အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Monday, November 1, 2010

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည့် မဲရုံများသို့ ရန်ကုန် အခြေစိုက် သံတမန်များနှင့် သတင်းမီဒီယာများ လေ့လာနိုင်ရန် စီစဉ်ပေးမည် ဖြစ်ကြောင်းသိရ

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မဲရုံများသို့ ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံတမန်များနှင့် သတင်းမီဒီယာများ လေ့လာနိုင်ရန် စီစဉ်ပေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါခရီးစဉ်များအတွက် ဒေသအသီးသီးအလိုက် လေယာဉ်ခရီး၊ မော်တော်ယာဉ် ခရီးများဖြင့် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။ သွားရောက်လေ့လာနိုင်မည့် ဒေသများမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး (မကွေး)၊ ပဲခူးတိုင်းဒေသကြီး (အရှေ့)(ပဲခူး)၊ ပဲခူးတိုင်းဒေသကြီး (အနောက်)(ပြည်)၊ ဧရာဝတီတိုင်းဒေသကြီး (ပုသိမ်)၊ တနင်္သာရီတိုင်းဒေသကြီး (မြိတ်)၊ စစ်ကိုင်းတိုင်းဒေသကြီး (မုံရွာ)၊ ချင်းပြည်နယ် (ဟားခါး)၊ ကချင်ပြည်နယ် (မြစ်ကြီးနား)၊ ရှမ်းပြည်နယ် (တောင်)(တောင်ကြီး)၊ ရှမ်းပြည်နယ် (မြောက်)(လားရှိုး)၊ ရှမ်းပြည်နယ် (အရှေ့)(ကျိုင်းထုံ)၊ ကယားပြည်နယ် (လွိုင်ကော်)၊ ရခိုင်ပြည်နယ် (စစ်တွေ)၊ ကရင်ပြည်နယ် (ဘားအံ)၊ မွန်ပြည်နယ် (မော်လမြိုင်) တို့ဖြစ်ကြောင်း သိရသည်။ အချို့ဝေးလံသည့် ဒေသများသို့ နိုဝင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment