အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Wednesday, November 24, 2010

ကွန်ပျူတာကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်း၊ စိတ်ဖိစီးမှု များပြားခြင်းစသည့် အချက်များကြောင့် အသက်အရွယ် ကြီးပြင်းလာချိန်၌ အရိုးပါးရောဂါနှင့် ကျီးပေါင်းရောဂါများ ဖြစ်ပွားမှုပိုမိုလာ

3353
   ကွန်ပျူတာကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းနှင့် စိတ်ဖိစီးမှုများပြားခြင်း စသည့်အချက်များကြောင့် အသက်အရွယ်ကြီးပြင်းလာချိန်၌ အရိုးပါးရောဂါနှင့် ကျီးပေါင်းရောဂါများ ဖြစ်ပွားမှုပိုမိုလာကြောင်း သတင်းရရှိသည်။
   ထို့ပြင် ယနေ့ခေတ် လူငယ်ယောက်ျားလေးများ၏ ၂၅ ရာခိုင် နှုန်းနှင့် မြီးကောင်ပေါက်အရွယ် မိန်းကလေးများ၏ ၁၀ ရာခိုင်နှုန်းသည် မျှတသည့် အစားအစာ မစားတတ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်လက်လှုပ်ရှားမှု မပြုခြင်း၊ အရက်၊ ဆေးလိပ်စွဲလန်းခြင်း၊ ကိုယ်ခန္ဓာအချိုးအစား ကြုံလှီသေးသွယ်မှု ကို လိုလားခြင်း စသည့်အကြောင်းအရာများကြောင့်လည်း ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။
   အရိုးပါးရောဂါဆိုသည်မှာ အရိုးအဖွဲ့စည်းတစ်ခုလုံး၏ ဇီဝဖြစ်စဉ်တွင် အရိုးထုထည်ပမာဏနှင့်ဝန် ခံနိုင်ရည်စွမ်းအား လျော့ကျလာပြီး အရိုးပုံသဏ္ဌာန်ပျက်ခြင်းနှင့် အရိုးကျိုး လွယ်လာခြင်းကို ဆိုလိုသည်။ လူတစ်ယောက်၏ သတ်မှတ်အသက်အရွယ် ၂၀မှ ၂၅ နှစ်အတွင်း အရိုး ဖွံ့ဖြိုးမှု အကောင်းဆုံး အခြေအနေတွင် ရှိသင့်သည့် အရိုးထုထည် ပမာဏထက် စံနှုန်း ၂ ဒသမ ၅ SD ကျဆင်းသွားလျှင် အရိုးပါးရောဂါရှိနေပြီး ၎င်းစံနှုန်းဖြင့် အရိုးပါကျိုးပြီဆိုလျှင် အဆိုးဆုံး အခြေအနေရောက်နေပြီ ဟု သတ်မှတ်နိုင်ကြောင်း သိရသည်။
3353a    အသက် ၆၀ မှ ၇၀ အတွင်းရှိ အမျိုးသမီးများ၏သုံးပုံတစ်ပုံမှာ အရိုးပါးရောဂါကို ခံစားကြရပြီး အသက် ၈၀ကျော် အမျိုးသမီးများ၏ သုံးပုံနှစ်ပုံခန့်၊ အသက် ၅၀ ကျော် အမျိုးသမီးများ၏ ၂၀ မှ ၂၅ရာခိုင်နှုန်းခန့်သည် ကျောရိုးပြားပြီး ကျိုးသည့် အရိုးဝေဒနာကို တစ်ကြိမ်ကြိမ်မှာ ခံစားဖူးရကြောင်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာအရ အမျိုးသမီးသန်း ၂၀၀ခန့် အရိုးပါးရောဂါဖြစ်ပွားနေကြကြောင်း သိရပါသည်။ အမျိုးသားများသည်လည်း အသက်အရွယ်ရလာလျှင် အရိုးပါးရောဂါဖြစ်ပွားခြင်းမှ  မလွတ်ကင်းနိုင်ဘဲ ရောဂါဖြစ်လာပါက ဝေဒနာပိုမိုခံစားရကြောင်း သိရသည်။

လူတစ်ယောက်၏ သတ်မှတ်အသက်အရွယ် ၂၀မှ ၂၅ နှစ်အတွင်း အရိုး ဖွံ့ဖြိုးမှု အကောင်းဆုံး အခြေအနေတွင် ရှိသင့်သည့် အရိုးထုထည် ပမာဏထက် စံနှုန်း ၂ ဒသမ ၅ SD ကျဆင်းသွားလျှင် အရိုးပါးရောဂါရှိနေပြီး ၎င်းစံနှုန်းဖြင့် အရိုးပါကျိုးပြီဆိုလျှင် အဆိုးဆုံး အခြေအနေရောက်နေပြီ ဟု ..

   "အရိုးပါးရောဂါကို Disease of Life style and Productive Issue or Public Health Problem တစ်ခုအနေနဲ့ အလေးထားရမယ့်ရောဂါ အမျိုးအစားတစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆော်သြလျက်ရှိပါတယ်။ ဒီရောဂါက အသက်အန္တရာယ် ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်တဲ့ ရောဂါမဟုတ်ပေမယ့် ရောဂါခံစားနေရသူ တစ်ဦးအတွက် ဘ၀တစ်ခုရဲ့ကိုယ်ရည်ကိုယ်သွေး ကျဆင်းပြီးနောက် ဆက်တွဲဆိုးကျိုးဝေဒနာတွေ ခံစားရမယ်။ ဖြစ်ပွားမှုနှုန်း များတာကြောင့် ကျန်းမာရေး အသုံးစရိတ်များပြီး လူ့စွမ်းအားအရင်းအမြစ် ကျဆင်းတဲ့ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်"ဟု မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး အရိုးရောဂါပညာဌာနမှ ပါမောက္ခ ဒေါက်တာဦးမြင့်သောင်းက ရှင်းပြခဲ့သည်။
   ၁၉၉၅-၁၉၉၆ ခုနှစ် စာရင်းများအရ အမျိုးသမီးများတွင် ဖြစ်ပွားသော အရိုးပါးရောဂါသည် အခြား Life style Disease  ဖြစ်သည့်သွေးတိုး၊ နှလုံး၊ လေဖြတ်၊ ရင်သားကင်ဆာ ရောဂါများထက် ဖြစ်ပွားမှုနှုန်း ၃ ဆခန့်ပိုများကြောင်း၊ အရိုးပါးရောဂါကြောင့် တင်ပါးဆုံရိုးကျိုးလူနာများကို ခွဲစိတ်ကုသရနှုန်းမှာ တစ်ကမ္ဘာလုံးတွင် ၁၉၉၀ ပြည့်နှစ်က ၁ ဒ သမ ၆၆ သန်း ရှိလာပြီး လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ၆ ဒသမ ၂၆ သန်းအထိ တိုးလာဖွယ်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။
   အမျိုးသမီးများတွင် အသက် အရွယ်ရလာချိန်တွင် အရိုးကျိုးခဲ့ဖူးခြင်း၊ မိသားစုအတွင်း အသက်ကြီး မှ အရိုးကျိုးခဲ့ဖူးခြင်း၊ ကိုယ်အလေးချိန်နည်းသူများ (၁၂၇ပေါင်အောက် ရှိသူများ)၊ ဆေးလိပ်သောက်သုံးနေဆဲရှိသူများ၊ စတီးရွိုက်ဟော်မုန်း ဆေးများ ၃ လကျော် ပုံမှန်သုံးစွဲနေသူများ၊ ကိုယ်လက်လှုပ်ရှားမှု မရှိသလောက်နည်းပါးသူများ၊ စောစီးစွာ သွေးဆုံးကြသူများနှင့် သားအိမ်၊ သားဥအိမ် ထုတ်ထားသူများတွင် အရိုးပါးရောဂါအန္တရာယ် ဖြစ်နိုင်ခြေ များကြောင်း သိရသည်။ အမျိုးသားများတွင် အသက်ကြီးမှ တစ်ချိန်ချိန်တွင် အရိုးကျိုးခဲ့ဖူးသူများ၊ ဓာတ်မှန်တွင် အရိုးပါးလက္ခဏာရှိကြသူများ၊ စတီးရွိုက်ဟော်မုန်းဆေးများ ၆ လ ကျော် ပုံမှန်သုံးစွဲနေသူများ၊ မျိုးပွား အင်္ဂင်္ါအစိတ်အပိုင်း ခွဲစိတ်ထုတ်ထားသူများ၊ လည်ပင်းအကျိတ်ရောဂါရှိ သူများ၊ ကျောက်ကပ်၊ အသည်းရောဂါ နာတာရှည်ဝေဒနာရှင်များ၊ ဆေးလိပ်၊ အရက် အလွန်အကျွံသောက်သုံးသူများနှင့် ကိုယ်လက်လှုပ်ရှားမှု မရှိသလောက်နည်းပါးသူများတွင် ရောဂါဖြစ်ပွားနိုင်ကြောင်းသိရသည်။
   မြန်မာနိုင်ငံတွင် ခန့်မှန်းတွက်ချက်မှု မရှိသေးသော်လည်း အရိုးကျိုးပြီဆိုလျှင် လူမှုရေး၊ စီးပွားရေး၊ ဆေးကုသစရိတ် အလွန်ကုန်ကျများပြားသည်မှာ မြင်သာနိုင်ကြောင်းသိရသည်။
    "နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု နှေးကွေး လေးလံလာမယ်။ အင်အား ချိနဲ့လာမယ်။ အရိုးနာမယ်ကိုက်မယ်။ အရပ်နိမ့်ပြီး ခါးကုန်းလာမယ်။ သာမန်ထိခိုက်ရုံနဲ့ အလွယ်တကူအရိုးကျိုးလာမယ်။ ဒါတွေက အရိုးပါးရောဂါ ရဲ့လက္ခဏာတွေပါ။ အရိုးပါးရောဂါ မဖြစ်အောင် ဒါမှမဟုတ် ရောဂါဖြစ်ပြီးပြင်းထန်တဲ့ ဝေဒနာမခံစားရအောင်၊ အရိုးမကျိုးအောင် ကာကွယ်နိုင်ပါတယ်"ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။
   ငယ်ရွယ်စဉ်မှအစပြု၍ ကျန်းမာရေးအသိပညာ အမူအကျင့်၊ အလေ့အထကောင်းများ မွေးမြူခြင်း၊ ကျန်းမာသော အနေအထိုင် အစားအသောက် လေ့ကျင့်ခန်း၊ ကိုယ်လက် လှုပ်ရှားမှုများကို ပုံမှန်ပြုလုပ်ပေးခြင်း၊ ဆေးလိပ်၊ အရက်လွန်ကျူးစွာ မသုံးစွဲခြင်း၊ ထိခိုက်ဒဏ်ရာမှ ကာကွယ်ခြင်း၊ အစားအသောက် အာဟာရ ဖြည့်တင်းပေးခြင်းတို့ဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း သိရသည်။
   ထို့ပြင် အရိုးပါးရောဂါကို ခေတ်မီနည်းစနစ်ဖြင့် တိုင်းတာနိုင်သော ကိရိယာပစ္စည်းများ လိုအပ်နေခြင်း၊ အရိုးပါးခြင်းကြောင့်ဖြစ်သော အရိုးကျိုးရောဂါကို ခွဲစိတ်ကုသရန် ပိုမိုခေတ်မီသောပစ္စည်းကိရိယာများ လိုအပ်နေခြင်း၊ အရိုးပါးရောဂါ ကုထုံးနည်းစနစ်များကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် လျော်ညီအောင် ပြဋ္ဌာန်းကျင့်သုံးရန်လိုအပ်ခြင်း၊ ပြည် သူလူထု၏အသိပညာ တိုးမြှင့်ပေးရန် လိုအပ်ခြင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ဆေးပညာရှင်များအား လုံးဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ခြင်း၊ အရိုးပါးရောဂါ သုတေသနလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ပါသည်။   ပွင့်ဖြူဖြူလွင်
   ကွန်ပျူတာကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းနှင့် စိတ်ဖိစီးမှုများပြားခြင်း စသည့်အချက်များကြောင့် အသက်အရွယ်ကြီးပြင်းလာချိန်၌ အရိုးပါးရောဂါနှင့် ကျီးပေါင်းရောဂါများ ဖြစ်ပွားမှုပိုမိုလာကြောင်း သတင်းရရှိသည်။
   ထို့ပြင် ယနေ့ခေတ် လူငယ်ယောက်ျားလေးများ၏ ၂၅ ရာခိုင် နှုန်းနှင့် မြီးကောင်ပေါက်အရွယ် မိန်းကလေးများ၏ ၁၀ ရာခိုင်နှုန်းသည် မျှတသည့် အစားအစာ မစားတတ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်လက်လှုပ်ရှားမှု မပြုခြင်း၊ အရက်၊ ဆေးလိပ်စွဲလန်းခြင်း၊ ကိုယ်ခန္ဓာအချိုးအစား ကြုံလှီသေးသွယ်မှု ကို လိုလားခြင်း စသည့်အကြောင်းအရာများကြောင့်လည်း ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။
   အရိုးပါးရောဂါဆိုသည်မှာ အရိုးအဖွဲ့စည်းတစ်ခုလုံး၏ ဇီဝဖြစ်စဉ်တွင် အရိုးထုထည်ပမာဏနှင့်ဝန် ခံနိုင်ရည်စွမ်းအား လျော့ကျလာပြီး အရိုးပုံသဏ္ဌာန်ပျက်ခြင်းနှင့် အရိုးကျိုး လွယ်လာခြင်းကို ဆိုလိုသည်။ လူတစ်ယောက်၏ သတ်မှတ်အသက် အရွယ် ၂၀မှ ၂၅ နှစ်အတွင်း အရိုး ဖွံ့ဖြိုးမှု အကောင်းဆုံးအခြေအနေတွင် ရှိသင့်သည့် အရိုးထုထည်ပမာဏထက် စံနှုန်း ၂ ဒသမ ၅ SD ကျဆင်းသွားလျှင် အရိုးပါးရောဂါရှိနေပြီး ၎င်းစံနှုန်းဖြင့် အရိုးပါကျိုးပြီဆိုလျှင် အဆိုးဆုံး အခြေအနေရောက်နေပြီ ဟု သတ်မှတ်နိုင်ကြောင်း သိရသည်။
   အသက် ၆၀ မှ ၇၀ အတွင်းရှိ အမျိုးသမီးများ၏သုံးပုံတစ်ပုံမှာ အရိုးပါးရောဂါကို ခံစားကြရပြီး အသက် ၈၀ကျော် အမျိုးသမီးများ၏ သုံးပုံနှစ်ပုံခန့်၊ အသက် ၅၀ ကျော် အမျိုးသမီးများ၏ ၂၀ မှ ၂၅ရာခိုင်နှုန်းခန့်သည် ကျောရိုးပြားပြီး ကျိုးသည့် အရိုးဝေဒနာကို တစ်ကြိမ်ကြိမ်မှာ ခံစားဖူးရကြောင်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာအရ အမျိုးသမီးသန်း ၂၀၀ခန့် အရိုးပါးရောဂါဖြစ်ပွားနေကြကြောင်း သိရပါသည်။ အမျိုးသားများသည်လည်း အသက်အရွယ်ရလာလျှင် အရိုးပါးရောဂါဖြစ်ပွားခြင်းမှ  မလွတ်ကင်းနိုင်ဘဲ ရောဂါဖြစ်လာပါက ဝေဒနာပိုမိုခံစားရကြောင်း သိရသည်။
   "အရိုးပါးရောဂါကို Disease of Life style and Productive Issue or Public Health Problem တစ်ခုအနေနဲ့ အလေးထားရမယ့်ရောဂါ အမျိုးအစားတစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆော်သြလျက်ရှိပါတယ်။ ဒီရောဂါက အသက်အန္တရာယ် ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်တဲ့ ရောဂါမဟုတ်ပေမယ့် ရောဂါခံစားနေရသူ တစ်ဦးအတွက် ဘ၀တစ်ခုရဲ့ကိုယ်ရည်ကိုယ်သွေး ကျဆင်းပြီးနောက် ဆက်တွဲဆိုးကျိုးဝေဒနာတွေ ခံစားရမယ်။ ဖြစ်ပွားမှုနှုန်း များတာကြောင့် ကျန်းမာရေး အသုံးစရိတ်များပြီး လူ့စွမ်းအားအရင်းအမြစ် ကျဆင်းတဲ့ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်"ဟု မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး အရိုးရောဂါပညာဌာနမှ ပါမောက္ခ ဒေါက်တာဦးမြင့်သောင်းက ရှင်းပြခဲ့သည်။
   ၁၉၉၅-၁၉၉၆ ခုနှစ် စာရင်းများအရ အမျိုးသမီးများတွင် ဖြစ်ပွားသော အရိုးပါးရောဂါသည် အခြား Life style Disease  ဖြစ်သည့်သွေးတိုး၊ နှလုံး၊ လေဖြတ်၊ ရင်သားကင်ဆာ ရောဂါများထက် ဖြစ်ပွားမှုနှုန်း ၃ ဆခန့်ပိုများကြောင်း၊ အရိုးပါးရောဂါကြောင့် တင်ပါးဆုံရိုးကျိုးလူနာများကို ခွဲစိတ်ကုသရနှုန်းမှာ တစ်ကမ္ဘာလုံးတွင် ၁၉၉၀ ပြည့်နှစ်က ၁ ဒ သမ ၆၆ သန်း ရှိလာပြီး လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ၆ ဒသမ ၂၆ သန်းအထိ တိုးလာဖွယ်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။
   အမျိုးသမီးများတွင် အသက် အရွယ်ရလာချိန်တွင် အရိုးကျိုးခဲ့ဖူးခြင်း၊ မိသားစုအတွင်း အသက်ကြီး မှ အရိုးကျိုးခဲ့ဖူးခြင်း၊ ကိုယ်အလေးချိန်နည်းသူများ (၁၂၇ပေါင်အောက် ရှိသူများ)၊ ဆေးလိပ်သောက်သုံးနေဆဲရှိသူများ၊ စတီးရွိုက်ဟော်မုန်း ဆေးများ ၃ လကျော် ပုံမှန်သုံးစွဲနေသူများ၊ ကိုယ်လက်လှုပ်ရှားမှု မရှိသလောက်နည်းပါးသူများ၊ စောစီးစွာ သွေးဆုံးကြသူများနှင့် သားအိမ်၊ သားဥအိမ် ထုတ်ထားသူများတွင် အရိုးပါးရောဂါအန္တရာယ် ဖြစ်နိုင်ခြေ များကြောင်း သိရသည်။ အမျိုးသားများတွင် အသက်ကြီးမှ တစ်ချိန်ချိန်တွင် အရိုးကျိုးခဲ့ဖူးသူများ၊ ဓာတ်မှန်တွင် အရိုးပါးလက္ခဏာရှိကြသူများ၊ စတီးရွိုက်ဟော်မုန်းဆေးများ ၆ လ ကျော် ပုံမှန်သုံးစွဲနေသူများ၊ မျိုးပွား အင်္ဂင်္ါအစိတ်အပိုင်း ခွဲစိတ်ထုတ်ထားသူများ၊ လည်ပင်းအကျိတ်ရောဂါရှိ သူများ၊ ကျောက်ကပ်၊ အသည်းရောဂါ နာတာရှည်ဝေဒနာရှင်များ၊ ဆေးလိပ်၊ အရက် အလွန်အကျွံသောက်သုံးသူများနှင့် ကိုယ်လက်လှုပ်ရှားမှု မရှိသလောက်နည်းပါးသူများတွင် ရောဂါဖြစ်ပွားနိုင်ကြောင်းသိရသည်။
   မြန်မာနိုင်ငံတွင် ခန့်မှန်းတွက်ချက်မှု မရှိသေးသော်လည်း အရိုးကျိုးပြီဆိုလျှင် လူမှုရေး၊ စီးပွားရေး၊ ဆေးကုသစရိတ် အလွန်ကုန်ကျများပြားသည်မှာ မြင်သာနိုင်ကြောင်းသိရသည်။
    "နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု နှေးကွေး လေးလံလာမယ်။ အင်အား ချိနဲ့လာမယ်။ အရိုးနာမယ်ကိုက်မယ်။ အရပ်နိမ့်ပြီး ခါးကုန်းလာမယ်။ သာမန်ထိခိုက်ရုံနဲ့ အလွယ်တကူအရိုးကျိုးလာမယ်။ ဒါတွေက အရိုးပါးရောဂါ ရဲ့လက္ခဏာတွေပါ။ အရိုးပါးရောဂါ မဖြစ်အောင် ဒါမှမဟုတ် ရောဂါဖြစ်ပြီးပြင်းထန်တဲ့ ဝေဒနာမခံစားရအောင်၊ အရိုးမကျိုးအောင် ကာကွယ်နိုင်ပါတယ်"ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။
   ငယ်ရွယ်စဉ်မှအစပြု၍ ကျန်းမာရေးအသိပညာ အမူအကျင့်၊ အလေ့အထကောင်းများ မွေးမြူခြင်း၊ ကျန်းမာသော အနေအထိုင် အစားအသောက် လေ့ကျင့်ခန်း၊ ကိုယ်လက် လှုပ်ရှားမှုများကို ပုံမှန်ပြုလုပ်ပေးခြင်း၊ ဆေးလိပ်၊ အရက်လွန်ကျူးစွာ မသုံးစွဲခြင်း၊ ထိခိုက်ဒဏ်ရာမှ ကာကွယ်ခြင်း၊ အစားအသောက် အာဟာရ ဖြည့်တင်းပေးခြင်းတို့ဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း သိရသည်။
    ထို့ပြင် အရိုးပါးရောဂါကို ခေတ်မီနည်းစနစ်ဖြင့် တိုင်းတာနိုင်သော ကိရိယာပစ္စည်းများ လိုအပ်နေခြင်း၊ အရိုးပါးခြင်းကြောင့်ဖြစ်သော အရိုးကျိုးရောဂါကို ခွဲစိတ်ကုသရန် ပိုမိုခေတ်မီသော ပစ္စည်းကိရိယာများ လိုအပ်နေခြင်း၊ အရိုးပါးရောဂါ ကုထုံးနည်းစနစ်များကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် လျော်ညီအောင် ပြဋ္ဌာန်းကျင့်သုံးရန်လိုအပ်ခြင်း၊ ပြည် သူလူထု၏အသိပညာ တိုးမြှင့်ပေးရန် လိုအပ်ခြင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ဆေးပညာရှင်များအား လုံးဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ခြင်း၊ အရိုးပါးရောဂါ သုတေသနလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ပါသည်။

No comments:

Post a Comment