အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Monday, November 1, 2010

ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးနေရမှုတွင် တက္ကသိုလ်နှင့် အခြေခံပညာ အထက်တန်း အဆင့်များ အများဆုံး ပါဝင်နေ

၂၀၀၉ ခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများကြောင့် အသက် ဆုံးရှုံးခဲ့ကြရသူများ၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသူများတွင် ကျောင်းနေအရွယ် ပညာသင်ကြားနေဆဲ ဖြစ်သော လူငယ်လူရွယ်များလည်း ပါဝင်ခဲ့ပြီး ယင်းသို့ ကျောင်းသားလူငယ်များ၏ အသက်ဆုံးရှုံးခဲ့ရမှုများ အနက် တက္ကသိုလ်အဆင့်နှင့် အခြေခံပညာ အထက်တန်းအဆင့် လူငယ်များ အများဆုံး ပါဝင်နေသည် ဟု ၂၀၀၉ ခုနှစ်အတွင်း ရန်ကုန်မြို့တော်တွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများ အပေါ် စစ်တမ်းကောက်ယူ ပြုစုထားချက်များအရ သိရသည်။ ၂၀၀၉ ခုနှစ်အတွင်း ရန်ကုန်မြို့တော်တွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများအနက် ကျောင်းနေအရွယ် ကလေးငယ်များ၏ ယာဉ်အန္တရာယ် ကြုံတွေ့ခဲ့ရမှု အခြေအနေမှာ အမှုပေါင်း ၇၁ မှု ဖြစ်ပွားခဲ့သည်ဟု သိရပြီး ယင်းတွင်သေဆုံးသူ စုစုပေါင်း ၁၃၀ ဦးထိရှိခဲ့၍ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးဖြစ်ကြောင်း သိရသည်။ ယင်းသို့ ဆုံးရှုံးနေရမှုများကို လျှော့ချနိုင်ရန်အတွက် အလုပ်ရုံ ဆွေးနွေးပွဲများ၊ ပြပွဲပြိုင်ပွဲများ၊ ဟောပြောပွဲများပြုလုပ်၍ လက်ကမ်းစာစောင်များ၊ ပညာပေး စာအုပ်များကိုလည်း အခြေခံပညာကျောင်းများသို့ ဖြန့်ဝေပေးလျက်ရှိသည်ဟု သိရသည်။    ယာဉ်အန္တရာယ် ကင်းရှင်းစေသော ပတ်ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်စေရန်ကိုလည်း စီမံချက်များရေးဆွဲ ကာ သက်ဆိုင်ရာ ကျောင်းများအလိုက် ဆရာမိဘများပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြကြောင်း ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment