အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Monday, November 1, 2010

ထိုင်း လေယာဉ် ရန်ကုန်လေဆိပ်၌ ပြေးလမ်းချော်

ygn-air-port
၂၀၀၇ ခုနှစ်အတွင်းက အသစ်ပြုပြင် မွမ်းမံထားသည့် ရန်ကုန်
အပြည်ပြည်ဆိုင်ရာလေဆိပ် (ဓာတ်ပုံ - wikipedia)

နိုဝင်ဘာ ၁၊ ၂၀၁၀
ယနေ့ နံနက်က ရန်ကုန်လေဆိပ်သို့ ဆင်းသက်သော Thai Airways လေယာဉ်တစီး ပြေးလမ်းချော်ပြီး ဘေးရောက်သွားသည်။ ခရီးသည်များ ထိခိုက်မှု မရှိဟု ဆိုသည်။ Email ဖြင့်ရောက်လာသော ပုံများ ဖြစ်သည်။
ဘန်ကောက် - ရန်ကုန် ပျံသန်းနေသည့် Thai Airways International (TG) လေကြောင်းမှ ခရီးသည် ၁၈၃ ဦး လိုက်ပါလာသော လေယာဉ်တစီးသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြေးလမ်းချော်မှု ယနေ့ နံနက်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။

“လေယာဉ်က ခရီးသည်တွေကို လေဆိပ်ထဲကို သွားပို့မယ့် အချိန် အကွေ့တနေရာမှာ လေယာဉ်က ပြေးလမ်းချော်ပြီးတော့ ပြေးလမ်း ဘေးမှာ ရှိတဲ့ မြက်ခင်းပေါ်ကို ကျသွားတယ်”ဟု ဘန်ကောက်မြို့ရှိ Thai Air Ways လေကြောင်းမှ ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။ ခရီးသည်များ ထိခိုက်ဒဏ်ရာ မရရှိကြောင်းလည်း သိရသည်။

ယနေ့ ထိုင်း စံတော်ချိန် ၈နာရီ ၁၅ မိနစ် ရန်ကုန်သို့ ထွက်ခွာသွားသည့် ၎င်း ထိုင်းလေကြောင်းလိုင်းမှာ ခရီးသည်တင် Air Bus 
A 300 လေယာဉ် အမျိုးအစားဖြစ်သည်။

ထိုင်း လေကြောင်းလိုင်းသည် ရန်ကုန် လေဆိပ်သို့ ဆင်းသက်ခဲ့ပြီးနောက် ပြေးလမ်းပေါ်တွင်ပင် မတော်တဆ ဖြစ်ပွားခဲ့ကြောင်း Thai Air Ways လေကြောင်းမှ ၀န်ထမ်းက ဆိုသည်။

ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သောကြောင့် ခရီးများ လေယာဉ်ပေါ်မှ ခက်ခဲစွာ ဆင်းခဲ့ရပြီး လေယာဉ်ကိုလည်း ပြေးလမ်းပေါ် ရောက် ရန် ပြန်လည် ဆွဲတင်ခဲ့ရကြောင်း သိရသည်။

No comments:

Post a Comment