အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Tuesday, October 19, 2010

လွတ်မြောက်လာသည့် ချီလီမိုင်းလုပ်သားများကို ဘောလုံးလောကမှ ဖိတ်ခေါ်မှုများ ပြည့်နှက်နေ

သတ္ထုတွင်းထဲတွင် (၆၉) ရက်ကြာ ပိတ်မိနေရာမှ ပြန်လည်လွတ်မြောက်လာသည့် ချီလီမိုင်းလုပ်သားများအတွက် ဥရောပနှင့် လက်တင်အမေရိက ဘောလုံးကလပ်များသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်မှုများ ပြည့်နှက်နေသည်ဟု သိရသည်။

ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဌ ဖလော်ရင်တီနိုပီရက်ဇ်က သူတို့၏ ဘ၀သင်ခန်းစာအပေါ် အောင်ပွဲခံရန်အတွက် မိုင်းလုပ်သား (၃၃) ယောက်ကို စန်တီယာဂိုဘာနေဗျူး အားကစားကွင်းသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်။

ပီရက်ဇ်က ‘Have strength, miners’ ဟု ရိုက်နှိပ်ထားသည့် ရီးရဲလ်မက်ဒရစ်ဘောလုံးသမားများ လက်မှတ်ရေးထိုးထားသော အသင်းတီရှပ်များကို မိုင်းလုပ်သားများထံ ပေးပို့ခဲ့သည်။ ထို့အပြင် ရီးရဲလ်မက်ဒရစ်ကစားသမားများ၏ ဓာတ်ပုံများပါဝင်သည့် ဓာတ်ပုံအယ်လ်ဘမ်နှင့် ဘာနေဗျူးသို့ ဖိတ်ကြားစာတစောင်ကိုလည်း ပေးပို့ခဲ့သည်။

မန်ချက်စတာယူနိုက်တက်အသင်းကလည်း အလားတူ ဖိတ်ခေါ်ရန် စီစဉ်နေသည်။ မိုင်းလုပ်သားတဦး၏ သားဖြစ်သည့် မန်ချက်စတာယူနိုက် ဂန္ထ၀င်ဘောလုံးသမားကြီး ဘော်ဘီချာလ်တန်ကလည်း အိုးထရက်ဖို့ဒ်သို့ လာရောက်လည်ပတ်ရန် ချီလီမိုင်းလုပ်သားများထံ သတင်းစကား ပေးပို့ခဲ့သည်ဟု သိရသည်။

အာဂျင်တီးနားလက်ရွေးစင်အသင်း နည်းပြဟောင်း ဒီယေဂိုမာရာဒိုနာကလည်း “လောကကြီးမှာ အံ့သြစရာတွေ ဖြစ်တတ်တယ်ဆိုတာ ဒါက သက်သေပဲ။ ခင်ဗျားတို့ဖြစ်ရပ်ကလည်း အံ့သြစရာတွေထဲက တခုပါပဲ” ဟု ပြောကြားထားသည့် သတင်းစကားတခု ပေးပို့ခဲ့သည်။ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယားအသင်း နည်းပြ ကလော်ဒီယိုဘော်ဂီကလည်း မိုင်းလုပ်သားများနှင့် လက်ဖက်ရည်တခွက်ကို ဝေမျှသောက်သုံးလိုကြောင်း ပြောဆိုခဲ့သည်။

လွတ်မြောက်လာသည့် မိုင်းလုပ်သားများအနက်မှ ဖရန်ကလင်လိုဘိုသည် ၁၉၈၀ ပြည့်လွန်နှစ်များနှင့် ၉၀ ပြည့်လွန်နှစ်များတွင် ပရော်ဖက်ရှင်နယ် ဘောလုံးသမားတဦးဖြစ်ခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အိုလံပစ်အားကစားပွဲတော် ပြိုင်ပွဲဝင် ချီလီလက်ရွေးစင်ဘောလုံးအသင်း၏ ကစားသမားတဦးလည်းဖြစ်ခဲ့သည်။ သူက လွတ်မြောက်လာမှုအတွက် ဘောလုံးတလုံးနှင့် သူ၏ ကျွမ်းကျင်မှုကို ပြသရင်း အောင်ပွဲခံခဲ့သည်။ အခြားမိုင်းလုပ်သားတဦးဖြစ်သည့် အိုမာရေဂါဒက်စ်ကလည်း ချီလီနိုင်ငံ၏ အကျော်ကြားဆုံးဘောလုံးကလပ် ကိုလိုကိုလိုအသင်း၏ အလံကို လွှင့်ထူကာ အောင်ပွဲခံခဲ့သည်။

စပိန်နိုင်ငံ၊ အက်စတူရီးယားစ်ဒေသရှိ မိုင်းလုပ်ငန်းလုပ်ကိုင်သည့် မိသားစုမှ မွေးဖွားခဲ့သည့် ဘာစီလိုနာနှင့် စပိန်လက်ရွေးစင်တိုက်စစ်မှူး ဒေးဗစ်ဗီလာကလည်း မိုင်းလုပ်သားများထံ အားပေးစကားပြောကြားသည့် မက်ဆေ့ခ်ျတခု ပေးပို့ခဲ့သည်။

ဒေးဗစ်ဗီလာက “ဘာစီလိုနာနဲ့ စပိန်ဘောလုံးကမှာရှိတဲ့ ကျနော်တို့အားလုံး ခင်ဗျားတို့ ကမ္ဘာမြေပေါ် တဖန်ပြန်ရောက်လာတဲ့အတွက်ရော အသက်ရှင်လျက် တွေ့ရတဲ့အတွက်ပါ အထူးဝမ်းမြောက်ဂုဏ်ယူနေပါတယ်” ဟု သတင်းစကား ပေးပို့ခဲ့သည်။

No comments:

Post a Comment