အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Monday, November 1, 2010

ထားဝယ် ရေနက်ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဓိက ဆိပ်ကမ်းဇုန်အဖြစ် ပြုလုပ်မည်

ထားဝယ် ရေနက်ဆိပ်ကမ်းအား ထိုင်း-အီတာလျံ ရင်းနှီးမြှုပ်နှံမှု တစ်ရပ်အရ သဘောတူညီမှုစာချုပ် ရေးထိုးသွားရန်ရှိပြီး ယင်းဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ အဓိကအချက်အချာ ဆိပ်ကမ်းဇုန် တစ်ခုသဖွယ် စတင်ပြုလုပ် သွားမည်ဖြစ်သည်ဟု ဆိပ်ကမ်းနှင့် ပင်လယ်ရေကြောင်း စီးပွားရေးဆိုင်ရာ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။ အဆိုပါ ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းအတွက် ကုန်ကျမည့် ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃ ဘီလျံမျှဖြစ်ကာ ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှုတစ်ရပ် လာရောက်ခြင်းဖြင့် ဆိပ်ကမ်းငှားရမ်း အသုံးပြုခ ရရှိကာ တိုင်းပြည်ဝင်ငွေလည်းရရှိမည် ဖြစ်ကြောင်း သိရှိရပါသည်။    ထားဝယ် ရေနက်ဆိပ်ကမ်း ပြုလုပ်သွားခြင်းဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု တိုးတက်ခြင်းအပြင် ယင်းဆိပ်ကမ်း တစ်ဝိုက်ရှိ ဒေသခံများလည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်မည် ဖြစ်ကြောင်း School of Logistics and Supply Chain Management မှ ဦးကျော်မျိုးဝင်းက ပြောကြားခဲ့ပါသည်။     ထားဝယ် ရေနက်ဆိပ်ကမ်းအား စင်ကာပူ၊ ဟောင်ကောင် ဆိပ်ကမ်းကြီးများကဲ့သို့ နိုင်ငံခြားသင်္ဘော အ၀င်အထွက် တင်သာမက ကွန်တိန်နာ ထားရှိနိုင်သော သိုလှောင်နိုင်သည့် နေရာများ၊ ဆင့်ကဲဆက်လက် ထုတ်ဝေဖြန့်ဖြူးမည့် အဓိကဆိပ်ကမ်း Distribution Center အဖြစ် ပြုလုပ်ထားရှိခြင်းဖြင့် ဆိပ်ကမ်းအခန်း ကဏ္ဍကျယ်ပြန့် လာနိုင်မည်ဟု လေ့လာသူများက ပြောကြားခဲ့ကြသည်။ ထားဝယ်ဆိပ်ကမ်းဇုန်နှင့် ဈေးကွက်ယှဉ်ပြိုင်မှု ရှိလာမည့် ဆိပ်ကမ်းများမှာ စင်ကာပူ၊ ထိုင်း၊ မလေးရှားနှင့် သီရိလင်္ကာ ဆိပ်ကမ်းများ ဖြစ်ကြသော်လည်း အချို့သော ဥရောပသမဂ္ဂနိုင်ငံများ၊ အမေရိကန်နှင့် ကိုရီးယားမှ နိုင်ငံခြား သင်္ဘောများမှာ စင်ကာပူ၊ ဟောင်ကောင်ရှိ ဆိပ်ကမ်းကြီးများသို့ သွားခြင်းထက် ကုန်ကျစရိတ်နှင့် အချိန်ကြန့်ကြာမှု သက်သာစေရန် ထားဝယ်ဆိပ်ကမ်းကို အစားထိုး ဈေးကွက်တစ်ခုသဖွယ် အသုံးပြုလာနိုင်မည်ဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် ထားဝယ်ရေနက် ဆိပ်ကမ်းကို ငါးဖမ်းခြင်း၊ တံငါလုပ်ငန်းများဖြင့်သာ အသုံးပြုမှုရှိနေသေးပြီး ဆိပ်ကမ်းတစ်ခု၏ အဓိကလုပ်ဆောင်ရမည့်အချက်မှာ မည်သည့်ဈေးကွက်ကို အဓိကဦးတည်ခြင်းနှင့် ဆိပ်ကမ်းသုတေသန စစ်တမ်းများ စဉ်ဆက်မပြတ် ပြုလုပ်ခြင်းမှာ အရေးပါလှကြောင်း ဆိပ်ကမ်းနှင့် ပင်လယ်ရေကြောင်း စီးပွားရေးသုတေသီ တစ်ဦးက ဆိုပါသည်။ ထားဝယ်ရေနက်ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွင် ရထားလမ်း၊ စက်ရုံ၊ အလုပ်ရုံနှင့် ကားလမ်းများပါ ထည့်သွင်းသွားမည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment