အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Thursday, October 14, 2010

တက္ကသိုလ်ဘုန်းနိုင် ကတော်အိမ် အနုကြမ်းသမား ဖမ်းမိ

ချင်းမိုင်(မဇ္စျိမ)။ ။ ဆရာ တက္ကသိုလ် ဘုန်းနိုင်ကတော် ဒေါ်နီနီခင် (၇၅ နှစ်)၏ သန်လျင်နေအိမ်ကို အနုကြမ်းစီးသူဟု သံသယရှိသူကို ဗုဒ္ဓဟူးနေ့က ဖမ်းမိကြောင်း မြို့နယ်ရဲစခန်း တာဝန်ရှိသူတဦးက ပြောသည်။

“မနေ့ နေ့ခင်း ၁ နာရီလောက်က ဖမ်းမိပါပြီ”ဟု အမည်မဖော်လိုသူ ရဲအရာရှိက ပြောသည်။

အဖမ်းခံရသူ ကိုကျော်ဇေယျ ခေါ် ကိုဘိုမောင်(၂၈ နှစ်) မှာ တမြို့ထဲသားဖြစ်ပြီး သဲဖြူချောင်း အမှတ် ၁၇၉ ကားဂိတ်ဝင်းအတွင်း နေသည်။

အင်းစိန် အောင်ဆန်းဈေး မှတ်တိုင်အနီးတွင် သန်လျင်ရဲစခန်းမှူး ရဲအုပ် မြစိုး၊ တောင်ပိုင်းခရိုင်ဦးစီးမှူး ရဲအုပ် မြင့်ဇော်တို့အဖွဲ့က ဖမ်းမိသည်ဟု ရဲမှတ်တမ်းတွင် ပါသည်။

ကိုကျော်ဇေယျကို သံလျင်ရဲစခန်းတွင် ချုပ်ထားပြီး လုယက်မှု၊ နာကျင်စေမှုတို့ဖြင့် တိုင်ချက်ဖွင့်ထားသည်ဟု ရဲက ပြောသည်။

သံသယဖြစ်ဖွယ် ရာဇဝတ်မှုကျူးလွန်ဖူးသူများ ဓာတ်ပုံကို ဒေါ်နီနီခင်အား ပြ၍ ခြေရာခံလိုက်ခဲ့သည်ဟု ဒေါ်နီနီခင်၏ ချွေးမ မဝိုင်း (ကံကော်ဝတ်ရည်စာပေ)က ပြောသည်။

သံလျင် အမှုထမ်းရပ် ဓမ္မရောင်ခြည်ကျောင်းလမ်းအိမ်တွင် အောက်တိုဘာ ၇ ရက် မနက် ၁၁ နာရီခန့်က ဒေါ်နီနီခင် တယောက်ထဲရှိခိုက် လူတဦးက ဖုန်းပြင်ရန်အကြောင်းပြ အိမ်ထဲဝင်လာပြီး အုတ်နီခဲဖြင့် ရိုက်ခဲ့သည်။

ဆရာကတော်က သတိမေ့မသွားဘဲ ပြန်ခုခံကြောင်းနှင့် အနုကြမ်းသမားက ငွေ ၅ဝ,ဝဝဝ ကျော် ယူကာ ပြန်ထွက်သွားသည်ဟု အိမ်နီးချင်းတဦးကို ကိုးကား၍ The Voice ဂျာနယ်က ရေးသည်။

သို့သော် ဆရာကတော်၏ ခေါင်းနောက်ဘက်ခြမ်းတွင် အချက် ၃ဝ ကျော်၊ ဘယ်ဘက်မျက်ခုံးတွင် ၁၂ ချက် ချုပ်ခဲ့ရပြီး လည်ပင်း၊ ပုခုံးနှင့် လက်မောင်းအထိ ညိုမည်း ပွန်းပဲ့ခဲ့သည်ဟုလည်း The Voice တွင် ဖော်ပြထားသည်။

ရန်ကုန် ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောကုဌာနမှ ယခုထိ ဒေါ်နီနီခင် ပြန်မဆင်းရသေးပေ။

ဆရာတက္ကသိုလ်ဘုန်းနိုင်သည် နယူးယောက် ကိုလမ်ဘီယာတက္ကသိုလ်မှ စိတ်ပညာ မဟာဝိဇ္ဇာဘွဲ့ရပြီး ပညာရှင် အချစ်ဝတ္ထုရေးဆရာအဖြစ် ၁၉၆ဝ-၇ဝ ပြည့်လွန်နှစ်များက အထူးထင်ရှားခဲ့သည်။ ၁၉၈၈ အရေးအခင်းတွင် ဟောပြော၍ ပညာရေး တက္ကသိုလ် ပါမောက္ခချုပ်ရာထူးမှ အနားယူခဲ့ရသည်။ လုံးချင်းဝတ္တုပေါင်း ၅ဝ ကျော်ရေးသားကာ ၂ဝဝ၂ ခုနှစ် မေလ ၁ဝ ရက် အသက် ၇၂ နှစ်တွင် ကွယ်လွန်ခဲ့သည်။

မိုးညအိပ်မက်မြူ၊ သူငယ်ချင်းလိုပဲ ဆက်၍ခေါ်မည်ခိုင်၊ လွမ်းတေးမဆုံးစေနှင့် စောသခင်၊ နွေကန္တာဦး၊ တပြည်သူ မရွှေထား စသည်တို့မှာ သူ၏ စာပေမှတ်တိုင်များဖြစ်သည်။ ၁၉၇၂ တွင် နှင်းငွေတစ်ထောင့် မိုးတစ်မှောင့် ဝတ္ထုဖြင့် အမျိုးသားစာပေဆုရခဲ့သည်။

ကမ္ဘာကုန်ကျယ်သရွေ့ဝယ်၊ ကိုယ့်အလှဘဝ ငွေလမင်း၊ တက္ကသိုလ်နန်း၊ ထားသခင်၊ မေတ္တာစေကျွန်၊ သည်သောင်ယံက မခွာရက်တယ်စသည့် ယခုတိုင်လူကြိုက်များဆဲသီချင်းများကိုလည်း သီကုံးခဲ့သည်။ ဒေါ်နီနီခင်မှာ ၁၉၅ဝကျော် မန္တလေးတက္ကသိုလ်တည်စက ကထိကကတော်အချောအလှအဖြစ် လူသိများခဲ့သည်။

No comments:

Post a Comment