အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Monday, November 1, 2010

ကြိုတင်ဆန္ဒမဲပေးနိုင်ရန် နိုဝင်ဘာလ ၅ ရက်နေ့မှစ၍ စိစစ်ဆောင်ရွက်ကြရန် ညွှန်ကြားထား

ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသည် နိုဝင်ဘာလ ၅ ရက်နေ့မှ စတင်၍ စိစစ်ဆောင်ရွက်ကြရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ညွှန်ကြားလာမှုအပေါ်   ခရိုင်ကော်မရှင် အဖွဲ့ခွဲများမှ သက်ဆိုင်ရာရပ်ကွက် ကော်မရှင်အဖွဲ့ခွဲများ အားလုံးသို့ အကြောင်းကြားလာကြောင်း သိရှိရသည်။ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၅ (က)နှင့် နည်းဥပဒေ ၅၄ တို့တွင် အကျုံးဝင်သော သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပတွင် ရောက်ရှိနေကြသည့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသော ပုဂ္ဂိုလ်များအတွက် သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီးတွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် မြို့နယ်ကော်မရှင် အဖွဲ့ဝင်များသည် မဲဆန္ဒရှင်များထံ ကြိုတင်ဆန္ဒမဲ လက်မှတ်များ ပေးပို့ခြင်းကို အောက်တိုဘာလ ၁၈ ရက်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၅ (ခ)နှင့် နည်းဥပဒေ ၅၁ တို့တွင် အကျုံးဝင်သော မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများသည် နိုဝင်ဘာလ ၅ ရက်နေ့မှ စတင်၍ စိစစ်ဆောင်ရွက်ကြရန် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများ အားလုံးသို့ အကြောင်းကြားထားကြောင်း သိရှိရသည်။ ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ကြိုတင်၍ ဆန္ဒပေးပိုင်ခွင့် ရှိသူများမှာ တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များ၊ မဲဆန္ဒနယ် ပြင်ပရောက် ကျောင်းသားများ၊ မဲဆန္ဒနယ် ပြင်ပရောက် သင်တန်းသားများ၊ မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ၊ အချုပ်ခံနေရသူများ၊ ဆေးရုံသို့ တက်ရောက်နေရသော အတွင်းလူနာများနှင့် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများ ဖြစ်သည်ဟု ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေစာအုပ်မှ သိရှိရကြောင်း ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment