အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Thursday, October 14, 2010

မုန်တိုင်းကို စောင့်ကြည့်ရန်လို

rdk;av0ရန်ကုန် (မဇ္ဈိမ)။ ။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ လားရာသည် လက်ရှိတွင် မြန်မာနိုင်ငံဘက်သို့ ဦးတည်နေခြင်း မရှိသော်လည်း နောက်ထပ် ၂၄ နာရီ ထပ်မံစောင့်ကြည့်ရမည်ဟု နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောသည်။

"ဒီနေ့ ညနေ ၃ နာရီ တိုင်းထွာချက်မှာ မုန်တိုင်းက ဂိုပါလ်ပူရဲ့ အရှေ့တောင်ဘက် မိုင် ၂ဝဝ စွန်းစွန်းလောက်ကို ရောက်နေတယ်။ လမ်းကြောင်း ပြောင်းနိုင်၊ မပြောင်းနိုင်က အတိအကျတော့ ပြောလို့ မရသေးပါဘူး။ မနက်ဖြန် နေ့လည်နဲ့ ညနေပိုင်းလောက်မှာ ကုန်းတွင်းဝင်မယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိ လားရာအတိုင်း မပြောင်းဘူး၊ ဒီလမ်းကြောင်းအတိုင်းဆိုရင် ဂိုပါလ်ပူနားကပဲ ဖြတ်ပြီးဝင်မယ်လို့ မှန်းထားပါတယ်" ဟု သူက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် အလားတူ မုန်တိုင်းတခု ဖြစ်ပွားခဲ့ရာ ယင်းမုန်တိုင်းအရှိန်ကြောင့် ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စသော မြန်မာနိုင်ငံ အနောက်ပိုင်း ဒေသများတွင် နေ့စဉ်ရက်ဆက် မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည်။

ယင်းမုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်တွင် မြေပြို၊ ရေလွှမ်းမိုးများ ဖြစ်ပေါ်ခဲ့ပြီး ဆက်သွယ်ရေးလမ်းကြောင်းအချို့ ပြတ်တောက်ခဲ့သည်။

ပင်လယ်ပြင်ထွက် ငါးဖမ်းစက်လှေများမှာ ယမန်နေ့ (အောက်တိုဘာ-၁၃) ရက်နေ့ကတည်းက စတင်၍ မုန်တိုင်းသတိပေးချက်များ ရရှိထားကြောင်း ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များ အသင်းဝင်တဦးက ဆိုသည်။

"ဟိုရက်ပိုင်းက ပထမ မုန်တိုင်းရှောင်နေတာ။ အခု ပြန်ထွက်မလို့ ပြင်နေတုန်း သတိပေးချက်ရတာ။ တချို့စက်လှေတွေလည်း ထွက်သွားပြီ။ ထွက်သွားတဲ့ လှေတွေ နီးစပ်ရာနေရာမှာ မုန်တိုင်းရှောင်ဖို့ ရေဒီယိုစက်တွေနဲ့ လှမ်းပြောထားရတယ်" ဟု သူက မဇ္ဈိမကို ပြောသည်။

(မုန်တိုင်းအခြေအနေ ထူးခြားသည်နှင့်အမျှ ဆက်လက်တင်ပြသွားပါမည်။)
...........................................................................................................................................

ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းထပ်မံ ဖြစ်ပေါ်နေ

ရန်ကုန် (မဇ္ဈိမ) ။ ။ ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေခဲ့သည့် လေထုမငြိမ်သက်မှုသည် ဆက်လက်အားကောင်းလာခဲ့ရာ ယနေ့နံနက် ၁၁ နာရီခွဲအချိန်တွင် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ကြေငြာလိုက်သည်။

အောက်တိုဘာလ ၁၂ ရက်နေ့ကတည်းက မြန်မာရာသီဥတုစောင့်ကြည့်လေ့လာရေးအဖွဲ့ Myanmar Climate Change Watch Group က စောင့်ကြည့်(၁)အဖြစ် သတ်မှတ်ထားခဲ့သည့် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှ လေထုမငြိမ်သက်မှုသည် ယနေ့နံနက်အစောပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြောင်းလဲလာပြီးနောက် မုန်တိုင်းငယ် ရောက်ရှိလာခြင်းဖြစ်သည်။

မြန်မာ့ မိုးလေဝသနှင့် ဇလဗေသဒဌာနမှ ယနေ့ မွန်းလွဲ (၁) နာရီတွင် ထုတ်ပြန်သော ကြေငြာချက်အရ ယင်းမုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ၊ ဂိုပါလ်ပူမြို့ အရှေ့တောင်ဘက် မိုင် (၂၅ဝ) ကွာဝေးသော ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ လက်ရှိအခြေအနေအား အဝါရောင်အဆင့်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားခြင်း အခြေအနေမရှိဟု မိုးဇလကကြေငြာသော်လည်း မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်တွင် မိုးသက်လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

ယခုမုန်တိုင်းငယ်နှင့် ပတ်သတ်၍ မိုး/ဇလ ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာထွန်းလွင်ပါဝင်သည့် MCCW အဖွဲ့က ယင်းတို့၏ ဝက်ဘ်ဆိုက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ယင်းသတိပေးချက်မှာ "မုန်တိုင်းငယ်ဟာ ကနဦးအစမှာတော့ အနောက်မြောက်ဖက်ဆီကိုဘဲ သွားမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် ဒီလို မိုးလွန်ကာလတွေမှာဖြစ်တဲ့ မုန်တိုင်းတွေဟာ အရှေ့မြောက် ဖက်ကို ပြန်ပြန်ကွေ့တတ်လို့ သတိထားရပါ့မယ်။ မြန်မာနိုင်ငံကိုဝင်တဲ့ မုန်တိုင်းတွေရဲ့ ၄၆% ဟာ ဒီလိုမိုးလွန်ကာလတွေမှာဖြစ်တတ်လို့ မြန်မာနိုင်ငံအဖို့ မုန်တိုင်းအန္တရာယ်ကိုတော့ သတိထားဖို့ လိုပါတယ်။" ဟူ၍ ဖြစ်သည်။

သို့သော် မိုးလွန်ကာလ မြန်မာပြည်သို့ဝင်သည့် မုန်တိုင်းအရေအတွက်သည် ယင်းကာလအတွင်း ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်သည့် မုန်တိုင်းများ၏ ၈% သာ၍ အလွန်အမင်း စိုးရိမ် စရာတော့ မရှိကြောင်း MCCW ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယခုမုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းများအနက် အောက်တိုဘာလ၏ ဒုတိယမြောက်မုန်တိုင်းဖြစ်ပြီး ၂ဝ၁ဝ ခုနှစ်တစ်ခုလုံးအတွက် တတိယမြောက် မုန်တိုင်း ဖြစ်သည်။

မုန်တိုင်း၏ အခြေအနေများကို ဆက်လက်တင်ပြပေးသွားပါမည်။

No comments:

Post a Comment