အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Monday, November 1, 2010

နိုဝင်ဘာလကုန်တွင် တစ်ခါသုံး ဂျီအက်စ်အမ် Prepaid ကတ်များ ရပ်ဆိုင်းတော့မည်

ဈေးကွက်အတွင်း လက်ရှိအသုံးပြုလျက်ရှိသော တစ်ခါသုံး ဂျီအက်စ်အမ် Prepaid ကတ်များအား လာမည့် နိုဝင်ဘာလကုန်တွင် အသုံးပြုခွင့် ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း သိရသည်။ ကျပ်ငါးသိန်းတန်ဖုန်းများ အသုံးပြုခွင့် ရရှိခဲ့သည့် နောက်ပိုင်းတွင် ဈေးကွက်အေးလာခဲ့သော တစ်ခါသုံး ဂျီအက်စ်အမ် Prepaid ကတ်များအား ထပ်မံထုတ်လုပ်ခြင်း မရှိတော့ပဲ လက်ရှိဈေးကွက်အတွင်းတွင် အသုံးပြုရောင်းချလျက် ရှိသော ကတ်များအားလုံးကို လာမည့် နိုဝင်ဘာလကုန်ထိ နောက်ဆုံးထား အသုံးပြုခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။ ယင်းဂျီအက်စ်အမ် တစ်ခါသုံးကတ်များမှာ လက်ရှိအချိန်တွင် ဈေးကွက်အတွင်း၌ ရှားပါးလာခဲ့ပြီး အသုံးပြုသူ အများအပြား မရှိတော့ပဲ ပြည်တွင်းမှ အသုံးပြုသူ အနည်းငယ်ခန့်နှင့် ပြည်ပနိုင်ငံများမှ အလည်အပတ်      လာရောက်ကြသော နိုင်ငံခြားသား ဧည့်သည်များသာ အများဆုံးအသုံးပြုလျက် ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဈေးကွက်အတွင်း၌ အဆိုပါကတ်များအား ၀ယ်ယူရောင်းချမှု နှုန်းမှာလည်း ဈေးကွက် အေးလျက်ရှိပြီး အသုံးပြုမှု နည်းပါးလာခဲ့ပြီ ဖြစ်ကြောင်း ၂၀၁၀ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment