အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Sunday, December 5, 2010

တက္ကသိုလ်ဝင်တန်းအတွက် အနီးကပ် ပညာဒါနသင်တန်း ဒီဇင်ဘာ ၁၁ ရက်နေ့ ဖွင့်လှစ်မည်

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အတွက် အနီးကပ် ပညာဒါနသင်တန်းအား ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စတင် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း The Glory ပညာဒါနသင်တန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
ယင်းသင်တန်း အတွက် တက်ရောက်မည့်သူများကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင် ကျောင်းအပ်လက်ခံသွားမည် ဖြစ်ပြီး ကျောင်းသားကျောင်းသူ ၂၀၀ ဦးကို လက်ခံသွားမည်ဟု သိရှိရသည်။
''ဒီသင်တန်းကို တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမဲ့သူတွေ အတွက် အနီးကပ်အဖြစ် မတ်လဆန်းအထိ သင်ပေးသွားမှာပါ။ ပညာဒါန သင်တန်း ဖြစ်တဲ့အတွက် စာရွက်စာတမ်း၊ ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းကြေးတွေကို အကုန်လုံး ပညာဒါန ပြုသွားမှာပါ။ ဘာသာရပ်ဆိုင်ရာ သင်ခန်းစာတွေကို အချိန်တို အတွင်းမှာ အနီးကပ် သင်ကြားရခြင်း ဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဘာသာရပ်တစ်ခုကို အတွေ့အကြုံများတဲ့ ဆရာ၊ဆရာမ နှစ်ဦးစီက သင်ကြားပေးသွားမှာပါ''ဟု The Glory ပညာဒါန သင်တန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
အဆိုပါသင်တန်းကို ယခုနှစ်တွင် သုံးနှစ်မြောက် ဖွင့်လှစ်ပေးခြင်း ဖြစ်ပြီး ကျူရှင်စရိတ် မတတ်နိုင်သော တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများ အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
''သင်တန်းမှ တက်ရောက်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသားတွေ စာမေးပွဲမှာ ဂုဏ်ထူးတွေနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့မယ်ဆိုရင် ထိုက်တန်စွာ ဂုဏ်ပြုမဲ့အပြင် ပညာရည်ချွန်ဆု Scholarship ပေးခြင်းကိုလည်း ပြုလုပ်သွားမှာပါ''ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောပြခဲ့သည်။
သင်တန်းအချိန်ကို တနင်္လာနေ့မှ သောကြာနေ့အထိ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီခွဲအထိနှင့် စနေ၊ တနင်္ဂနွေ နေ့များတွင် နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီအထိ သင်းကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်၊ ခ ရပ်ကွက်၊ ဦးဖေသင်လမ်း (သင်္ကန်းကျွန်းဘူတာ) အနီးတွင် ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်း တက်ရောက်လိုသူများ အနေဖြင့် ဖုန်းနံပါတ် ၀၉၅၀၈၇၇၇၄ သို့ ဆက်သွယ်နိုင်သည် သိရှိရသည်။

No comments:

Post a Comment