အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Tuesday, October 19, 2010

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့ မတိုင်မီ ပုံမှန် လွတ်ရက်များအတိုင်း လွှတ်ပေးရန် ရှိသည့် အကျဉ်းသားများအား အထူးလျှော့ရက်များဖြင့် စော၍လွှတ် ပေးသွားရန်ရှိ

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့မတိုင်မီ ပြစ်ဒဏ်ကျခံမှု များ ပြီးဆုံးကာ ပုံမှန်အတိုင်း လွှတ်ပေးရန် ရှိသည့် အကျဉ်းသားများအား အထူးလျှော့ရက်များဖြင့် စော၍ လွှတ်ပေးသွားရန် အစီအစဉ် ရှိကြောင်း သိရသည်။ "ပြစ်ဒဏ်အသီးသီး ကျခံပြီးဆုံး သွားလို့ နိုဝင်ဘာလ ၇ ရက်နေ့ မတိုင်မီ လွတ်မြောက်မယ့် အကျဉ်း သားတွေ အထဲကမှ စည်းမျဉ်းစည်း ကမ်းနဲ့ညီညွတ်တဲ့ အကျဉ်းသားတွေ ကို အထူးလျှော့ရက်တွေ ပေးပြီးတော့ စောလွှတ်ပေးဖို့တော့ တာဝန်ရှိသူတွေ စီစဉ်နေတဲ့ အပိုင်းတော့ ရှိပါတယ်။ သူတို့အားလုံးဟာ ပြစ်ဒဏ်အသီး သီးကျခံပြီးလို့ လွတ်မြောက်ကြရမယ့် သူတွေ ဖြစ်ပါတယ်။ လွှတ်ရက်ထက် စောပြီးတော့မှ လျှော့ရက်ရသွားမှာ ဖြစ်ပါတယ်"ဟု အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။   ယင်းအပြင် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် အမှုရင်ဆိုင်နေရဆဲ အချုပ်သားဦးရေ ၆၀၀၀ ကျော် ခန့်ရှိကြောင်း သိရပြီး ၎င်းတို့သည်လည်း ဆန္ဒမဲပေးခွင့် ရရှိကြမည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment