အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Friday, October 29, 2010

အိုင်တီကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ခြေလှမ်းသစ် တစ်ခုစတင် ကေဘယ်လ် တစ်ခုရှိရုံဖြင့် ဖုန်းပြောနိုင်၊ ရုပ်သံလိုင်းကြည့်၊ အင်တာနက် သုံးစွဲနိုင်သော နည်းပညာသစ်သုံးစွဲနိုင်ပြီ



မြန်မာနိုင်ငံတွင် အိုင်တီနည်းပညာ လုပ်ငန်းတိုးတက် ဖွံ့ဖြိုးရန် နောက်ထပ်ခြေလှမ်း တစ်ရပ်အဖြစ် အောက်တိုဘာ ၁၈ ရက်က မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ပြင်ဦးလွင်မြို့တွင် ပထမဆုံး မြန်မာဘာသာ စကားသုံး အမျိုးသား ၀က်ဘ်ပိုတယ်လ်နှင့် အင်တာနက် အိတ်ချိန်းဖွင့်ပွဲကို ရတနာပုံ ဆိုက်ဘာစီးတီး (Yatanarpon Cyber City) ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဖွင့်ပွဲတွင် ရတနာပုံ တယ်လီပို့ ကုမ္ပဏီက အဆင့်မြင့် အိုင်တီနည်းပညာသုံး FTTH (Fibre to the Home) ၀န်ဆောင်မှု စနစ်ကို အင်တာနက်နှင့် တွဲသုံးနိုင်ပုံအား ပြသခဲ့ကြောင်း တွေ့ရသည်။
ထို့ပြင် VOIP တယ်လီုဖုန်းနှင့်  IPTV ချင်နယ်များကို ဖိုက်ဘာကေဘယ်လ် ကွန်ရက် တစ်ခုတည်းဖြင့် အသုံးပြုနိုင်ပုံ ကိုလည်း ပြသထားပြီး၊ ယင်းစနစ်သည် Wimax, ADSL နှင့် Dial up စနစ်များထက် မြန်နှုန်းမြင့်ကြောင်း သိရသည်။ အိုင်တီနည်းပညာ၏ အခြေခံ အဆောက်အအုံသစ်များ ဖွင့်ပွဲသို့  နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အဆင့်မြင့် အရာရှိကြီးများ၊ အိုင်တီပညာရှင်များ တက်ရောက်ခဲ့ ကြသည်။
ပြပွဲသို့ ပြည်တွင်းပြည်ပမှ အိုင်တီကုမ္ပဏီ အမြောက်အမြား ပါဝင်ပြသခဲ့ကြရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ZTE နှင့် Huawei ကုမ္ပဏီနှစ်ခု ကလည်း ၎င်းတို့ ကုမ္ပဏီထုတ် အိုင်တီနည်းပညာ သုံးပစ္စည်းများကို ပါဝင်ခင်းကျင်း ပြသခဲ့ကြောင်း တွေ့ရသည်။ တရုတ်ကုမ္ပဏီ နှစ်ခုသည် ဆိုက်ဘာစီးတီး ဆောက်လုပ်ရာ တွင်လည်း အစိတ်အပိုင်း တစ်ရပ်အဖြစ် ပါဝင်ခဲ့ပြီး မြန်မာအိုင်တီ ကုမ္ပဏီများနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံနှင့် သင့်လျော်မည့် အိုင်တီပစ္စည်းများ ထုတ်လုပ်ရေးတွင် ကူညီခဲ့ကြသည်။
ရတနာပုံ အမျိုးသား ၀က်ဘ်ပေါ်တယ်သည် မြန်မာနိုင်ငံတွင် ပထမဆုံး ပေါ်ပေါက်လာသော အိုင်တီ ၀န်ဆောင်မှု ဖြစ်ပြီး အင်တာနက် အသုံးပြုသူများ၊ ဗဟုသုတ ရှာမှီးသူများ၊ အင်တာနက် အသုံးပြု၍ လိုရာအချက် အလက်များကို မြန်မာဘာသာဖြင့် အလွယ်တကူ ရှာဖွေလိုသူ များအတွက် ရည်ရွယ်တည်ဆောက် ခဲ့ခြင်းဖြစ်သည်။ ရတနာပုံ ၀က်ဘ်ပေါ်တယ်နှင့် ကေဘယ်လ်ကြိုး တစ်ခုတည်းဖြင့် ရုပ်သံကြည့်၊ ဖုန်းပြော၊ အင်တာနက် အသုံးပြုနိုင်မှု  (Triple play soft switch) ရှိလာခြင်းသည် မြန်မာနိုင်ငံ၏ အိုင်တီစီ  (Information and Communication Technology-ICT) သမိုင်းတွင် အထင်ကရ မှတ်တိုင်တစ်ခု စိုက်ထူလိုက်ခြင်းလည်း ဖြစ်သည်။
ရတနာပုံ ဆိုက်ဘာစီးတီး နည်းပညာ တက္ကသိုလ်သစ်သည် လူသား အရင်းအမြစ်များကို အိုင်တီနည်းပညာ အပေါ်အခြေခံပြီး နိုင်ငံထုတ်ကုန်များတွင် အံဝင်ခွင်ကျ အသုံးပြုသွားရေး၌ အရေးပါသော တက္ကသိုလ်များ၏ ဒီဇိုင်းများနှင့် ပေါင်းစပ်ကာ တည်ဆောက်ထား သောကြောင့် မြန်မာလူငယ်များ အနေဖြင့် ကျွမ်းကျင်သော အိုင်တီပညာရှင်များ ဖြစ်ပေါ်လာမည်ဖြစ်ပြီး သုတေသန လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်တော့ မည်ဖြစ်သည်။
ယခုအခါ တရုတ်ပြည်တွင်  The Huawei Technologies ကုမ္ပဏီနှင့် အိန္ဒိယမှ Infosys ကုမ္ပဏီများသည် အိုင်တီနည်းပညာများ နှင့်ပတ်သက်၍ တက္ကသိုလ်များ နှင့်ပူးပေါင်းကာ တိုးတက်အောင် အရှိန်မြှင့် ဆောင်ရွက်လျက်ရှိရာ၊ မြန်မာနိုင်ငံကလည်း အိုင်တီနည်းပညာ အဆင့်မြှင့်ရေး အတွက် ရတနာပုံ ဆိုက်ဘာစီးတီး အိုင်တီတက္ကသိုလ်ကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ အိုင်တီနည်းပညာ တိုးတက်မှု အရှိန်မြှင့်တင်ရေး အတွက် မြန်မာနိုင်ငံသည် ဆက်သွယ်ရေး ဆိုင်ရာ အခြေခံ အဆောက်အအုံများ တိုးချဲ့စီမံကိန်းများကို ချမှတ်ဆောင်ရွက် နေကြောင်း တွေ့ရသည်။
တရားဝင် ထုတ်ပြန်ခဲ့သော စာရင်းဇယား များအရ မြန်မာတစ်နိုင်ငံလုံးတွင် ဖိုင်ဘာ ကေဘယ်ကီလိုမီတာ ၁၀,၀၀၀ အထိ ဖြန့်ကြက် ထားပြီး ဒစ်ဂျစ်တယ် မိုက္ကရိုဝေ့ဗ် စခန်းပေါင်း ၃၃၅၃ နှင့် အိုင်ပီမိုက္ကရိုဝေ့ဗ် စခန်း ၇၅ ခု တည်ဆောက် ပြီးကြောင်း သိရသည်။ ထိုဆောင်ရွက်မှု များကြောင့် မြန်မာပြည်သူ များသည် တယ်လီဖုန်းနှင့် ဖက်စ်အသုံးပြု နေနိုင်ကြပြီး အိုင်ပီ ၀န်ဆောင်မှု နှင့်အတူ ADSL, WiFi, WiMax  ၀ါယာလက် တို့ကိုရှိန်နှုန်းမြှင့် ဆက်သွယ်မှုဖြင့် ဆောင်ရွက်နိုင် ကြပြီဖြစ်သည်။ ရတနာပုံ ဆိုက်ဘာစီးတီးကို မြန်မာ အစိုးရက၂၀၀၇ ခုနှစ်မှ စတင် တည်ဆောက် ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment