အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Monday, November 1, 2010

ဇောတိက၊ ရွှေ၊ ရွှေဖြူ၊ မြ သဘာဝဓါတ်ငွေ့မြေများမှ ဓါတ်ငွေ့များကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် စတင် တင်ပို့ရောင်းချရန် ပြင်ဆင်နေ

မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍမှ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေး နှစ်အတွင်း ရေနံစိမ်းစည် ၆ ဒသမ ၉၆ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၄၃၉၆၁၄ ဒသမ ၈၅ သန်း ထုတ်လုပ်ခဲ့ပြီး ဇောတိက၊ ရွှေ၊ ရွှေဖြူ၊ မြ သဘာဝဓာတ်ငွေ့မြေများမှ ဓာတ်ငွေ့များကို  တရုတ်နှင့် ထိုင်းနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် စတင် တင်ပို့ ရောင်းချရန် ပြင်ဆင်နေကြောင်း သတင်းရရှိပါသည်။ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမည့် ရွှေ၊ ရွှေဖြူ၊ မြ စသည့် သဘာဝဓါတ်ငွေ့မြေ အသီးသီးတို့တွင် သဘာဝဓါတ်ငွေ့ပမာဏ ၄ ဒသမ ၅၃၂ တီစီအက်ဖ်ခန့်ရှိပြီး တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် ပိုက်လိုင်းသွယ်တန်းလျက် ရှိကြောင်း၊ ထို့အတူ ရတနာ သဘာဝဓါတ်ငွေ့သိုက် အနီးတွင် စိန်နှင့် ပတ္တမြားသဘာဝ ဓါတ်ငွေ့သိုက်များကို ထပ်မံတွေ့ရှိထားပြီး ရတနာ သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရေးစင်ဖြင့် ပေါင်းစည်းထုတ်ယူနိုင်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း သိရပါသည်။ လက်ရှိ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေသော ရတနာနှင့် ရဲတံခွန် သဘာဝဓါတ်ငွေ့မြေများသည် မုတ္တမကွေ့အနီးတွင် တည်ရှိပြီး ထိုင်းနိုင်ငံသို့ပင် တင်ပို့ရောင်းချရန် သဘောတူညီချက် ရထားသော ဇောတိက သဘာဝဓါတ်ငွေ့ စီမံကိန်းမှလည်း မုတ္တမကမ်းလွန်ဒေသတွင် တည်ရှိကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရန် သဘောတူညီချက် ရထားသော ရွှေ၊ ရွှေဖြူ၊ မြ သဘာဝဓါတ်ငွေ့မြေများမှာ ရခိုင်ကမ်းလွန်တွင် တည်ရှိကြောင်း၊ ၂၀၁၃ ခုနှစ်တွင် စတင်တင်ပို့ ရောင်းချမည့် အဆိုပါ ဓါတ်ငွေ့မြေများမှ ပိုက်လိုင်းများ သွယ်တန်းရာတွင် တရုတ်နိုင်ငံသို့ ၄၀ လက်မ ပိုက်လိုင်းဖြင့် သွယ်တန်းမည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံသို့ ၂၈ လက်မ ပိုက်လိုင်းဖြင့် သွယ်တန်းပို့လွှတ် ရောင်းချမည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment