အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Thursday, October 14, 2010

သတိခါးပိုက်နှိုက်ရှိသည်

ရန်ကုန်၊ အောက်တိုဘာ ၆ - ယခုကာလအတွင်း ခရီးသည်တင်ယာဉ်လိုင်းများတွင် ခါးပိုက်နှိုက်မှုများ သောင်းကျန်းလျက်ရှိကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။ “အခု အတောအတွင်း ခရီးသည်တင် ယာဉ်လိုင်းတွေမှာ ခါးပိုက်နှိုက်တွေ ပိုများလာတယ်။ ကားပေါ်မှာ လူကျပ်တဲ့ အချိန်ကို အခွင့်ကောင်းယူပြီး သူတို့က လှုပ်ရှားကြတယ်။

ကားပေါ်မှာ အနှိုက်ခံရတဲ့လူက သိလို့အော်တော့မှ ကျွန်တော်တို့လဲ သိတော့တယ်။ သူတို့က တစ်ယောက်တည်းရော၊ အုပ်စုလိုက်ရော လှုပ်ရှားကြမှာပဲ။ အရင်က ဒါတွေကို နှိမ်နှင်းပြီး အခု ပြန်ထလာတာဖြစ်မယ်။ ကားပေါ်မှာတင်မဟုတ်ဘဲ လူကျပ်တဲ့နေရာ၊ လူစည်ကားနဲ့နေရာတွေမှာ အလစ်သုတ်မှုတွေက ဖြစ်နေကျပဲ” ဟု အနှိုက်ခံရသည့် ကားပေါ်တွင် ပါလာသည့် ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

ထို့ပြင် ခရီးသည်တင်ယာဉ်လိုင်းများတွင်သာမကဘဲ အထူးယာဉ်လိုင်းများတွင် ခါးပိုက်နှိုက်မှုများ ရှိနေသည်ဟု အထူးယာဉ်လိုင်းစီးခရီးသည်တစ်ဦးက ပြောသည်။ “အထူးယာဉ်လိုင်းတွေမှာလဲ အခုနောက်ပိုင်းမှာ ခါးပိုက်နှိုက်တွေရှိလာတယ်။ အထူးယာဉ်တွေမှာ လူပိုမတင်ရတာတွေကို တင်းကျပ်ထားတာရှိပေမယ့် ရုံးချိန် မနက်ပိုင်းနဲ့ ရုံးဆင်းချိန်တွေမှာ တော်တော်လေးလူကျပ်တယ်။ မတတ်သာလို့သာ စီးကြရပေမယ့် လူက အရမ်းကျပ်တော့ မသမာမှုတွေ၊ ခါးပိုက်နှိုက်မှုတွေရှိလာတာပဲ” ဟု ခရီးသည်က ပြောသည်။

ထိုကဲ့သို့ ခါးပိုက်နှိုက်မှုများရှိနေခြင်းကြောင့် ယာဉ်စီးခရီးသည်များအနေဖြင့် မိမိ သွားလိုရာကို သွားရသည့်အခါများတွင် စိတ်နှောင့်အယှက်ဖြစ်ကြရသည်ဟု ဆိုသည်။ ယင်းကဲ့သို့ ပြစ်မှုများကို သက်ဆိုင်ရာက အမြန်ဆုံးဖော်ထုတ်ပြီး ယခင်ကာလများကဲ့သို့ပင် နှိမ်နှင်းပပျောက်စေလိုကြသည်ဟု ပြောသည်။

No comments:

Post a Comment