အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Monday, October 18, 2010

၉ နှစ်ရွယ် ကလေးငယ်အား အဓမ္မပြုကျင့်၍ သတ်ခဲ့သူများကို သေဒဏ်နှင့် ပြစ်ဒဏ်ကြီးများချမှတ်

အသက် ၉ နှစ်ရွယ်သာ ရှိသေးသည့် မိန်းကလေးငယ်အား အဓမ္မပြုကျင့်၍ ဓားနှင့်ခုတ်သတ်ခဲ့သည့် တရားခံ သုံးဦးအား ပဲခူးဒုတိယခရိုင် တရားရုံးမှ ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၀၉ခုနှစ် မတ်လ ၄ ရက်က သနပ်ပင်မြို့နယ်နေ မxxxxအား တရားခံ ဘောဂ (ခ) ညွန့်ဆန်း (၂၃)နှစ်၊ စိုးနိုင် (၃၈) နှစ်နှင့် ညွန့်ဝင်း (၄၅) နှစ်တို့ သုံးဦးက ပြစ်မှုကျူးလွန်ခဲ့ကြခြင်း ဖြစ်ပြီး အဆိုပါအမှုနှင့် ပတ်သက်၍ ယခုနှစ် သြဂုတ်လ ၁၆ ရက်တွင် ပဲခူးတိုင်း ဒေသကြီးတရားရုံးက ပြစ်ဒဏ် ချမှတ်လိုက်သည်။ စစ်ဆေးပေါ်ပေါက်မှုများအရ တရားခံ ဘောဂ (ခ) ညွန့်ဆန်း (၂၃) နှစ်အား ပြစ်မှုပုဒ်မ (၃၀၂) (၁)(ဂ)/၁၁၄အရ သေဒဏ် ကျခံစေရန်၊ တရားခံစိုးနိုင် (၃၈) နှစ်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ် ၃၇၆ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန်၊ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပြီး တရားခံပြေး ညွန့်ဝင်း (၄၅နှစ်) အား ကျင့်(၈၇/၈၈)ထုတ်ပြန်၍ တရားခံပြေးအဖြစ် အတည်ပြု အမိန့်ချမှတ်ပြီး ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
                                                                                                                          နေလင်းအောင်

No comments:

Post a Comment