အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Sunday, December 5, 2010

 'လူတွေရဲ့ဘ၀အမှန်ကိုသိရအောင် ဈေးလိုနေရာမျိုးတွေသွားချင်ပါတယ်' လီဟားနားနှင့် တွေ့ဆုံခြင်း

ကိုရီးယား-မြန်မာသံတမန်ဆက်ဆံရေး ၃၅ နှစ်မြောက်အထိမ်းအမှတ်အဖြစ် ကျင်းပသည့် တောင်ကိုရီးယားရုပ်ရှင်ပွဲတော်အား ဖွင့်လှစ်ပေးရန် တောင်ကိုရီးယားမှ သရုပ်ဆောင် ဆောင်အီလ်ဂွတ်(ဂျူမုံ)နှင့် လီဟားနားတို့သည် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထိုင်းလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ရာ နိုဝင်ဘာလ ၂၆ ရက်နေ့က စာနယ်ဇင်းများနှင့်တွေ့ဆုံခိုက် မေးမြန်းခဲ့ကြသမျှမှအချို့အား ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။
Lee Hana
မေး    လီဟားနားကိုပရိသတ်သိစေတဲ့ ဇာတ် ကားကိုသိပါရစေ။
ဖြေ    မြန်မာလို နေမင်းသမီးလို့ အဓိပ္ပာယ်ရှိတဲ့ဇာတ်ကားလေးက ကို ရီးယားမှာလီဟားနားအတွက်အောင်  မြင်မှုရတဲ့ကားလေးပါ။ အဲဒီကားက ပရိသတ်လည်း ကြိုက်တယ်၊ လီ ဟားနားကိုယ်တိုင်လည်း အကြိုက် ဆုံးကားလေးပါ။
မေး    လီဟားနား နေထိုင်တတ်တဲ့ နေထိုင်မှုပုံစံ ကဘယ်လိုမျိုးလဲ။
ဖြေ    ပွင့်ပွင့်လင်းလင်းနဲ့ လူသား ဆန်ဆန်နေချင်တယ်။ သဘာဝကျ ကျနေရတဲ့ပုံစံကို ကြိုက်ပါတယ်။
မေး    မြန်မာနိုင်ငံကိုရောက်ရှိခိုက် မြန်မာနိုင်ငံ အပေါ် လီဟားနားဘယ်လိုမြင်လဲ။
ဖြေ    မြန်မာနိုင်ငံကို ရောက်ရှိခိုက်မှာ  မြန်မာတီဗီကို ကြည့်ဖြစ်ပါတယ်။မြန်မာကားတွေကိုကြည့်တော့ ကိုရီး ယားနဲ့ ယဉ်ကျေးမှုတူတာကိုသတိ ထားမိပါတယ်။ မြန်မာနဲ့ ကိုရီးယား ကယဉ်ကျေးမှုချင်းတူပါတယ်။
မေး    အခုလာတဲ့ခရီးစဉ်မှာ လီဟားနားဘာတွေ လုပ်ချင်တဲ့ ဆန္ဒရှိလဲ။
ဖြေ    မြန်မာနိုင်ငံကို မလာခင် ကိုရီး ယားမှာတုန်းကမြန်မာနိုင်ငံကိုရောက် ဖူးတဲ့ သူငယ်ချင်းကပြောပါတယ်။မြန်မာလူမျိုးတွေက အပြုံးချိုချိုလေး နဲ့နှုတ်ဆက်တတ်တယ်တဲ့။ ပြီးတော့ ဓာတ်ပုံတစ်ပုံ တွေ့ပါတယ်။ ကန် ပေါင်ပေါ်မှာ ထီးလေးနဲ့ရိုက်ထားတဲ့ ပုံပါ။ အင်းလေးလို့ပြောတယ်၊ သွား ချင်ပါတယ်။ နောက်ပြီး လူတွေရဲ့ ဘ၀တွေကိုသိချင်တဲ့အတွက် ဈေးကို သွားချင်တယ်။ မြန်မာနိုင်ငံက သစ် သီးတွေက လတ်ဆက်တယ်လို့သိ ထားတဲ့အတွက် သစ်သီးဈေးကို လည်း သွားပြီးလေ့လာချင်ပါတယ်။
မေး    လီဟားနားရဲ့ ၀ါသနာဆိုရင်။
ဖြေ    ခရီးသွားရတာကို ၀ါသနာပါ ပါတယ်။ စိတ်ဖိစီးမှုတွေများတဲ့အခါ  ခရီးသွားတတ်ပါတယ်။ ကမ္ဘာကြီး ကဘယ်လောက်ကြီးတယ်ဆိုတာကို သိဖို့အတွက် ခရီးသွားရတာကို ၀ါသ နာပါ ပါတယ်။
မေး    မြန်မာနိုင်ငံကိုရောက်ရှိခိုက် ခံစားချက်နဲ့ ပရိသတ်တွေကို ပြောချင်တာရှိမလား။
ဖြေ    မြန်မာတွေက ကိုရီးယားအနု ပညာရှင်တွေကို သိနေကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုရီးယား စကားကို မြန်မာတွေပြောတတ်တဲ့ အတွက် ရင်ခုန်မိပါတယ်။ မြန်မာ နိုင်ငံနဲ့ပတ်သက်ပြီး တခြားထွေထွေ ထူးထူးတော့ပြောစရာမရှိပါဘူး။ ဒါ ပေမယ့် နောင်တစ်ချိန်မှာ အခုလို အနုပညာအလုပ်နဲ့ မဟုတ်ပါဘဲ။ သာမန်လူသားတစ်ယောက်အနေနဲ့ သာမန်လူသားတွေနဲ့ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်တဲ့အပြင် လူတစ်ယောက် အနေနဲ့ မြန်မာနိုင်ငံကိုပြန်လာချင်ပါ တယ်။
မေး    မြန်မာနိုင်ငံကိုရောက်တာပျော်လား။
ဖြေး    အရမ်းအရမ်းကို ပျော်ပါတယ်။ ဥရောပနိုင်ငံတွေကိုလည်း သွားဖူးပေ မယ့် မြန်မာ့ယဉ်ကျေးမှုက ကိုရီးယား နဲ့တူတဲ့အတွက် ပျော်မိပါတယ်။
မေး    အနုပညာနဲ့ပတ်သက်ပြီး သင်ယူခဲ့မှု အပိုင်းကိုလည်း ပြောပေးပါဦး။
ဖြေ    ကိုရီးယား အနုပညာကျောင်းမှာ သင်ယူပါတယ်။ သင်တန်းကျောင်း တွေမှာလည်း သင်ခဲ့ပါတယ်။
မေး    မြန်မာပရိသတ်တွေကို အမှတ်တရစကား ပြောပေးပါလား။
ဖြေ    မြန်မာနိုင်ငံကိုမလာခင်မှာ မြန် မာနိုင်ငံကို အရမ်းလာချင်ခဲ့ပါတယ်။ အခုလာတဲ့ခရီးက အလည်အပတ်မ ဟုတ်ဘဲ အလုပ်တစ်ခုနဲ့လာတာဖြစ် တဲ့အတွက်အရမ်းကျေနပ်မိပါတယ်။  အားပေးတဲ့ မြန်မာပရိသတ်တွေကို လည်းကျေးဇူးတင်ကြောင်း ပြောချင် ပါတယ်။

No comments:

Post a Comment