အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Friday, October 29, 2010

ဝက်ဘ်ဆိုက် လုံခြုံရေးအတွက် လျှို့ဝှက်ကုဒ် နံပါတ်များကို မကြာခဏ ပြောင်းလဲအသုံးပြုရန် အရေးကြီး

ပြည်တွင်းဝက်ဘ်ဆိုက် တစ်ခုဖြစ်သော Myanmar IT Development (www.mmitd.com) ၀က်ဘ်ဆိုက်အတွင်းရှိ အသင်းအဖွဲ့တချို့ကို အောက်တိုဘာ ၁၅ ရက်နေ့တွင် တိုက်ခိုက်ခံရကြောင်း ၄င်းဝက်ဘ်ဆိုက်ပေါ်တွင် ဖော်ပြထားသည်။ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ဆိုက်အတွင်းရှိ အဖွဲ့ဝင်များမှ ပြုလုပ်ထားသော အဖွဲ့များဖြစ်သော ပရဟိတ၊ ပရိုဂမ်းမင်း၊ ဖေ့စ်ဘွတ်၊ c#၊ Gtalk group နှင့် အခြားသော အရေးပါသော အဖွဲ့အစည်းများ ပျက်စီးခဲ့ရသည်ဟု သိရှိရသည်။ အင်တာနက် ၀က်ဘ်ဆိုက် အသုံးပြုသူများ အနေဖြင့် လုံခြုံရေးပိုင်းဆိုင်ရာ သတိထားရမည့်အချက်များနှင့် ပတ်သက်၍ “လျှို့ဝှက် ကုဒ်နံပါတ်ကို တစ်ဖက်လူဘက်မှ ခန့်မှန်းလို့ မရအောင် နံပါတ်တွေ စာလုံးသေးကြီးတွေ ရောပြီး password ကို strong and safe ဖြစ်အောင် ပြုလုပ်သင့်တယ်”ဟု Media Lane ၏ Founder & Director ဖြစ်သူ ဦးဖြိုးမင်းမင်းက ပြောသည်။ Hackers များသည် အသုံးပြုသူများအား ဦးစားပေး တိုက်ခိုက်လေ့ရှိပြီး ထိုမှတစ်ဆင့် ဆိုက်တစ်ခု၏ လုံခြုံရေးကို ၀င်ရောက် တိုက်ခိုက်လေ့ ရှိကြောင်းလည်း သိရှိရသည်။ “သုံးစွဲသူတွေအနေနဲ့ ကိုယ့်ရဲ့ passwords တွေကို ဖြစ်နိုင်ရင် အမြဲတမ်းလိုလို ဒါမှမဟုတ် တစ်လ သို့မဟုတ် နှစ်လတစ်ခါ လုံခြုံမှုရှိဖို့အတွက် ပြောင်းသင့်တယ်။ နောက်ပြီး password ပေးပြီးသားတွေကို ထပ်မပေးမိဖို့လည်း လိုအပ်တယ်။ account password တွေအားလုံးကို ဆင်တူပေးထားရင် ဟက်ကာတွေက လွယ်လွယ်ကူကူပဲ ကိုယ့်ရဲ့ member ၀င်ထားတဲ့ account တွေအားလုံးကို ၀င်ရောက်နိုင်တယ်”ဟု Software Advisor တစ်ဦးဖြစ်သူ ကိုအောင်ဟိန်းမြတ်က ပြောသည်။ အင်တာနက်အသုံးပြုသူများအနေဖြင့် လုံခြုံစိတ်ချမှု ရှိသည့် ဆိုင်များကို ရွေးချယ်အသုံးပြုရန်လိုအပ်ပြီး ဆိုင်ကိုလည်း အမြဲလိုလိုပြောင်းလဲ အသုံးပြုသင့်ကြောင်း၊ social နှင့် business အတွက် အီးမေးလ်များကိုလည်း ခွဲထားသင့်ကြောင်း ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့ထုတ် မြန်မာတိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment