အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Thursday, November 25, 2010

ရန်ကုန်မြို့ရှိ လူစည်ကားသော ဈေးကြီးအချို့တွင် လုံခြုံရေးသတိရှိရန် အသိပေးနှိုးဆော်နေ

ရန်ကုန်မြို့လယ်ရှိ အင်တာနက်ဆိုင် တစ်ခုတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ချိန်ကိုက်မိုင်းလေးလုံး တွေ့ရှိခဲ့မှုကြောင့် ရန်ကုန်မြို့ရှိ လူစည်ကားသော ဈေးကြီးအချို့တွင် လုံခြုံရေးပိုင်းကို ပိုမိုသတိထားလာ ရပြီး လုံခြုံရေးသတိရှိရန်လည်း အသိပေးနှိုးဆော်နေကြောင်း သိရှိရပါသည်။
"ဈေးထဲမှာ လုံခြုံရေးသတိရှိဖို့ အတွက် အရင်ထက်ပိုပြီး လုပ်နေရပါတယ်။ ဈေးကလုံခြုံရေးအဖွဲ့တွေကိုလည်း လုံခြုံရေးအပေါက်တွေကို မကြာခဏလိုက်လံ စစ်ဆေးခိုင်းထားပါတယ်။ ပြီးတော့ ရန်ကုန်မြို့လယ် မှာ မပေါက်ကွဲသေးတဲ့ ချိန်ကိုက်မိုင်း တွေ့တယ်ဆိုတဲ့အကြောင်းကိုလည်း လုံခြုံရေးအဖွဲ့တွေကိုပြောပြပြီး လုံခြုံရေးနဲ့ပတ်သက်ပြီး  Alarm လုပ်နေရပါတယ်။ လူစည်ကားတဲ့ဈေးဆိုတော့ လုံခြုံရေးသတိရှိတာ အကောင်းဆုံးပဲ"ဟု သိမ်ကြီးဈေး အေဘီရုံဈေး သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
"လုံခြုံရေးနဲ့ပတ်သက်ပြီး နိုးနိုး ကြားကြား လုပ်နေရပါတယ်။ အဓိကတော့ ဈေးလုံခြုံအောင်လို့ပါ။ ပြီးတော့ ဈေးထဲမှာ သံသယဖြစ်ဖွယ် ပစ္စည်းတွေဘာတွေတွေ့ရင်လည်း  တာဝန်ရှိသူတွေကို လာရောက် တင်ပြအကြောင်းကြားဖို့လည်း ပြောထားပါတယ်။ ဆိုင်ခန်းတွေကိုလည်း ဈေးပိတ်လို့ပြန်တဲ့အခါမှာ ကိုယ့်ဆိုင်ခန်းတွေကို သော့ပိတ်ခဲ့ခြင်းရှိ၊ မရှိစစ် ဆေးနေရတဲ့အပြင် သော့ပိတ်ပြီးမှ ပြန်ဖို့ကိုလည်း နှိုးဆော်နေပါတယ်"ဟု ရန်ကုန်မြို့လယ်ရှိ ဈေးကြီးတစ်ခု မှတာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ သည်။
မင်္ဂလာဈေးသာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးလည်း "ကျွန် တော်တို့ဈေးမှာတော့ လတ်တလော ကာလလုံခြုံရေးနဲ့ ပတ်သက်ပြီး ပုံမှန်အတိုင်း ထားရှိဆောင်ရွက်နေပါတယ်" ဟု ဆိုပါသည်။
"ကျွန်တော်တို့ဈေးထဲမှာ လုံခြုံရေးအပိုင်းကတော့ ပုံမှန်လုပ်နေတာ ကို တွေ့နေရတယ်။ CCTV ကင်မရာတွေလည်း တပ်ထားတယ်လေ။ ပြီးခဲ့ တဲ့ရက်ပိုင်းမှာတော့ မြို့တော်ခန်းမနားက အင်တာနက်ဆိုင်တစ်ခုမှာ မပေါက်ကွဲသေးတဲ့ ချိန်ကိုက်မိုင်း တွေ့တယ်လို့ သတင်းကြားလိုက်ရတော့ ကိုယ့်ဆိုင်နားပတ်ဝန်းကျင် လုံခြုံရေးကိုတော့ ပိုပြီးသတိရှိထားရတာပေါ့"ဟု ဗိုလ်ချုပ်အောင်ဆန်း ဈေးတွင် ဆိုင်ဖွင့်လှစ်ထားသူတစ်ဦး က ပြောပြခဲ့သည်။

No comments:

Post a Comment