အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Sunday, December 5, 2010

ယခုနှစ်အတွင်း ခရီးသည်တင် မော်တော်ယာဉ်များ၏ ယာဉ်မတော်တဆမှု ၂၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၈၀ ဦးနှင့် ဒဏ်ရာရရှိသူ ၆၀၀ ကျော်ရှိကြောင်း သိရ


6105
၂၀၁၀ပြည့်နှစ် အောက်တိုဘာ လအတွင်းက ကမ္ဘာအေးစေတီ လမ်းပေါ်တွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့စဉ်
    ယခုနှစ် ဇန်န၀ါရီလမှ အောက်တိုဘာ လကုန်အထိ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီ စီမံမှု အောက်ရှိ ခရီးသည်တင် ယာဉ်လိုင်းများ၏ ယာဉ်မတော်တဆ ဖြစ်ပွားခဲ့မှုမှာ၂၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၈၀ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူမှာ ၆၀၀ ကျော် ရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်ပေးသော စာရင်းဇယားများအရ သိရသည်။
    ဗဟို မ.ထ.သ၏ စီမံမှုအောက်တွင် ယာဉ်လိုင်းကြီး ၁၇ လိုင်းရှိရာ အဆိုပါ ခရီးသည်တင်ယာဉ်လိုင်းများ၏ ယာဉ်မတော်တဆ ဖြစ်ပွားခဲ့မှုများကို စာရင်းပြုစုထားချက်များ အရ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလမှ အောက်တိုဘာလ လကုန်အထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများမှာ မ.ထ.သ(မြို့တွင်း)ယာဉ်လိုင်းမှ ယာဉ်မတော်ဆမှု ၈၉ မှု ဖြစ်ပွားခဲ့ ပြီး ယင်းနှင့် ဆက်စပ်၍ သေဆုံးသူ ၁၉ ဦး၊ ဒဏ်ရာရရှိသူ ၂၁၃ ဦးရှိခဲ့ သည်ဟု သိရသည်။ မ.ထ.သ (အ ဝေးပြေး)ယာဉ်လိုင်းမှ ယာဉ်မတော် တဆမှု ၁၅ မှု၊ သေဆုံးသူ ၁၄ ဦး၊ ဒဏ်ရာရရှိသူ ၅၄ ဦးရှိခဲ့ပြီး ဗန္ဓုလ သယ်ယူပို့ဆောင်ရေး၏ ပါရမီယာဉ်လိုင်းမှ ယာဉ်မတော်တဆမှု ၁၄ မှု၊ သေဆုံးသူ လေးဦး၊ ဒဏ်ရာရရှိခဲ့သူ ၁၄ ဦး၊ သန်မြန်သူယာဉ်လိုင်းမှ  ယာဉ်မတော်တဆမှု ၁၈ မှု၊ သေဆုံး သူ နှစ်ဦး၊ ဒဏ်ရာရရှိသူ ၇၂ ဦး၊ အရှေ့ပိုင်းခရိုင်ယာဉ်လိုင်းမှ ယာဉ်မတော်တဆမှု ၁၅ မှု၊ သေဆုံးသူ ငါးဦး၊ ဒဏ်ရာရရှိသူ ၄၈ ဦး၊ အ နောက်ပိုင်းခရိုင် ယာဉ်လိုင်းမှ ယာဉ် မတော်တဆမှု ၄၅ မှု၊ သေဆုံးသူ ၁၄ ဦး၊ ဒဏ်ရာရရှိသူ ၈၂ ဦး ရှိခဲ့ သည်ဟုသိရသည်။မြောက်ပိုင်းခရိုင်  ယာဉ်လိုင်းမှ ယာဉ်မတော်တဆမှု ၃၁ မှု၊ သေဆုံးသူ ၁၄ ဦး၊ ဒဏ်ရာ ရရှိသူ ၁၁၉ ဦးရှိခဲ့ပြီး ကန္ဒာရ၀တီ ယာဉ်လိုင်းမှ ယာဉ်မတော်တဆမှု တစ်မှု၊ သေဆုံးသူတစ်ဦးရှိခဲ့သည်။ စစ်မှုထမ်းဟောင်း(အတွင်း)ယာဉ်လိုင်း မှ ယာဉ်မတော်တဆမှုတစ်မှု၊ ဒဏ်ရာ ရရှိသူတစ်ဦးရှိခဲ့ပြီးစစ်မှုထမ်းဟောင်း (အပြင်)ယာဉ်လိုင်း၊ ရွှေမြင်းပျံ(ဂျီအီးစီ)၊ မြန်မာ့သားကောင်း ယာဉ်လိုင်း တို့တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှု မရှိခဲ့ဘဲ ရွှေရန်ကုန်ယာဉ်လိုင်းတွင် ယာဉ်မတော်တဆမှု တစ်မှု၊ သေဆုံး သူတစ်ဦးရှိခဲ့ကြောင်း သိရသည်။ ရွှေဧည့်သည်ယာဉ်လိုင်းတွင် ယာဉ် မတော်တဆမှုသုံးမှု သေဆုံးသူငါး ဦးနှင့် ဒဏ်ရာရရှိသူတစ်ဦး၊ ရွှေအင်းဝ ယာဉ်လိုင်းတွင် ယာဉ်မတော်တဆမှု လေးမှု၊ ဒဏ်ရာရရှိသူနှစ်ဦးရှိခဲ့ ပြီး မြို့တော်စည်ပင်ယာဉ်လိုင်းတွင် လည်း ယာဉ်မတော်တဆမှုများ ဖြစ် ပေါ်ခဲ့ခြင်းမရှိကြောင်း သိရသည်။ စုစုပေါင်း ခရီးသည်တင်ယာဉ်လိုင်း များ၏ယာဉ်မတော်တဆဖြစ်ပွားခဲ့မှု မှာ ၂၅၁ မှု၊ သေဆုံးသူ ၈၀ ဦးနှင့် ဒဏ်ရာရရှိသူ ၆၃၇ ဦးရှိခဲ့ကြောင်း မ.ထ.သ(ဗဟို)မှ သတင်းရရှိသည်။
   ခရီးသည်တင် ယာဉ်လိုင်းများ ၏ ယာဉ်မတော်တဆဖြစ်ပွားခဲ့မှု အခြေအနေတွင် ယာဉ်အစီးရေနှင့် လိုင်းအရေအတွက် များပြားသော ယာဉ်လိုင်းကြီးများတွင် ပိုမိုဖြစ်ပွားခဲ့သည်ဟု သိရသည်။
   မ.ထ.သ(မြို့တွင်း)ယာဉ်လိုင်း၊ အနောက်ပိုင်းခရိုင် ယာဉ်လိုင်း၊ မြောက်ပိုင်းခရိုင် ယာဉ်လိုင်းတို့တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုများပြားခဲ့ကြောင်း သိရသည်။
    "ဘယ်ယာဉ်ပဲဖြစ်ဖြစ် မတော်တဆမှု လုံးဝမဖြစ်တာက အကောင်းဆုံးပါပဲ။ အထူးသဖြင့်တော့ လူအများအပြားကို တင်ဆောင်ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေက ပိုမိုသတိထားရမှာပါ။ မတော်တဆ ဖြစ်တာနဲ့ ယာဉ်ပေါ်မှာ လိုက်ပါတဲ့ ခရီးသည် အများအပြားကို ထိခိုက်နိုင်သလို ဘေးပတ်ဝန်းကျင်ကိုလည်း အန္တရာယ်ပြုနိုင်ပါတယ်။ လူတိုင်းလူတိုင်း မော်တော်ယာဉ်နဲ့ ပတ်သက်တဲ့ အန္တရာယ်တွေကို သတိထားနိုင်မှ ယာဉ်မတော်တဆမှုတွေ လျော့ကျ သွားနိုင်လို့ပါ"ဟု လေ့လာသူတစ်ဦးက ဆိုသည်။
မ.ထ.သ(ဗဟို) စီမံမှုအောက်ရှိ ယာဉ်လိုင်းကြီး ၁၇ လိုင်း၏ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလမှ အောက်တိုဘာလအထိ ယာဉ်မတော်တဆမှု၊ သေဆုံး၊ ဒဏ်ရာရရှိမှုစာရင်း

လ     ယာဉ်မတော်တဆမှုသေဆုံးသူဦးရေဒဏ်ရာရရှိသူဦးရေ
ဇန်န၀ါရီ   ၃၀    ၇   ၉၃
ဖေဖော်ဝါရီ   ၁၉    ၄    ၂၇
မတ်   ၂၇   ၁၃    ၈၂
ဧပြီ    ၁၈    ၈   ၂၀
မေ    ၁၉    ၁၁    ၈၄
ဇွန်    ၂၂    ၅    ၃၆
ဇူလိုင်    ၃၃    ၁၀    ၆၁
သြဂုတ်   ၃၄  ၆    ၈၈
စက်တင်ဘာ    ၃၁    ၁၂   ၉၈
အောက်တိုဘာ   ၁၈    ၄    ၄၈
စုစုပေါင်း    ၂၅၁    ၈၀    ၆၃၇

No comments:

Post a Comment