အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Thursday, October 14, 2010

မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်ကြီးတံခွန်နှင့် ချမ်းမြသာစည်မြို့နယ်များတွင် ရေကြီးရေလျှံမှုဖြစ်ပွား

ရန်ကုန်၊ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မန္တလေးမြို့ပေါ်ရှိ ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းမြသာစည် မြို့နယ်များတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၇ရက် ညဦးပိုင်း ကစတင်၍ မန္တလေးတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ရာ လမ်းမများ ရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး အိမ်များအတွင်းသို့ ရေများဝင်ရောက်ခဲ့ကြောင်း၊ နေအိမ်များအတွင်း ရေလျှံဝင်ရောက်မှုကြောင့် ဒေသခံအချို့ နေအိမ်များကို ခေတ္တ စွန့်ခွာခဲ့ရကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ မိုးလေဝသ နှင့်ဇလဗေဒဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ''မိုးရွာသွန်းမှုများလို့ ရေကြီးရေလျှံတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၈ရက်က ရွာတဲ့မိုး ဆိုရင် မန္တလေးမြို့အတွက် ၂၇နှစ်တာ ကာလအတွင်း မိုးရေချိန် ၅ ဒဿမ ၅လက်မနဲ့ စံချိန်အသစ်တင်ခဲ့ပါတယ်။ အခုလို မိုးအဆက်မပြတ် ရွာတာမျိုး မရှိဖူးတော့ ရေလျှံတာ ဖြစ်နိုင်ပါတယ်။ မိုး/ဇလအနေနဲ့ မြစ်ငယ်မြစ်ရေမှာ စိုးရိမ်ရေမှတ် ရောက်နိုင်တယ်လို့ အောက်တိုဘာ ၉ရက် နံနက် ၁၀နာရီ တိုင်းထွာချက်အရ ထုတ်ပြန်ထားပါတယ်။ မြစ်ငယ်မှာ စိုးရိမ်ရေမှတ်ရောက်ရင် အနိမ့်ပိုင်းနေရာတွေတော့ ရေဝင်နိုင်ပါတယ်။ ဒါပေမဲ့ စိုးရိမ်စရာတော့ မရှိပါဘူး''ဟု ပြောသည်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ က-ရပ်ကွက်၊ စ-ရပ်ကွက်၊ ဃ-ရပ်ကွက်၊ ငွေတော်ကြည်ကုန်းရပ်ကွက်၊ သင်ပန်းလုံရပ်ကွက်များတွင် နေရာအနှံ့ ရေဝင်ရောက်မှုရှိသဖြင့် နေအိမ်နှင့်လမ်းများ လူတစ်ရပ်ခန့်အထိ နစ်မြုပ်ခဲ့ပြီး ရေကြီးခဲ့သည့် ရပ်ကွက်များမှ ရပ်ကွက်နေပြည်သူများအား အဆိုပါရပ်ကွက်အတွင်းရှိ ဓမ္မာရုံနှင့် စာသင်ကျောင်းများသို့ ပြောင်းရွှေ့ပေးခဲ့ရာ သက်ဆိုင်ရာရပ်ကွက် တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အန်ဂျီအိုအဖွဲ့အစည်းများက အကူအညီများ ပေးလျက်ရှိသည်။
“ကျွန်မတို့ရပ်ကွက် ရေဝင်တာက ညကရွာတဲ့မိုးရယ်၊ ပန်းရံတော်ချောင်း ရေလျှံတာရယ် ကြောင့်ပါ။ ပြည်ကြီးတံခွန်မြို့နယ်မှာ ဃ-ရပ်ကွက် တစ်ခုလုံးမှာဆိုရင် သ-၁၃၊ သ-၁၄၊ သ-၆နဲ့ မ-၉၊ ၁၀ ရပ်ကွက်တွေက အဆိုးဆုံးပဲ။ အောက်တိုဘာ ၇ရက်က မိုးပေါ့။ တစ်ညလုံးတစ်အားရွာချတာ။ ည ၁၂ နာရီမှာ ရေဝင်တယ်။ ပြီးတော့ ကုတင်မြုပ်တယ်။ နောက်ခါးရောက်လာတယ်။ မနက် ၇ နာရီလောက်မှာ ရေက လူတစ်ရပ်မြုပ်လောက်ရှိ နေပြီ။ မနက် ၈ နာရီမှာ အလက (၂) ကျောင်းထဲ ကယ်ဆယ်ရေးစခန်းဖွင့်ပြီး ပြောင်းနေရပြီ”ဟု ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သူ အသက် ၄၇ နှစ်အရွယ် ဒေါ်သန်းကြွယ်က ပြောသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ ဃ-ရပ်ကွက်၊ သ-၁၃ တွင် အိမ်ထောင်စု ၄၅၊ လူဦးရေ ၂၆၅၊ သ-၁၄တွင် အိမ်ထောင်စု ၆၅စု၊ လူဦးရေ ၃၅၀ခန့်၊ သ-၁၆ တွင် အိမ်ထောင်စု ၂၀၊ လူဦးရေ ၁၃၂နှင့် ဗ-၉၊ ၁၀ ရပ်ကွက်များတွင် အိမ်ထောင်စု ၂၁၊ လူဦးရေ ၁၁၃ ဦးတို့အား ဓမ္မပါလ ဓမ္မရုံ၊ စိတ္တသုခဓမ္မာရုံ၊ သ-၁၆ရပ်ကွက် ဓမ္မာရုံနှင့် မ-၁၀ရပ်ကွက် ဓမ္မာရုံများတွင် နေရာချထားရာတွင် ရပ်ကွက်တာဝန်ရှိသူများ၏ စီစဉ်မှုဖြင့် ပြောင်းရွှေ့ထားကြောင်း သိရသည်။
မန္တလေးမြို့ပေါ်တွင် ၃၅ လမ်း၊ လမ်း ၇၃မှ ၇၈ အထိ၊ လမ်း ၃၀၊ ၆၈မှ ၇၈လမ်းအထိ၊ ၂၆လမ်း၊ ၆၆ လမ်းမှ လမ်း ၈၀ အထိ၊ ၇၃လမ်း၊ ၇၈ လမ်း၊ ၆၂လမ်း၊ သိပ္ပံလမ်းများတွင် ရေလွှမ်းရေကျော်မှုများ ဖြစ်ပွားခဲ့သည်။
မိုးရေဝင်ရောက်သောလမ်းများ၊ ရပ်ကွက်များသို့ ရေလွှတ်သောနေရာများမှ ထမင်းထုပ်နှင့် ရေသန့်ဘူးများ လာရောက်လှူဒါန်းသလို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့မှ ရေလွှမ်းခံရသော မိသားစုများအား ဆန်အိတ် ၃၀ နှင့် ထမင်းထုပ် ၁၅၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
“မန္တလေးမှာ လေးရက်ဆက်တိုက်ရွာနေတာ၊ ရေတွေကလည်း လျှံနေကုန်ပြီ။ နောက်သုံးရက်ဆက်တိုက်ရွာမယ်လို့ ကြားတယ်”ဟု ချမ်းမြေ့သာစည်မြို့နယ်နေ ဦးဝင်းဖေမောင်က ပြောသည်။

No comments:

Post a Comment