အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Monday, October 25, 2010

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျောက်ဖြူမြို့နယ်နှင့် စစ်တွေမြို့နယ်တို့တွင် ပျက်စီးမှု နည်းပါးခဲ့သော်လည်း မြေပုံမြို့နယ်တွင်မူ ထိခိုက်ပျက်စီးမှု များပြားခဲ့ကြောင်း သိရ










အောက်တိုဘာလ ၂၂ ရက်နေ့က မြန်မာနိုင်ငံကမ်းရိုးတန်းကို စတင်ဖြတ်ကျော်ခဲ့သော အားအလွန် ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ဂီရိကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့တွင် ပျက်စီးမှု နည်းပါးခဲ့ပြီး မြေပုံမြို့နယ်တွင်မူ ထိခိုက်ပျက်စီးမှု များပြားခဲ့ကြောင်း မြေပုံမြို့နယ်မှ ပေးပို့သော သတင်းများအရ သိရှိရသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မင်းပြားတို့တွင် မုန်တိုင်း သက်ရောက်မှုများကို ကြုံတွေ့ခဲ့ရပြီး အောက်တိုဘာလ ၂၄ ရက်နေ့အထိ ရရှိသော သတင်းများအရ မြေပုံမြို့နယ်မှာ ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့ကြောင်း၊ အခြားမြို့နယ်များတွင် ပျက်စီး ဆုံးရှုံးမှုများစွာ မရှိခဲ့သော်လည်း အစားအသောက်ကဲ့သို့သော အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရှိခဲ့ရသည်။ လောလောဆယ်တွင် ဒေသခံများနှင့် အဆိုပါ ဒေသတာဝန်ရှိသူများမှ လိုအပ်မှုအချို့ကို အကူအညီပေးနေကြောင်း သိရသည်။ “စစ်တွေမှာ သစ်ပင်တွေပဲ လဲတယ်။ ထိခိုက်မှု သိပ်မရှိဘူး။ ကျောက်ဖြူကလည်း ထိခိုက်ပျက်စီးမှု နည်းတယ်။ မြေပုံကတော့ ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးနေတယ်။ လူနှစ်ဦးသေတယ်”ဟု ဒေသခံတစ်ဦးက အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် ပြောကြားသည်။ မြေပုံမြို့နယ်မှ နောက်ဆုံးရရှိထားသော သတင်းများအရ မြေပုံမြို့နယ်အတွင်းရှိ ကျေးရွာများအနက် အမျက်ထွက်၊ ရွာသစ်၊ ကျီးခေါင်းတောင်၊ ပြိုင်းချောင်းနှင့် ပြင်ဝန်း စသည့်ကျေးရွာများတွင် လူ ၁၀ ဦးကျော်ခန့် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် သေချောင်း၊ ကုန်းဘောင်၊ ပြိုင်ချောင်း၊ အမျက်ထွက်၊ ရွာသစ်၊ ကျီးခေါင်းတောင်ကျေးရွာများတွင် ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိကြောင်း ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။


               

No comments:

Post a Comment