အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Monday, October 25, 2010

Sky Net ရုပ်သံလိုင်း ဝန်ဆောင်မှု နိုဝင်ဘာတွင် စရောင်းမည်

အခမဲ့ ကြည့်ရှုနိုင်မည့် ရုပ်သံလိုင်းပေါင်း ၃၀ ကျော်ပါဝင်မည့် Sky Net ရုပ်သံလိုင်း ဝန်ဆောင်မှုကို နိုဝင်ဘာလတွင် စတင်၍ မြန်မာတစ်နိုင်ငံလုံးတွင် ရောင်းချပေးမည် ဖြစ်ကြောင်း ထိုရုပ်သံဝန်ဆောင်မှုကို တာဝန်ယူဆောင်ရွက်သည့် ရွှေသံလွင်မီဒီယာ ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဒီဂျစ်တယ် စနစ်ဖြင့် ထုတ်လွှင့်မည့် ထိုရုပ်သံဝန်ဆောင်မှုကို ရယူလိုသူများ အနေဖြင့် အကျယ် ၁.၂ မီတာရှိသည့် စလောင်းတစ်စုံဖြင့် ဖမ်းစက်ကို ဝယ်ယူတပ်ဆင်ရမည် ဖြစ်ပြီး ထိုစက်တန်ဖိုးမှာ ကျပ် ၆၀၀၀၀ ဝန်းကျင် ဖြစ်ကြောင်း၊ အခပေး ရုပ်သံလိုင်းများကိုမူ မိမိကြိုက်နှစ်သက်သည့် လိုင်းများကို ရွေးချယ်ကြည့်ရှုနိုင်ပြီး လစဉ်ကြေးမှာ ရုပ်သံလိုင်း ရွေးချယ်မှုအပေါ် မူတည်ကွာခြားမည် ဖြစ်ကြောင်း ဆိုသည်။ ကျေးလက်ဒေသ များတွင်ပါ ဖမ်းယူကြည့်ရှုနိုင်မည့် အဆိုပါ ရုပ်သံဝန်ဆောင်မှုတွင် ပြည်ပရုပ်သံလိုင်းများနှင့် ပြည်တွင်း ရုပ်သံလိုင်းများလည်း ပါဝင်သည့်အပြင် အက်ဖ်အမ် ရေဒီယိုလိုင်းများကိုလည်း ဖမ်းယူနားဆင်နိုင်မည် ဖြစ်သည်။ ရွှေသံလွင် မီဒီယာအနေဖြင့် ထိုဝန်ဆောင်မှုကို မြန်မာတစ်နိုင်ငံလုံးတွင် ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော် ထားရှိ ရောင်းချမည်ဖြစ်ပြီး လက်ရှိပါဝင်မည့် ရုပ်သံလိုင်းပေါင်း ၃၀ ကျော်အပြင် ရုပ်သံလိုင်း သစ်များကိုလည်း ထပ်မံတိုးချဲ့ထုတ်လွှင့်ရန် အစီအစဉ်ရှိကြောင်း ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

     

No comments:

Post a Comment