အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Thursday, October 21, 2010

မြန်မာနိုင်ငံသားတစ်ဦး အကြိမ်ရေအများဆုံးသွေးလှူရှင်အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်နိုင်ဖွယ်ရှိ

ကမ္ဘာ့အကြိမ်ရေ အများဆုံးသွေးလှူရှင်ဖြစ် မြန်မာနိုင်ငံသားတစ်ဦးက ဂင်းနက်စ်စံချိန် တင်နိုင်ဖွယ်ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံသား ဦးခွန်စိုင်းမောင်မောင်ကြီးသည် ၁၉၅၆ ခုနှစ်ဖေဖော်ဝါရီ ၃ ရက်တွင် စတင်၍ သွေးလှူခဲ့ခြင်း ဖြစ်ကာ ၂၀၁၀ ပြည့်နှစ် သြဂုတ် ၁၉ ရက်တွင် ရန်ကုန်အရှေ့ပိုင်းဆေးရုံတွင် (၂၀၄) ကြိမ်မြောက် လှူဒါန်းခဲ့ပြီးဖြစ်ကာ ဂင်းနက်စ်စံချိန်ဆု ရွေးချယ်ရေးအဖွဲ့သို့ လျှောက်ထားပြီးဖြစ်ကြောင်း သိရသည်။ ဦးခွန်စိုင်းမောင်မောင်ကြီးသည် အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးဖြစ်ကာ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ သွေးလှူရှင်စည်းရုံးရေးမှူး တစ်ဦးဖြစ်ပြီး အသက် (၆၈) နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။ ပုံမှန်ဆိုရင်တော့ အသက် (၆၅) နှစ်အထိပဲသွေးလှူခွင့်ပြုတာပါ။ ဒါပေမဲ့ ကျွန်တော်က ကျန်းမာရေး ကောင်းတဲ့အတွက် (၆၈) နှစ်အထိ သွေးလှူခွင့်ပြုထားတာပါ။ ၂၀၀၉ ခုနှစ်တွင် (၂၀၄) ကြိမ်မြောက် သွေးလှူဒါန်းပြီးနောက် ဂင်းနက်စ်စံချိန်တင်နိုင်ရန် လျှောက်ထားချိန်တွင် အိန္ဒိယမှ အမျိုးသားတစ်ဦးကလဲ ( ၁၅၆)ကြိမ်ဖြင့် လျှောက်ထားခဲ့သောကြောင့် ဦးခွန်စိုင်းမောင်မောင်ကြီးက (၄၈) ကြိမ်အသာဖြင့် ဂင်းနက်စ်စံချိန် မှတ်တမ်းတင်ခွင့်ရရန် အပြတ်အသတ်အားသာနေကြောင်း သိရသည်။ ထို့နောက် လာမည့်ဒီဇင်ဘာလတွင် ယင်းသည် (၂၀၅) ကြိမ်မြောက်အဖြစ် သွေးထပ်မံလှူဦးမည်ဖြစ်ကာ ယင်းနောက်တွင် အသက်ကြီးရင်လာပြီဖြစ်၍ သွေးလှူဒါန်းခြင်းမှ ရပ်နားတော့မည်ဖြစ်ကြောင်း ဆိုသည်။ “လာမည့်ဒီဇင်ဘာမှာ (၂၀၅) ကြိမ်မြောက်အဖြစ် သွေးလှူဦးမှာပါ။ ပုံမှန်တော့စစ်ဆေးရုံတွေမှာ လှူလေ့ရှိတဲ့အတွက်  နေပြည်တော်က စစ်ဆေးရုံမှာပဲလှူဖြစ်ဖို့များပါတယ်။ အတိအကျတော့ မပြောနိုင်သေးပါဘူး” ဟု ဦးခွန်စိုင်းမောင်မောင်ကြီးက ပြောသည်။ သို့သော် ဂင်းနက်စ်စံချိန်တင်ဆုရမည့် အချိန်ကိုမူ အတိအကျမသိရသေးကြောင်း ၂၀၁၀ ခုနှစ်အောက်တိုဘာ ၂၁ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင်ဖော်ပြထားပါသည်။

No comments:

Post a Comment