတာ မျိုးတွေလည်းရှိတယ်။ အလုပ်အကိုင် အခွင့်အလမ်းက လုံးဝမရဘူးရယ်လို့ မဟုတ်ပါဘူး။ အရည်အချင်းပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ ဒါကကျွန်တော်တို့ ACCA သမား တွေအတွက်ပြောတာပါ"ဟု ACCA ကျောင်းသားဟောင်းတစ်ဦးက ပြော ပြခဲ့သည်။
   လက်ရှိဖြစ်ပေါ်နေသော အနေအထားအရ ကမ္ဘာ့စီးပွားရေးအထိုက် အလျောက် ဦးမော့လာသော်လည်း အလုပ်အကိုင်ရှားပါးမှုပြဿနာများ ဒေသအသီးသီး၌ ရှိနေသောကြောင့် အထူးသဖြင့် လူငယ်များအနေဖြင့် အတတ်ပညာပိုင်းဆိုင်ရာ စိန်ခေါ်မှု များရှိလာကြောင်းနှင့် ကမ္ဘာနှင့် တစ်ဝှမ်း ကုမ္ပဏီကြီးများကိုယ်တိုင် ၀န်ထမ်းဦးရေ လျှော့ချမှုများရှိလာသောကြောင့် ယင်းအနေအထားများကို ရင်ဆိုင်နိုင်ရန် လူငယ်များ ပိုမို ဆည်းပူးလေ့လာရန် လိုအပ်နေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
  "အခုစင်ကာပူမှာ အလုပ်ရတယ် ဆိုတဲ့သူတွေက အရည်အချင်းတကယ် ရှိသလို လုပ်ငန်းအတွေ့အကြုံ သုံးနှစ်လောက်ရှိပြီး ဘာသာစကားပါ ကျွမ်းကျင်တဲ့သူမျိုးတွေပါ။ သူတို့ပဲ အလုပ်တစ်ခုကနေ တစ်ခုကို ပြောင်းချင်ရင် ပြောင်းလို့လွယ်တယ်။ အဲဒီ လူတွေက Skill Pass က ရှိပြီးသား။ အခုသုံးလလောက်ရှိပြီ၊ အင်တာဗျူး ရတဲ့သူနည်းတယ်။ အလုပ်အကိုင် က မလွယ်ဘူးလို့ထင်တယ်။ ACCA သမားတွေတောင် အတွေ့အကြုံမရှိ ဘူး၊ ဘာသာစကား မကျွမ်းကျင်ဘူး ဆိုရင် မလွယ်ဘူး။ အခုနောက်ပိုင်း မြန်မာနိုင်ငံက လာတဲ့သူလည်း နည်းသွားတယ်။ စီးပွားရေးကျတော့ရတဲ့ လခနဲ့ မကိုက်ကြတာလည်း ပါတယ်"ဟု စင်ကာပူနိုင်ငံရှိ electronic ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံမှ  Software Engineer တစ်ဦးက ပြောပြခဲ့သည်။
   အလားတူ ဒေသတွင်းနိုင်ငံများထဲမှ ဖိလစ်ပိုင်နိုင်ငံရှိ အလုပ်သမားများလည်း ဒေသတွင်းရှိ စင်ကာပူနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြပြီး ၎င်းတို့မှာ အခြားအာဆီယံ ဒေသတွင်းနိုင်ငံများထက် အင်္ဂလိပ်စကား ပိုကောင်းသောကြောင့် ယေဘုယျအားဖြင့် လစာလည်း ပိုကောင်းကြကြောင်း၊ အရှေ့အလယ်ပိုင်း နိုင်ငံများတွင်လည်း ဖိလစ်ပိုင်အမျိုးသမီး အတော်များများ သွားရောက်၍ အလုပ်လုပ်ကိုင်နေကြကြောင်း သိရှိရသည်။
   ထို့အတူပင် အာဆီယံနိုင်ငံ တစ်ခုဖြစ်သော အင်ဒိုနီးရှားနိုင်ငံတွင်လည်း အတိုင်းအတာတစ်ခုအထိ စီးပွားရေး တိုးတက်နေသည် ဆိုသော်လည်း လူငယ်များ အလုပ်အကိုင်ရရှိမှု နည်းပါးနေဆဲဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်သည် ဆိုသော်လည်း အလုပ်အကိုင် အခွင့်အလမ်းများ လိုက်ပါလာမှုမရှိကြောင်း သိရှိရသည်။
   "အင်ဒိုနီးရှားက ကမ္ဘာ့စီးပွား ရေးဂယက်ရိုက်ခတ်မှုကို သိပ်မခံရပါဘူး။ micro economy ကလည်း strong ဖြစ်နေတုန်းပါပဲ။ ဒါပေမယ့် လူတွေလည်း ဆင်းရဲကျပ်တည်း နေကြတုန်းပါ"ဟု ဂျာကာတာမြို့ရှိ သတင်းစာတစ်စောင်မှ သတင်းထောက်တစ်ဦးက ပြောကြားသည်။
   တစ်ကမ္ဘာလုံးအတိုင်းအတာ ဖြင့် ကြည့်ပါက အာရှတွင်သာမကဘဲ ဥရောပ၊ အမေရိကားစသည့် စီးပွားရေးဖွံ့ဖြိုးပြီး နိုင်ငံများ၌ပင် အလုပ်အကိုင်ရှားပါးမှု ပြဿနာများ ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း သိရသည်။
   "ကျွန်တော် အလုပ်လိုက်ရှာနေတာ အခုဆိုလို့ရှိရင် နှစ်နှစ်လောက်တောင်ရှိသွားပါပြီ။  အလုပ်ကောင်း ကောင်း အခုအထိမရသေးပါဘူး။ ကျွန်တော်လေ့လာတဲ့ ပညာရပ်ကလည်း အရှေ့တိုင်းပညာရပ်ကို တရုတ်နိုင်ငံမှာ လေ့လာခဲ့ပေမယ့် ဂျာမနီပြန်ရောက်ခဲ့တဲ့အချိန်မှာ ကမ္ဘာ့ စီးပွားရေးဂယက် ရိုက်ခတ်ခံရတဲ့အချိန်မျိုးဖြစ်နေတယ်။ လုပ်ငန်းတွေက ကျုံ့သွားတယ်။ အလုပ်အကိုင်ရရှိမှု က ခက်ခဲလာပါတယ်"ဟု ဂျာမနီ နိုင်ငံသားတစ်ဦးက ပြောပြခဲ့သည်။
  ယင်းကဲ့သို့ အခြေအနေများကြောင့် မြန်မာလူငယ်များအနေဖြင့် ယခင်ကာလများထက်ပို၍ ကြိုးစားရန် လိုအပ်လာကြောင်း၊ နိုင်ငံတကာတွင် သွားရောက်အလုပ်လုပ်ကိုင်မည် ဆိုပါက နိုင်ငံတကာအဆင့် အတန်းနှင့်အညီ အလုပ်လုပ်နိုင်မှသာ အဆင်ပြေမည်ဖြစ်ကြောင်း၊ အလားတူ အတတ်ပညာပိုင်းရော အသိပညာပိုင်းပါ လေ့လာဆည်းပူးရန် လိုအပ်ကြောင်းနှင့် အနည်းဆုံး ဘာသာစကား တတ်ကျွမ်းမှုအပြင် ကွန်ပျူတာ နည်းပညာ တတ်ကျွမ်းမှုလည်း မရှိမဖြစ် လိုအပ်လာနေခြင်းမှာ ခေတ်၏တောင်းဆိုမှုဖြစ်ကြောင်း၊ ယင်းတောင်းဆိုလာသော အခက်အခဲများ အားရင်ဆိုင်နိုင်ရန် ကြိုးစားသွားသင့်ကြောင်း သုံးသပ်မှုများရှိနေသည်။
   "အလုပ်အကိုင် ရှားပါးတယ်ဆိုတာ တကယ်ပါ။ ဟိုတုန်းက တစ်နေရာမကောင်းရင် တစ်နေရာပြောင်းလုပ်လို့ရတယ်။ အခုဟာက အကန့်အသတ်နဲ့ ဖြစ်လာတယ်။ ပြီးတော့ skilled worker တွေပဲ အလုပ်ရတော့မယ့် ခေတ်တစ်ခေတ်ကို ရောက်လာတယ်။ ကျွမ်းကျင်လုပ်သား မဟုတ်လို့ကတော့ မလွယ် တော့ဘူး။ ဒါနဲ့အတူ တစ်ဖက်မှာလည်း ပညာရေးရင်းနှီးမြှုပ်နှံမှုက မြင့်လာတယ်"ဟု ပညာရှင်တစ်ဦး ကလည်း သုံးသပ်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်ဗုဒ္ဓဘာသာအမြင်


ဒေါ်အောင်ဆန်းစုကြည်နှင့်ဗုဒ္ဓဘာသာအမြင်
Burma Project USA ကို တည်ထောင်သူ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကျွမ်းကျင်သူနှင့် မြန်မာနိုင်ငံတွင် (များသောအားဖြင့်) ရဟန်းဘ၀ဖြင့် (၈)နှစ်တာ နေထိုင်ခဲ့ဖူးသည့် မစ္စတာ အလန် ကလီးမင့်ထ်စ်က ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဖြစ်ခဲ့သည်များကို Comversation with Aung San Su Kyi ခေါင်းစဉ်ဖြင့် Shambhala Sun, September 1997 တွင် ရေးသားဖော်ပြခဲ့ပါသည်။ ထင်ရှားသည့် မြန်မာအမျိုးသမီးကြီးတစ်ဦး၏ ဗုဒ္ဓဘာသာအမြင်များကို သိရှိနိုင်စေရန် မိတ်ဆက်ဖော်ပြလိုက်ပါသည်။
အလန်ကလီးမင့်ထ်စ်
“ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနှစ်ရပ်လုံးအတွက် ကျွန်တော်ပို့ ချနေခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်တော်နဲ့ တွေ့သမျှလူတွေအားလုံးက ခင်ဗျားကို သူရဲကောင်းဆိုတဲ့ ဝေါဟာရတွေနဲ့ တံဆိပ်တပ်ချင်နေကြတယ်ဗျ၊ ခင်ဗျားနဲ့ အင်တာဗျူးတဲ့ Vanity Fair ကတော့ ခင်ဗျားကို “မြန်မာ့စိန့်ဂျုန်း” လို့တောင် မျက်နှာဖုံးကမ္ဗည်းထိုးထားပါပကော။”
ဒေါ်အောင်ဆန်းစုကြည် “ဘုရား ဘုရား၊ ကျွန်မ အဲလိုမမျှော်လင့်ရပါလားရှင်။”
အလန်ကလီးမင့်ထ်စ် “တိတိကျကျဗုဒ္ဓဘာသာဝေါဟာရနဲ့ ပြောရင်တော့ ခင်ဗျားဟာ ဗုဒ္ဓဘုရားအဖြစ် ရောက်ရှိဖို့အတွက် အခြားသူတွေ လွတ်မြောက်မှုရရှိကြပါစေ ဆိုတဲ့ စေတနာဆန္ဒတွေနဲ့ ပညာပါရမီ၊ ကရုဏာပါရမီ၊ မေတ္တာပါရမီတွေကို ဖြည့်ဆည်းအားထုတ်နေတဲ့ ဘုရားအလောင်း မဟာဣတ္ထိယ တစ်ယောက်လို့တောင် ရည်ညွှန်းပြောဆိုနေကြတာ ကြားရတယ်ဗျ။”
ဒေါ်အောင်ဆန်းစုကြည် “အိုး ကျွန်မကတော့ ဘုရားပဲ တနေမိတော့တာပါပဲ။ ကျွန်မက အဲဒီအဆင့်နဲ့ အလှမ်း ဝေးလွန်းပါတယ်ရှင်။ လူတွေက ကျွန်မကို အဲလိုမျိုးတစ်စုံတစ်ယောက် ဖြစ်နိုင်တယ်လို့ ထင်နေကြတာကို အံ့သြလို့ မဆုံးအောင်ပါပဲ။
ကျွန်မကသာ အဲဒီလိုမြင့်မားတဲ့စွမ်းရည်မျိုးရှိနိုင်ပြီလို့ ထင်မိတဲ့အချိန် တစ်နေ့နေ့မှာတော့ ဗောဓိသတ္တ (ဘုရားလောင်း) တစ်ဆူတော့ ကျွန်မ ဖြစ်ချင်ပါရဲ့ရှင်။ တကယ်တော့ ကျွန်မက မိမိကိုယ်ကိုယ်မိမိ တိုးတက်အောင် ဆောင်ရွက်ကြိုးပမ်းနေကြတဲ့ လူတွေထဲက လူတစ်ယောက်လို့တော့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဗောဓိသတ္တဖြစ်ရေး အဓိဋ္ဌာန်ပြုဖို့ (ဘုရားဆုပန်ဖို့) သင်လျော်တဲ့ လူလို့တော့ ကျွန်မကိုယ် ကျွန်မ မတွေးမိ မထင်မိ၊ မပြုလုပ်မိသေးပါဘူး။
ကျွန်မက ကောင်းအောင် လုပ်ဖို့ပဲ အားစိုက်ကြိုးစားဖြစ်ပါတယ်။(ရယ်လျက်) ဒါကလည်း ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ခဲ့တဲ့ နည်းလမ်းပါပဲလေ။ ပြောရရင်တော့ ကောင်းမှုရဲ့ ကောင်းကျိုးကို ကျွန်မအမေက အလေးထားခဲ့တာကိုး။ အချိန်တိုင်း ကောင်းအောင်နေနိုင်တယ်လို့တော့ ကျွန်မမပြောလိုပါဘူး၊ ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျွန်မကြိုးစားဖြစ်ပါတယ်။
ကျွန်မက စိတ်တိုတတ်တယ်ရှင့်။ ဒါပေမယ့် အခု အရင်လောက်စိတ်မတိုတော့ဘူးလို့ ပြောရမယ်။ ၀ိပဿနာက အများကြီး အထောက်အကူပြုတယ်လေ။ ဒါပေမယ့် တစ်စုံတစ်ယောက်ဟာ သူတော်ယောင်တစ်ယောက်၊ သီလကြောင်တစ်ယောက်လို့ ထင်မိတဲ့အချိန်မှာတော့ ကျွန်မစိတ်တိုမိတုန်းဆိုတာ ကျွန်မ၀န်ခံပါတယ်။
မသိနားမလည်တာ၊ ရိုးရိုးသားသားမှားမိတာလေးတွေကို ကျွန်မက နားလည်ပေးနိုင်ပေမယ့် သီလကြောင် သဘောမျိုးကိုတော့ ကျွန်မ နည်းနည်းလေးမှ သည်းမခံနိုင်ဘူး။ ဒီတော့ ကျွန်မ သတိပဋ္ဌာန် တရားပွားများမှ ဖြစ်မယ်လေ။ ကျွန်မ စိတ်တိုနေပြီဆိုရင် “အော် ငါစိတ်တိုနေပါလား ”လို့ သိနေရမယ်။ ကွန်မကတော့ စိတ်တို နေတဲ့ ကျွန်မကိုယ်ကို ရှုမှတ်လိုက်တာပါပဲ။ ပြီးတော့ “ငါစိတ်တိုနေတယ် ငါစိတ်တိုနေတယ်” လို့ ကျွန်မဘာသာ ကျွန်မ ရွတ်ဆိုဖြစ်တယ်၊ အဲဒီလို ကျွန်မရဲ့ ဒေါသကို ကျွန်မထိန်းချုပ်ပါတယ်။ ဒီလိုမျိုး ဒေါသကို ဆက်မပွားအောင် ထိန်းချုပ်ပါတယ်။
အလန်ကလီးမင့်ထ် လွန်ခဲ့တဲ့နှစ်တော်တော်ကြာက ဘုရားဆုပန်ထားတယ် ဆိုတဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဦးနုကို အင်တာဗျူးခဲ့တယ်ဗျ၊ သူ့ကို ကျွန်တော်က “ တပ်မတော်ကို ထိန်းချုပ် အမိန့်ပေးခွင့်ရှိတဲ့ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ ဗောဓိသတ္တအဖြစ် ဘုရားဆုပန်ထားတာ ဘယ်လိုမျိုးဖြစ်လေမလဲ ” လို့ မေးတော့ ဦးနုက (ကျွန်တော်အမှတ်မမှားဘူးဆိုရင်) “ အဲဒါဟာ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု၊ အမြဲတမ်း သီလပိုင်းဆိုင်ရာ အကြပ်အတည်းကြီး တစ်ခုလောက်နီးနီးပဲ”လို့ ဖြေခဲ့တယ်ဗျ။ သူပြောတာက ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးပြုဖို့ တာဝန်ရှိနေတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်နေတာဟာ သဟဇာတမဖြစ်လှဘူးတဲ့ဗျ။ ခင်ဗျားအနေနဲ့ရော အဲဒီလို အကြပ်အတည်းမျိုး ခံစားရပါသလား။

ဒေါ်အောင်ဆန်းစုကြည် မခံစားရပါဘူး၊ ကျွန်မအနေနဲ့ အကြပ်အတည်းမမြင်ပါဘူး၊ ကျွန်မက ဘုရားဆုပန်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့ မထင်ဘူးလေ။ ကျွန်မရဲ့ ပထမရည်သန်ချက်က လောကရေးရာများမှာ ဗုဒ္ဓအရှင်ရဲ့ ဥပဒေသတွေအတိုင်း လိုက်နာကျင့်သုံးဖို့ပါပဲ။ တကယ်လည်း ကျွန်မ တရားအားထုတ်ဖြစ်ပါတယ်။ ဒါကလည်း ကျွန်မတို့ လူသားအားလုံးမှာ မျက်ကွယ်ပြုလို့မရတဲ့ ဘာသာရေးအတိုင်းအတာ တစ်ခုတော့ ရှိရမယ်လို့ ကျွန်မကိုယ်တိုင်က ယုံကြည်နေလို့ပါ။ ပြောရရင်တော့ အသက်အရွယ်ထောက်လာတဲ့ နောက်ပိုင်း အချိန်တွေမှာ ဘာသာရေးထဲမှာ နှစ်ပြီး အားထုတ်ရမယ့် သာမန်ဗုဒ္ဓဘာသာတစ်ယောက်အဖြစ် ကျွန်မကိုယ်ကျွန်မ စဉ်းစားထားပါတယ်။


အလန်ကလီးမင့်ထ် ခင်ဗျားရဲ့ ဘ၀ကို နောက်ကြောင်း ပြန်လိုက်ရင် ခင်ဗျားရဲ့ ပုဂ္ဂလိကတိုးတက်မှုအပေါ်မှာ ထူးခြားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်လာစေတဲ့ အလွန်အရေးကြီးတဲ့ အတွေ့အကြုံတွေ၊ ပုဂ္ဂိုလ်ရေး သင်ခန်းစာတွေက ဘာတွေများဖြစ်မလဲ။

ဒေါ်အောင်ဆန်းစုကြည် ရိုးရိုးလေးပါပဲ။ ဘ၀မှာ ကျွန်မဘာလေ့လာပြီးပြီလဲဆိုတော့ “အကြီးမားဆုံးဆင်းရဲမှုကို ပေးတာဟာ မိမိတို့ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့ အပြုအမူပဲ” ဆိုတာပါ။ တစ်ခြားလူက လုပ်လို့မရပါဘူး။ ဒါကလည်း ကျွန်မကြီးပြင်းလာရတဲ့ ဘ၀အခြေအနေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်မအမေက ကျွန်မကို “အမှားလုပ်တာဟာ ဘာကောင်းကျိုးမှ မပေးဘူး ” ဆိုတဲ့ ဥပဒေသကိုပဲ ကျွန်မကို သွန်သင်ပေးခဲ့တာပါ။

ကျွန်မကိုယ်တိုင်ရဲ့ အတွေ့အကြုံအရလည်း အဲဒီအတိုင်းပဲ အမှန်ဖြစ်ခဲ့ပါတယ်။ “အခြားလူတွေက ရှင့်ကို ဆိုးကျိုးဖြစ်အောင် လုပ်လို့မရဘူး ” ဆိုတဲ့ အပြုသဘောဆောင်တဲ့ အမြင်မျိုး ရှင့်မှာ ရှိမယ်ဆိုရင်တော့ သူတို့က ရှင့်ကို ခြိမ်းခြောက်လို့လည်း မရဘူးပေါ့။ ရှင့်အနေနဲ့ အခြားလူတွေအပေါ်မှာ မေတ္တာတရား မထားတော့ဘူးဆိုရင် ရှင်လည်း ချမ်းသားမယ်လို့တော့ မထင်ပါဘူးရှင်။

အလန်ကလီမင့်ထ်
ခင်ဗျားကိုယ်ခင်ဗျား ဘယ်လိုလူစားမျိုးလို့ သတ်မှတ်မလဲ

ဒေါ်အောင်ဆန်းစုကြည် အင်း တစ်ခါတစ်ရံမှာ တစ်ခြားလူတွေက ကျွန်မကို မြင်တာနဲ့ ကျွန်မကိုယ်ကျွန်မမြင်တာ မတူတတ်ဘူးရှင့်။ ဆိုကြပါစို့ ကျွန်မကို သတ္တိကောင်းလိုက်တာလို့ ပြောကြတဲ့ကိစ္စလေ၊ ကျွန်မကိုယ်ကျွန်မ “သတ္တိကောင်းကြီး”လို့ တစ်ခါမှ မတွေးမိပါဘူး (---------) ကျွန်မကိုယ်ကျွန်မ ထူးခြားတဲ့ပုဂ္ဂိုလ်အဖြစ်လည်း မမြင်မိပါဘူး၊ ကျွန်မကိုယ် ကျွန်မမြင်မိတာကတော့ ကြိုးစားနေသူတစ်ယောက်အဖြစ်ပါ။ ကျွန်မ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျွန်မက “အရှုံးမပေးဘူး ” လို့ ပြောတဲ့အခါ ဒီမိုကရေစီရေးအတွက် အလျှော့မပေးဘူး လို့ ပြောနေတာမျိုး မဟုတ်ပါဘူး၊ အဓိကအခြေခံအားဖြင့် ကျွန်မဟာ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့ နေရာမှာ အရှုံးမပေးဘူး လို့ ဆိုလိုတာ ဖြစ်ပါတယ်။

အလန်ကလီမင့်ထ် ဆိုတော့ စိတ်ဓါတ်ကြံ့ခိုင်မှု သို့မဟုတ် ပါရမီအဓိဋ္ဌာန်တရားလို့ ပြောရမယ့် ဒီအဇ္ဈတ္တမောင်းနှင်အားကပဲ ခင်ဗျားကို ဘာဆိုတာ သတ်မှတ်ကြမှာပေါ့။

ဒေါ်အောင်ဆန်းစုကြည် ဟုတ်ပါတယ်။ လူတွေကတော့ ကျွန်မရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး အများကြီးပြောနေကြတာပါပဲ။ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ စိတ်ဓါတ်ကြံ့ခိုင်သူကြီးရယ်လို့လည်း မထင်မိပါဘူး၊ ကျွန်မဟာ “ကြိုးစားနေသူတစ်ယောက်”လို့ပဲ ထင်ပါတယ်ရှင်။

အလန်ကလီးမင့်ထ် ဗုဒ္ဓ၀ိပဿနာတရားက ခင်ဗျားအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိသလဲဗျ။

ဒေါ်အောင်ဆန်းစုကြည် စိတ်ပျိုးထောင်မှုပုံစံတစ်မျိုးပါပဲ။ စိတ်ပိုင်းဆိုင်ရာ ပညာရေးနဲ့ ဖြူစင်ရေးလမ်စဉ်တစ်ခုပါ။ အခြေခံအားဖြင့်တော့ သတိလေ့ကျင့်မှုပါပဲ။ ရှင်ဘာလုပ်နေတယ်ဆိုတာ သတိရှိရှိ သိနေရင် ရှင့်အနေနဲ့ မစင်ကြယ်တာတွေကို ရှောင်ကြဉ်နိုင်တာပေါ့။

အလန်ကလီမင့်ထ် နေ့စဉ် ကျင့်ဝတ်တစ်ခုအဖြစ် တရားထိုင်ဖြစ်အောင် ဘယ်အရာက ခင်ဗျားကို တွန်းအားပေးသလဲဗျ။

ဒေါ်အောင်ဆန်းစုကြည် ကျွန်မ တရားထိုင်ဖြစ်တဲ့ အဓိက အကြောင်းကတော “ကျွန်မလုပ်သင့်တယ်လို့ ထင်တာကို ( မမြဲမှု အနိစ္စသဘောကို ကိုယ်တိုင်ကိုယ်ကျ နားလည်ဖို့ သတိပဋ္ဌာန်ပွားများမှုလိုမျိုး ) လုပ်နေတယ် ” လို့ သိတဲ့ အသိက ရလာတဲ့ စိတ်ကျေနပ်မှုလေးပါပဲ။ ကျွန်မမှာ ဘ၀နဲ့ပတ်သက်ပြီးတော့ အလွန်ရိုးရှင်းတဲ့ စိတ်သဘောထားတွေပဲ ရှိပါတယ်။ ကျွန်မအနေနဲ့ တရားမျှတမှု သို့မဟုတ် မေတ္တာတရားဆိုတဲ့ နာမည်နဲ့ ကျွန်မ လုပ်သင့်တယ်လို့ ထင်တဲ့ တစ်စုံတစ်ရာရှိရင် အဲဒါကို ကျွန်မလုပ်မှာပါ။

အလန်ကလီမင့်ထ် ခင်ဗျားရဲ့ အဇ္ဈတ္တအတွင်းသားအသစ်တွေကို ရှာဖွေတဲ့နေရာမှာ ၀ိပဿနာက ဘယ်လို အထောက်အကူပြုသလဲ။ ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ် ရှာဖွေခြင်းလုပ်ငန်းစဉ်တစ်မျိုးလား။

ဒေါ်အောင်ဆန်းစုကြည် ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ်ရှာဖွေခြင်းလား စိတ်သန်စွမ်းရေးလား ဆိုတာ ကျွန်မမသိပါဘူး။ ကျွန်မကို သင်ကြားပေးတာကတော့ ကိုယ့်ကိုယ်ကို ရိုးသားဖို့ပါပဲ။ ငယ်ငယ်လေးကတည်းက ကျွန်မမှာ ကိုယ့်အလုပ်နဲ့ ကိုယ့်ခံစားချက်ကို ခွဲခြမ်းစိတ်ဖြာတဲ့ အလေ့အကျင့် ရှိခဲ့ဖူးပါတယ်။ ဒီတော့ ကျွန်မမှာ ကျွန်မကိုယ်တိုင်နဲ့ ပတ်သက်ပြီး အသစ်တွေ့ရှိချက် တစ်စုံတစ်ရာမရှိပါဘူး၊ ဒါပေမယ့် ၀ိပဿနာကတော့ မှန်ကန်တဲ့(သမ္မာမဂ္ဂင်)လမ်းကို လိုက်ဖို့ လောကုတ္တရာခွန်အားကို ပေးပါတယ်။

ပြီးတော့ ကျွန်မအတွက် ၀ိပဿနာဆိုတာ ဘ၀နေနည်းတစ်ခုပါပဲ။ ဘာဖြစ်လို့ဆိုတော့ ၀ိပဿနာအားထုတ်တယ်ဆိုတာက သတိတရားကို ပွားများပြီး စိတ်ကို ထိန်းချုပ်ဖို့ သင်ယူနေရတာမို့ပါ။ ဒီသတိတရားက နေ့စဉ်ဘ၀ထဲမှာ အထောက်အကူ ဖြစ်နေမှာပါ။ ကျွန်မအတွက်တော့ ဒါဟာ ၀ိပဿနာတရားရဲ့ လက်တွေ့အကျဆုံး အကျိုးကျေးဇူးတစ်ခုပါပဲ။ ကျွန်မရဲ့ သတိအာရုံတွေ မြင့်မားလာတယ်လေ။ ခုဆို ကျွန်မဟာ အလုပ်လုပ်တဲ့ နေရာမှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ လုပ်မိ ကိုင်မိတာတွေ နည်းလာပါတယ်။

အလန်ကလီမင့်ထ် ၀ိပဿနာကို ခင်ဗျား ဘယ်လိုသင်ယူလေ့လာခဲ့ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ကျွန်မ မဟာစည်သာသနာ့ရိပ်သာကို သွားခဲ့တယ်ရှင့်။ ဒါပေမယ့် ဒါကလည်း ဟိုလွန်ခဲ့တဲ့ ကျွန်မ အသက်နှစ်ဆယ်ကျော် အရွယ် မြန်မာပြည်ကို ပြန်လာတဲ့ တစ်ခေါက်ကပါ။ ပြောရရင်တော့ ထိထိရောက်ရောက် တရားမထိုင်ဖြစ်ပါဘူး။ တကယ်တမ်း ၀ိပဿနာကို အားစိုက်ပွားများဖြစ်တာကတော့ နေအိမ်အကျယ်ချုပ် ကာလနှစ်တွေမှာပါ။ စာအုပ်တွေကို အမှီပြုပြီး အားထုတ်ခဲ့ရပါတယ်၊ ဆရာတော် ဦးပဏ္ဍိတရဲ့ “ ဒီဘ၀ဒီခန္ဓာမှာ” ဆိုတဲ့ စာအုပ်က အများကြီး အထောက်အကူပေးခဲ့ပါတယ်။

အလန်ကလီမင့်ထ် “အခါအားလျော်စွာ ခင်ဗျားဟာ ရန်ကုန်မှာရှိတဲ့ ဆရာတော်ဦးပဏ္ဍိတရဲ့ ကျောင်းကိုသွားပြီး ဆရာတော့်ကို ဂါရ၀ပြုလေ့ရှိတယ် လို့ သိရပါတယ်။ ခင်ဗျားအတွက် အထောက်အကူပြုတဲ့ ဆရာတော်ရဲ့ တရားအချို့ကို မျှဝေပေးပါလား။”

ဒေါ်အောင်ဆန်းစုကြည် “ဆရာတော်က ကျွန်မကို ဟောကြားခဲ့သမျှ မှတ်မိနေတယ်ရှင့်။ အရေးကြီးဆုံးဒေသနာတစ်ခုကတော့ သတိတရားကို အပိုလုပ်မရဘူးဆိုတာပဲ။ ဆရာတော် မိန့်တာက “ကျွန်မတို့အနေနဲ့ ပညာတွေ ၀ီရိယတွေ အများကြီး ရှိလို့ရတယ်။ ဒါပေမယ့် သတိကိုတော့ အပို လုပ်မရဘူး”တဲ့။ အင်း ကျွန်မလည်း ဒီလွန်ခဲ့တဲ့ (၇)နှစ်အတွင်း (ရယ်လျက်) တကယ့်ကို သတိတရား ပွားများဖြစ်ပါတယ်။ ပြီးတော့ ဆရာတော်က ကျွန်မကို စကားပြောတဲ့အခါ စေ့စပ်ငြိမ်းချမ်းမှုကို ဦးတည်မယ့် စကားကိုပဲ စူးစိုက်ပြောဆိုဖို့ အကြံပြုခဲ့ပါသေးတယ်။ ကျွန်မပြောသင့်တဲ့ စကားဟာ နားထောင်သူအတွက် အမှန်လည်း ဖြစ်မယ်။ အကျိုးလည်း ရှိမယ်။ နားဝင်လည်း ချိုရမယ်ပေါ့လေ။ ဆရာတော်က ဗုဒ္ဓအလိုတော်ကျ စကားနှစ်ခွန်းရှိပါတယ် တဲ့။ မှန်လည်းမှန်၊ အကျိုးလည်းရှိ ၊လက်ခံဖွယ်လည်း ဖြစ်တဲ့ စကားနဲ့ မှန်လည်း မှန်၊ အကျိုးလည်း ရှိ သို့သော် လက်ခံနိုင်ဖွယ် မရှိတဲ့ နားဝင်မချိုတဲ့ စကားတွေပေါ့ရှင်။

အလန်ကလီမင့်ထ် “ထေရ၀ါဒဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အခြားသော ဂိုဏ်းဂဏ ဘာသာတရားတွေဆီကနေ သင်ယူ လေ့လာဖို့ စိတ်ကို ဖွင့်ထားတာမျိုး။ မျှမျှတတ ဖြစ်အောင် ဆောက်တည် ထားတာမျိုး ရှိပါသလား။”


ဒေါ်အောင်ဆန်းစုကြည် “ကျွန်မက ထေရ၀ါဒဗုဒ္ဓဘာသာတစ်ယောက်ဆိုပေမယ့် မဟာယာနဗုဒ္ဓဘာသာနဲ့ ၀ဇိရယာန ဗုဒ္ဓဘာသာတွေကိုလည်း လေးစားပါတယ်။ ပြီးတော့ ကျွန်မက အခြားသော ဘာသာတရားများကိုလည်း နှစ်နှစ်ကာကာ လေးစားပါတယ်။ ကျွန်မစိတ်ထဲမှာ လူတစ်ဦးတစ်ယောက်က အခြားလူတစ်ဦးတစ်ယောက်ရဲ့ ဘာသာတရားကို အထင်အမြင်သေးခွင့်ရှိတယ်လို့ မမြင်မိပါဘူး။ ကျွန်မက တစ်ခြားလူတွေရဲ့ ဘာသာရေးအတွေ့အကြုံနဲ့ အမြင်တွေကို နားထောင်ဖို့ အလွန်စိတ်ဝင်စားပါတယ်။ ကျွန်မကို သင်ကြားပေးဖို့ အသင့်ဖြစ်နေတဲ့ လူတွေများစွာဆီက ကျွန်မ အများကြီး သင်ယူရပါဦးမယ်။”


အလန်ကလီမင့်ထ် “ ခင်ဗျားလေးစားတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ အသွင်လက္ခဏာတွေက ဘာတွေများဖြစ်မလဲဗျ”

ဒေါ်အောင်ဆန်းစုကြည် “ မဟာယာနဗုဒ္ဓဘာသာမှာ ထေရ၀ါဒထက် ပိုပြီး ကရုဏာတရား အကြောင်းပြောကြတယ်။ ကျွန်မအဲဒါလေးကို သဘောကျတယ်။ ကျွန်မတို့ ဒီနေ့ကမ္ဘာမှာ ကရုဏာတရား အများကြီး လိုနေတာဆိုတော့လေ။ တကယ်တော့ ကရုဏာတရားဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ သွန်သင်ချက် အစိတ်အပိုင်း တစ်ခုပါပဲ၊ ဒါပေမယ့် ကျွန်မက ကရုဏာတရားတွေ တကယ်လက်တွေ့ အကောင်အထည် ပေါ်လာအောင် ကျွန်မတို့ကမ္ဘာ့ပြည်သူတွေ ဆောင်ရွက်ကြတာကို ပိုပြီး မြင်ချင်တာပါပဲရှင်။

မူရင်းစာမျက်နှာ

Wednesday, November 17, 2010

Tuesday, November 16, 2010

နေအိမ်အကျယ်ချုပ်ဖြင့် ၇နှစ်နှင့် ၆လကြာ ဆက်တိုက် ထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၅:၂၀ နာရီခန့်တွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဧ။်သမီး ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီဖြစ်ပါသည်။ "မတွေ့ရတာကြာပြီ" "တက်ညီလက်ညီရှိရမယ်" စသည့် စကားများကို ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများသို့ လွတ်မြောက်ပြီးနောက် ပထမဆုံး ပြောကြားခဲ့သည်။








"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် () နာရီ တွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဧ။်သမီး ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ခုနှစ် မေလ (၃၀) ရက်နေ့ ဒီပဲယင်းဖြစ်စဉ်အပြီးမှစ၍ ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ယခုလွတ်မြောက်ချိန်အထိ (၇) နှစ်နှင့် (၆) လကြာ ဆက်တိုက် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။ ၄င်းသည် ၁၉၈၈ ခုနှစ်အတွင်း ကျန်းမာရေးချို့တဲ့သော မိခင်အား ပြုစုရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး မြန်မာဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲသည်။ ယင်နောက်ပိုင်းမှစ၍ ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း နေအိမ်အကျယ်ချုပ်များဖြင့် (၁၅) နှစ်ခန့် ထိန်းသိမ်းခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နောက်ဆုံးအကြိမ်အဖြစ် ၂၀၀၉ ခုနှစ် မေလအတွင်းက အမေရိကန်နိုင်ငံသား ဂျွန်ရက်တော နေအိမ်ခြံဝင်းအတွင်း ရေကူးဝင်ရောက်ခဲ့မှုနှင့်ပတ်သက်၍ စွဲချက်တင် အရေးယူခြင်းခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါအမှုကြောင့် နေအိမ်အကျယ်ချုပ်သက်တမ်း ၁၈ လ ထပ်မံတိုးမြှင့် ချမှတ်ခံရခြင်းဖြစ်သည်။

သားနှစ်ဦးဧ။်မိခင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၉ခုနှစ် အတွင်းက ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်(Michael Aris)ဧ။် ဈာပနသို့ သွာရောက်ရန် အခွင့်အရေးရှိခဲ့သော်လည်း သွားရောက်ရန်ငြင်းဆန်ခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၁ခုနှစ်မှစ၍ သူဧ။်ရင်သွေးနှစ်ဦးကိုလည်း တွေ့ဆုံခဲ့ရခြင်းမရှိကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်ဖြတ်သန်းခဲ့ရသည့် ရက်စွဲအချို့ 

၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ - အစိုးရက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စွဲချက်မတင်၊ တရားမစွဲဘဲ ဒေါ်အောင်ဆန်းစုကြည်ကို သုံးနှစ်ကြာထိန်းသိမ်းခွင့်ဖြင့် နေအိမ်အကျယ်ချုပ်ချခဲ့။
၁၉၉၀ပြည့်နှစ် - NLD ပါတီက ရွေးကောက်ပွဲတွင်အနိုင်ရ။ အစိုးရက ရွေးကောက်ပွဲရလဒ်ကို လက်မခံခဲ့။
၁၉၉၁ခုနှစ် - ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်ဆု ရရှိ။
၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက် - နေအိမ်အကျယ်ချုပ် သက်တမ်းတိုးမှုများ အကြိမ်ကြိမ်ပြုလုပ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့။ သို့သော် သွားလာမှုကို အကန့်အသတ်ဖြင့် ခွင့်ပြုခဲ့။
၂၀၀၀ ပြည့်နှစ်စက်တင်ဘာလ ၂၃ ရက် - ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံထိမ်းသိမ်းခဲ့။
၂၀၀၂ ခုနှစ်၊ မေလ ၆ ရက် - ၁၉ လကြာ ထိမ်းသိမ်းပြီးပြန်လွှတ်ပေးခဲ့
၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက် - ဒီပဲယင်းဖြစ်စဉ်အပြီးတွင် သုံးလကြာ လျှို့ဝှက်ထိမ်းသိမ်းထားခဲ့။
၂၀၀၃ ခုနှစ်၊ စက်တင်ဘာလ - ဆေးကုသမှုခံယူရန် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ ပြန်ခွင့်ပေးခဲ့ပြီ နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက်ထားရှိခဲ့။
၂၀၀၇ ခုနှစ်၊ မေလ - နေအိမ်အကျယ်ချုပ် သက်တမ်းကို အစိုးရက တစ်နှစ်ထပ်တိုးခဲ့။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ - ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့ ထွက်ပြီး သံဃာတော်များကိုဝတ်ပြုခဲ့
၂၀၀၈ ခုနှစ်၊ မေလ - အစိုးရက နေအိမ်အကျယ်ချုပ်ကို သက်တမ်းတစ်နှစ် ထပ်တိုးခဲ့။
၂၀၀၉ ခုနှစ်၊ မေလ - အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းထဲသို့ ရေကူးလာ ရောက်ခဲ့ခြင်းကို လက်ခံထားခဲ့မှုကြော့င့် ၁၉၇၅ ခုနှစ်နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ တရားစွဲဆိုခံရ။ ၂၀၀၉ ခုနှစ်၊ သြဂုတ်လ - နေအိမ်အကျယ်ချုပ်သက်တမ်းကို ၁၈ လ ထပ် မံတိုးမြှင့်ချမှတ်ခံရ။

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအကျဉ်း



ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ဗိုလ်ချုပ်အောင်ဆန်း(အာဇာနည်ခေါင်းဆောင်)-ဒေါ်ခင်ကြည်တို့မှ ဖွားမြင်သည်။ ဖခင်ဖြစ်သူ လုပ်ကြံခံခဲ့ရပြီးနောက် မိခင်ဖြစ်သူဒေါ်ခင်ကြည်၊ အကိုများဖြစ်ကြသည့် အောင်ဆန်းလင်း၊ အောင်ဆန်းဦးတို့နှင့် အတူကြီးပြင်းခဲ့သည်။ အောင်ဆန်းလင်းမှာ အသက် ၈ နှစ်အရွယ်တွင် ရေနစ်ကွယ်လွန်ခဲ့သည်။ အောင်ဆန်းလင်းကွယ်လွန်ပြီးနောက် တာဝါလိန်းလမ်းအိမ်မှ အင်းယားကန်အနီးရှိ အိမ်သို့ပြောင်းရွှေ့ခဲ့သည်။ မက်သဒစ်အင်္ဂလိပ် အထက်တန်းကျောင်း (ယခု ဒဂုံအထက ၁ ) တွင် ပညာသင်ကြားခဲ့ပြီး ဘာသာစကားသင်ကြားမှုတွင် ထူးချွန်ခဲ့သည်ဟု သိရသည်။ ၁၉၆၀ ပြည့်နှစ်တွင် မိခင်ဒေါ်ခင်ကြည် အိန္ဒိယနှင့်နီပေါဆိုင်ရာသံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး နောက် ဒေါ်အောင်ဆန်းစုကြည်လည်း လိုက်ပါသွားခဲ့ကာ ၁၉၆၄ ခုနှစ် တွင် နယူးဒေလီရှိ လေဒီရှရီရမ်ကောလိပ်မှ နိုင်ငံရေးဘာသာရပ်ဖြင့် ဘွဲ့ဒီဂရီရခဲ့သည်။ အောက်စဖို့ဒ်တက္ကသိုလ် စိန့်ဟုခ်ျကောလိပ်တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး ဒဿနိက၊ နိုင်ငံရေး၊ စီးပွားရေးဘာသာတွဲဖြင့် ဘီအေဘွဲ့ရခဲ့သည်။ ဘွဲ့ရပြီးနောက် နယူးယောက်တွင် ကုလသမဂ္ဂ၌ သုံးနှစ်မျှ အလုပ်လုပ်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ခဲ့သူ မိုက်ကယ်အဲရစ်(Michael Aris) နှင့်လက်ထပ်ခဲ့သည်။ သားနှစ်ယောက်မွေးဖွားခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကပညာ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ရရှိခဲ့သည်။၁၉၈၈ ခုနှစ်တွင် ကျန်းမာရေးချို့တဲ့နေသော မိခင်ဖြစ်သူ ကိုပြုစုစောင့်ရှောက်ရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ယင်းနောက်တွင် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်တည်ထောင်သူတစ်ဦး ဖြစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုနှင့်ပတ်သက်၍ ပြောစကားများ

အခုဒေါ်အောင်ဆန်းစုကြည် လွတ်လာတယ်ဆိုတာ အင်မတန်ဝမ်းသာစရာကောင်းတဲ့ မင်္ဂလာရှိတဲ့ သတင်းဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံး တင်မကဘူး တစ်ကမ္ဘာလုံးကလည်းပဲ ၀မ်းမြောက်ဝမ်းသာကြိုဆိုကြမှာပါ။ သူအခု လွတ်လာတဲ့အချိန်ဟာ အင်မတန် အချိန်ကောင်းလို့ ဆရာတော့ ယူဆတယ်။ ဒေါ်အောင်ဆန်းစုကြည်လွတ်လာတဲ့ သတင်းဟာ အခြေအနေတွေကို အဆိုးကနေအကောင်းဘက်ကို ပြောင်းသွားနိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်။ အခွင့်အရေးကိုသာ ရယူတတ်မယ်ဆိုရင် ဒါဟာတိုင်းပြည်အတွက် အင်မတန်ကောင်းတဲ့ အခွင့်အရေးတစ်ရပ် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့အခုလို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မခံချိမခံသာဖြစ်နေကြတဲ့၊ ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေ၊ တစ်သီးပုဂ္ဂလတွေ၊ မဲဆန္ဒရှင်ပြည်သူတွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီးတော့ ၀န်းရံပြီးတော့ လာကြပါလိမ့်မယ်။ အဲလိုဆိုလို့ရှိရင် ဒါဟာတိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ အမျိုးသားအင်အားစုကြီး တစ်ရပ်ပေါ်ထွန်းပြီးတော့ လာနိုင်တယ်။ ဒီအခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည် ရအောင်ယူစေချင်တယ်။ ဒီအခွင့်အရေးရအောင်ယူပြီးတော့ ခိုင်မာတဲ့ အမျိုးသားအင်အားစုကြီးတစ်ရပ်ကို စုစည်းနိုင်ခဲ့ရင် နောင်ဖြစ်လာမယ့် အစိုးရအနေနဲ့က လွှတ်တော်အတွင်းရော၊ လွှတ်တော်အပြင်ရော အင်အားစုတွေ၊ နိုင်ငံရေးပါတီတွေအပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီးတော့ ၀န်းရံနေတဲ့ အမျိုးသားအင်အားစုကြီးနဲ့ စကားမပြောဘဲကိုပဲ နေလို့မရဘူးဆိုတဲ့ အခြေအနေမျိုးဖြစ်လာပါလိမ့်မယ်။ အဲလိုဆိုလို့ရှိရင် ဆရာတို့က ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရနဲ့ဆွေးနွေးပြီးတော့ အစိုးရကလည်းပဲ တကယ်အမျိုးသားအင်အားစုကြီးကို လစ်လျူရှုမထားဘဲ တိုင်းပြည်ကောင်းကျိုးအတွက် ဆွေးနွေးမယ်ဆိုလို့ရင် ဆရာတို့တိုင်းပြည်မှာ ဘယ်တုန်းကမှမရဘူးသေးတဲ့ အမျိုးသားညီညွတ်ရေးကြီး တစ်ရပ်ပေါ်ထွန်းနိုင်ပါလိမ့်မယ်။ တပ်မတော်အတွင်းကလည်း အမျိုးသားညီညွတ်ရေးရယူနိုင်မယ့် အင်အားစုတွေ၊ ငြိမ်းချမ်းပြီး တိုးတက်ချင်တဲ့ အင်အားစုတွေ တပ်မတော် အတွင်းမှာလည်း အများကြီးရှိပါလိမ့်မယ်။ တပ်မတော်အတွင်းက အင်အားစုတွေကလည်း အမျိုးသားညီညွတ်ရေးအတွက် တွန်းအားပေးလိမ့်မယ်လို့ ထင်တယ်။ အဲသလိုဆိုရင် အမျိုးသားညီညွတ်ရေး၊ ငြိမ်းချမ်းရေးဟာ မဖြစ်နိုင်စရာမရှိပါဘူး။ ငြိမ်းချမ်းတဲ့နည်းနဲ့ ပန်းတိုင်ကိုရောက်အောင်သွားနိုင်တဲ့ အခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမိအရ ဆုပ်ကိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
လူထုစိန်ဝင်း

တစ်ကယ်ဝမ်းသာပါတယ်။ အများကြီးလုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ကာတွန်းအော်ပီကျယ်

အရမ်းဝမ်းသာတယ်ဗျာ ကျွန်တော်တို့ မျှော်လင့်ချက်ရှိလာပြီ။

ဦးမောင်မောင်နိုင် (ပုံနှိပ်လုပ်ငန်းလုပ်ကိုင်သူ)

အရင်တုန်းကတော့ ငယ်သေးလို့ ဒေါ်အောင်ဆန်းစုကြည် လွတ်တယ်ဆိုရင် သတိမထားမိဘူး။ အခုတော့ ကျွန်တော်အပါအ၀င် လူငယ်အတော်များများက မျှော်လင့်ချက် ထားနေကြပါတယ်။ ရွေးကောက်ပွဲဟာ အပြောင်းအလဲတွေ ဖြစ်ပေါ်နိုင်တဲ့ နည်းလမ်း မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ လူငယ်တွေ ကိုယ်တွေ့ကြုံပြီးတဲ့ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်မှုတွေဟာ ကျွန်တော်တို့ လူငယ်တွေရဲ့ အနာဂတ်လို့ ယူဆနေကြပါတယ်"
လူငယ် အယ်ဒီတာတစ်ဦး

အခုလို ကြုံတွေ့ရတဲ့နေ့ဟာ မင်္ဂလာရှိသောနေ့ပါပဲ။ ကြိုဆိုပါတယ်။ တစ်မျိုးသားလုံးအတွက် လိုအပ်တဲ့ ပေါင်းကူးတံတားဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ဦးမျိုးမင်း CEO - PS Business School

ဘယ်သူမဆို ကျဉ်းထဲကြပ်ထဲ ရောက်နေရာကနေ လွတ်မြောက်လာမယ်ဆိုရင် ၀မ်းသာရမှာပဲ။ မုဒိတာ ပွားရမှာပဲ။ လူတစ်ယောက် ချမ်းသာသုခ ရောက်လာရင် မုဒိတာပွားရမယ်။ ဒါလူသားဝါဒါပါ။ လူသားတွေကို ကောင်းတာတွေ့ရင် ၀မ်းသာစေဖို့၊ မကောင်းတာတွေ့ရင် ခွဲခြားနိုင်စေဖို့ ဦးနှောက်ပေးထားတယ်။ မုဒိတာပွားနိုင်ဖို့ နှလုံးသား ပေးထားတယ်။ ဒီလို ဦးနှောက်နဲ့ နှလုံးသားကို ယှဉ်တွဲ အသုံးချရင် ငြိမ်းချမ်းမှာပဲ။ မေတ္တာထားရင် ငြိမ်းချမ်းမယ်။ မေတ္တာမထားနိုင်ရင် သံသရာရှည်မယ်။
ဦးစိုးညွန့်ဥက္ကဋ္ဌ၊ တော်ဝင်နှင်းဆီဖောင်ဒေးရှင်း

ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်ဆိုတာ သောကြာနေ့ ညနေ ၄ နာရီလောက်ကတည်းက စကြားခဲ့ရပါတယ်။ လွယ်လွယ်ကူကူ ပြောရရင် ၀မ်းသာပါတယ်။ နိုင်ငံတော်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အခန်းကဏ္ဍမှာ ဒါဟာ ဘေးဖယ်ထားလို့ မရပါဘူး။ မပါမဖြစ် ပါရမယ့် သဘောပါ။ လောလောဆယ်မှာ ရွေးကောက်ပွဲလည်း ပြီးပြီ။ result လည်း ထွက်ပြီးပြီ။ အများစု မျှော်လင့်သလို ဖြစ်ချင်မှလည်း ဖြစ်မယ်။ ဖြစ်ချင်ရင်လည်း ဖြစ်မယ်။ ဒါပေမယ့် ရွေးကောက်ပွဲဆိုတဲ့ တံခါးတစ်ချပ်က ဖွင့်ပြီးပါပြီ။ ပြဿနာတွေကို ကျွန်တော်တို့ မမျှော်လင့်ဘူး။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတာ ကောင်းပါတယ်လို့ မျှော်လင့်ပါတယ်။
ဦးဇော်မင်းထွန်း - မန်နေဂျင်းဒါရိုက်တာ Tip-Top ပညာရေးဝန်ဆောင်မှု ကုမ္ပဏီ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာ အရမ်းဝမ်းသာပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ အသက်ဝင်လာပါပြီ။
အသက် (၂၅) နှစ်အရွယ် လူငယ်တစ်ဦး


အခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာဟာ သမားရိုးကျကြည့်ရင်တော့ အရမ်းဝမ်းသာစရာကောင်းပါတယ်။ ဘာပဲပြောပြော မျှော်လင့်ချက်တစ်ခု ရှိလာတာပါ။ ဒါပေမယ့် တော်တော်များများစိုးရိမ်နေတဲ့ အချက်တစ်ခုလည်း ရှိပါသေးတယ်။ နားလည်လက်ခံထားတာက ဆွေးနွေး ညှိနှိုင်းတိုင်ပင်မှု Compromise တစ်ခုတော့လုပ်ရမယ်။ ဥပမာ- Negotiation တစ်ခုလုပ်တယ်ဆိုရင် Zeo Sum Game တစ်ခုတည်းကို ကြည့်လို့မရပါဘူး။ Win Win Situation ဖြစ်ဖို့အရေးကြီးပါတယ်။ ထွက်ပေါက်တစ်ခုတော့ ပေးဖို့လိုအပ်လိမ့်မယ်။ အထူးသဖြင့်တော့ Negotiation ကို ထိပ်တိုက်ရင်ဆိုင်ခြင်း Confrontation နဲ့မသွားမိဖို့လိုပါတယ်။ ဒါကြောင့် ပြောချင်တာက ဒေါ်စုလွတ်လာတဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်။ နောက်တစ်ခုပြောချင်တာက သူဟာတကယ်လည်းတော်တဲ့ အမျိုးသမီးတစ်ဦးပါ။ ဒါပေမယ့် ဘေးနားက Influence တွေများနေလို့ Negotiation ဘက်မရောက်ဘဲ Confrontation ဘက်ရောက်သွားမှာမျိုးဆိုရင်တော့ လူမျိုးအတွက်၊ နိုင်ငံအတွက်ပါအားလုံးပြီးဆုံးသွားပါလိမ့်မယ်။ ဒုံရင်းကဒုံရင်းဆိုတဲ့ အခြေအနေမျိုးပြန်ရောက်သွားပါလိမ့်မယ်။ ဒါကြောင့် Negotiation Skill မှာကိုယ်အသာစီးရဖို့ထက် သူများကို ဘယ်လိုထွက် ပေါက်ပေးမလဲဆိုတာ စဉ်းစားရပါတယ်။ ဒါနှစ်ဦးနှစ်ဖက်လက်ခံထားရမယ့် သဘောတရားပါ။ အဲဒါဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှုဟာ တိုင်းပြည်အတွက်ရော လူမျိုးအတွက်ပါပိုပြီး အကျိုးရှိပြီး ပျော်စရာကောင်းပါလိမ့်မယ်။
စီးပွားရေးပညာရှင်တစ်ဦး

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် လွတ်တာကို လာစောင့်ကြည့်ကြတာ လူတော်တော်များတယ် ညနေပိုင်းမှာ ပိုများတယ် အတားအဆီးတွေ ဖယ်လိုက်လို့ ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံဝင်ထဲကို ပျော်ပြီးဝင်သွားကြတာ တက္ကသိုလ်ရိပ်သာလမ်း တစ်ခုလုံး လူသောင်းချီရှိတဲ့ လူပင်လယ်ကြီး ဖြစ်သွားတယ်။

ကိုယ်တိုင်သွားရောက်ခဲ့သူ ကိုဇော်လင်း

Eleven Media Group မှ ကူးယူဖော်ပြသည်။


Monday, November 1, 2010

Kyaw Thu – Freedom


လွတ်ငြိမ်းခွင့် Freedom
ကျော်သူ
နိုဝင်ဘာ ၂၊ ၂၀၁၀
ငါ …    ဘာမှ မဟုတ်တဲ့ငါ။
          ဘာမှ အသုံးမဝင်တဲ့ငါ။
          ဘာမှ အကျုံးမဝင်တဲ့ငါ။
          လူမှုရေးတော့ သိ။
          စီးပွားရေးက မရှိ။
          ပညာရေးက မဟုတ်။             
ကျန်းမာရေးက ဆုတ်ယုတ်။
          ဖွဲ့စည်းပုံက ထွေပြား။
          နိုင်ငံရေးက ဝေဝါး။
          ဘာမှ အသုံးမကျတော့တဲ့ငါ။
          ဘာမှ အကျိုးမပြုတော့တဲ့ငါ။
          ငါ့ကို မင်းတို့ရဲ့ ချည်နှောင်မှုကနေ လွတ်ငြိမ်းခွင့်တော့ ပေးပါတော့ … ။
ငါ မဟုတ်တော့တဲ့ငါ … ။
          ဒါပေမယ့် … ငါ့မှာ မင်းတို့အသိုင်းအဝိုင်းတွေ မလုပ်နိုင်တဲ့ ပညာရပ်ရှိတယ်။
                        ငါ့မှာ မင်းတို့အဖွဲ့အစည်းတွေ မမြင်နိုင်တဲ့ အမြင်အာရုံရှိတယ်။
                        ငါ့မှာ မင်းတို့အသင်းအဖွဲ့တွေ မတွေးနိုင်တဲ့ အတွေးမျိုးရှိတယ်။
                        ငါ့မှာ မင်းတို့ပညာတတ်တွေ မစွမ်းနိုင်တဲ့ ပညာစွမ်းရှိတယ်။
ဒါ . . . ငါ့ရဲ့စွမ်းအား။ ငါ့ရဲ့ ပါဝါပဲ။
          အဲဒီ ငါရဲ့ အင်အားကို မင်းတို့ ခုတုံးတော့မလုပ်ကြပါနဲ့။
          ငါရှက်လှပါဘိ။
ဒါကြောင့် . . . ငါ,  ထပ်ပြောမယ်။
                  ငါဟာ ငါမဟုတ်တော့ဘူး။
                  ငါ့မှာ မင်းတို့ကို အကျိုးပြုစရာ ဗလာ။
                  ငါ့မှာ မင်းတို့အသုံးပြုစရာ နတ္တိ။
                  ငါ့လမ်း ငါသွားပါရစေတော့။
                  ငါ့အလုပ် ငါလုပ်ပြီး ငါ့သမိုင်း ငါရေးဖို့ ငါ့ကို လွတ်ငြိမ်းချမ်းသာခွင့်
                  ပေးကြပါတော့။
နောင်တချိန်ချိန်မှာတော့ . . . တရားသိသလိုလို တရားရှိသလိုလိုနဲ့
                                         ဝင်လေ ထွက်လေရပ်ပြီး
                                        ငါ့နောက် မလိုက်လာကြနဲ့ လို့ ငါ မှာခဲ့ပါရစေ။
                                        
ငါ မဟုတ်တော့တဲ့ငါ။ (ကျော်သူ)    
( ၂.၁၁.၁၉၅၉ မှ  ၂၀ ? ? )

ထိုင်း လေယာဉ် ရန်ကုန်လေဆိပ်၌ ပြေးလမ်းချော်

ygn-air-port
၂၀၀၇ ခုနှစ်အတွင်းက အသစ်ပြုပြင် မွမ်းမံထားသည့် ရန်ကုန်
အပြည်ပြည်ဆိုင်ရာလေဆိပ် (ဓာတ်ပုံ - wikipedia)

နိုဝင်ဘာ ၁၊ ၂၀၁၀
ယနေ့ နံနက်က ရန်ကုန်လေဆိပ်သို့ ဆင်းသက်သော Thai Airways လေယာဉ်တစီး ပြေးလမ်းချော်ပြီး ဘေးရောက်သွားသည်။ ခရီးသည်များ ထိခိုက်မှု မရှိဟု ဆိုသည်။ Email ဖြင့်ရောက်လာသော ပုံများ ဖြစ်သည်။
ဘန်ကောက် - ရန်ကုန် ပျံသန်းနေသည့် Thai Airways International (TG) လေကြောင်းမှ ခရီးသည် ၁၈၃ ဦး လိုက်ပါလာသော လေယာဉ်တစီးသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြေးလမ်းချော်မှု ယနေ့ နံနက်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။

“လေယာဉ်က ခရီးသည်တွေကို လေဆိပ်ထဲကို သွားပို့မယ့် အချိန် အကွေ့တနေရာမှာ လေယာဉ်က ပြေးလမ်းချော်ပြီးတော့ ပြေးလမ်း ဘေးမှာ ရှိတဲ့ မြက်ခင်းပေါ်ကို ကျသွားတယ်”ဟု ဘန်ကောက်မြို့ရှိ Thai Air Ways လေကြောင်းမှ ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။ ခရီးသည်များ ထိခိုက်ဒဏ်ရာ မရရှိကြောင်းလည်း သိရသည်။

ယနေ့ ထိုင်း စံတော်ချိန် ၈နာရီ ၁၅ မိနစ် ရန်ကုန်သို့ ထွက်ခွာသွားသည့် ၎င်း ထိုင်းလေကြောင်းလိုင်းမှာ ခရီးသည်တင် Air Bus 
A 300 လေယာဉ် အမျိုးအစားဖြစ်သည်။

ထိုင်း လေကြောင်းလိုင်းသည် ရန်ကုန် လေဆိပ်သို့ ဆင်းသက်ခဲ့ပြီးနောက် ပြေးလမ်းပေါ်တွင်ပင် မတော်တဆ ဖြစ်ပွားခဲ့ကြောင်း Thai Air Ways လေကြောင်းမှ ၀န်ထမ်းက ဆိုသည်။

ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သောကြောင့် ခရီးများ လေယာဉ်ပေါ်မှ ခက်ခဲစွာ ဆင်းခဲ့ရပြီး လေယာဉ်ကိုလည်း ပြေးလမ်းပေါ် ရောက် ရန် ပြန်လည် ဆွဲတင်ခဲ့ရကြောင်း သိရသည်။