အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Sunday, December 12, 2010

ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် ဇန်န၀ါရီလထဲမှာ မင်္ဂလာဧည့်ခံပွဲတွေ ဆက်တိုက်ကျင်းပမယ်..




Myanmar Celebrity Couple : Pyay Ti Oo and Eaindra Kyaw Zin



မင်းသားပြေတီဦး နဲ့ မင်းသမီးအိန္ဒြာကျော်ဇင် တို့ဟာ ၂၀၁၁ ဇန္နဝါရီလ ၁၁ ရက် အင်္ဂါနေ့တွင် မင်္ဂလာခန်းမ ၃ နေရာခွဲ၍
မင်္ဂလာအခန်းအနားကိုကျင်းပ မည်ဖြစ်ပါကြောင်း ပရိဝတ်များကိုကြိုတင်အသိပေးအပ်လိုက်ပါသည်။

Saturday, December 11, 2010

အင်္ဂလန်ရောက်စမိုင်းကလည်းအနူပညာပြန်လုပ်မည်ဆိုဘဲ

Myanmar Former Model, Smile Show Off Dropping Bust ?!4

Myanmar Former Popular Model Girl, Smile


Myanmar Cute Model Girl, Smile



Myanmar Former Model, Smile Resume Her Modeling Career

Myanmar Cute Model Smile after having two lovely daughters


Myanmar Model, Smile with Beautiful Blue Long Dress


Myanmar Former Popular Model, Smile's Fashion in London

Myanmar Former Model, Smile



Myanmar Former Model, Smile on the Beach


Smile got married to Pyi Maung and she has two daughters, Sunadi Portia Maung (5 years) and Chloe Suyati Maung (2 years). Smile and her family are currently living in London, United Kingdom.

Myanmar Former Model, Smile & Two Daughters On Bournemouth Beach

Myanmar Former Model, Smile on the Beach






Myanmar Former Model, Smile and Her Two lovely daughters


Myanmar Former Model, Smile and her two daughters are on the beach of Bournemouth, London.

Smile got married to Pyi Maung and she has two daughters, Sunadi Portia Maung (5 years) and Chloe Suyati Maung (2 years). Smile and her family are currently living in London, United Kingdom.
ဒေါ်ခင်လေးဆွေ ရဲ့ မြေးဖြစ်သူ အင်္ဂလန်ရောက်စမိုင်းကလည်းအနူပညာပြန်လုပ်မည်ဆိုဘဲ
စမိုင်း နှင်သူ၏ မိသားစု

ဆုပန်ထွာ နှင့် ခွန်ဆင့်နေခြည် တို့ရဲ့ ဘောလုံးဖက်ရှင်များ

Myanmar Female Models and Actresses' Soccer Team

Myanmar Female Celebrity Soccer Team



Khun Sint Nay Chit and Su Pan Htra

Myanmar Model, Thet Thakin and Actress Su Kabyar

Myanmar Model and Actress: Su Kabyar and Su Shune Lae

Myanmar Model and Singer, Khun Sint Nay Chi

Thursday, December 9, 2010

ဓါတ်ပုံလေးတွေကို Resolution မကျပဲ ချုံ့ မည်

Microsoft Office Picture Manager ကို အသုံးပြု၍ ပုံချုံ့ ခြင်း

၁။ မိမိချုံ့ လိုသောပုံမှာ Right Click >>>Open with>>>Microsoft Office Picture Manager ကို Click လုပ်ပါ…



၂။ Tool Bar ပေါ်ရှိ Edit Pictures… ဆိုတာကို Click လုပ်ပါ… ဓါတ်ပုံအများကြီးကိုလဲ တပြိုင်တည်း ရွေးပြီး လုပ်နိုင်ပါတယ်…



၃။ ညာဖက်မှာ Edit Pictures Dialog Box ပေါ်လာပါလိမ့်မယ်… Compress Pictures ကို Click လုပ်ပါ…



၎။ မိမိပုံရဲ့ Size ကို ပြပေးပါလိမ့်မယ်… Documents ဆိုတာကို Click ပြုလုပ်ပါက Compressed ပြုလုပ်ပြီးလျှင် ရှိမဲ့ပုံရဲ့ Size ကို ပြပေးပါလိမ့်မယ်…



၅။ OK ပေးပြီး Windows ကို Close ပြုလုပ်လိုက်လျှင် Save ပြုလုပ်မလားမေးသော Dialog Box ပေါ်လာပါလိမ့်မယ်… Save ပြုလုပ်ပါက ချုံ့ ပြီးပုံကို သိမ်းသွားပါလိမ့်မယ်…



မိမိမူရင်းပုံကို မပျက်စေလိုလျှင် Copy ကူးပြီးမှ ချုံ့ ပါ… သိမ်းပြီးဓါတ်ပုံကို စစ်ကြည့်လျှင် Dimensions 1024x768 နှင့် Size 209KB ခန့် သာရှိနေသည်ကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်…

PhotoShop ဖြင့် ပုံချုံ့ ခြင်း

၁။ PhotoShop CS5 ကို ဖွင့်ပြီး File Open နဲ့  မိမိပုံကို ဖွင့်ပါ…

၂။ Image>>>Image Size… ကို Click ပြုလုပ်ပါက Image Size Dialog Box ပွင့်လာပါလိမ့်မယ်…

၃။ Image Size Dialog Box မှာ မိမိရဲ့ မူလပုံရဲ့ Pixel Dimensions ကို တွေ့  မြင်ပါလိမ့်မယ်…

၎။ Pixel Dimesions ကို Width 4000 နေရာတွင် 1024 လို့ ရိုက်လိုက်တာနဲ့  Automatically Height မှာ 768 ပြောင်းသွားပါလိမ့်မယ်… Constrain Proportions ကို Tick လုပ်ထားလို့ ပါ…

ပုံမှာပြထားတဲ့အတိုင်း Drop Down List ကနေ Bicubic Sharper(best for reduction)ဆိုတာကို ရွေးပေးထားရမှာ ဖြစ်ပါတယ်…



OK ပေးပြီး Save လုပ်ပါက JPEG Options ပေါ်လာလျှင် Maximum နဲ့  သိမ်းပါ…



ချုံ့ ပြီးပုံကို စစ်ကြည့်လျှင် Dimensions 1024x768 နှင့် Size 316KB ခန့် သာ ရှိနေသည်ကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်…


ကိုယ်အလေးချိန် လျှော့ချရန် လွယ်ကူသက်သာ ထိရောက်သော နည်းလမ်းများ

ယနေ့ခေတ် လူသားတိုင်းရဲ့ ကျန်းမာရေးအတွက် အရမ်းအရေးကြီးတဲ့ နည်းလမ်းတွေကို တင်ပြလိုက်ပါတယ်။ အ၀လွန်ခြင်းကို ကာကွယ်ဖို့ ဘာလို့ ဒီလောက်လိုအပ် လှသလဲဆိုတော့ ကူးစက်ရောဂါ မဟုတ်တဲ့ ရောဂါတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ၀ခြင်းရဲ့   သက်ရောက်မှုအနေနဲ့ ဖြစ်ရတာဖြစ်လို့ တကယ်လိုအပ်လှ ပါတယ်။

ရောဂါတွေကို မြန်မာ့ တိုင်းရင်းဆေး ပညာအရ ခွဲခြားထားပုံ က ဖြစ်လာ၏။ ကုစရာ မလိုဘဲ ပျောက်၏။ ရောဂါက (၃၂) ပါး၊ ဖြစ်လာ၏၊ ကုမှ ပျောက်၏ ရောဂါက (၃၂) ပါး၊ ဖြစ်လာ၏၊ ကုသော်လည်း မပျောက်က (၃၂) ပါး ဆိုပြီး ပေါင်း (၉၆) ပါး ရောဂါများ ဆိုပြီး ခွဲခြားထား ပါတယ်။ အနောက်တိုင်း ဆေးပညာ အလိုအရတော့ ရောဂါ အားလုံးကို အကြမ်းဖျင်း ကူးစက်နိုင်သော ရောဂါများ (Communicable Diseases, CD) နဲ့ မကူးစက်နိုင်သော ရောဂါများ (Non-communicable Diseases, NCD) ဆိုပြီး နှစ်မျိုး ခွဲခြားနိုင် ပါတယ်။

အားလုံး သိကြတဲ့ အတိုင်းပါပဲ။ ကူးစက်ရောဂါတွေ က ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို၊ ကပ်ပါးကောင်များ စတဲ့ ကူးစက်ပိုးတွေကြောင့် ဖြစ်ရပြီး မကူးစက်နိုင်သော ရောဂါတွေ ဆိုတာက အသက်အရွယ်၊ အစားအသောက်၊ အနေအထိုင် စတာတွေကြောင့် ဖြစ်လာရတဲ့ သွေးတိုး၊ ဆီးချို၊ လေးဖက်နာ၊ ကင်ဆာ အများစုတို့ ဖြစ်ကြပါတယ်။

ဟိုးရှေးရှေး သမိုင်းဦးကနေ ၁၉ ရာစု အထိ မတိုးတက်သေးတဲ့ ကမ္ဘာ့ လူသားတွေဟာ ကျောက်ကြီး၊ ပလိပ်၊ ငှက်ဖျား၊ ၀မ်းရောဂါ စသဖြင့် နေရာဒေသ အလိုက် ကူးစက်ရောဂါ အမျိုးမျိုးနဲ့ ပဲ နပန်းလုံး နေခဲ့ရ ပါတယ်။ သွားရေးလာရေး၊ စားရေးသောက်ရေး၊ အ၀တ်အထည် စတာတွေ အတွက် ကာယအားကိုပဲ အားကိုးနေရတော့ အဆီပိုတွေ ဆိုတာ မရှိကြပါဘူး။ ဒါကြောင့် ၁၉ ရာစု လူသား တစ်ယောက်ကို အဆီ ချဖို့ သွားပြောရင် သူက ရယ်မှာပါပဲ။ ယနေ့ ၂၁ ရာစု ကမ္ဘာကြီးမှာ ကတော့ လွန်ခဲ့တဲ့ ရာစုများနဲ့ လုံးဝ မတူဘဲ ဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန် အမြင့်မားဆုံး လို့ ဆိုနိုင်ပါတယ်။ ကာကွယ်ဆေးတွေ၊ ဆေးဝါးကောင်း တွေကြောင့် ကျောက်ကြီး၊ ပလိပ် စတဲ့ ကမ္ဘာ့ ကပ်ရောဂါများ ဟာ လုံးဝ အမြစ် ပြတ်သွားတာ ကြာခဲ့ပါပြီ။ စားဝတ်နေရေး အားလုံးကလည်း မြို့ကြီးငယ်တွေ အကုန်လုံးမှာ အစစ အရာရာ တကယ် အဆင်ပြေ ချောမွေ့စွာ Ready-made အထည်တွေ၊ Fast Food တွေကို သုံးစွဲနိုင်ကြ ပါတယ်။ လူနေမှု အဆင့် မြင့်လာလို့ လူတန်းစား အားလုံးဟာ ရှေးယခင် ကထက် ပိုမို ဇိမ်ကျလာ တယ်လို့ ဆိုနိုင်ပါတယ်။ ထိုင်နေရတဲ့ Life-style ရှိတဲ့ အလုပ်အကိုင် တွေက များလာပါတယ်။ ဒါကြောင့် ၂၁ ရာစု လူသားတွေ အတွက် ကူးစက်နိုင်သော ရောဂါတွေ က တိုးလာတာတွေ နဲ့ ထပ်ပေါင်းရင် လျော့မသွား သော်လည်း မကူးစက်နိုင်သော ရောဂါများက ကပ်ရောဂါများ အဖြစ် ဆိုးဝါးစွာ တိုးတက်လာ ပါတယ်။

ရုပ်ဝတ္ထု တိုးတက်မှု ကမ္ဘာ့ နံပါတ်တစ် ဖြစ်တဲ့ အမေရိကန်မှာ ဆိုရင် အ၀လွန်ခြင်းဟာ အရွယ်ရောက်ပြီး သူတွေရဲ့ လေးပုံတစ်ပုံ လောက်တောင် ရှိလာတော့မှာမို့ အစိုးရ ကိုယ်တိုင်ကတောင် အ၀လွန်မှု တိုက်ဖျက် လျှော့ချရေးတွေ၊ ပညာပေးတွေ လုပ်နေရ ပါတယ်။

ဟိုတလောက သတင်းတစ်ခု ကြားလိုက်ရတာ ဆိုရင် အမေရိကန် ပြည်နယ် တစ်ခုရဲ့ ကောလိပ် တစ်ခုကဆို ကိုယ်အလေးချိန် သတ်မှတ်ချက် ထက် ကျော်လွန်သူများကို ၀င်ခွင့် မပြုတော့ ပါတဲ့။

ဘာလို့လဲ ဆိုတော့ ဒီလိုတွေ ၀လာကြလွန်းလို့ NCD တွေ အဖြစ် များလွန်းကာ မိသားစု တစ်စုချင်းကနေ တိုင်းပြည် အထိ အဘက်ဘက်ကနေ နစ်နာကြလွန်းလို့ ဖြစ်ပါတယ်။

ဒီလို များပြားလှတဲ့ ကြောက်စရာ ရောဂါတွေကနေ ကင်းဝေးပြီး ကြည့်ကောင်းတဲ့ ကိုယ်နေဟန် အချိုးအစား တွေကို ပိုင်ဆိုင်နိုင်ဖို့၊ သင့်ရဲ့အ၀လွန်မှုကြောင့် သင် တန်ဖိုးထားရတဲ့ ဆက်နွှယ်မှုတွေ မယုတ်လျော့စေဖို့ ဘေးကင်းထိ ရောက်တဲ့ ကိုယ်အလေးချိန် ချနည်းကို ဖော်ပြပေးလိုက် ပါတယ်။

တကယ် လိုက်နာနိုင်ရင် လူမပင်ပန်း မနွမ်းလျဘဲ သုံးပတ်ကနေ လေးပတ်အတွင်း ပေါင် ၂၀ လောက် အထိ ကျနိုင်တယ်လို့ ဆိုပါတယ်။ ဒီနည်းဟာ ကမ္ဘာ့ အကောင်းဆုံး သိပ္ပံနည်းကျ ကျန်းမာရေး နဲ့ အာဟာရ ပညာရှင်များ စုပေါင်း တွက်ချက် စမ်းသပ်ဖော်ထုတ် အတည်ပြု ထားတဲ့နည်း ဖြစ်ပါတယ်။ ဘာတန်ဖိုးကြီး စက်ကိရိယာ၊ ဆေးဝါးမှ မလိုဘဲ ဘေးကင်းပါတယ်။ တကယ် နည်းစနစ် မှန်မှန်သာ လိုက်နာ လုပ်ဆောင်ဖို့ လိုပါတယ်။

(၁) သုံးပတ်ကနေ လေးပတ် အတွင်း သင်ဟာ ကိုယ်အလေးချိန် ပေါင်၂၀ လောက် ကျပြီး တကယ်ကြည့်ကောင်း လာချင်တဲ့ ဆန္ဒ၊ ပေါ့ပါးဖျတ်လတ် ကျန်းမာရေး ကောင်းလာချင်တဲ့ ဆန္ဒကို တကယ် မွေးယူပါ။ ဒီလို ဖြစ်အောင် အောက်ဖော်ပြပါ နည်းလမ်းတွေကို ပျော်ရွှင်စွာ စိတ်ပါလက်ပါ လုပ်ဆောင်မယ်လို့ အားအပြည့် ထည့်ထားပါ။ ငါ့ရဲ့ ကြည့်မကောင်းတဲ့ ၀၀ဖိုင့်ဖိုင့် ပုံစံကို အမြန်ဆုံး ထားခဲ့ပြီး ဆွဲဆောင်မှု ရှိတဲ့ ရုပ်ရည်အသွင် ဖြစ်တော့မယ်လို့ ကိုယ့်ကိုယ်ကိုယ် ဆန္ဒပြုခြင်း (Auto-suggestion) တစ်နေ့ အနည်းဆုံး ၁၀ ကြိမ် လုပ်ပေးရင် အဆပေါင်းများစွာ ပိုထိရောက်တယ်လို့ တွေ့ရှိ အတည်ပြုထား ပါတယ်။

သင့် တစ်ဘ၀လုံး အတွက် အဘက်ဘက်က ကြည့်ရင် အရေးကြီးလှတဲ့ ကိစ္စကို စလုပ်ဖို့ မအားဘူး၊ အချိန် မပေးနိုင်ဘူး ဆိုပြီး ဆွဲမနေပါ နဲ့တော့။ အမြန်လုပ်ဖို့ တိုက်တွန်းပါတယ်။ လုပ်ရင်းနဲ့လည်း ဘာမှ အပန်းမကြီးတာ တွေ့ရ ပါမယ်။ (စလုပ်တော့မယ် ဆိုရင် ပေါင်ချိန်ထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် တစ်ကိုယ်လုံး မတ်တတ် ဓာတ်ပုံ တစ်ပုံလောက်ပါ ရိုက်ထားစေချင် ပါတယ်။ သင့်ရဲ့ လုပ်ဆောင်ချက် တွေရဲ့ ထိရောက်မှုကို မျက်မြင် သိရတာပေါ့)

(၂) တစ်ရက်ကို သုံးနာရီကနေ လေးနာရီ ခြားပြီး အစာ လေး၊ ငါးကြိမ် စားပါ။ ဒီလို အကြိမ်များစွာ စားခြင်းဟာ သင့် ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်မှု (Metabolism) ကို မြင့်မားစေပြီး မှန်မှန် ကျင့်သုံးသွားရင် အဆီကျဖို့ တကယ် အားပေးပါတယ်။ အရမ်း မဆာသေးတဲ့ အချိန် အကြိမ်များများ စားပေးတဲ့ အတွက်၊ တစ်ကြိမ်နဲ့ တစ်ကြိမ် ကြားက အချိန်တူတဲ့ အတွက် ဆာဆာနဲ့ အရမ်းစားဝင် သွားတာမျိုး မဖြစ်တော့လို့ ကိုယ်အလေးချိန် ဆက်တက်နေခြင်း တန့်သွားကြောင်း သင်လက်တွေ့ သိရှိရ ပါလိမ့်မယ်။

ဒီလို အချိန်မှန်၊ ပမာဏ မှန်မှန် စားပေးခြင်းဟာ တစွတ်စွတ် စားနေတာနဲ့ တူသလိုလို နဲ့ လုံးဝ ကွာခြားပါတယ်။ တစွတ်စွတ် စားနေခြင်းဟာ တစ်ချိန်လုံး စားချင်စိတ် ရှိနေတတ်တဲ့ အကျင့်ကို ရစေပြီး အချိန်ခြား စားခြင်းကတော့ အစားအသောက် မှာ မလွန်ကဲအောင် သင့်ကို ထိန်းပေးနိုင် ပါတယ်။

(၃) အဲလို အစာ မစားခင်မှာ အသီးအနှံ၊ အသီးအရွက် အစိမ်းတစ်ခုခုကို အနည်းငယ် စားနိုင်သလောက် အရင်စားပါ။ အဆင်ပြေရာ အသီးအနှံ တစ်ခုခုပေါ့။ များများ ကြိုစားနိုင်လေ ကောင်းလေပါပဲ။ အရမ်း မချိုတာဆို ပိုကောင်း ပါတယ်။ အစိမ်းရင့်ရောင်၊ အ၀ါရောင်၊ အနီရောင် အသီးအရွက် တွေဆို ကိုယ်အလေးချိန် ထိန်းရာမှာတင် မက တခြား ကောင်းကျိုးတွေ အများကြီး ပါပါတယ်။ သင် စားလိုက်တဲ့ အသီးအရွက် တွေကို ချေဖျက်ရာမှာ သင့် ခန္ဓာကိုယ်ဟာ ပုံမှန် တခြား အစာတွေကို ချေဖျက်ရာမှာ ထက် ကယ်လိုရီ စွမ်းအင် ပမာဏ ပိုသုံးရ ပါတယ်။ ဒီတော့ အဆီတွေကို ဖျော်ချရာ ရောက်ပါတယ်။ တစ်နေ့ လေးကြိမ်သာ ဒီလို မှန်မှန် စားပေးမယ် ဆိုရင် သေချာပေါက် အဆီတွေ ကျမှာပါ။

အရေးကြီးဆုံး အချက်ကတော့ စားတဲ့ အသီးအရွက် တွေဟာ သန့်ရှင်းလတ်ဆတ် တဲ့ အစိမ်းတွေ ဖြစ်ဖို့ လုံးဝ လိုအပ်ပါတယ်။ (အသီးအရွက် ပြုတ်တွေ နေ့စဉ် ကျွေးပေးတဲ့ ၀က်တွေဟာ ၀ဖြိုးလာနှုန်း ပိုမြန်တယ် ဆိုတဲ့ အချက်ကို မွေးမြူရေး သမားတွေ ကောင်းကောင်း အသုံးချ နေတာကို သတိချပ်သင့် ပါတယ်)

ပြီးရင် ရေ အေးအေး (ရေခဲရေ ဟု မဆိုလို)၊ အဆင်ပြေမယ် ဆိုရင် ပဲနို့ သောက်ပေးပါ။ ဒါဆို ဆာလောင် မွတ်သိပ်ခြင်း တွေကို ပြေငြိမ်း နေစေပြီး အစား တစွတ်စွတ် စားချင်နေတဲ့ အာသာကို လျှော့ချ နိုင်လို့ ကျန်းမာရေးနဲ့ ညီညွတ်စွာ အစားနည်းတဲ့ အကျင့်ကို ရရှိပြီး အဆီ ကျစေမှာ ဖြစ်ပါတယ်။ ( ဒီနေရာမှာ အချက် တစ်ချက်ကို ဖော်ပြရရင် လက်ဖက်ရည်ကြမ်း သောက်ရင် အဆီ စုပ်ယူမှု လျော့နည်း စေလို့ အစားစားရာမှာ တင်းတိမ်စေတဲ့ Leptin စတဲ့ ဟော်မုန်းတွေကို ထွက်စေလို့၊ ရှိပြီးသား အဆီတွေကို ဖျော်ချပေးလို့ ကိုယ် အလေးချိန် ကျ စေတယ် ဆိုပေမယ့်

(၁) အဲလို အာနိသင်တွေ ရအောင် သောက်ရမယ့် ပမာဏက အရမ်းများနေခြင်း၊ ပြင်းအားများနေခြင်း၊

(၂) အထက် ဖော်ပြပါ ကောင်းကျိုးများကြောင့် အဆီ ကျသော်လည်း လက်ဖက်ရည်ကြမ်း ၏ အစာချေရည် အက်ဆစ်ဓာတ် များစွာ ထွက်စေပြီး လေထိုးစေသော သတ္တိကြောင့် ဗိုက် ခဏခဏ ဆာကာ အစာ ပိုစားမိ စေခြင်းကြောင့် ပြန်တက်တဲ့ အဆီက ကျသော အဆီနှင့် မထူးခြင်း၊

(၃) လက်ဖက်ရည်ကြမ်း ၏ ကဖိန်းဓာတ် ဆိုးကျိုးများစွာ ခံစားရနိုင်ခြင်း၊

(၄) အဆီ စုပ်ယူမှုကို ထိရောက်စွာ ဟန့်တားသည့် အတွက် လက်ဖက်ရည်ကြမ်း ပြင်းပြင်းကို ပမာဏ များများ နေ့စဉ် ကာလကြာရှည် သောက်ပါက စားသည့် အစားအသောက် ထဲတွင် ပါဝင်သည့် အဆီတွင် ပျော်ဝင်သော ဗီတာမင် A, D, E, K တို့နှင့် သံဓာတ်၊ ကယ်စီယမ် စသည့် အရေးကြီးသည့် ဗီတာမင် နှင့် သတ္တုဓာတ်များ စုပ်ယူမှုကို ဟန့်တားရာရောက် ခံစားရနိုင်ခြင်း၊

(၅) အဆိုပါ အဆီချ လက်ဖက်ခြောက်များသည် လူတိုင်း မတတ်နိုင်လောက်အောင် ဈေးကြီးလှခြင်း ဆိုတဲ့ အားနည်းချက်တွေ များလှပါတယ်။

ဒီ နေရာမှာ နားလည်မှု လွဲတတ်တဲ့ ကိစ္စတစ်ခု ကတော့ အသီးအနှံ စားရမယ် ဆိုပေမယ့် အသီး ဖျော်ရည်တွေ၊ အသီး ယိုတွေ၊ စည်သွတ်ဘူး တွေဟာ ၀စေလို့ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။


(၆) တစ်ရက်ကို ရေသန့်ပုလင်းနဲ့ လေးလုံးစာတော့ ကုန်အောင် သောက်ဖြစ်အောင် သတိထား သောက်ပါ။ ရေအေးအေးလေး ဟာ အဆီ လောင်ကျွမ်းမှုကို အားပေးပါတယ်။ (ရေနွေးပူ သောက်မှ အဆီကျတယ် ဆိုတဲ့ အသိဟာ မှားယွင်း ပါတယ်)

(၇) ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်း တစ်ခုခု မဖြစ်မနေ တတ်နိုင်သလောက် လုပ်ပေးပါ။ ဘယ်လိုမှ မအားရင်တောင် လမ်းတော့ လျှောက်ပေးပါ။ နံနက်ပိုင်းမှာ လုပ်ရင် ပိုထိရောက် ပါတယ်။

(၈) အိပ်ရေး မပျက်ပါစေနဲ့။ အိပ်ချိန် နည်းလွန်းခြင်း၊ များလွန်းခြင်းတွေ မဖြစ်အောင် တတ်နိုင်သမျှ ဆင်ခြင်ပါ။

(၉) နံနက်စာကို ဥတစ်မျိုးမျိုး ပါအောင် အဆင်ပြေတိုင်း စားပေးပါ။ တစ်နေ့လုံး ကစီဓာတ် များတဲ့ အစာတွေကို များများစားချင်စိတ် ပေါ်ခြင်းကို ဟန့်တားပေး ပါတယ်။

(၁၀) နံနက်စာကို အချိုရည် နဲ့ မုန့်အချို တွဲစားခြင်းကို လုံးဝ ရှောင်ကြဉ်ပါ။ ဒါဟာ သင့်ကို တစ်နေ့လုံး အစာများများ ၀င်အောင်၊ ဗိုက် ခဏခဏ ဆာအောင် အားပေးပါတယ်။

(၁၁) သဘာဝ အသီးဖျော်ရည် မဟုတ်တဲ့ အချိုရည်တွေ၊ အာလူးကြော် စတဲ့ ဆီထဲ နှစ်ကြော်ထားတဲ့ အစာတွေ၊ ရယ်ဒီမိတ် ခေါက်ဆွဲခြောက်လို၊ ဟမ်ဘာဂါ ဒိုးနတ်လို ဟာမျိုးတွေ တတ်နိုင်သမျှ လုံးဝ ရှောင်ပါ။ မဖြစ်မနေ အခြေအနေက လွဲလို့ပေါ့။ (ဟမ်ဘာဂါ တစ်လုံးမှာ ပါတဲ့ ကယ်လိုရီဟာ ဆင်တစ်ကောင်လုံး တစ်နေ့ သွားလာလှုပ်ရှားဖို့ လုံလောက်တယ်လို့ ဆိုပါတယ်)

ဒါတွေ မစားလည်း သင့်အတွက် သင်ကြိုက်တဲ့ စားကောင်း သောက်ဖွယ်တွေ အများကြီး စားစရာ ရှိပါသေးတယ်။ လတ်တလော တစ်လတော့ ဆင်ခြင်ပါဦး။

(၁၂) ဒီလိုတွေ လုပ်နေတဲ့ လတ်တလောမှာ အဆာ လုံးဝ မခံဘဲ နံပါတ် (၁) မှာ ပြောခဲ့သလို အချိန်ခြား မှန်မှန်စားပါ။

(၁၃) သင်ဟာ ဒီလိုစားတာ ရက်ပိုင်း ကြာလာရင် ည ၉ နာရီ နောက်ပိုင်း ဘာမှမစားဘဲ နေနိုင်လာ ပါလိမ့်မယ်။ သင်ဟာ အရမ်းဝသူ ဆိုရင် ည ၉ နာရီ နောက်ပိုင်း အသီးအနှံက လွဲလို့ ဘာမှမစားဘဲ တစ်ပတ် နေကြည့်ဖို့ လိုအပ်ပါတယ်။ နေရင်းနဲ့ အကျင့်ရသွားလို့ တစ်သက်လုံး နေနိုင်သွားရင် သင်ဟာ အသက်ရှည် ပါလိမ့်မယ်။

(၁၄) သင်ဟာ ဒီဆောင်းပါးကို စဖတ်တုန်း ကတော့ စိတ်ပါလက်ပါ နဲ့ ဒီအထိ ရောက်အောင် ဖတ်လာပြီးတော့ အခု ပြီးခါနီးလည်း ရောက်ရော ဟိုကြည့် ဒီကြည့် နဲ့ ပိန်အောင် လုပ်လိုစိတ် တစ်ဝက်လောက်ပဲ ကျန်တော့မယ် ထင်ပါတယ်။ နောက်ပြီး ခေါင်းထဲ မှတ်သွားပြီး နှစ်ရက်၊ သုံးရက် နဲ့ သတိထားရမယ့် အချက်တွေ မေ့လျော့ကာ လုပ်ဖြစ်တော့မှာ မဟုတ်လို့ နားလည်အောင် သေချာဖတ်ကာ စာရွက်တစ်ရွက်မှာ အတိုကောက် မှတ်သားသွားစေ လိုပါတယ်။ ဒီ စာရွက်လည်း မပျောက်စေနဲ့ ဦးနော်။ မြန်မာ အချင်းချင်း သဘောပေါက်လို့ သတိပေးတာပါ။

The Voice Weekly ပရိသတ်များ တကယ်ဖြစ်ချင်တဲ့ စိတ်နဲ့ တကယ်လုပ်လို့ အဟုတ်ဖြစ်ကာ ကျန်းမာလှပ အသက်ရှည် အောင်မြင်ကြ ပါစေ။

ဆက်ပိုင်လင်းခန့် (ဆေး ၂)

ဒေါ်အောင်ဆန်းစုကြည် NLD ရုံးချုပ်မှာ သံဃာတော်အပါး ၁၀၀၀ ခန့်ကို အလှူပေး

လူ ၂၅၀၀ ရရင် ဗမာတွေ အလင်းပွင့်ပြီ

အမြင်အာရုံများစူးရှထက်မြက်စေရန်
အမြင်အာရုံများ ကြည်လင်ပြတ်သားလာစေရန်
အမြင်အာရုံများအေးမြတောက်ပလာစေရန် ရည်ရွယ်၍ စက္ခုအလင်း မှုန်ဝါးခြင်း၊ တိမ်စွဲခြင်းတို့ကို ကျွန်တော်တို့ နိုင်သလောက် စွမ်းဆောင်ဖေးမကုသပေးခဲ့သည်မှာ (၂၀၀၇) ခုနှစ် မတ်လမှစ၍ ယနေ့အချိန်ထိ မျက်စိဝေဒနာရှင်ပေါင်း (၁၂၀၀၀) ယောက် ကျော်တို့အားကုသခွဲစိပ် ပေးခဲ့ပြီဖြစ်သည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိသုခကုသိုလ်ဖြစ်ဆေးခန်းတွင် လာရောက်ပြီးကုသ ပြသကြသော မျက်စိဝေဒနာရှင်များကို စေတနာရှင် မျက်စိအထူးကုဆရာဝန်ကြီးများ၏ အကူအညီဖြင့် စစ်ဆေးစမ်းသပ်၍ ခွဲစိတ်မှုလိုအပ်ပါကသက်ဆိုင်ရာဆေးခန်း၊ ဆေးရုံများသို့ ပို့ဆောင်ခွဲစိတ် ကုသမှုများဆောင်ရွက်ခဲ့ပါသည်။ ခွဲစိတ်ခန်းစရိတ်များကိုသုခကုသိုလ်ဖြစ်ဆေးခန်းမှ အကုန်အကျခံပေးအပ်ခဲ့ပါသည်။ သို့ရာတွင် … လူနာများအနေနှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ပြသရသောလမ်းစရိတ်၊ ခွဲစိတ်ရမည်ဆိုပါကသက်ဆိုင်ရာဆေးခန်းဆေးရုံများသို့ သွားရောက်ရသည့် လမ်းစရိတ်၊ စားစရိတ် စသဖြင့် အချိန်ကုန် ငွေကုန် လူပန်းဖြစ်နေရသည်။

ထို့ကြောင့် ဤကဲ့သို့ မလိုလားအပ်သောကုန်ဆုံးမှုများမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယခု ကျွန်တော်တို့သည် သုခကုသိုလ်ဖြစ်ဆေးခန်းတွင် “မျက်စိခွဲစိတ် ကုသခန်း” ကိုဖွင့်လှစ်ရန် ကြိုးပမ်းလိုက်တော့သည်။
          ထိုသို့ ကြိုးပမ်းမှုတွင် အလှူငွေများလိုအပ်လျှက်ရှိသည်။
          ကျွန်တော်တို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အလှူငွေများရှိသော်ငြားလည်းယခုဈာပနအဆောက်အဦးတည်ဆောက်ရာ၌ များစွာကုန်ကျလျှက်ရှိသည်။ ဈာပနအဆောက်အဦးတွင် ရုံးခန်း၊ ဈာပနာလမ်းကြောင်းလက်ခံခြင်းရုံးခန်း၊ စာကြည့်တိုက်၊ ပညာဒါန (ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး) စသည့် စာသင်ခန်းများလူသားများအတွက် အကျိုးပြုစေမည့် အကျိုးရှိစေမည့် လုပ်ငန်း စဉ်များပါဝင်သည်။

ထို့ကြောင့် ယခုလက်ရှိသုခကုသိုလ်ဖြစ်ဆေးခန်းအဆောက်အဦးတွင် အခမဲ့ ဆေးဝါးကုသမည့် လုပ်ငန်းစဉ်များသာတိုးချဲ့ဆောင်ရွက်တော့မည် ဖြစ်ပါသည်။

ယင်းအဆောက်အဦးတွင် “မျက်စိခွဲစိတ်ခန်း” အခန်း ပြုပြင်တည်ဆောက်တော့မည် ဖြစ်ပါသည်။ ဤတွင် ခွဲစိတ်ခန်းသုံးအထောက်အကူပြုပစ္စည်းများ ၀ယ်ယူရမည့်အကြောင်း ဖြစ်ပေါ်လာခဲ့သည်။
          ယင်းပစ္စည်းစာရင်းမှာ -
  • Digital Slit Lamp                                  5704 US$     (လက်ရှိပေါက်ဈေး)
  • KeratoRefractometer                            10025 US$   (လက်ရှိပေါက်ဈေး)
  • Biometry Machine                                 7698 US$     (လက်ရှိပေါက်ဈေး)
  • OT Table (EYE)                                    4480 US$     (လက်ရှိပေါက်ဈေး)
  • Surgeon Chair                                      101 US$       (လက်ရှိပေါက်ဈေး)
  • Spot Light                                           2439 US$     (လက်ရှိပေါက်ဈေး)
  • Cataract Surgical Set (4 - Set)               1724 US$     (လက်ရှိပေါက်ဈေး)
  • Eye Minor Surgical Set  (4 - Set)            1752 US$     (လက်ရှိပေါက်ဈေး)
  • Operatin Microscope (Motorized)           12348 US$   (လက်ရှိပေါက်ဈေး)
ယင်းပစ္စည်းများအနက် Digital Slit Lamp နှင့် Operatin Microscope (Motorized) တို့အားအလှူရှင်  ကိုဝင်းထွန်း + မပေါက် (သိဂီရွှေဝါပိုးထည်) က ၀ယ်ယူလှူဒါန်းပြီးဖြစ်ပါသည်။ ကျန်ရှိနေသောပစ္စည်းများအတွက် အလှူငွေ 28219 US$ ခန့် လိုအပ်လျှက်ရှိပါသည်။

ထို့ကြောင့် လူသားတို့၏ စက္ခုအမြင် ကြည်လင်ပြတ်သားရန်၊ စူးရှထက်မြက်လာရန်၊ အေးမြတောက်ပလာရန်အတွက် လျင်မြန်စွာကုသိုလ်ဖြစ် အခမဲ့ ခွဲစိတ်ကုသပေးလိုပါသဖြင့် အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် တက်အားသ၍ လျင်မြန်စောလျှင်စွာကုသိုလ်ယူကြပါရန် နှိုးဆော်လိုက် ရပါသည်။

ပြည်တွင်း/ပ ရှိ မြန်မာလူမျိုးများအနေဖြင့်လည်းတစ်ဦးလျှင် 10 US$ (တစ်ဆယ်ဒေါ်လာ) လှူဒါန်းကြပါကလူအယောက် (၂၅၀၀) ဦးဆိုပါကလိုအပ်သောမျက်စိခွဲစိတ်ခန်းသုံးကရိယာပစ္စည်းများ ၀ယ်ယူနိုင်ပါတော့မည်ဖြစ်ပါကြောင်း … ထို့ကြောင့် တစ်ဦးလျှင် တစ်ဆယ်ဒေါ်လာလူ ၂၅၀၀ ဆိုလျှင် ဗမာတွေ အလင်းပွင့်တော့မည် ဖြစ်ပါသည်။

(ကျော်သူ)






မျက်စိအလှူ နဲ့ ပါတ်သက်ပြီး စင်ကပူ က လှူဒါန်းလိုသူတွေ အောက်ပါ စာနာသူများအဖွဲ့ မှစေတနာရှင်များထံ စိတ်ချ ယုံကြည်စွာလှူဒါန်းနိုင်ကြောင်း
(ကျော်သူ)
Donation Collectors
(Sympathizers in Singapore Group)
Names ...             Contact No.
(1) Kyaw Zin Latt 9383 7924
(2) Thu Rain Nyunt 9337 5590
(3) Aung Phyo Maung 9185 6851
(4) Aung Than Naing 9771 6436
(5) Ko Kyaw Moe 9059 4838

Bank Account to transfer donation

(1) DBS saving Plus 020-5-064104 (Aung Phyo Maung)

(2) DBS saving Plus 020-7-071956 (Thu Rain Nyunt)

(3) DBS Saving Plus 020-9-071048 (Aung Than Naing)


ယခုနှစ်တွင် ကျိုက်ထီးရိုး စေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသား အရေအတွက် ယခင်နှစ်ကထက် နှစ်ဆတိုးလာပြီး အများစုမှာ ထိုင်းလူမျိုးများ ဖြစ်ကြောင်း သိရ

b33723
ယခုနှစ် ကျိုက်ထီးရိုးဘုရားပွဲတော် စတင်သည့် အချိန်တွင် ကျိုက်ထီးရိုး စေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသား အရေအတွက်မှာ ယခင် နှစ်ကထက် နှစ်ဆတိုးလာပြီး လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ၈၀
ရာခိုင်နှုန်းကျော်မှာ ထိုင်းလူမျိုးများ လာရောက် ဖူးမြော်နေခြင်း ဖြစ်ကြောင်း ကျိုက်ထီးရိုး စေတီတော် ဂေါပကအဖွဲ့မှ သိရှိရသည်။
ဘုရားပွဲတော် စတင်သည့် ကာလဖြစ်သည့် အောက်တိုဘာလအတွင်း ယခင်နှစ်က ပြည်ပခရီးသွား ဧည့်သည် အရေအတွက် ၂၄၀၀ ကျော်သာ လာရောက်ခဲ့သော်လည်း ယခုနှစ် အောက်တိုဘာလတွင်မူ နိုင်ငံခြားသား ဧည့်သည် အရေအတွက် ၄၆၀၀ ကျော်အထိ တိုးလာကြောင်း တရားဝင် စာရင်းဇယားများအရ သိရှိရပါသည်။
''ဘုရားပွဲတော် စတဲ့ကာလမှာတော့ ပြည်တွင်း ခရီးသွား အရေအတွက် အရင်နှစ်တွေကထက် နည်းတယ်။ဒါပေမယ့် နိုင်ငံခြား ဧည့်သည် အရေအတွက်ကတော့ အရင်နှစ်တွေကထက် နှစ်ဆကျော်လောက်အထိ ဘုရားပွဲတော်စတဲ့ ကာလမှာ လာရောက်ကြတာ တွေ့ရပါတယ်။ ဘုရားကို လာတဲ့ နိုင်ငံခြား ဧည့်သည်တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ထိုင်းလူမျိုးတွေ ဖြစ်ပါတယ်''ဟု ကျိုက်ထီးရိုး စေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
ကျိုက်ထီးရိုး စေတီတော်သို့ ထိုင်းလူမျိုးများအပြင် ဂျာမန်၊ ဗီယက်နမ်နှင့် တရုတ်လူမျိုးများ လာရောက်လေ့ရှိကြောင်း၊ လာရောက်သည့် နိုင်ငံခြားသား အနည်းစုသာ ဘုရားရင်ပြင်တော် တည်းခိုဆောင်များတွင် တည်းခိုလေ့ရှိကြကြောင်း သိရှိရသည်။
ကျိုက်ထီးရိုး စေတီတော်သို့ ဘုရားပွဲတော် စတင်သည့် ကာလက ပြည်တွင်းဘုရားဖူး အ၀င်နည်းခဲ့သော်လည်း တန်ဆောင်မုန်းလပြည့်နေ့ ကာလမှ စတင်ကာ ဘုရားဖူးအများအပြား ပြန်လည် ၀င်ရောက်ခဲ့ကြောင်း သိရသည်။
ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်သို့ တိုက်ရိုက် ရောက်ရှိနိုင်မည့် တောင်တက်ကားလမ်းသစ်ကို စတင် ဖောက်လုပ်နေပြီ ဖြစ်ရာ တောင်တက်ကားလမ်းသစ်ကို ၂၀၁၁ ခုနှစ် အတွင်း ပြီးစီးနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများ စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းမှ သိရှိရပါသည်။

ဈေးဝယ်စင်တာများရှိ အစားအသောက်များကို FDA မှ ရှောင်တခင် စစ်ဆေးမည်

b33704
ဈေးဝယ်စင်တာကြီး တစ်ခုအတွင်း ဖွင့်လှစ် ရောင်းချနေသော အစားအသောက်များကို ၀ယ်ယူနေသည့် မြင်ကွင်း
ဈေးဝယ်စင်တာကြီးများတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို FDA မှ ၀င်ရောက် စစ်ဆေးသွားမည် ဖြစ်ကြောင်း အစားအစာနှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။

ဈေးဝယ်စင်တာကြီးများတွင် ရောင်းချလျက်ရှိသော အစားအစာ အချို့မှာ ကျန်းမာရေးဝန်ကြီးဌာန အစားအစာနှင့် ဆေးဝါးကွပ်ကဲရေး ဌာန၏ ခွင့်ပြုချက် မပါသော ပစ္စည်းများနှင့် စားသုံးသူ၏ ကျန်းမာရေးကို ထိခိုက်နိုင်မည့် အစားအစာ အချို့ကို ရောင်းချလျက် ရှိနေသဖြင့် ရှောင်တခင် ၀င်ရောက် စစ်ဆေးသွားမည် ဖြစ်ကြောင်း အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဦးကျော်လင်းက ပြောကြားခဲ့ပါသည်။

ဒေါက်တာဦးကျော်လင်းက ''ဈေးဝယ်စင်တာကြီးတွေမှာ တချို့ အစားအစာတွေက ခဲဓာတ်တွေ ပါဝင်နေတယ်လို့ သံသယဖြစ်ဖွယ် တွေ့ရှိနေရတယ်။ အဲဒီ အစားအသောက်တွေကို ကျွန်တော်တို့ စစ်ဆေးရေးအဖွဲ့တွေကနေ ဆိုင်ရဲ့ တာဝန်ရှိသူတွေ မသိအောင် ဈေးဝယ်သူ အနေနဲ့ သွားဝယ်ပြီးတော့ ထပ်မံပြီး စစ်ဆေးသွားပါမယ်။ အကယ်၍ ပါဝင်တယ်လို့ အတည်ပြု စစ်ဆေးနိုင်ခဲ့ရင် ရောင်းချခွင့်ကို ပိတ်မယ်။ ပစ္စည်းတွေကို သိမ်းမယ်။ သက်ဆိုင်ရာကိုခေါ်ပြီး အကျိုးအကြောင်း ပြောပြမယ်။ ဆက်လက်ပြီးတော့ အရေးယူသွားမယ်။ အခု ခဲဓာတ် ပါဝင်တယ်လို့ သံသယရှိတဲ့ အစားအသောက်တွေ အများစုက သစ်သီး အခြောက်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီဆိုင်တွေမှာ ရောင်းချနေတဲ့ အစားအသောက်တွေက ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာနရဲ့ ခွင့်ပြုချက် မပါဘဲ ရောင်းချနေတဲ့ အစားအစာတွေကို အများအပြား တွေ့ရှိရတယ်။ ဒါ့အပြင် အစားအစာ အသစ်အဆန်းတွေကိုလည်း အများအပြား တွေ့ရှိရပါတယ်။ ရောင်းချ နေတဲ့ တချို့ အစားအစာတွေဆိုရင်လည်း စားသုံးသူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ တွေ့ရှိရတယ်''ဟု ယခုလက်ရှိ ဈေးဝယ်စင်တာကြီးများတွင် ရောင်းချနေသော အစားအသောက်နှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိနေမှုအပေါ် သုံးသပ် ပြောပြခဲ့သည်။

Wednesday, December 8, 2010

ဒေါ်အောင်ဆန်းစုကြည်၏အလှူသို့ သံဃာတော် ၇၅၀ ကျော် ကြွရောက်

2010-12-08
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ NLD အဖွဲ့ဝင်တွေက သံဃာတော်တွေနဲ့ သီလရှင်တွေကို သင်္ကန်းနဲ့ ဝတ္ထုငွေတွေ ဒီဇင်ဘာ ၈ ရက် ဒီကနေ့ ဆက်ကပ်လှူဒါန်းရာမှာ သံဃာတော် အပါး ၇၅၀ ကျော် ကြွရောက် အလှူခံတယ်လို့ သိရပါတယ်။
(Photo: AFP)
ရန်ကုန်မြို့၊ ဗဟန်း ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးရှေ့တွင် ဒီဇင်ဘာ ၈ ရက်နေ့က သံဃာများနှင့် သီလရှင်များကို ဒေါ်အောင်ဆန်းစုကြည် (အလယ်) သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ရွှေဂုံတိုင်လမ်းအဖွဲ့ချုပ်ရုံးရှေ့မှာ ဒီကနေ့ မနက် ၈ နာရီက စတင် လှူဒါန်းတဲ့ ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။
“သင်္ကန်းဆက်ကပ်လှူဒါန်းဖို့ ဆောင်ရွက်ရတဲ့ ကိစ္စကတော့ ဒေါ်စု ထောင်ကျနေစဉ်နဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်မှာ အင်္ဂါနေ့တိုင်း အဖွဲ့ချုပ် ဗဟို အမျိုးသမီး လုပ်ငန်းအဖွဲ့ကနေပြီးတော့ ဆွမ်းလောင်းလှူပွဲ လုပ်ခဲ့တယ်။ အဲဒီ ဆွမ်းလောင်းလှူပွဲမှာ လာရောက်ပြီးတော့ ချီးမြှင့်တော်မူတဲ့ သံဃာတော်တွေကို ရည်ရွယ်ပြီးတော့ သင်္ကန်း လှူဒါန်းတာ ဖြစ်တယ်၊ သင်္ကန်းတစုံစီ။” “နောက်ပိုင်းမှာ ကြွရောက်တဲ့ သံဃာတော်တွေက များလာတဲ့အခါကျတော့ နောက်ပိုင်း တချို့သံဃာတွေကိုတော့ ဝတ္ထုငွေပဲ လှူဒါန်းနိုင်တော့တယ်။ အလှူခံတဲ့ သံဃာတော် ခုနစ်ရာနဲ့ ငါးဆယ့်ရှစ်ပါး၊ အဲ သံဃာတော်တွေ ပြီးတဲ့အခါကျတော့ သီလရှင် ဆရာလေးတွေကိုလည်းပဲ မျက်နှာသုတ် တဘက်တွေ ဆက်ကပ်လောင်းလှူတယ်။ အဲဒီမှာလည်း သီလရှင်ဆရာလေး တရာ တဆယ့်နဲ့ ကိုးပါး လှူဒါန်းခဲ့တယ်။ သံဃာတော်တွေကလည်း အလွန် ကြည်နူးဝမ်းမြောက်ကြပြီးတော့ ဆုတောင်းမေတ္တာ ပို့သကြတယ်။”
သံဃာတော်တွေကို သင်္ကန်းကပ်လှုပွဲကို ကြိုတင် ရောက်ရှိနေတဲ့ Paris Match ဆိုတဲ့ မဂ္ဂဇင်းက ဓာတ်ပုံရိုက်ယူခဲ့တဲ့အပြင် မဂ္ဂဇင်းသတင်းထောက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ မေးမြန်းခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနောက် သက်ရှိထင်ရှား ရှိနေတဲ့ ငြိမ်းချမ်းရေးဆုရှင်တွေရဲ့ ဓာတ်ပုံတွေကို စာအုပ်ထုတ်ဝေဖ စီစဉ်နေတဲ့ ဂျပန်ဓာတ်ပုံဆရာ မစ္စတာ အူဆုအိဆိုသူက အလှူပွဲ ဓာတ်ပုံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဓာတ်ပုံရိုက်ပြီးနောက် ၁၀ မိနစ်ကြာ တွေ့ဆုံစကားပြောခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းထားတဲ့ NHK ဂျပန်သတင်းဌာနနဲ့ ဒေါ်စုက တွေ့ဆုံ မေးမြန်းခန်း ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

Tuesday, December 7, 2010

နေ့စဉ်ကြုံတွေ့နေရသည့် ဝေဒနာများအတွက် ကုသနည်းများ



ချောင်းဆိုးခြင်း
ချောင်းဆိုးတာဟာ အသက်ရှူ လမ်းကြောင်းကို ယားယံအောင် လုပ်နေတဲ့ ပစ္စည်းတွေကို အသက်ရှူ လမ်းကြောင်းမှ ဖယ်ရှားပေးတဲ့ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ် တစ်ခုပါ။ ဒါပေမဲ့ အလွန်အမင်း ချောင်းဆိုး နေရင် အိပ်လို့ မရ ဖြစ်နေပြီး ခံစားရ ခက်ခဲတတ် ပါတယ်။ တချို့ လူတွေမှာ ချောင်းဆိုး လွန်းတာကြောင့် နံရိုးတောင် ကျိုးသွား တတ်ကြ ပါတယ်။ ချောင်းဆိုးပြီး သလိပ် ထွက်တာဟာ ဓာတ် မတည့်တာ၊ အအေး မိတာ ဒါမှ မဟုတ် တခြား အသက်ရှူ လမ်းကြောင်း ရောဂါပိုး ၀င်ရောက်တဲ့ ပြဿနာတွေ ကြောင့်ပါ။ အသက်ရှူ လမ်းကြောင်းမှာ သလိပ်တွေ ပြည့်နေ တာကြောင့် အသက်ရှူရ ခက်ခဲပြီး သလိပ်တွေကို ခန္ဓာကိုယ် ပြင်ပ ထုတ်ပစ်ဖို့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန့်မှု အနေနဲ့ ချောင်းဆိုး တာပါ။ ချောင်းခြောက် ဆိုးတာဟာ ဆေးလိပ် သောက်တာကြောင့် ဒါမှ မဟုတ် ဖုန်မှုန့်၊ မီးခိုးငွေ့တွေ ရှူမိပြီး လည်ချောင်း ယားယံတာ ကြောင့်ပါ။ ချောင်းဆိုးခြင်း အများစုဟာ တစ်ပတ်မှ ၁၀ ရက် အတွင်း သူ့ဘာသာသူ အလိုလို ပျောက်ကင်း သွားတတ် ပါတယ်။ ချောင်းဆိုးတာ မြန်မြန် ပျောက်ကင်း စေနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြ ပေးလိုက် ပါတယ်။ ၁။ ချောင်းခြောက်ဆိုးတာအတွက် ရေများများသောက်ပါ စွပ်ပြုတ်ရည်၊ လက်ဖက်ရည် ဒါမှမဟုတ် ရေနွေး သောက်တာကြောင့် လည်ချောင်း နာတာနဲ့ ချောင်းဆိုးတာ သက်သာ စေနိုင်ပါတယ်။ ၂။ ချင်း(ဂျင်း) ချင်းဟာ သဘာဝ အတိုင်း ရောင်ရမ်းမှု ပျောက်တဲ့ ဆေးဖက်ဝင် ပစ္စည်းပါ။ ဒါကြောင့် လည်ချောင်း နာတာနဲ့ ချောင်းဆိုးတာ သက်သာအောင် ချင်း ဖျော်ရည် သောက်ပါ။ ၃။ Zinc ငုံဆေးပြားငုံပါ လေ့လာမှု အချို့ အရ Zinc ငုံဆေးပြားကို ငုံထား တာကြောင့် လည်ချောင်း ယားယံတာ သက်သာ စေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ သွပ်ဓာတ်ဟာ ပမာဏ များလွန်းရင် အဆိပ် ဖြစ်နိုင် တာမို့ တစ်နေ့ကို နှစ်ကြိမ်၊ သုံးကြိမ်ထက် ပို မငုံ သင့်ပါ။ ၄။ ဘာအရည်မဆို အကုန်သောက်ပါ အအေးမိခြင်း ဒါမှမဟုတ် တုပ်ကွေး ဖြစ်နေစဉ်မှာ ခန္ဓာကိုယ်က အရည် တွေဟာ ဆုံးရှုံး သွားတတ် ပါတယ်။ အသက် ပြင်းပြင်း ရှူရတာကြောင့် လည်ချောင်း ခြောက်သွေ့ တာနဲ့ ချောင်းဆိုးတာ ပို ဆိုးလာ တတ်ပါတယ်။ ဒါ့အပြင် အမြှေးပါး တွေမှာ အစိုဓာတ် ရှိရင် အအေးမိ ဗိုင်းရပ်စ်ပိုးကို ပိုပြီး တွန်းလှန် နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် အနည်းဆုံး ရေ ရှစ်ခွက် သောက်ပါ။ ၅။ ဗီတာမင်စီ သောက်ပါ လေ့လာမှုတွေအရ ရောဂါပိုး ၀င်တဲ့ လက္ခဏာ ရှိကာစမှာ ဗီတာမင်စီ သောက်ပေးရင် ချောင်းဆိုးတာ အပါအ၀င် အအေးမိ လက္ခဏာ ၅၀ ရာခိုင်နှုန်း သက်သာ နိုင်တယ်လို့ သိရပါတယ်။ နေ့စဉ် ဗီတာမင်စီ ၁၀၀ နဲ့ ၅၀၀ မီလီဂရမ် အတွင်း သောက်ပေးပါ။ ၆။ ရေနွေးကြမ်းသောက်ပါ ရေနွေးကြမ်းကို ပျားရည်နဲ့ ရှောက်ရည် ရောစပ်ပြီး သောက်ပါ။ ရေနွေး ပူပူ သောက်တာဟာ ချောင်းဆိုး တာကို သက်သာ စေပါတယ်။ ၇။ ကြက်သွန်ဖြူစားပါ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ အအေးမိ တုပ်ကွေးနဲ့ အသက်ရှူ လမ်းကြောင်း ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ် ပိုးကို တွန်းလှန် နိုင်တဲ့ သတ္တိ ရှိပါတယ်။ နေ့စဉ် ကြက်သွန်ဖြူ နှစ်ဥမှ လေးဥ စားပေးပါ။ ၈။ ကြက်စွပ်ပြုတ်သောက်ပါ ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းလို အနံ့ အရသာ စူးစူးနဲ့ ပူပူ နွေးနွေး အရည်တွေကြောင့် သလိပ်ခဲတွေ ပျော်ဝင် သွားနိုင် ပါတယ်။ ၉။ ရေနွေးနဲ့ရေချိုးပါ တစ်နေ့ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် ရေနွေးနဲ့ ရေချိုး ပေးတာကြောင့် ရေနွေးငွေ့တွေ ရှူမိပြီး သလိပ်တွေ အဆုတ် အပြင် ထွက်လာ နိုင်ပါတယ်။ လေထု ခြောက်သွေ့ လွန်းရင် နှာခေါင်း၊ လည်ချောင်းနဲ့ အဆုတ်မှ အစိုဓာတ်တွေ ဆုံးရှုံး သွားတာကြောင့် ဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူ ပျံ့ပွား နိုင်ပါတယ်။ ၁၀။ ဆေးလိပ်ကို ဝေးဝေးရှောင်ပါ သင် ဆေးလိပ် မသောက်တတ်ရင်တောင် ဆေးလိပ် သောက်သူ အနားမှာ မနေပါနဲ့။ ၁၁။ ချောင်းဆိုးပျောက်ဆေး သောက်ပါ Dextromethorphan ပါဝင်တဲ့ ချောင်းဆိုး ပျောက်ဆေးကို ည အိပ်ခါနီး သောက်ပါ။ ချောင်းခြောက် ဆိုးတာ အတွက်ပဲ သင့်တော် ပါတယ်။ ၁၂။ သလိပ်ပျော်ဆေး သောက်ပါ သလိပ်ချောင်းဆိုးသူတွေအနေနဲ့ Robitussim လိုမျိုး သလိပ် ပျော်ဆေး သောက်ပါ။ ၁၃။ ရင်ပူတာကြောင့်လည်း ချောင်းဆိုးနိုင်ပါတယ် ရင်ပူခြင်းကို ဖြစ်စေတဲ့ အစာအိမ်မှ အက်စစ် တွေဟာ အသက်ရှူ လမ်းကြောင်းကို ယားယံ စေကာ ချောင်းဆိုး စေတတ် ပါတယ်။ သင်ဟာ အစာ စားပြီး ခါစ ညအချိန်မှာ ချောင်းဆိုးရင် ဒါမှမဟုတ် လဲလျောင်း စဉ်မှာ ချောင်းဆိုးရင် အစာအိမ် အက်စစ်ကြောင့် ဖြစ်နိုင် ပါတယ်။ အစာစားပြီး နှစ်နာရီကြာမှ လဲလျောင်းတာ ဒါမှမဟုတ် ဦးခေါင်းကို ခပ်မြင့်မြင့် ထားပြီး အိပ်တာ ဒါမှ မဟုတ် အစာကြီး နှစ်နပ် အစား အစာသေး ငါးနပ် စားတာတွေ ပြုလုပ်ပါ။ ၁၄။ ဓာတ်မတည့်တဲ့ ပြဿနာကို ဖြေရှင်းပါ သင်ဟာ ပန်းဝတ်မှုန်၊ မှို ဒါမှ မဟုတ် တခြား ဓာတ်မတည့် ပစ္စည်း တွေကြောင့် ချောင်းဆိုးရင် အဲဒီ ဓာတ်မတည့် ပစ္စည်း တွေကို ရှောင်ရှားပါ။ Antihistamine ဆေးသောက်ပါ။ ၁၅။ အနားယူပါ တစ်ခါတစ်ရံ ချောင်းဆိုး တာဟာ သင် ထင်ထား တာထက် ပြင်းထန်တဲ့ ပြဿနာ (ဥပမာ-နမိုးနီးယား) ဖြစ်နိုင်တာမို့ ချောင်းဆိုး နေရင် အနားယူပါ။ ၁၆။ ပူရှိန်းသကြားလုံးငုံပါ သကြားလုံး စုပ်တာကြောင့် တံတွေးတွေ ပိုထွက် လာပါတယ်။ တံတွေးနဲ့ သကြားလုံးမှ အရည်တွေ ပေါင်းစပ်ပြီး ယားယံ တာကို သက်သာ စေလို့ပါ။ ၁၇။ ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ ချောင်းဆိုးတာ သွေးပါရင် ဒါမှမဟုတ် နှစ်ပတ်ထက် ကျော်ပြီး ချောင်းဆိုး နေရင် ဆရာဝန်နဲ့ ပြပါ။ ကင်ဆာ ရောဂါနဲ့ ရင်ပူတဲ့ ရောဂါ တွေကြောင့် အမြဲတမ်း ချောင်းဆိုး တတ်ပါတယ်။ ချောင်းဆိုး တာဟာ စူးစူး ရှရှ ရင်ဘတ် အောင့်တာ၊ ချမ်းတုန်တာ ဒါမှ မဟုတ် အဖျား ၁၀၁ ဒီဂရီ ဖာရင်ဟိုက်ထက် ကျော်တာနဲ့ အတူတူ တွဲဖြစ်ရင် အဆုတ်ရောင် ရောဂါ နမိုးနီးယားကို သတိထားပါ။ ချောင်းဆိုးတာက တရွှီရွှီ မြည်သံ၊ အသက်ရှူ မ၀တာ ဒါမှမဟုတ် ခြေထောက် ဖောရောင်တာနဲ့ တွဲဖြစ်ရင် နှလုံး အလုပ် မလုပ်နိုင်တာ ဖြစ်နိုင် တာမို့ ဆရာဝန်နဲ့ ချက်ချင်း ပြပါ။
ဒေါက်တာခင်မိုးမိုး

သင့်အဆုတ်ကို ချစ်လျှင်



အဆုတ်ကို ကာကွယ်နိုင်စေဖို့အောက်ပါအချက်တွေကို သိထားရပါမယ်။
ရင်ကျပ်ပန်းနာရောဂါ
အဆုတ်လေပြွန်တွေ ရောင်ရမ်းတာဟာ အသက်ရှူခြင်း ဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ခံစားရတတ်သော လက္ခဏာများ- အနည်းငယ် ပင်ပန်းတဲ့ လေ့ကျင့်ခန်းတွေကို ၁၅မိနစ်မျှ ပြုလုပ်လိုက်ရုံနဲ့ အသက်ရှူရ ခက်ခဲပင်ပန်းခြင်းနဲ့ ရင်ဘတ်တင်းကျပ်ကာ မောပန်းခြင်းတို့ကို ခံစားရတတ်ပါတယ်။ သက်သာစေနိုင်သော နည်းလမ်း - လေ့ကျင့်ခန်းကြောင့် ဖြစ်တတ်တဲ့ ရင်ကျပ်ပန်းနာ ဖြစ်ခြင်းကို ငါးအဆီ သောက်သုံးပါက အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ၆၄ ရာခိုင်နှုန်း အထိ တိုးတက် ကောင်းမွန်စေပါတယ်။
အဆုတ်လေပြွန် ရောင်ရမ်းနာ
အဆုတ်လေပြွန်တွေမှာ ကူးစက်ပိုး ဝင်တာက အချွဲထခြင်းကို ဖြစ်စေနိုင်ပါတယ်။ ခံစားရတတ်သော လက္ခဏာများ -ချောင်းဆိုးတဲ့အခါ အစိမ်းရောင်သန်းတဲ့ ချွဲသလိပ်ထွက်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ လည်ချောင်းနာခြင်းနဲ့ အသက်ရှူသံက တရွှီရွှီ မြည်ခြင်းတို့ ခံစားရတတ် ပါတယ်။ သက်သာစေနိုင်သော နည်းလမ်း - အချွဲထွက်တာ နည်းအောင် လေထု စိုထိုင်းစေတဲ့ စက်တပ်ဆင်ပေးပါ။ ဒါ့အပြင် လေပြွန် ရှင်းလင်းသွားအောင် ရေနွေးငွေ့ကို မိနစ်၂၀ လောက် ရှူရှိုက်ပေးပါ။
အဆုတ်ကင်ဆာ
အဆုတ် တစ်သျူးတွေထဲမှာ မထိန်းချုပ်နိုင် လောက်အောင် ဆဲလ်တွေ ပေါက်ပွားနေတာကြောင့်ပါ။ ခံစားရတတ်သော လက္ခဏာရပ်များ -ကိုယ်အလေးချိန် လျော့ကျခြင်း၊ ကြာရှည် ညောင်းကိုက်ခြင်း၊ နာတာရှည် ချောင်းဆိုးခြင်းနဲ့ သွေးပါတဲ့ သလိပ်ထွက်ခြင်း တို့ကို ခံစားရတတ်ပါတယ်။ သက်သာစေနိုင်သော နည်းလမ်း -အဖြူရောင် ဝိုင်အနည်းငယ် သောက်ပါ။ နယူးယောက်ရှိ ဘာဖလိုး တက္ကသိုလ်မှ လတ်တလော လေ့လာမှုအရ တစ်နေ့ဝိုင်ဖြူ တစ်ခွက် သောက်သူတွေဟာ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို ၁၃ ရာခိုင်နှုန်း လျော့ကျစေကြောင်း သိရပါတယ်။
နမိုးနီးယား အဆုတ်ရောင်ရမ်းနာ
အဆုတ်အတွင်းရှိ လေအိတ်ငယ်တွေမှာ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်ရတာပါ။ ခံစားရသော လက္ခဏာများ - ချောင်းခြောက်ဆိုးခြင်း၊ ညဘက် ချွေးထွက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ သက်သာစေနိုင်သော နည်းလမ်း - ကိုယ်အလေးချိန် လျှော့ချပါ။ အသက် ၂၀ နောက်ပိုင်း ပေါင် ၄၀ ကျော်တက်လာသူ အမျိုးသားတွေဟာ နမိုးနီးယားကို ပိုမို ခံစားရတတ်ကြောင်း သိရပါတယ်။
အဆုတ်သို့ သွားသော သွေးလွှတ်ကြောအတွင်း သွေးဖိအား တက်ခြင်း
နှလုံးနဲ့ အဆုတ်ကြားသွေးကြောတွေ ရောင်ရမ်းရတတ်ပါတယ်။ ခံစားရသော လက္ခဏာများ - နေ့စဉ် လုပ်ဆောင်ချိန် အတွင်း အသက်ရှူ မ၀ခြင်း၊ မူးဝေခြင်း၊ ခြေကျင်းဝတ်တွေ ရောင်ရမ်းခြင်းနဲ့ နှုတ်ခမ်းတွေ ပြာနှမ်းခြင်း တို့ကို ခံစားရတတ်ပါတယ်။ သက်သာစေနိုင်သော နည်းလမ်း - ပိုတက်စီယမ် ဖြည့်စွက်ဆေးဟာ ကုန်ဆုံးသွားတဲ့ အာဟာရဓာတ်တွေကို ပြန်ဖြည့်ပေးနိုင်ကာ ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။

ကမ္ဘာ့ပထမဆုံးအဖြစ် လေဖြတ်သူ၏ ဦးနှောက်ထဲသို့ ပင်မဆဲလ်များ ထိုးသွင်းပြီး ကုသနိုင်ခဲ့


ဗြိတိန်နိုင်ငံသား တစ်ဦး၏ ဦးနှောက် အတွင်းသို့ ပင်မဆဲလ်များ သန်းနှင့် ချီလျက် ထိုးသွင်းပြီး လေဖြတ်ခြင်းကြောင့် ဖြစ်ပွားခဲ့သည့် ဦးနှောက် ပျက်စီးမှုကို ပြင်ဆင် နိုင်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ပြုလုပ်ခြင်းမှာ ကမ္ဘာ့ ပထမဆုံး အဖြစ် ကုထုံး အသစ်ကို စမ်းသပ်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။ လာမည့်လ အတွင်း ပျက်ကျ သွားသော ကလေး တစ်ဦး ထံမှ ရရှိသည့် ပင်မဆဲလ်များဖြင့် အလားတူ ကုထုံး များကို အသုံးပြုကာ အခြား လူနာ ၁၁ ဦးကို ထပ်မံ စမ်းသပ် ကြည့်ဦးမည်ဟု ဆိုသည်။ သုံးလ ရှိသည့် သန္ဓေသား တစ်ဦးမှ ရရှိသော ဆဲလ်များသည် လူနာပေါင်း သိန်းနှင့် ချီလျက်ကို ကုသရန် လုံလောက်သည်ဟု ဆိုသည်။ သို့သော် ဝေဖန် သူတို့က မမွေးဖွားရ သေးသော ကလေးငယ် တစ်ဦး၏ အသက်ကို ဆေးဝါး ထုတ်လုပ်ရေး စက်ရုံ တစ်ခု အဖြစ် အလွဲသုံးစား ပြုခြင်း ဖြစ်သည်ဟု ဆိုကာ ၀ိုင်းဝန်း ကန့်ကွက် နေကြသည်။ ဗြိတိန်နိုင်ငံ ဂလက်စဂိုးမြို့ တောင်ပိုင်း အထွေထွေ ဆေးရုံမှ ဆရာဝန်များနှင့် ဆာရေးမြို့ အခြေစိုက် ဇီဝ နည်းပညာ ကုမ္ပဏီ ReNeuron မှ သိပ္ပံ ပညာရှင်များနှင့် ပူးပေါင်းကာ အဆိုပါ ကုထုံးကို ဆောင်ရွက် နိုင်ခဲ့ခြင်း ဖြစ်သည်။ အထူးဆဲလ် အမျိုးအစား အဖြစ် ကွဲပြားခြင်း မရှိသေးသည့် ပင်မ ဆဲလ်များသည် ခန္ဓာကိုယ် အတွင်း ပျက်စီး နေသည့် တစ်သျှူးများကို ပြင်ဆင် နိုင်ကြောင်း သိရသည်။ ဦးနှောက်ထဲသို့ ပင်မဆဲလ် တစ်ကြိမ်သာ ထိုးသွင်းရုံဖြင့် လေဖြတ်ခြင်းကြောင့် ဦးနှောက် ပျက်စီး နေသူကို စကားပြောခြင်း၊လမ်းလျှောက်ခြင်းနှင့် မှတ်ဉာဏ်များ တိုးတက် ကောင်းမွန် လာစေသည်ဟု ဆိုသည်။ အသက် ၆၀ ကျော် အရွယ်ရှိ ကုန်တင်ကား ဒရိုင်ဘာ တစ်ဦးသည် လွန်ခဲ့သည့် ၁၈ လက စ၍ လေဖြတ်ခြင်း ဝေဒနာကို ခံစားရခြင်း ဖြစ်သည်။ သူ့အား စမ်းသပ် ကုသမှု အဖြစ် ပါမောက္ခ ကိတ်မား ဦးဆောင်သော အဖွဲ့က ကုထုံး အသစ်ဖြင့် စမ်းသပ် ကုသ ပေးရာမှ အောင်မြင် ခဲ့ခြင်း ဖြစ်သည်။

ကင်အဲရစ် ရန်ကုန်မှ ထွက်ခွာ၊ ဒေါ်အောင်ဆန်းစုကြည် လေဆိပ်လိုက်ပို့


ယနေ့နံနက်က ရန်ကုန်လေဆိပ်တွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ သား ကင်အဲရစ်။
AP Photo 33 minutes ago

Myanmar’s pro-democracy leader Aung San Suu Kyi, left, smiles to supporters as she sees off her younger son Kim Aris, right, at Yangon International Airport, Tuesday, Dec. 7, 2010, in Yangon, Myanmar.


မချစ်လို့ သားတွေကို ထားရစ်ခဲ့တာမဟုတ်ပါ ။ မြန်မာပြည်သူတွေကိုလည်း ချစ်လွန်းလို့ပါ ။




ဓာတ်ပုံများအတွက် ဒီမိုဖက်တီးအားကျေးဇူးတင်ရှိပါသည်။