အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Thursday, October 21, 2010

ချောင်းဝမှတ်တိုင်အနီး ယာဉ်တိုက်မှုကြောင့် မိန်းကလေးတစ်ဦး ပွဲချင်းပြီးသေဆုံး

လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ် ချောင်းဝမှတ်တိုင် အနီးတွင် ယာဉ်တိုက်မှုဖြစ်၍ ၁၂နှစ်အရွယ် မိန်းကလေး တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းယာဉ်တိုက်မှုမှာ အောက်တိုဘာ ၅ ရက်နံနက် ၉နာရီခွဲ အချိန်၌ မြောက်မှတောင်သို့ မောင်းနှင်လာသော Isuzu လိုက်ထရပ်ဗောက်စ် ကားမှ အရှေ့မှ အနောက်သို့ လမ်းကူးသူ အသက်၁၂ နှစ်အရွယ် မသင်းသင်းထွေးကို တိုက်မိချင်းဖြစ်ကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ကားက အရှိန်ပြင်းတယ် ထင်တယ်။ တိုက်တဲ့နေရာနဲ့ ကလေးလဲ နေတဲ့နေရာက ၁၀လောက်ကွာတယ်။ ကားတိုက်တော့ ခေါင်းနဲ့ လမ်းနဲ့တိုက်ပြီး ဦးနှောက်ပွင့်သွားတယ်။ လူနဲ့ ဦးနှောက်နဲ့က ဝေးနေတာပေါ့" ဟု ယင်းယာဉ်တိုက်မှုကို ကိုယ်တိုင်မြင်တွေ့သူ ဆရာဝန်တစ်ဦး ကပြောသည်။

အဆိုပါ မိန်းကလေးငယ်၏ ဘေးတွင် ၎င်း၏မိဘဟု ယူဆရသော အမျိုးသားနှင့် အမျိုးသမီးတို့မှာ ယာဉ်တိုက်မှုကြောင့် လဲကျနေသော မိန်းကလေးကို ပွေ့ဖက်ထားကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။ ယာဉ်တိုက်မှုကြောင့် မိန်းကလေးငယ်မှာ ဦးခေါင်းကွဲကြေ ဒဏ်ရာရရှိကာ သေဆုံးသွားမှုကြောင့် ယာဉ်မောင်းဖြစ်သူအား ယာဉ်မှုစစ်ရဲစခန်းတွင် (ပ) ၅၉၅/ ၂၀၁၀ ပုဒ်မ ၃၀၂ (က)ဖြင့် အမှုဖွင့် အရေးယူထား ကြောင်းသိရသည်။

စာရေးသူ - သိမ့်သိမ့်စိုး

No comments:

Post a Comment