အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Wednesday, October 27, 2010

ပြည်ပမှ ဆိုက်ဘာတိုက်ခိုက်ခြင်းများခံရသဖြင့် အင်တာနက်လိုင်းများ ပြတ်တောက်နေ

မြန်မာနိုင်ငံ၏ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများကို ပြည်ပနိုင်ငံများမှ ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ခံရသဖြင့် ယခုရက်ပိုင်းအတွင်း အင်တာနက်မြန်နှုန်း နှေးကွေးခြင်းများ၊ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဒီတစ်ခါ ပြည်ပကနေပြီး ဆိုက်ဘာ တိုက်ခိုက်ခံရတာက ရတနာပုံ တယ်လီပို့ရယ်၊ မြန်မာ့ဆက်သွယ်ရေးရယ်၊ FTTH (Fiber To The Home)ရယ် ဆိုပြီး တစ်ခုခုကို ဦးတည်တိုက်ခိုက်တာ မဟုတ်ဘူး။ ပြည်တွင်းရဲ့ အင်တာနက် ဆက်သွယ်မှုအားလုံးကို ပြတ်တောက်သွားအောင် ရည်ရွယ်ချက်နဲ့ လုပ်တာ။ ဒီရတနာပုံ တယ်လီပို့နဲ့အတူ ပြည်တွင်းပြည်ပက ကွန်ပျူတာပညာရှင်တွေ ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၄ နာရီလုံး စောင့်ကြည့်နေတယ်။ တစ်ရက် နှစ်ရက်အတွင်းမှာ အင်တာနက် ဆက်သွယ်မှုတွေ ပြန်ကောင်းအောင် လုပ်ပေးပါမယ်”ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းကဆက်လက်ပြီး “ဒီတစ်ခါ တိုက်ခိုက်ခံရတာ ဒုတိယ အကြိမ်မြောက်ပါ။ အခု အင်တာနက်ကို အမီပြုနေရတဲ့ လေကြောင်းလိုင်းတွေ၊ ဟိုတယ်တွေ အကုန်ကွန်ပလိန်း တက်နေကြပြီ”ဟု ဖြည့်စွက် ပြောကြားခဲ့ကြောင်း ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment