အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Monday, October 25, 2010

မဲပေးနိုင်ရန်အတွက် ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်ရုံအလုပ်ရုံ လေးထောင်ကျော်ကို ပိတ်ပေးမည်

စက်မှုဇုန်လုပ်သား နှစ်သိန်းဝန်းကျင် ဆန္ဒမဲပေးနိုင်ရန်အတွက် ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့ (တနင်္ဂနွေနေ့) တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ လေးထောင်ကျော်ကို ပိတ်ပေးရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များတွင် လည်ပတ်နေသော စက်ရုံပေါင်း ၄၃၀၀ ကျော်ရှိပြီး အလုပ်သမားပေါင်း တစ်သိန်းကိုးသောင်းကျော်ရှိရာ အဆိုပါ အလုပ်သမားများ မဲဆန္ဒပေးနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများအားလုံးကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ပိတ်ပေးကြရန် အလုပ်သမားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ စက်မှုဇုန်တာဝန်ရှိသူများက ညွှန်ကြားထားကြောင်း သိရှိရသည်။ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက “နိုဝင်ဘာလ ၇ ရက်နေ့မှာ အလုပ်သမားတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ကို မရှုံးစေဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ စက်မှုဇုန်အားလုံးကို ပိတ်ပေးဖို့ စက်မှုဇုန်အားလုံးကို ညွှန်ကြားထားပါတယ်။ မဲပေးရမယ့်နေ့ကလည်း တနင်္ဂနွေနေ့ ဖြစ်တဲ့အတွက် စက်မှုဇုန်မှာရှိတဲ့ စက်ရုံအတော်များများလည်း ပိတ်လေ့ရှိပါတယ်။ ၂၄ နာရီပတ်လုံး လည်ပတ်နေရပြီး ရပ်ထားလို့မရတဲ့ စက်ရုံတွေ(အအေးခန်းစက်ရုံ) လောက်ပဲ အစောင့် အလုပ်သမားတွေကို ချန်ထားပြီး ကျန်တာတွေအားလုံးကို ပိတ်ရမှာဖြစ်ပါတယ်။ နယ်ကနေလာပြီး အလုပ်လုပ်ကြတဲ့ အလုပ်သမားတွေ အတွက်ကိုတော့ နယ်ပြန်ပြီး မဲပေးနိုင်အောင် ရွေးကောက်ပွဲကာလ တစ်လျှောက်လုံးကို စက်ရုံပိတ်ပေးဖို့တော့ ညွှန်ကြားထားတာမျိုး မရှိပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲ ဝန်းကျင်ကာလတွေမှာတော့ စက်ရုံ၊ အလုပ်ရုံတွေကို ရက်ရှည်ပိတ်ဖို့ မရှိပါဘူး။ မဲပေးမယ့်ရက်ကိုပဲ စက်ရုံအားလုံးကို ပိတ်ဖို့ညွှန်ကြားထားတာ ဖြစ်ပြီး ကျန်တဲ့ရက်တွေကတော့ ပုံမှန်အတိုင်းပဲ ဖြစ်မှာပါ”ဟု ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များတွင် လာရောက်အလုပ် လုပ်ကိုင်နေသော စက်မှုဇုန်လုပ်သား အများစုတွင် နယ်မှလာရောက် လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများလည်း ပါဝင်နေရာ အဆိုပါ လုပ်သားများအနေဖြင့် နေရပ်ပြန်၍ မဲပေးနိုင်ရန်အတွက် ခွင့်ရ၊ မရသည်မှာ သက်ဆိုင်ရာ စက်ရုံများ၏ ခွင့်ပြုချက်အပေါ်တွင်သာ မူတည်ကြောင်း၊ သက်ဆိုင်ရာမှ ရက်ရှည်ခွင့်ပေးမှုများ ပြုလုပ်ကြရန် စက်မှုဇုန်များသို့ ညွှန်ကြားထားခြင်း မရှိကြောင်း ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။


               

No comments:

Post a Comment