ဧရာဝတီတိုင်း ဒေသကြီး၊ ရေကြည်မြို့၌ မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာန၏ သက်ကြီးရွယ်အို ကျန်းမာရေး စောင့်ရှောက်မှု အဖြစ် အသက် ၆၀ နှစ်အထက် ဘိုးဘွားများ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို စက်တင်ဘာလ ကစတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆေးခန်းဖွင့်လှစ်ကာ စောင့်ရှောက် ကုသပေးလျက်ရှိသည်။
ဘိုးဘွားများအား ကျန်းမာရေး အသိပညာပေးခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း သင်ကြားပေးခြင်း၊ ဆေးဝါးကုသ ပေးခြင်းများကို ဒေါက်တာအိဖြူဝင်း၊ အထက်တန်း သူနာပြု ဒေါ်ဘေဘီခင်နှင့် သူနာပြုအဖွဲ့က ဆောင်ရွက်ပေးသည်။ တစ်ရက်လျှင် ဘိုးဘွား ၁၀၀ ကျော်ခန့် ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိပြီး ဆေးဝါးအတွက် တစ်လလျှင် ကုန်ကျငွေ ကျပ် ၅ သိန်းဝန်းကျင်ကို Max Myanmar Co., Ltd ၀န်ထမ်းများက လှူဒါန်းပေးကြောင်း သိရှိရသည်။
စာရေးသူ - ဖိုးဇော်မြင့် (ပုသိမ်)

No comments:
Post a Comment