
သားဖြစ်သူ
အိမ်အပြန် ရန်ကုန် နိုင်ငံတကာ လေဆိပ် သို့ လိုက်လံပို့ ဆောင် နှုတ်ဆက်
နေသည့် မိခင် ဒေါ်အောင်ဆန်းစုကြည် (AP Photo/Khin Maung Win)

အိမ်အပြန်အတွက် အားလုံးကို နှုတ် ဆက် (AP Photo/Khin Maung Win)

ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင် မည့် မစ်ရှယ် ယိုး လည်းရန်ကုန် မြို့ မှ ပြန်လည် ထွက်ခွာ
ကာ ထိုင်း နိုင်ငံ ဘန်ကောက် မြို့ မှ တစ်ဆင့် အင်္ဂလန် နိုင်ငံ သို့ ပြန်မည် ဟု သတင်းရရှိသည်။
အသက် ၃၃ နှစ် အရွယ်ရှိ ကိုထိန်လင်း သည် ရန်ကုန်မြို့ မှ နံနက် ၈နာရီ ၄၅ မိနစ်အချိန်တွင်
့ထွက်ခွာသွားပြီဖြစ်သည်။သူ နှင့် အတူ Tomorrow Never Dies ဇာတ်ကား နှင့် အော်စကာ
ဆုရ Crouching Tiger, Hidden Dragon ဇာတ်ကားများ တွင် သရုပ်ဆောင် ခဲ့သည့်
မစ်ရှယ် ယိုးလဲ လေယာဉ် တစ်စီး တည်း အတူ ပြန်လည် ထွက် ခွာမည် ဟု သိရသည်။
ကိုထိန်လင်းနှင် လေယာဉ်ခရီးစဉ်တစီးထဲတွင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေရာတွင်ပါဝင် သရုပ်ဆောင်မည့် ဟောင်ကောင် အခြေစိုက် မလေးရှားရုပ်ရှင်သရုပ်ဆောင် Michelle Yeoh လည်း လိုက်ပါသွားကြောင်း၊ ပြီးခဲ့သည့်တနင်္လာနေ့Michelle Yeoh မှာ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်လေ့လာကြောင်း NLD ပြောရေးဆိုခွင့်ရှိသူဦးဥာဏ်ဝင်း သတင်းထုတ်ဖေါ်ပြောဆိုခဲ့သည်။
မစ်ချယ်ယိုး သည် ရုပ်ရှင် သည် ၁၉၉၇ ခုနှစ် က ဂျိမ်း(စ)ဘွန်း ဇာတ်ကား Tomorrow Never Dies
တွင် မင်းသား ပီယာစ် ဘရောစ် နန် နှင့် အတူ သရုပ်ဆောင် ထားသည်။
သူမ အသံ ဖြင့် ပါဝင် သရုပ်ဆောင် ထားသည့် Kung Fu Pan Da 2 ဇာတ်ကားမှာ ရှေ့ နှစ်တွင်
ရုံတင်ပြသမည် ဖြစ်သည်။
အောင်မြင် ၏ သတင်းပေးပို့ ချက် ကို FNG မှ ပြန်လည် တည်းဖြတ် သည်။





No comments:
Post a Comment