အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက် ညနေ ၅ နာရီ ၁၅ တွင် လွှတ်မြောက်ခဲ့ပြီး... ဒေါက်တာလွဏ်းဆွေ... မိုးမခ...ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ...ဟစ်တိုင်...မြန်မာမော်ဒယ်လောက...သီတဂူစတား...ခေတ်ပြိုင်...ကျန်းမာရေး...ချက်နည်းပြုတ်နည်း...မိုးလေ၀သ...ဒီဗွီဘီရွေးကောက်ပွဲ...ရတနာပုံ

"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

Friday, December 3, 2010

ယုသန္တာတင်နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင်

  e3367b  

 e3367a     
ယခုတစ်ပတ် လတ်တလော စိတ်ကြိုက်ဖက်ရှင်ကဏ္ဍ တွင် ပါဝင်ရန် ရွေးချယ်ထားသူက Miss ငွေဆောင်ရရှိပြီး နောက်ကြော်ငြာ billboard များထက်တွင် နေရာယူလာခဲ့ပြီး ပရိသတ်အားပေးမှု ရရှိလာခဲ့သူ သရုပ်ဆောင် မော်ဒယ်လ် ယုသန္တာတင်ပင်ဖြစ်သည်။ ယုသန္တာတင်ရွေးချယ်သည့် လတ်တလော စိတ်ကြိုက်ဖက်ရှင်မှာ "ယု အခုတလော ကြိုက်နေတဲ့ ဖက်ရှင်က ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ဒီဇိုင်းမျိုးပါ။ ပထမ ၀တ်စုံလေးကတော့ လူငယ်ဆန်ပြီး ပေါ့ပါးတဲ့ဝတ်စုံလေးပါ။ အခုချိန်က ဇာတွေခေတ်စားနေတော့ ဇာလက်ပြတ်လေးကို ၀တ်ထားပါတယ်။ အဲဒီပေါ်ကမှ အခုခေတ်စားနေတဲ့ ကုတ်အဖြူလေးကို ထပ်ဝတ်ထားတာပါ။ ကုတ်အဖြူလေး က အပေါ်က ဘော်ကြယ်တွေ ကျဲထားတဲ့ ဒီဇိုင်းအပြင် လက်ပုံစံကအစ ပုံစံဆန်းတာကြောင့် ဒီဝတ်စုံလေးကို ထပ်ဝတ် ဖြစ်တာပါ။ အောက်ကတော့ ဂျင်းပန်အတိုလေးကို ၀တ်ထားပါတယ်။ ဂျင်းပန်လေးက ပေါ့ပါးတဲ့အပြင် လူငယ်တွေနဲ့လည်း လိုက်ဖက်တာကြောင့် ရွေးချယ်ဝတ်ဆင်ဖြစ်တာပါ။ ဖိနပ်ကတော့ ယုကလေဒီရှူးတွေကို ကြိုက်တာကြောင့် လေဒီရှူးလေး ရွေးစီးထားပါတယ်။ လေဒီရှူး ချောကလက်ရောင်လေးက United Living Mall  က ၀ယ်ထားတာပါ။ Accessories အနေနဲ့တော့ ပုလဲပါတဲ့ဆွဲကြိုးလေး ၀တ်ထားပါတယ်။ မိတ်ကပ်နဲ့ ဆံပင်ကတော့ ထွန်းထွန်းဇော် ပြင်ပေးထားတာပါ။ မိတ်ကပ်ကို အရောင်ဖျော့ဖျော့လေး လိမ်းထားပြီး ဆံပင်ကတော့ နဂိုအဖြောင့် အတိုင်းပဲ ထားထားပါတယ်။ ဒီဝတ်စုံတစ်စုံလုံးကို ခြုံပြီးပြောရရင်တော့ လူငယ်ဆန်တဲ့ ပေါ့ပေါ့ပါးပါးဝတ်စုံလေးလို့ ပြောလို့ရပါတယ်" ဟု ယုသန္တာတင်က ပြောပြခဲ့သည်။
     ထို့နောက် ဒုတိယ၀တ်စုံနှင့် ပတ်သက်၍ "ဒုတိယ၀တ်စုံအနေနဲ့ ကတော့ ပွဲတက်ဝတ်စုံဖက်ရှင်လေးပါ။ ဒီဝတ်စုံလေးက ရိုးရှင်းတဲ့ပုံစံလေးပါ။ ဂါဝန် ချောကလက်ရောင်လေးကိုမှ ဖဲပြားအကြီးကြီးနဲ့ အလှဆင်ထားတာပါ။ ဒီဂါဝန်ဒီဇိုင်းလေးက ရိုးရှင်းတဲ့ပုံစံလေးဖြစ်တာကြောင့် ဘယ်နေရာလေးပဲသွားသွား အဆင်ပြေတဲ့ပုံစံမျိုးလေးပါ။ Accessories တွေကတော့ ရိုးရှင်းတဲ့ပုံစံမျိုးပဲ ရွေးချယ်ထားပါတယ်။ ဖိနပ်ကတော့ ရွှေရောင်ဒေါက်ကိုမှ ကြိုးချည်ထားတဲ့ဒီဇိုင်းမျိုး ရွေးစီးဖြစ်ပါတယ်။ မိတ်ကပ်ကတော့ ချောကလက်ရောင် အင်္ကျီလေးနဲ့ လိုက်ဖက်အောင် ရွှေရောင်များများပါတဲ့ ပုံစံလေးခြယ်သထားပါတယ်။ ဆံပင်ကတော့ ထူးထူးခြားခြားကြီး ပြင်စရာမလိုတော့ပါဘူး။ ဒီအတိုင်းလေးပဲ အဖြောင့်ချထားတာပါ။ ဒီဝတ်စုံတစ်စုံလုံးကို ခြုံပြီးပြောရရင်တော့ ပေါ့ပေါ့ပါးပါး ပွဲတက်ဝတ်စုံဖက်ရှင်မျိုးလို့ ပြောလို့ရပါတယ်"ဟု ဆက်လက်ပြောပြခဲ့သည်။
     "ဒီနှစ်ထဲမှာ ယုအကြိုက်ဆုံး ဖက်ရှင်တွေကတော့ ဂျင်းပန်တွေကို ကြိုက်တယ်။ ဂျင်းပန်အတိုလေးတွေက ပေါ့ပေါ့ပါးပါး အရမ်းဖြစ်တယ်လေ။ အင်္ကျီအနေနဲ့ကတော့ အပေါ်က ကုတ်အတိုလေးတွေ ထပ်ဝတ်ရတာကို ကြိုက်နေတယ်။ အခုဆောင်းတွင်းက ကုတ်အတိုလေးတွေ ခေတ်စားမယ်လို့လည်း ထင်တယ်။ ဖိနပ်ကတော့ ဒေါက်အမြင့်တွေပဲ ကြိုက်နေတယ်။ ဆံပင်ကိုတော့ လောလောဆယ် အဖြောင့် အရှည်ထားထားတာလေ။ ဆံပင်ပုံစံနည်း နည်းပြောင်းဖို့ စိတ်ကူးထားပေမယ့် လောလောဆယ်ကြီးတော့ မဟုတ်သေးပါဘူး။ မိတ်ကပ်ကတော့ ခပ်ဖျော့ဖျော့ပဲ လိမ်းရတာကိုကြိုက်တယ်။ ယုက မိတ်ကပ်တွေအများကြီး လိမ်းရတာထက် Skin Care လုပ်ရတာကို ပိုကြိုက်တယ်။ Accessories တွေဆိုရင်တော့ နားဆွဲအကြီးကြီးတွေ ၀တ်ရတာမျိုးကို ပိုကြိုက်တယ်" ဟု သူမ၏ စိတ်ကြိုက်ဖက်ရှင်နှင့် ပတ်သက်၍ ပြောပြခဲ့သည်။
    ယခုတစ်ပတ် လတ်တလော စိတ်ကြိုက်ဖက်ရှင် ကဏ္ဍအတွက် လူငယ်ဆန်ဆန် ဆောင်းရာသီဖက်ရှင်နှင့် ပွဲတက်ဝတ်စုံဖက်ရှင်တို့အား ရွေးချယ်ဝတ်ဆင် ပေးခဲ့သည့် ယုသန္တာတင်၏ ဖက်ရှင်အား ကျေနပ်လိမ့်မည်ဟု မျှော်လင့်ရင်း . . .          
e3367c
Profile
အမည်ရင်း       ယုသန္တာတင်
မွေးသက္ကရာဇ်   ၆ .၃ .၁၉၉၁
မိဘအမည်      ဦးအောင်နိုင်-ဒေါ်ခင်နွဲ့ရီ
ပညာအရည်အချင်း       1st year(Civil)
အနုပညာလောကစတင် ၂၀၀၉ ခုနှစ်
ရရှိခဲ့ဖူးသောဆုများ       Miss ငွေဆောင်(၂၀၁၀)
                             Miss Now How Popular (2009)
                             1st Runner up (Miss Now How)
                             1st Runner up (Miss Loykrathong)

No comments:

Post a Comment