အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Wednesday, October 27, 2010

အက်ဖ်အီးစီ နှစ်ဆယ်တန်ဖုန်းကတ်များ ရောင်းချခြင်း ခေတ္တရပ်ဆိုင်း

တစ်လသက်တမ်းသာရှိသော အက်ဖ်အီးစီ ၂၀ တန် တစ်ခါသုံး ဂျီအက်စ်အမ် ဖုန်းကတ်များအား နိုဝင်ဘာ ၁၅ ရက် နောက်ပိုင်းမှစ၍ အသုံးပြု၍ မရနိုင်တော့ကြောင်း အဆိုပါ ဖုန်းကတ်များအား ကိုယ်စားလှယ်ရယူ၍ ရောင်းချပေးနေသော Elite ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “မြန်မာ့ဆက်သွယ်ရေးက System Upgrade လုပ်ဖို့အတွက် ခဏရပ်မှာပါ”ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။ ထို့ကြောင့် ယခုရက်ပိုင်းမှစ၍ အက်ဖ်အီးစီ ၂၀ တန် တစ်ခါသုံး ဖုန်းကတ်များ ရောင်းချခြင်းကို ရပ်ဆိုင်းထားပြီး ဖြစ်ကြောင်း သိရသည်။ သို့သော် အချိန်မည်မျှကြာအောင် ရပ်ဆိုင်းထားမည်ကို မသိရှိရသေးကြောင်း Elite ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။ သို့သော် အက်ဖ်အီးစီ ၅၀ တန် သုံးလသက်တမ်းရှိ စီဒီအမ်အေ ၄၅၀ ဖုန်းကတ်များကိုမူ ဆက်လက်ရောင်းချ ပေးသွားမည် ဖြစ်သည်ဟု ၄င်းကဆက်လက် ပြောကြားခဲ့ကြောင်း ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment