အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Sunday, November 28, 2010

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီရာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ သံတမန်များနှင့် တွေ့ဆုံ



ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီရာသည် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ သံတမန်များနှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။
မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့သည့် ဗီဂျေးနမ်ဘီရာသည် ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အဆိုပါနေ့ မွန်းလွဲ ၂ နာရီတွင် သွားရောက်၍ ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံမှုမှာ တစ်နာရီကျော် ကြာမြင့်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံမှုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဗီဂျေးနမ်ဘီရာကို တွေ့ဆုံရသည့်အတွက် ၀မ်းမြောက်မိပါကြောင်း၊ တစ်ကြိမ်တွေ့ရုံဖြင့် လုံလောက်သည်ဟု မိမိ မထင်ပါကြောင်း ပြောကြားခဲ့ပြီး ဆွေးနွေး ခဲ့သည့် အကြောင်းအရာ အသေးစိတ်ကိုမူ  ပြောကြားခဲ့ခြင်း မရှိကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
ထို့ပြင် ဗီဂျေးနမ်ဘီရာသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်၊ ဦးဝင်းမြင့်၊ ဒေါက်တာ ဒေါ်မေ၀င်းမြင့်တို့နှင့် လည်းကောင်း၊ ဦးအေးသာအောင်၊ ဦးထောင်ခိုထန်း၊ ဦးပုကျင့်ရှင်းထန်၊ ဦးနိုင်ထွန်းသိန်း တို့နှင့်လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့နောက် ဗီဂျေးနမ်ဘီရာသည် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ရုံးသို့ သွားရောက်၍ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေနှင့် အဖွဲ့ဝင်များနှင့်လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းနှင့် အဖွဲ့ဝင်များ နှင့်လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
''တွေ့ဆုံမှုကတော့ ညနေ ၄ နာရီကနေ ၄ နာရီခွဲ အထိပါ။ ပထမဆုံး ကိုယ်စားလှယ်အကြောင်း ရှင်းပြပါတယ်။ ကုလသမဂ္ဂအနေနဲ့ ပါတီအတွက် ဘာတွေများ လုပ်ပေးနိုင်မလဲ မေးမြန်းပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲ အတွေ့အကြုံ၊ နောက် ဘာတွေ ဆက်လုပ်သွားမလဲ ဆိုတာကို မေးမြန်းပါတယ်''ဟု တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောကြားခဲ့သည်။
''တွေ့ဆုံမှုကတော့ နာရီဝက်လောက်ပဲ ကြာပါတယ်။ ရွေးကောက်ပွဲ အတွေ့အကြုံနဲ့ ရှေ့ဘာဆက်လုပ်သွားမလဲ ဆိုတာကို အဓိက မေးပါတယ်''ဟု တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီမှ ဒုဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အထူးအကြံပေးပုဂ္ဂိုလ်သည် နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် မြရိပ်ညိုရွိုင်ရယ်ဟိုတယ်၌ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဉာဏ်ဝင်းက ယင်းနေ့ညပိုင်းတွင် မြရိပ်ညိုရွိုင်ရယ် ဟိုတယ်၌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီရာနှင့် အဖွဲ့ဝင်များအား ညစာဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။
အိန္ဒိယလူမျိုး ဗီဂျေးနမ်ဘီရာသည် ၀ါရင့် သံတမန်တစ်ဦး ဖြစ်ပြီး ၂၀၀၇ ခုနှစ် ဇန်န၀ါရီလမှစကာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ Chief of Staff ဖြစ်လာသူ ဖြစ်သည်။

No comments:

Post a Comment