အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Thursday, October 28, 2010

သီးခြားဇုန်များသို့ ရွှေ့ပြောင်းခြင်း မရှိသေးသည့် ရန်ကုန်မြို့လယ်အတွင်းရှိ ဆူညံသံနှင့် အနံဆိုးထွက်ရှိသည့် စက်မှုလုပ်ငန်းများကို အရေးယူမှုများ ပြုလုပ်သွားမည်

သီခြားဇုန်များသို့ ရွှေ့ပြောင်းရန် ဆောင်ရွက်ပြီးဖြစ်သော်လည်း ရွှေ့ပြောင်းခြင်း မရှိသေးသည့် ရန်ကုန်မြို့လယ်နှင့် မြို့ပတ်ဧရိယာအတွင်းရှိ စက်မှုဇုန်များမှ ဆူညံသံနှင့် အနံ့ဆိုးထွက်ရှိသည့် စက်မှုလုပ်ငန်းများကို အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ “ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ အနံ့ဆိုးနဲ့ ဆူညံသံထွက်ရှိတဲ့ စက်ရုံတွေကို မြို့ပြင်မှာရှိတဲ့ သီခြားဇုန်တွေဆီ ရွှေ့ပြောင်းဖို့ နေရာချထားပေးမှုတွေကို သက်ဆိုင်ရာက ပြုလုပ်ပေးပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ စက်မှုဇုန်တချို့မှာ အနံ့ဆိုးနဲ့ ဆူညံသံထွက်ရှိတဲ့ စက်ရုံတွေ မရွှေ့ပြောင်းဘဲ ကျန်ရှိနေတာတွေ ရှိနေပါသေးတယ်။ အဲဒီစက်ရုံတွေကို နီးစပ်ရာ အများပြည်သူတွေနဲ့ နီးစပ်ရာ စက်ရုံတာဝန်ရှိသူတွေက အထောက်အထားနဲ့ တင်ပြမယ်ဆိုရင် ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ စက်မှုဇုန်ဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်း အရေးယူသွားမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်ဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ သံရည်ကျိုစက်ရုံများအတွက် မြောင်းတကာစက်မှုဇုန်၌ သတ်မှတ်ပေးထားပြီး အနံ့ဆိုးထွက်ရှိသည့် စက်ရုံများအတွက် ဒဂုံအရှေ့ပိုင်းစက်မှုဇုန်ကို သတ်မှတ်ပေးထားပြီး ဖြစ်ကြောင်း၊ အရေးယူမှုများ ပြုလုပ်သည့် အခါတွင် အဆိုပါ စက်ရုံများကို အနံ့ဆိုးနှင့် အသံဆိုးများ ထွက်မှုများ မရှိအောင် စက်ရုံလည်ပတ်မှုစနစ်ကို ပြောင်းလဲလည်ပတ် နိုင်အောင် စီစဉ်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး စက်ရုံလည်ပတ်မှုစနစ်များ ပြောင်းလဲမရပါက သက်ဆိုင်ရာ စက်မှုဇုန်အသီးသီးသို့ ရွှေ့ပြောင်းမှုများ ပြုလုပ်ရန် ဒေသဆိုင်ရာ အာဏာပိုင်များက ဆောင်ရွက်မည်ဟု သိရှိရကြောင်း ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment