အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Friday, October 29, 2010

ကမ္ဘာပေါ်တွင် ကောင်ရေ ၅၀၀ခန့်သာ ကျန်ရှိတော့သည့် ကမ္ဘာရှားပါး ရေညှောင့်နှုတ်ဝိုင်းငှက်များ မြန်မာနိုင်ငံတွင် အများအပြားတွေ့ရှိနေ



ကမ္ဘာပေါ်တွင် ကောင်ရေ ၅၀၀ခန့်သာ ကျန်ရှိတော့သည့် ကမ္ဘာ့ရှားပါး ရေညှောင့်နှုတ်ဝိုင်းငှက်အား မြန်မာနိုင်ငံတွင် ကောင်ရေ ၇၀ကျော် တွေ့ရှိရကြောင်း BANCAအဖွဲ့နှင့် နိုင်ငံတကာ ငှက်ထိန်းသိမ်းရေး သုတေသနအဖွဲ့တို့၏ သုတေသန ပြုလုပ်ချက်အရ သိရှိရသည်။ သုတေသန ပြုလုပ်မှုကို ၂၀၀၈ခုနှစ်အတွင်းက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မုတ္တမပင်လယ်ကွေ့ အရှေ့ဘက်ကမ်းရှိ ဒေသများတွင် စတင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ရေညှောင့်နှုတ်ဝိုင်းငှက်တွေက ဆောင်းခိုရာသီမှာ မိုင်၄၀၀၀၊ ၅၀၀၀လောက်ရှိတဲ့ အာရှအရှေ့ဘက် ကမ်းခြေတစ်လျှောက် ဆောင်းခိုဖို့ အတွက် ပျံသန်းကြတယ်။ ငှက်သုတေသန ပညာရှင်တွေရဲ့ လေ့လာချက်အရ ၁၉၉၅ခုနှစ်နောက်ပိုင်း အချိန်ကစပြီး ကမ္ဘာပေါ်မှာ ကောင်ရေ သိသိသာသာ လျော့နည်းလာတာ တွေ့ရတယ်။၂၀၀၆ခုနှစ် နောက်ပိုင်းကစပြီး တစ်ကမ္ဘာလုံးမှာ ငှက်ကောင်ရေ ၅၀၀ပဲ ကျန်တော့တယ်။ မြန်မာနိုင်ငံမှာ ဒီငှက်ရှိတယ်ဆိုတာကို အရင်ကမသိခဲ့ဘူး။ ဒါကြောင့် ၂၀၀၈ခုနှစ်၊ နှစ်စပိုင်းမှာ ရခိုင်ပြည်နယ်နဲ့ မုတ္တမပင်လယ်ကွေ့ တစ်လျှောက် သုတေသန ပြုလုပ်ခဲ့တယ်။

စစ်တွေမြို့နယ်၊ နံ့သာကျွန်းမှာ ငှက်ကောင်ရေ ၃၀၊ မုတ္တမပင်လယ်ကွေ့မှာ ၄၈ကောင် တွေ့ခဲ့ပါတယ်”ဟု BANCAမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။ အဆိုပါ ငှက်များ၏ဇာတိမှာ ရုရှားနိုင်ငံ၊ ဆိုက်ဗေးရီးယားရှိ အရပ်ဒေသတွင် ပေါက်ဖွားရှင်သန်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဒေသမှတစ်ဆင့် အာရှအရှေ့ပိုင်း ကမ်းခြေနိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဟောင်ကောင်၊ ဗီယက်နမ်၊ ယိုးဒယား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင် တွေ့ရှိရကြောင်း သိရသည်။

ယင်းနိုင်ငံများတွင် ဆောင်းရာသီ အချိန်ကာလ၌ ဆောင်းခိုရန် လာရောက်နေထိုင်ကြရာ ငှက်မုဆိုးတို့၏ ထောင်ဖမ်းမှုကြောင့် နှစ်စဉ်ငှက်ကောင်ရေများစွာ လျော့နည်းကျဆင်းလျက် ရှိကြောင်းသိရသည်။ “ ငှက်ဖမ်းသူတွေရဲ့ စီးပွားရေးကို စစ်တမ်းကောက်လိုက်တော့ စားဝတ်နေရေး မပြေလည်ကြဘူး။ ဒါကြောင့် ငှက်ထောင်ဖမ်းသူတိုင်းကို ငှက်ဖမ်းခွင့် မပြုတော့ဘူး။ တံငါလုပ်သားတွေနဲ့ လယ်လုပ်သား တွေကလည်း ငှက်ဖမ်းတဲ့လုပ်ငန်း မလုပ်စေချင်တဲ့အတွက် သူတို့ကျင်လည်တဲ့ တခြားအလုပ်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ ပေးပြီး ငှက်မဖမ်းဖို့ ကတိစာချုပ် ထိုးခိုင်းခဲ့တယ်”ဟု ဆက်လက်ရှင်းပြခဲ့သည်။

ရေညှောင့်နှုတ်ဝိုင်းငှက်သည် မြန်မာနိုင်ငံတွင် မုတ္တမပင်လယ်ကွေ့၊ အရှေ့ဘက်ကမ်းခြေ၊ ဘီးလင်းမြို့၊ သထုံ၊ ကျိုက်ထို၊ မော်လမြိုင်၊ ပေါင်နှင့် စစ်တောင်းမြစ်ဝ ကမ်းရိုးတန်းဒေသတစ်လျှောက်တွင် အများဆုံး တွေ့ရှိရသည်။ ဆောင်းရာသီတွင် အဆိုပါငှက်များသည် အထက်ပါဒေသများသို့ ကောင်ရေ ၂၀၀ခန့် လာရောက် ဆောင်းခိုလေ့ရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ်ရှိငှက်များ နေထိုင်ကျက်စားရာ နေရာဒေသများသို့ သုတေသနပြုလုပ်ချက်များကို သုံးနှစ်ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံတွင် ရေညှောင့်နှုတ်ဝိုင်းငှက်ကို အများဆုံးတွေ့ရှိရကြောင်း သိရသည်။ ငှက်များ နှစ်စဉ်လျော့နည်းလာရခြင်းမှာ ငှက်လိုက်မုဆိုးများကြောင့် အဓိက လျော့နည်းလာခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment