အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Wednesday, October 27, 2010

ငါးသိန်းတန် စီဒီအမ်အေ 800MHz ဖုန်းများ ပြည်ပနိုင်ငံအချို့သို့ပါ သယ်ဆောင် အသုံးပြုနိုင်တော့မည်

ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး နှစ်ခုအတွင်းတွင်သာ ရွေ့လျားသယ်ဆောင် အသုံးပြုနိုင်သည့် ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများကို စီဒီအမ်အေ ဆက်သွယ်ရေးစနစ် အသုံးပြုနေသည့် အခြားသော ပြည်ပနိုင်ငံများသို့ပါ သယ်ဆောင် အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းကဲ့သို့ ပြည်ပနိုင်ငံများသို့ သယ်ဆောင်အသုံးပြုခွင့် ချထားပေးလိုက်ခြင်းသည် ပြည်တွင်း ဆက်သွယ်ရေးကဏ္ဍဆွင် ပထမဆုံးသော နိုင်ငံတကာ ရွေ့လျား စီဒီအမ်အေ ဖုန်းအဖြစ် အသုံးပြုလာနိုင်မည့် စနစ်တစ်ခုဖြစ်လာမည် ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။ ပြည်တွင်း ဆက်သွယ်ရေး ကဏ္ဍတွင် ဂျီအက်စ်အမ်ဖုန်း၊ ကမ်းရိုးတန်း စီဒီအမ်အေဖုန်း (ကျပ်ငါးသိန်းတန် CDMA 450 MHz)နှင့် ကျပ်ငါးသိန်းတန် CDMA 800 MHz တို့ရှိရာ ယင်းဖုန်းများထဲမှ CDMA 800 MHzဖုန်းများကို ပြည်ပနိုင်ငံများအထိ တိုးချဲ့အသုံးပြုခွင့် ချထားပေးရခြင်းမှာ ယခုလက်ရှိ အချိန်တွင် ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးနေပြီဖြစ်သည့် နိုင်ငံကြီးများနှင့် ဖွံ့ဖြိုးတိုးတက်စပြုနေပြီ ဖြစ်သည့် နိုင်ငံတော်တော်များများတွင် စီဒီအမ်အေ CDMA 800 MHz ဆက်သွယ်ရေးစနစ်ကိုသာ တွင်ကျယ်စွာ အသုံးပြု နေကြသဖြင့် ယခုကဲ့သို့ တိုးချဲ့ပေးရခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် CDMA 800 MHz ဖုန်းကိုင်ဆောင်သူများ အနေဖြင့် စီဒီအမ်အေ ဆက်သွယ်မှု အများဆုံးအသုံးပြုနေသည့် နိုင်ငံများဖြစ်သော ထိုင်း၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယ အစရှိသည့်နိုင်ငံနှင့် အခြားသော စီဒီအမ်အေ ဆက်သွယ်ရေးစနစ်ကို အသုံးပြုနေသည့် နိုင်ငံများအထိ သယ်ဆောင် အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများသည် ယခုကဲ့သို့ International Roming ပြောဆိုနိုင်ရေးအတွက်  ပြည်ပနိုင်ငံများရှိ Telecom Operator များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်သည်။ တစ်ပြိုင်နက်တည်းမှာပင် အဆိုပါ ဖုန်းပေါ်တွင် (Evolution Data Optimized System EVDO) စနစ်ဖြင့် အင်တာနက် အသုံးပြုနိုင်ရန် ၀န်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment